iMyanmarHouse.com - Best Property Website for Myanmar
×

႐ိုက္တာသတင္းေထာက္ႏွစ္ဦးကို ေထာင္ေခ်ာက္ဆင္ဖမ္းဆီးခဲ့ေၾကာင္း တရားခြင္တြင္ ဖြင့္ခ်ခဲ့သည့္ ဒုရဲမွဴးမိုးရန္ႏုိင္၏ မိသားစု၀င္မ်ားကို ေနျပည္ေတာ္ရွိ ရဲတိုင္း႐ံုးလိုင္းခန္းမွခ်က္ခ်င္းဖယ္ရွားေပးရန္ အေၾကာင္းၾကားလာသျဖင့္ ယမန္႔ေန႔က ေျပာင္းေရႊ႕ေပးခဲ့ေၾကာင္း၎၏ဇနီး ေဒၚတူးတူးက ေျပာသည္။

‘‘ကြၽန္မကို မနက္ ၇နာရီက ဖုန္းလာလုိ႔ ကုိင္လုိက္ေတာ ့အစ္မလိုင္းခန္းက ခ်က္ခ်င္းဖယ္ေပးရမယ္လုိ႔ လူၾကီးက ေျပာခုိင္းလုိ႔တဲ့ ။ မိုးႀကိဳးပစ္လိုက္သလို ကြၽန္မခံစားလိုက္ရတယ္’’ ဟု ေဒၚတူးတူးက7 Day Daily အား ေျပာသည္။

ေနျပည္ေတာ္ ရဲတပ္ဖြဲ႕ကသံုးရက္အတြင္းေျပာင္းရန္ကနဦးေျပာေသာ္လည္း ခ်က္ခ်င္းဖယ္ရွားရန္ ထပ္မံအေၾကာင္းၾကားသျဖင့္ ယမန္ေန႔နံနက္တြင္ အၿပီးဖယ္ရွားေပးခဲ့ရေၾကာင္း ဒုရဲမွဴးမိုးရန္ႏုိင္၏ညီ ကိုရဲ၀င္းႏုိင္က ေျပာသည္။

‘‘ေနျပည္ေတာ္မွာ အိမ္ေထာင္သည္ေတြေနတဲ့ လိုင္းခန္းကေနေပါ့။ အခုခ်က္ခ်င္းဖယ္ခိုင္းတာေပါ့ေနာ္။ ခ်က္ခ်င္းဖယ္ခိုင္းလို႔ ပစၥည္းေတြအကုန္သယ္ခဲ့ၿပီ။ပစၥည္းေတြလည္းသူတို႔က ရွာေဖြ၊ဓာတ္ပံု႐ိုက္ အဲဒီလိုေတြ လုပ္တယ္’’ ဟု ကိုရဲ၀င္းႏုိင္က ေျပာသည္။

ဒုရဲမွဴမိုးရန္ႏုိင္၏ မိသားစု၀င္မ်ား ရဲလိုင္းခန္းမွ ဖယ္ရွားခံရ၍ ေျပာင္းေရႊ႕ေနေသာဓာတ္ပံုမ်ား လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႕ရာ ဖိအားေပးဖယ္ရွားခိုင္းေသာ ရဲတပ္ဖြဲ႕ႏွင့္ျပည္ထဲေရး ၀န္ႀကီးဌာနကို ျပည္သူမ်ားက အျပင္းအထန္ေ၀ဖန္ေနသည္။

ယမန္႔ေန႔တြင္ ေငြေၾကးေထာက္ပံ့ရန္ လူပုဂၢိဳလ္ႏွင့္ အဖြဲ႕အစည္း ၁၀၀ ေက်ာ္က အလွဴေငြမ်ား လာေရာက္ေပးအပ္ေသာ္လည္း တစ္ျပားတစ္ခ်ပ္မွ် လက္မခံခဲ့ေၾကာင္း ကိုရဲ၀င္းႏုိင္ကေျပာသည္။

