ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အိႏၵိယႏိုင္ငံရဲ႕ ေတာင္ေပၚေဒသျဖစ္တဲ့ Darjeeling ဆိုတဲ့ၿမိဳ႕နယ္ေလးဟာ ကမာၻေက်ာ္ၿမိဳ႕ေလးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက ျပင္ဦးလြင္နဲ႕ ကေလာတို႔လိုပဲ…. အဲ့ဒီေဒသဟာ အဂၤလိပ္ ကိုလိုနီေခတ္က အဂၤလိပ္အရာရွိေတြအပူေရွာင္ အပန္းေျဖဖို႔ရည္ရြယ္ၿပီး Darjeeling ၿမိဳ႕ကေလးကို တည္ေထာင္ခဲ့တာပါ။

Darjeeling ရဲ႕အဓိကစီးပြားေရးကေတာ့ ေက်ာင္းသားေဘာ္ဒါေဆာင္ေတြနဲ႕ လက္ဖက္စိုက္တဲ့လုပ္ငန္းျဖစ္ပါတယ္။ အိႏၵိယ၊ နီေပါ၊ ဘဂၤလားေဒရွ္႕အစရွိတဲ့ေဒသက လူငယ္ေတြဟာ Darjeeling ၿမိဳ႕မွာ ေဘာ္ဒါေက်ာင္းတက္ၾကပါတယ္။ ျမန္မာျပည္မွာဆိုရင္ ရုပ္ရွင္မင္းသားႀကီးဦးညြန္႕ဝင္းဟာ တစ္ေခတ္က Darjeeling ၿမိဳ႕မွာ ေက်ာင္းတက္ဖူးပါတယ္။ Darjeeling လက္ဖက္ေျခာက္ ဟာလည္း ကမာၻအႏွံ႔ကိုတင္ပို႕ရၿပီး နာမည္ႀကီးပါတယ္။ ေလ့လာစရာေတြမ်ားတဲ့ Darjeeling မွာ ခရီးသြားလည္ပတ္သူေတြမ်ားျပားတာေၾကာင့္ ေဒသတြင္းစီးပြားေရးကိုအေထာက္အကူျဖစ္ပါေသးတယ္။

Darjeeling ၿမိဳ႕နဲ႕ပတ္သက္ၿပီး တျခားနာမည္ႀကီးတဲ့အရာတစ္ခုလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ သရဲေျခာက္တာပါ။ အထူးျဖင့္ Dow ေတာင္ကုန္းဟာ သရဲတေစၦအေျခာက္ဆံုးေနရာျဖစ္တယ္လုိ႕ ဆုိၾကပါတယ္။ အဲ့ဒီေတာင္ကုန္းဟာ Darjeeling ၿမိဳ႕ရဲ႕ အကြာအေဝးမွာရွိၿပီး သာယာတဲ့ရာသီဥတုနဲ႕ ေနလုိ႕ေကာင္းတဲ့ အရပ္ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာင္းသားေဘာ္ဒါေဆာင္ေတြကလည္း ေတာင္ကုန္းနဲ႕ အနီးနားတစ္ဝိုက္မွာတည္ရွိပါတယ္။

လွပသာယာတဲ့ ဒီေတာင္ကုန္းမွာ အက်ည္းတန္တဲ့အခ်က္တစ္ခုကေတာ့ သရဲတေစၦအရမ္းေျခာက္တဲ့အေၾကာင္းပါ။  ေဒသခံေတြရဲ႕အေျပာအရ ဒီေတာင္ကုန္းေပၚမွာ လူေတြအစုလုိက္အၿပံဳလိုက္ေသဆံုးဖူးတယ္လို႕ ဆုိပါတယ္။ ဒါေၾကာင့္လည္း ဒီေတာင္ကုန္းေပၚမွာ သရဲတေစၦေတြမၾကာခဏေျခာက္တာပါတဲ့။ ဒီေတာင္ကုန္းနဲ႕ပတ္သက္တဲ့ ေသြးပ်က္ဖြယ္ရာ သရဲ၊ တေစၦပံုျပင္ေတြအမ်ားႀကီးရွိပါတယ္။

