ထုိင္းမိန္းကေလးငယ္ေတြရဲ႕ ညစ္ညမ္းဓာတ္ပံုေတြနဲ႔ ဗီြဒီယို႐ုပ္သံေတြ လက္ဝယ္ပိုင္ဆုိင္မႈနဲ႔ အသက္ ၆၄ ႏွစ္အရြယ္ ရာခ်စ္အက္ဒယ္ကာဒါဆုိတဲ့ ျပင္သစ္အမ်ိဳးသားကို အေမရိကန္ အက္ဖ္ဘီအုိင္နဲ႔ ထုိင္းအာဏာပိုင္ေတြ ပူးေပါင္းၿပီး ဧၿပီ ၅ ရက္ေန႔က ဖမ္းဆီးလိုက္ပါတယ္။

ဘန္လေမာင္းခ႐ိုင္ ပတၱယားေတာင္ပုိင္းမွာရွိတဲ့ ရန္လန္းစြိဳင္က ျပင္သစ္အမ်ဳိးသားရဲ႕ အိမ္ကုိ ေဒသခံ လူဝင္မႈႀကီးၾကပ္ေရးရဲေတြ၊ အထူးစံုစမ္းေရးဌာနက အရာရွိေတြ ရွာေဖြခဲ့ၾကၿပီး ကြန္ပဴ်တာဖုိင္ေတြနဲ႔ ဒစ္စ္ခ္ထဲမွာ အသက္ ၁၈ ႏွစ္ေအာက္ ထုိင္းမိန္းကေလးေတြရဲ႕ ညစ္ညမ္းဗီြဒီယုိေတြနဲ႔ ဓာတ္ပံုေတြ အမ်ားႀကီးကို ရွာေဖြေတြ႔ခဲ့တာပါ။

အဖမ္းခံရသူ မစၥတာကာဒါက သူ႔ရဲ႕ ပင္စင္ယူတဲ့ အခ်ိန္ကာလကို ပတၱယားမွာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ကတည္းက ကုန္ဆံုးခဲ့တာလုိ႔ ခၽြန္ဘူရီခ႐ိုင္ လူဝင္မႈႀကီးၾကပ္ေရး အႀကီးအကဲျဖစ္သူ စုန္ပ႐ုတ္စီရိစုခါက ေျပာလုိက္ၿပီး သူဟာ ညစ္ညမ္းဓာတ္ပံုေတြနဲ႔ ႐ုပ္သံေတြကို သူ႔အဖြဲ႔ဝင္ေတြအတြက္ ကူးယူပုိ႔ေဆာင္ေပးဖုိ႔ စုေဆာင္းခဲ့တာလုိ႔ အက္ဖ္ဘီအုိင္က ထုိင္းအာဏာပိုင္ေတြကို အေၾကာင္းၾကားခဲ့တာပါ။

မစၥတာကာဒါကို လိင္ပိုင္းဆုိင္ရာ အက်ိဳးအျမတ္အတြက္ ကေလးညစ္ညမ္းပံုေတြ ပိုင္ဆုိင္မႈနဲ႔ တရားစြဲဆုိထားတယ္လုိ႔ ဘန္ေကာက္ပုိ႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ထိုင်းမိန်းကလေးငယ်တွေရဲ့ ညစ်ညမ်းဓာတ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံတွေ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ အသက် ၆၄ နှစ်အရွယ် ရာချစ်အက်ဒယ်ကာဒါဆိုတဲ့ ပြင်သစ်အမျိုးသားကို အမေရိကန် အက်ဖ်ဘီအိုင်နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဧပြီ ၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဘန်လမောင်းခရိုင် ပတ္တယားတောင်ပိုင်းမှာရှိတဲ့ ရန်လန်းစွိုင်က ပြင်သစ်အမျိုးသားရဲ့ အိမ်ကို ဒေသခံ လူဝင်မှုကြီးကြပ်ရေးရဲတွေ၊ အထူးစုံစမ်းရေးဌာနက အရာရှိတွေ ရှာဖွေခဲ့ကြပြီး ကွန်ပူျတာဖိုင်တွေနဲ့ ဒစ်စ်ခ်ထဲမှာ အသက် ၁၈ နှစ်အောက် ထိုင်းမိန်းကလေးတွေရဲ့ ညစ်ညမ်းဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ အများကြီးကို ရှာဖွေတွေ့ခဲ့တာပါ။

အဖမ်းခံရသူ မစ္စတာကာဒါက သူ့ရဲ့ ပင်စင်ယူတဲ့ အချိန်ကာလကို ပတ္တယားမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ကုန်ဆုံးခဲ့တာလို့ ချွန်ဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေး အကြီးအကဲဖြစ်သူ စုန်ပရုတ်စီရိစုခါက ပြောလိုက်ပြီး သူဟာ ညစ်ညမ်းဓာတ်ပုံတွေနဲ့ ရုပ်သံတွေကို သူ့အဖွဲ့ဝင်တွေအတွက် ကူးယူပို့ဆောင်ပေးဖို့ စုဆောင်းခဲ့တာလို့ အက်ဖ်ဘီအိုင်က ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။

မစ္စတာကာဒါကို လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်အတွက် ကလေးညစ်ညမ်းပုံတွေ ပိုင်ဆိုင်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top