‘‘ကြၽန္ေတာ္တို႔ လိုခ်င္တာေငြေၾကးမဟုတ္ဘူး။ အမွန္တရားပဲလိုခ်င္တာ’’ ဟု၎ကဆက္လက္ေျပာသည္။

‘‘ကြၽန္မအမ်ဳိးသားအတြက္အမွန္တရားကိုပဲ ၀ိုင္း၀န္းကူညီေပးၾကပါလို႔ ေတာင္းဆိုလိုပါတယ္’’ ဟု ေဒၚတူးတူးက ဆက္လက္ေျပာသည္။

ေနျပည္ေတာ္ရဲတပ္ဖြဲ႕ ရဲမွဴးႀကီးမ်ိဳးသူစိုးက မူ ဧၿပီ ၂၀ ရက္တြင္ ဒုရဲမွဴးမိုးရန္ႏုိင္က ၎၏စိတ္ဆႏၵအရ တရားခြင္တြင္ထြက္ဆိုျခင္းျဖစ္ၿပီး ႐ိုက္တာသတင္းေထာက္ႏွစ္ဦးကို ရဲတပ္ဖြဲ႕က ေထာင္ဖမ္းျခင္း မဟုတ္ေၾကာင္း 7 Day Daily သတင္းစာအား ေျပာၾကားသည္။

ထို႔အျပင္ ၎၏မိသားစုကိုရဲလိုင္းခန္းမွ ဖယ္ရွားျခင္းမွာတရားခြင္အတြင္း ဒုရဲမွဴးမိုးရန္ႏိုင္၏ ထြက္ခ်က္မ်ားေၾကာင့္ မဟုတ္ေၾကာင္း ၎ကျငင္းဆိုသည္။

‘‘ဒုရဲမွဴးမိုးရန္ႏုိင္က ေနျပည္ေတာ္တိုင္း ရဲတပ္ဖြဲ႕ကေနမွရဲအုပ္ကေန ဒုရဲမွဴးအဆင့္တိုးၿပီးအမွတ္ (၈) ရဲလံုၿခံဳေရးတပ္ရင္းေပါ့ေနာ္၊ ေျပာင္းေရႊ႕သြားတာေပါ့။ လြန္ခဲ့တဲ့ကိုးလေလာက္ကတည္းက ေျပာင္းသြားတာ။ အမွန္
တကယ္ေတာ့ ရဲစည္းကမ္းမွာတပ္ဖြဲ႕၀င္ေျပာင္းေရႊ႕ရရင္ သူ႔ရဲ႕မိသားစုကပါ လိုက္ပါေျပာင္းေရႊ႕သြားရတာေပါ့ေနာ္။ ဒါေပမဲ့သူ႔ရဲ႕မိသားစုထဲမွာ ၁၀တန္း ကေလးေလး တစ္ေယာက္ပါေနတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔က ၁၀
တန္းေျဖၿပီးတဲ့ထိ ေစာင့္တာေပါ့။အခုေတာ့ စာေမးပြဲၿပီးသြားတဲ့အတြက္ေၾကာင့္ ဒီတစ္ရက္၊ ႏွစ္ရက္အတြင္း ဖယ္ရွားေပးပါဆိုၿပီးသက္ဆိုင္ရာတာ၀န္ ရွိတဲ့သူေတြက ေျပာတာေပါ့’’ ဟု ရဲမွဴးႀကီးမ်ိဳးသူစိုးက ဆိုသည္။

ရဲတပ္ရင္း (၈)တြင္ ရဲလိုင္းခန္းယူထားသျဖင့္ ထိုေနရာသို႔လိုက္ပါ ေျပာင္းေရႊ႕ႏိုင္ေၾကာင္း၎ကဆိုသည္။