ေဒသခံေတြ အေျပာမ်ားဆံုးကေတာ့ မၾကာခဏေတြ႕ရတတ္တဲ့ ေခါင္းျပတ္ေကာင္ေလးတစ္ေယာက္အေၾကာင္းပါပဲ။ Dow ေတာင္ကုန္းလမ္းနဲ႕ သစ္ေတာရံုးကိုဆက္သြယ္ထားတဲ့ လမ္းတစ္လမ္းရွိၿပီး အဲ့ဒီလမ္းကို မရဏလမ္းလုိ႕ ေဒသခံေတြကေခၚဆိုၾကပါတယ္။ ဒီေခါင္းျပတ္ေကာင္ေလးဟာ မရဏလမ္းေပၚမွာ လမ္းေလွ်ာက္ေနတာကိုမၾကာခဏေတြ႕ရတတ္ၿပီး ေတာအုပ္ထဲကို ဝင္ေရာက္ေပ်ာက္ကြယ္သြားတတ္ပါသတဲ့။

ေတာင္ကုန္းနားတစ္ဝိုက္ကသစ္ေတာေတြဟာလည္း နာမည္ႀကီးပါပဲ။ သစ္ေတာထဲကိုေရာက္သြားတာနဲ႕ ေက်ာခ်မ္းသလိုလို၊ၾကက္သီးထသလုိလိုထူးဆန္းတဲ့ခံစားခ်က္တစ္မ်ိဳးကို ခံစားရေလ့ရွိၿပီး ကိုယ့္ေနာက္ကိုတစ္ေယာက္ေယာက္လိုက္လာသလိုလို ကိုယ့္ကို တစ္ေယာက္ေယာက္က ေစာင့္ၾကည့္ေနသလိုလို ထင္မိေစသတဲ့။ သစ္ေတာထဲကို ေရာက္ဖူးသူေတြက မ်က္လံုးနီတေစၦကို မၾကာခဏဆံုေတြ႕ရေလ့ရွိတယ္လုိ႔ ဆိုၾကပါတယ္။ ဒါ့အျပင္ မိန္းမအသံနဲ႕ ေအာ္ဟစ္ေနတာကို သစ္ေတာထဲမွာၾကားၾကရပါသတဲ့။ သစ္ေတာထဲကိုေရာက္ဖူးသူေတြဟာ အၿမဲေျခာက္ျခားဖြယ္ရာႀကံဳရၿပီး သည္းေျခပ်က္သြားတာေတြ၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားတာေတြ ျဖစ္တတ္ပါသတဲ့။

Victoria အမ်ိဳးသားအထက္တန္းေက်ာင္း

အဲ့ဒီေဒသမွာ Victoria ေယာက်္ားေလးအထက္ေက်ာင္းဆိုတဲ့ ေဘာ္ဒါေက်ာင္းတစ္ခုရွိၿပီး အဲ့ဒီေက်ာင္းဟာလည္း တေစၦေျခာက္ျခင္းနဲ႕ နာမည္ၾကီးပါတယ္။ ေက်ာင္းပိတ္ထားတဲ့ ဒီဇင္ဘာကေန မတ္လအထိအတြင္း ေက်ာင္းမွာလူမရွိခ်ိန္မွာေတာင္ တီးတိုးစကားသံေတြ၊ ေျခသံေတြ၊ ထူးထူးျခားျခားအသံေတြ ေက်ာင္းပတ္ဝန္းက်င္ကေန ၾကားေလ့ရွိတယ္လုိ႕ ဆိုၾကပါတယ္။

အဲ့ဒီေဒသမွာထူးျခားတဲ့အရာတစ္ခုလည္းရွိပါေသးတယ္။ သူတုိ႔ကေတာ့ ေယာဂီလုိ႕ေခၚတဲ့ လူေတြပါ။ သူတို႕ေတြဟာ ညဘက္မွာ Dow ေတာင္ကုန္းနဲ႕ အနီးအနားတစ္ဝိုက္ကို မေကာင္းဆိုးဝါး၊ နာနာဘာဝေတြရဲ႕ ရန္ကေနကာကြယ္ေပးၾကပါသတဲ့။ ညအခ်ိန္သန္းေခါင္ေက်ာ္ၿပီဆိုတာနဲ႕ ေယာဂီအုပ္စုဟာ အဲ့ဒီေဒသတစ္ဝိုက္ကို လွည့္ပတ္ျပီး ဂါထာမႏၱရားေတြ ရြတ္ဆိုၾကပါသတဲ့။ ဒီေတာင္ကုန္းေဒသဟာ ဆိတ္ၿငိမ္တဲ့အရပ္ျဖစ္လို႕ ညအခ်ိန္မွာ ပိုေျခာက္ျခားစရာေကာင္းၿပီး ဒီလုိ ဂါထာမႏၱရားေတြ ရြတ္ဆိုလွည့္လည္ေနၾကတဲ့ ေယာဂီအုပ္စုကိုေတြ႕ရတာ၊ သူတို႕ရြတ္ဆိုတဲ့ ဂါထာမႏၱရားသံေတြၾကားရတာ တစ္မ်ိဳးေျခာက္ျခားစရာေကာင္းပါသတဲ့။

