×

 
 ဧၿပီလ ၂၂ ရက္ေန႔ ညေနပိုင္းတြင္ ထိုင္းနိုင္ငံသား အသက္ ၂၆ ႏွစ္အရြယ္ "ခီလိခ်ာတီ" ဆိုသူအမ်ိဳးသားက သူ၏ရည္းစားျဖစ္ေသာ မ.......  အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသမီးကို အဝတ္အစားေတြခၽြတ္ထားကာ ႀကိဳးတုတ္ၿပီး ရက္စက္စြာ ရိုက္ႏွက္ေနသည္ကို အြန္လိုင္းေပၚတြင္ Live လႊင့္ခဲ့သည္။ ( ေအာက္ဆုံးတြင္ ဗီဒီယိုဖိုင္တြဲတင္ေပးထားပါသည္ )
.
ျဖစ္စဥ္မွာ ၂၂ ရက္ေန႔ ၄ နာရီ ညေနပိုင္းတြင္ "ခီလိခ်ာတီ” က ရည္းစားျဖစ္သူ အမ်ိဳးသမီးက သူ႔ကို သစြာေဖာက္ျပန္သည္ဟု စြပ္စြဲကာ ကြန္ဒိုအိမ္ခန္းအတြင္း အဝတ္အစားေတြခၽြတ္ၿပီး ရိုက္ႏွက္႐ုံမၽွသာမက လူမွုကြန္ယက္ Facebook ေပၚတြင္ Live ပါလႊင့္ခဲ့ျခင္းျဖစ္သည္။ ပတ္ဝန္းက်င္၏ တိုင္ၾကားခ်က္အရ ရဲမ်ားကလည္း ခ်က္ျခင္းေရာက္လာၿပီး ကူညီမည့္အခ်ိန္တြင္ တံခါးမ်ားကို ေသာ့ခတ္ထားတာေၾကာင့္ တံခါးဖြင့္ေပးဖို႔ "ခီလိခ်ာတီ” နဲ႔ ၂ နာရီခန႔္ အခ်ိန္ေပး ညႇိႏွိုင္းခဲ့သည္ ဟုသိရသည္ ။

"ခီလိခ်ာတီ"ကို ရဲမ်ားကထိန္းခ်ဳပ္ထားၿပီး စစ္ေဆးၾကည့္ရာ ရည္စားျဖစ္သူက သစြာေဖာက္လို႔ ဒီလိုရိုက္ႏွက္ခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုခဲ့သည္။ ရဲမ်ားက အခန္းအတြင္းရွိ Computer ကိုစစ္ေဆးၾကည့္ရာ အျခားမိန္းခေလးမ်ားႏွင့္ ရိုက္ကူးထားတဲ့ ညစ္ညမ္းပုံနဲ႔ ဗီဒီယိုဖိုင္မ်ားကို ေတြရ ွိခဲ့သည္။ တရာခံကို ဆီးစစ္ၾကည့္ရာတြင္ မွုးယစ္ေဆးဝါးမ်ား သုံးစြဲမွုရွိေၾကာင္းသိရသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ရိုက္ႏွက္ခံရသူ အမ်ိဳးသမီးမွာ ဦးေခါင္း ၊ မ်က္ႏွာႏွင့္ ဘယ္ဘက္လက္တြင္ ဒဏ္ရာျပင္းထန္စြာရၿပီး တာဝန္ရွိသူမ်ားက ေဆး႐ုံကိုပို႔ထားေၾကာင္းသိရသည္။



 ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသား အသက် ၂၆ နှစ်အရွယ် "ခီလိချာတီ" ဆိုသူအမျိုးသားက သူ၏ရည်းစားဖြစ်သော မ.......  အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို အဝတ်အစားတွေချွတ်ထားကာ ကြိုးတုတ်ပြီး ရက်စက်စွာ ရိုက်နှက်နေသည်ကို အွန်လိုင်းပေါ်တွင် Live လွှင့်ခဲ့သည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )

ဖြစ်စဉ်မှာ ၂၂ ရက်နေ့ ၄ နာရီ ညနေပိုင်းတွင် "ခီလိချာတီ” က ရည်းစားဖြစ်သူ အမျိုးသမီးက သူ့ကို သစွာဖောက်ပြန်သည်ဟု စွပ်စွဲကာ ကွန်ဒိုအိမ်ခန်းအတွင်း အဝတ်အစားတွေချွတ်ပြီး ရိုက်နှက်ရုံမျှသာမက လူမှုကွန်ယက် Facebook ပေါ်တွင် Live ပါလွှင့်ခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်၏ တိုင်ကြားချက်အရ ရဲများကလည်း ချက်ခြင်းရောက်လာပြီး ကူညီမည့်အချိန်တွင် တံခါးများကို သော့ခတ်ထားတာကြောင့် တံခါးဖွင့်ပေးဖို့ "ခီလိချာတီ” နဲ့ ၂ နာရီခန့် အချိန်ပေး ညှိနှိုင်းခဲ့သည် ဟုသိရသည် ။

"ခီလိချာတီ"ကို ရဲများကထိန်းချုပ်ထားပြီး စစ်ဆေးကြည့်ရာ ရည်စားဖြစ်သူက သစွာဖောက်လို့ ဒီလိုရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ ရဲများက အခန်းအတွင်းရှိ Computer ကိုစစ်ဆေးကြည့်ရာ အခြားမိန်းခလေးများနှင့် ရိုက်ကူးထားတဲ့ ညစ်ညမ်းပုံနဲ့ ဗီဒီယိုဖိုင်များကို တွေရ ှိခဲ့သည်။ တရာခံကို ဆီးစစ်ကြည့်ရာတွင် မှုးယစ်ဆေးဝါးများ သုံးစွဲမှုရှိကြောင်းသိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုက်နှက်ခံရသူ အမျိုးသမီးမှာ ဦးခေါင်း ၊ မျက်နှာနှင့် ဘယ်ဘက်လက်တွင် ဒဏ်ရာပြင်းထန်စွာရပြီး တာဝန်ရှိသူများက ဆေးရုံကိုပို့ထားကြောင်းသိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top