သို႔ေသာ္ ဒုရဲမွဴးမိုးရန္ႏုိင္ကို အမွတ္ (၈) လံုၿခံဳေရးရဲတပ္ရင္းစခန္းမွ အမွတ္ (၆) လံုၿခံဳေရးရဲတပ္ရင္းစခန္းသို႔ ေျပာင္းေရႊ႕ထားသည္မွာ ဟုတ္သလားဟုေမးျမန္းရာ ၎မသိရွိေသးေၾကာင္း ေျပာဆိုသည္။

ရဲမွဴးႀကီး မ်ိဳးသူစိုး ေျဖဆိုမႈအေပၚ ဒုရဲမွဴးမိုးရန္ႏုိင္၏ ညီကိုရဲ၀င္းႏုိင္က ‘‘အဲဒါကို လက္ခံတယ္။ ဒါေပမဲ့ ေျပာင္းေရြ႕ခိုင္းတဲ့အခါမွာ ဘာလို႔ခ်က္ခ်င္းႀကီးျဖစ္ေနရတာလဲ။ ေနာက္ၿပီးပစၥည္းေတြ သယ္တဲ့အခါမွာ စစ္ေဆးတယ္။ ဓာတ္ပံု
႐ိုက္တယ္။ဘယ္ပစၥည္းက ဘယ္ႏွမ်ိဳးဆိုတာကအစ ေသခ်ာစစ္ေဆးတယ္။ အဲဒါေတြက်ဘာလို႔လုပ္လဲ’’ ဟု ေျပာသည္။

ထို႔အျပင္ ၎၏ အစ္ကိုကိုအမွတ္ (၈) လံုၿခံဳေရး ရဲတပ္ရင္းစခန္းမွ အမွတ္ (၆)လံုၿခံဳေရးရဲတပ္ရင္းစခန္း သို႔ေရႊ႕ေျပာင္းထားသည္ကို ၾကားသိထားေၾကာင္း၎က ဆက္လက္ေျပာသည္။

‘‘မေန႔က တရား႐ံုးက ျပန္ေရာက္ေတာ့ ရဲမွဴးခ်ဳပ္တင္ကိုကိုသူ႔ဆီလာေတြ႕ၿပီး ေနရာေျပာင္းထားလိုက္တယ္လုိ႔ သိရတယ္’ဟုကိုရဲ၀င္းႏုိင္က ေျပာၾကားသည္။

ဒုရဲမွဴးမိုးရန္ႏိုင္၏ မိသားစု၀င္မ်ား ရဲတပ္ဖြဲ႕လိုင္းခန္းမွ ဖယ္ရွားခံရျခင္းႏွင့္ ပတ္သက္ၿပီး မသိရွိေသးေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရိွသ ူ ရဲမွဴးႀကီးသက္ႏိုင္ကေျပာသည္။

‘‘ဒါက တပ္ဖြဲ႕၀င္နဲ႔ပဲ ဆိုင္မွာေပါ့။ သူ႔မိသားစုနဲ႔ ပတ္သက္လုိ႔ကေတာ့ ဘာမွမရွိပါဘူး။ သူနဲ႔ ပတ္သက္လုိ႔ကေတာ့ လူၾကီးေတြ ဘယ္လုိသုံးသပ္လဲေတာ့ မသိဘူးေပါ့ေနာ္။ အစ္ကုိတုိ႔လည္း မသိႏုိင္ဘူး"  ဟု ရဲမွဴးႀကီး သက္ႏုိင္
ကေျပာသည္။

ဧၿပီ ၂၀ ရက္တြင္ ဖမ္ဆီးခံ႐ိုက္တာ သတင္းေထာက္ႏွစ္ဦးကို ၁၄ႀကိမ္ေျမာက္ ႐ံုးထုတ္ရာ၌တရားလိုျပ သက္ေသအျဖစ္ အမွတ္ (၈) လံုၿခံဳေရးရဲတပ္ရင္းစခန္းမွ ဒုရဲမွဴးမိုးရန္ႏိုင္က ႐ိုက္တာသတင္းေထာက္ႏွစ္ဦးကို ေထာင္
ေခ်ာက္ဆင္ဖမ္းဆီး ခဲ့ျခင္းသည္ဟုတ္မွန္ေၾကာင္း တရားခြင္၌ထြက္ဆိုခဲ့သည္။