ေယာင္းတုိ႔အေနနဲ႕ ဒီလိုလွပေအးခ်မ္းတဲ့ နာမည္ေက်ာ္ Darjeeling ေဒသကို သြားေရာက္လည္ပတ္ခ်င္ၾကပါသလား။ ေၾကာက္စရာေကာင္းတဲ့ ခံစားခ်က္ကိုေရာ ခံစားၾကည့္ခ်င္ပါသလား။ အက္ဒ္မင္ကေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့ Darjeeling ၿမိဳ႕ေလးကို တစ္သက္မွာတစ္ခါပဲျဖစ္ျဖစ္သြားၾကည့္ခ်င္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံရဲ့ တောင်ပေါ်ဒေသဖြစ်တဲ့ Darjeeling ဆိုတဲ့မြို့နယ်လေးဟာ ကမ္ဘာကျော်မြို့လေးဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြင်ဦးလွင်နဲ့ ကလောတို့လိုပဲ…. အဲ့ဒီဒေသဟာ အင်္ဂလိပ် ကိုလိုနီခေတ်က အင်္ဂလိပ်အရာရှိတွေအပူရှောင် အပန်းဖြေဖို့ရည်ရွယ်ပြီး Darjeeling မြို့ကလေးကို တည်ထောင်ခဲ့တာပါ။

Darjeeling ရဲ့အဓိကစီးပွားရေးကတော့ ကျောင်းသားဘော်ဒါဆောင်တွေနဲ့ လက်ဖက်စိုက်တဲ့လုပ်ငန်းဖြစ်ပါတယ်။ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေရှ့်အစရှိတဲ့ဒေသက လူငယ်တွေဟာ Darjeeling မြို့မှာ ဘော်ဒါကျောင်းတက်ကြပါတယ်။ မြန်မာပြည်မှာဆိုရင် ရုပ်ရှင်မင်းသားကြီးဦးညွန့်ဝင်းဟာ တစ်ခေတ်က Darjeeling မြို့မှာ ကျောင်းတက်ဖူးပါတယ်။ Darjeeling လက်ဖက်ခြောက် ဟာလည်း ကမ္ဘာအနှံ့ကိုတင်ပို့ရပြီး နာမည်ကြီးပါတယ်။ လေ့လာစရာတွေများတဲ့ Darjeeling မှာ ခရီးသွားလည်ပတ်သူတွေများပြားတာကြောင့် ဒေသတွင်းစီးပွားရေးကိုအထောက်အကူဖြစ်ပါသေးတယ်။

Darjeeling မြို့နဲ့ပတ်သက်ပြီး တခြားနာမည်ကြီးတဲ့အရာတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ သရဲခြောက်တာပါ။ အထူးဖြင့် Dow တောင်ကုန်းဟာ သရဲတစ္ဆေအခြောက်ဆုံးနေရာဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲ့ဒီတောင်ကုန်းဟာ Darjeeling မြို့ရဲ့ အကွာအဝေးမှာရှိပြီး သာယာတဲ့ရာသီဥတုနဲ့ နေလို့ကောင်းတဲ့ အရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားဘော်ဒါဆောင်တွေကလည်း တောင်ကုန်းနဲ့ အနီးနားတစ်ဝိုက်မှာတည်ရှိပါတယ်။

လှပသာယာတဲ့ ဒီတောင်ကုန်းမှာ အကျည်းတန်တဲ့အချက်တစ်ခုကတော့ သရဲတစ္ဆေအရမ်းခြောက်တဲ့အကြောင်းပါ။  ဒေသခံတွေရဲ့အပြောအရ ဒီတောင်ကုန်းပေါ်မှာ လူတွေအစုလိုက်အပြုံလိုက်သေဆုံးဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီတောင်ကုန်းပေါ်မှာ သရဲတစ္ဆေတွေမကြာခဏခြောက်တာပါတဲ့။ ဒီတောင်ကုန်းနဲ့ပတ်သက်တဲ့ သွေးပျက်ဖွယ်ရာ သရဲ၊ တစ္ဆေပုံပြင်တွေအများကြီးရှိပါတယ်။

ဒေသခံတွေ အပြောများဆုံးကတော့ မကြာခဏတွေ့ရတတ်တဲ့ ခေါင်းပြတ်ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ Dow တောင်ကုန်းလမ်းနဲ့ သစ်တောရုံးကိုဆက်သွယ်ထားတဲ့ လမ်းတစ်လမ်းရှိပြီး အဲ့ဒီလမ်းကို မရဏလမ်းလို့ ဒေသခံတွေကခေါ်ဆိုကြပါတယ်။ ဒီခေါင်းပြတ်ကောင်လေးဟာ မရဏလမ်းပေါ်မှာ လမ်းလျှောက်နေတာကိုမကြာခဏတွေ့ရတတ်ပြီး တောအုပ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားတတ်ပါသတဲ့။