ဒုရဲမွဴး မိုးရန္ႏုိင္သည္ ႐ိုက္တာသတင္းေထာက္ႏွစ္ဦး နည္းတူ ျမန္မာႏုိင္ငံ အစိုးရလွ်ိဳ႕၀ွက္ခ်က္မ်ား အက္ဥပေဒပုဒ္မျဖင့္ အေရးယူခံထားရသည္။

ဒုရဲမွဴးမိုးရန္ႏုိင္ အေရးႏွင့္ပတ္သက္ၿပီး ၾကား၀င္ေျဖရွင္းေပးရန္ ေတာင္းဆိုမႈမ်ား ရွိေနေသာေၾကာင့္ ၾကား၀င္ေျဖရွင္းေပးရန္သင့္၊ မသင့္လာမည့္ ဧၿပီ၂၃ ရက္တြင္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံအမ်ိဳးသားလူ႔အခြင့္အေရး
ေကာ္မရွင္ေျပာေရးဆိုခြင့္ရွိသူ ဦးယုလြင္ေအာင္ကေျပာသည္။

‘‘အခုက ႐ံုးပိတ္ရက္ကလည္းျဖစ္ေနတယ္။ အခုက၀င္သင့္လား၊ မ၀င္သင့္ဘူးလားဆိုတာ ကြၽန္ေတာ္ တစ္ေယာက္တည္းန႔ဲ ဆုံးျဖတလ္ မ႔ို ရဘူး။ အဲဒါေၾကာင့္ လာမယ့္တနလၤာေန႔မွာ အားလံုး အစည္းအေ၀းထိုင္ၿပီးဆံုးျဖတ္ သြားမွာပါ’’ ဟု ဦးယုလြင္ေအာင္ကေျပာသည္။

ရခိုင္ျပည္နယ္တြင္ လံုၿခံဳေရးတာ၀န္ ထမ္းေဆာင္ၿပီးေနာက္ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာသည့္ ရဲတပ္ဖြဲ႕၀င္မ်ားကို ခ်ဥ္းကပ္စည္း႐ံုးဆက္သြယ္ၿပီး အေရးႀကီးလံုၿခံဳေရးစာရြက္စာတမ္း အေထာက္အထားမ်ားကို ျပည္ပ
သတင္းဌာနမ်ားသို႔ေပးပို႔ရန္ ရည္ရြယ္ခ်က္ျဖင့္တရားမ၀င္ သတင္းရယူခဲ့သည္ဆုိကာ ႐ိုက္တာ သတင္းဌာနမွျမန္မာသတင္းေထာက္ ကို၀လံုးႏွင့္ ကိုေက်ာ္စုိးဦးတုိ႔အၿပင္ ရဲတပ္ဖြဲ႕၀င္ႏွစ္ဦးျဖစ္ေသာ ဒုရဲမွဴးမိုးရန္ႏုိင္ႏွင့္ တပ္ၾကပ္
ခင္ေမာင္လင္းစုစုေပါင္းေလးဦးကို ျမန္မာႏုိင္ငံအစိုးရ လွ်ိဳ႕၀ွက္ခ်က္မ်ားအက္ဥပေဒ ပုဒ္မ ၃ျဖင့္ ယမန္ႏွစ္ဒီဇင္ဘာ ၁၂ ရက္ည၌ဖမ္းဆီးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ကြောင်း တရားခွင်တွင် ဖွင့်ချခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုဝင်များကို နေပြည်တော်ရှိ ရဲတိုင်းရုံးလိုင်းခန်းမှချက်ချင်းဖယ်ရှားပေးရန် အကြောင်းကြားလာသဖြင့်
ယမန့်နေ့က ပြောင်းရွှေ့ပေးခဲ့ကြောင်း၎င်း၏ဇနီး ဒေါ်တူးတူးက ပြောသည်။

‘‘ကျွန်မကို မနက် ၇နာရီက ဖုန်းလာလို့ ကိုင်လိုက်တော့အစ်မလိုင်းခန်းက ချက်ချင်းဖယ်ပေးရမယ်လို့ လူကြီးက ပြောခိုင်းလို့တဲ့ ။ မိုးကြိုးပစ်လိုက်သလို ကျွန်မခံစားလိုက်ရတယ်’’ ဟု ဒေါ်တူးတူးက7 Day Daily အား ပြောသည်။

နေပြည်တော် ရဲတပ်ဖွဲ့ကသုံးရက်အတွင်းပြောင်းရန်ကနဦးပြောသော်လည်း ချက်ချင်းဖယ်ရှားရန် ထပ်မံအကြောင်းကြားသဖြင့် ယမန်နေ့နံနက်တွင် အပြီးဖယ်ရှားပေးခဲ့ရကြောင်း ဒုရဲမှူးမိုးရန်နိုင်၏ညီ ကိုရဲဝင်းနိုင်က ပြောသည်။

‘‘နေပြည်တော်မှာ အိမ်ထောင်သည်တွေနေတဲ့ လိုင်းခန်းကနေပေါ့။ အခုချက်ချင်းဖယ်ခိုင်းတာပေါ့နော်။ ချက်ချင်းဖယ်ခိုင်းလို့ ပစ္စည်းတွေအကုန်သယ်ခဲ့ပြီ။ပစ္စည်းတွေလည်းသူတို့က ရှာဖွေ၊ဓာတ်ပုံရိုက် အဲဒီလိုတွေ လုပ်တယ်’’ ဟု ကိုရဲဝင်းနိုင်က ပြောသည်။

ဒုရဲမှူမိုးရန်နိုင်၏ မိသားစုဝင်များ ရဲလိုင်းခန်းမှ ဖယ်ရှားခံရ၍ ပြောင်းရွှေ့နေသောဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ရာ ဖိအားပေးဖယ်ရှားခိုင်းသော ရဲတပ်ဖွဲ့နှင့်ပြည်ထဲရေး ဝန်ကြီးဌာနကို ပြည်သူများက အပြင်းအထန်ဝေဖန်နေသည်။

ယမန့်နေ့တွင် ငွေကြေးထောက်ပံ့ရန် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၀၀ ကျော်က အလှူငွေများ လာရောက်ပေးအပ်သော်လည်း တစ်ပြားတစ်ချပ်မျှ လက်မခံခဲ့ကြောင်း ကိုရဲဝင်းနိုင်ကပြောသည်။

‘‘ကျွန်တော်တို့ လိုချင်တာငွေကြေးမဟုတ်ဘူး။ အမှန်တရားပဲလိုချင်တာ’’ ဟု၎င်းကဆက်လက်ပြောသည်။

‘‘ကျွန်မအမျိုးသားအတွက်အမှန်တရားကိုပဲ ဝိုင်းဝန်းကူညီပေးကြပါလို့ တောင်းဆိုလိုပါတယ်’’ ဟု ဒေါ်တူးတူးက ဆက်လက်ပြောသည်။

နေပြည်တော်ရဲတပ်ဖွဲ့ ရဲမှူးကြီးမျိုးသူစိုးက မူ ဧပြီ ၂၀ ရက်တွင် ဒုရဲမှူးမိုးရန်နိုင်က ၎င်း၏စိတ်ဆန္ဒအရ တရားခွင်တွင်ထွက်ဆိုခြင်းဖြစ်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခြင်း မဟုတ်ကြောင်း 7 Day Daily သတင်းစာအား ပြောကြားသည်။