တောင်ကုန်းနားတစ်ဝိုက်ကသစ်တောတွေဟာလည်း နာမည်ကြီးပါပဲ။ သစ်တောထဲကိုရောက်သွားတာနဲ့ ကျောချမ်းသလိုလို၊ကြက်သီးထသလိုလိုထူးဆန်းတဲ့ခံစားချက်တစ်မျိုးကို ခံစားရလေ့ရှိပြီး ကိုယ့်နောက်ကိုတစ်ယောက်ယောက်လိုက်လာသလိုလို ကိုယ့်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုလို ထင်မိစေသတဲ့။ သစ်တောထဲကို ရောက်ဖူးသူတွေက မျက်လုံးနီတစ္ဆေကို မကြာခဏဆုံတွေ့ရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် မိန်းမအသံနဲ့ အော်ဟစ်နေတာကို သစ်တောထဲမှာကြားကြရပါသတဲ့။ သစ်တောထဲကိုရောက်ဖူးသူတွေဟာ အမြဲခြောက်ခြားဖွယ်ရာကြုံရပြီး သည်းခြေပျက်သွားတာတွေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာတွေ ဖြစ်တတ်ပါသတဲ့။

Victoria အမျိုးသားအထက်တန်းကျောင်း

အဲ့ဒီဒေသမှာ Victoria ယောကျ်ားလေးအထက်ကျောင်းဆိုတဲ့ ဘော်ဒါကျောင်းတစ်ခုရှိပြီး အဲ့ဒီကျောင်းဟာလည်း တစ္ဆေခြောက်ခြင်းနဲ့ နာမည်ကြီးပါတယ်။ ကျောင်းပိတ်ထားတဲ့ ဒီဇင်ဘာကနေ မတ်လအထိအတွင်း ကျောင်းမှာလူမရှိချိန်မှာတောင် တီးတိုးစကားသံတွေ၊ ခြေသံတွေ၊ ထူးထူးခြားခြားအသံတွေ ကျောင်းပတ်ဝန်းကျင်ကနေ ကြားလေ့ရှိတယ်လို့ ဆိုကြပါတယ်။

အဲ့ဒီဒေသမှာထူးခြားတဲ့အရာတစ်ခုလည်းရှိပါသေးတယ်။ သူတို့ကတော့ ယောဂီလို့ခေါ်တဲ့ လူတွေပါ။ သူတို့တွေဟာ ညဘက်မှာ Dow တောင်ကုန်းနဲ့ အနီးအနားတစ်ဝိုက်ကို မကောင်းဆိုးဝါး၊ နာနာဘာဝတွေရဲ့ ရန်ကနေကာကွယ်ပေးကြပါသတဲ့။ ညအချိန်သန်းခေါင်ကျော်ပြီဆိုတာနဲ့ ယောဂီအုပ်စုဟာ အဲ့ဒီဒေသတစ်ဝိုက်ကို လှည့်ပတ်ပြီး ဂါထာမန္တရားတွေ ရွတ်ဆိုကြပါသတဲ့။ ဒီတောင်ကုန်းဒေသဟာ ဆိတ်ငြိမ်တဲ့အရပ်ဖြစ်လို့ ညအချိန်မှာ ပိုခြောက်ခြားစရာကောင်းပြီး ဒီလို ဂါထာမန္တရားတွေ ရွတ်ဆိုလှည့်လည်နေကြတဲ့ ယောဂီအုပ်စုကိုတွေ့ရတာ၊ သူတို့ရွတ်ဆိုတဲ့ ဂါထာမန္တရားသံတွေကြားရတာ တစ်မျိုးခြောက်ခြားစရာကောင်းပါသတဲ့။

ယောင်းတို့အနေနဲ့ ဒီလိုလှပအေးချမ်းတဲ့ နာမည်ကျော် Darjeeling ဒေသကို သွားရောက်လည်ပတ်ချင်ကြပါသလား။ ကြောက်စရာကောင်းတဲ့ ခံစားချက်ကိုရော ခံစားကြည့်ချင်ပါသလား။ အက်ဒ်မင်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ Darjeeling မြို့လေးကို တစ်သက်မှာတစ်ခါပဲဖြစ်ဖြစ်သွားကြည့်ချင်ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top