ထို့အပြင် ၎င်း၏မိသားစုကိုရဲလိုင်းခန်းမှ ဖယ်ရှားခြင်းမှာတရားခွင်အတွင်း ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ချက်များကြောင့် မဟုတ်ကြောင်း ၎င်းကငြင်းဆိုသည်။

‘‘ဒုရဲမှူးမိုးရန်နိုင်က နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ကနေမှရဲအုပ်ကနေ ဒုရဲမှူးအဆင့်တိုးပြီးအမှတ် (၈) ရဲလုံခြုံရေးတပ်ရင်းပေါ့နော်၊ ပြောင်းရွှေ့သွားတာပေါ့။ လွန်ခဲ့တဲ့ကိုးလလောက်ကတည်းက ပြောင်းသွားတာ။ အမှန်
တကယ်တော့ ရဲစည်းကမ်းမှာတပ်ဖွဲ့ဝင်ပြောင်းရွှေ့ရရင် သူ့ရဲ့မိသားစုကပါ လိုက်ပါပြောင်းရွှေ့သွားရတာပေါ့နော်။ ဒါပေမဲ့သူ့ရဲ့မိသားစုထဲမှာ ၁၀တန်း ကလေးလေး တစ်ယောက်ပါနေတာပေါ့နော်။ ကျွန်တော်တို့က ၁၀
တန်းဖြေပြီးတဲ့ထိ စောင့်တာပေါ့။အခုတော့ စာမေးပွဲပြီးသွားတဲ့အတွက်ကြောင့် ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဖယ်ရှားပေးပါဆိုပြီးသက်ဆိုင်ရာတာဝန် ရှိတဲ့သူတွေက ပြောတာပေါ့’’ ဟု ရဲမှူးကြီးမျိုးသူစိုးက ဆိုသည်။

ရဲတပ်ရင်း (၈)တွင် ရဲလိုင်းခန်းယူထားသဖြင့် ထိုနေရာသို့လိုက်ပါ ပြောင်းရွှေ့နိုင်ကြောင်း၎င်းကဆိုသည်။

သို့သော် ဒုရဲမှူးမိုးရန်နိုင်ကို အမှတ် (၈) လုံခြုံရေးရဲတပ်ရင်းစခန်းမှ အမှတ် (၆) လုံခြုံရေးရဲတပ်ရင်းစခန်းသို့ ပြောင်းရွှေ့ထားသည်မှာ ဟုတ်သလားဟုမေးမြန်းရာ ၎င်းမသိရှိသေးကြောင်း ပြောဆိုသည်။

ရဲမှူးကြီး မျိုးသူစိုး ဖြေဆိုမှုအပေါ် ဒုရဲမှူးမိုးရန်နိုင်၏ ညီကိုရဲဝင်းနိုင်က ‘‘အဲဒါကို လက်ခံတယ်။ ဒါပေမဲ့ ပြောင်းရွေ့ခိုင်းတဲ့အခါမှာ ဘာလို့ချက်ချင်းကြီးဖြစ်နေရတာလဲ။ နောက်ပြီးပစ္စည်းတွေ သယ်တဲ့အခါမှာ စစ်ဆေးတယ်။ ဓာတ်ပုံ
ရိုက်တယ်။ဘယ်ပစ္စည်းက ဘယ်နှမျိုးဆိုတာကအစ သေချာစစ်ဆေးတယ်။ အဲဒါတွေကျဘာလို့လုပ်လဲ’’ ဟု ပြောသည်။

ထို့အပြင် ၎င်း၏ အစ်ကိုကိုအမှတ် (၈) လုံခြုံရေး ရဲတပ်ရင်းစခန်းမှ အမှတ် (၆)လုံခြုံရေးရဲတပ်ရင်းစခန်း သို့ရွှေ့ပြောင်းထားသည်ကို ကြားသိထားကြောင်း၎င်းက ဆက်လက်ပြောသည်။

‘‘မနေ့က တရားရုံးက ပြန်ရောက်တော့ ရဲမှူးချုပ်တင်ကိုကိုသူ့ဆီလာတွေ့ပြီး နေရာပြောင်းထားလိုက်တယ်လို့ သိရတယ်’ဟုကိုရဲဝင်းနိုင်က ပြောကြားသည်။

ဒုရဲမှူးမိုးရန်နိုင်၏ မိသားစုဝင်များ ရဲတပ်ဖွဲ့လိုင်းခန်းမှ ဖယ်ရှားခံရခြင်းနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသ ူ ရဲမှူးကြီးသက်နိုင်ကပြောသည်။

‘‘ဒါက တပ်ဖွဲ့ဝင်နဲ့ပဲ ဆိုင်မှာပေါ့။ သူ့မိသားစုနဲ့ ပတ်သက်လို့ကတော့ ဘာမှမရှိပါဘူး။ သူနဲ့ ပတ်သက်လို့ကတော့ လူကြီးတွေ ဘယ်လိုသုံးသပ်လဲတော့ မသိဘူးပေါ့နော်။ အစ်ကိုတို့လည်း မသိနိုင်ဘူး"  ဟု ရဲမှူးကြီး သက်နိုင်
ကပြောသည်။

ဧပြီ ၂၀ ရက်တွင် ဖမ်ဆီးခံရိုက်တာ သတင်းထောက်နှစ်ဦးကို ၁၄ကြိမ်မြောက် ရုံးထုတ်ရာ၌တရားလိုပြ သက်သေအဖြစ် အမှတ် (၈) လုံခြုံရေးရဲတပ်ရင်းစခန်းမှ ဒုရဲမှူးမိုးရန်နိုင်က ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်
ချောက်ဆင်ဖမ်းဆီး ခဲ့ခြင်းသည်ဟုတ်မှန်ကြောင်း တရားခွင်၌ထွက်ဆိုခဲ့သည်။

ဒုရဲမှူး မိုးရန်နိုင်သည် ရိုက်တာသတင်းထောက်နှစ်ဦး နည်းတူ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် အရေးယူခံထားရသည်။

ဒုရဲမှူးမိုးရန်နိုင် အရေးနှင့်ပတ်သက်ပြီး ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုမှုများ ရှိနေသောကြောင့် ကြားဝင်ဖြေရှင်းပေးရန်သင့်၊ မသင့်လာမည့် ဧပြီ၂၃ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး
ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်ကပြောသည်။

‘‘အခုက ရုံးပိတ်ရက်ကလည်းဖြစ်နေတယ်။ အခုကဝင်သင့်လား၊ မဝင်သင့်ဘူးလားဆိုတာ ကျွန်တော် တစ်ယောက်တည်းနဲ့ ဆုံးဖြတလ် မ့ို ရဘူး။ အဲဒါကြောင့် လာမယ့်တနင်္လာနေ့မှာ အားလုံး အစည်းအဝေးထိုင်ပြီးဆုံးဖြတ် သွားမှာပါ’’ ဟု ဦးယုလွင်အောင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်ပြီးနောက်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး အရေးကြီးလုံခြုံရေးစာရွက်စာတမ်း အထောက်အထားများကို ပြည်ပ
သတင်းဌာနများသို့ပေးပို့ရန် ရည်ရွယ်ချက်ဖြင့်တရားမဝင် သတင်းရယူခဲ့သည်ဆိုကာ ရိုက်တာ သတင်းဌာနမှမြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပြင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သော ဒုရဲမှူးမိုးရန်နိုင်နှင့် တပ်ကြပ်
ခင်မောင်လင်းစုစုပေါင်းလေးဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ဖြင့် ယမန်နှစ်ဒီဇင်ဘာ ၁၂ ရက်ည၌ဖမ်းဆီးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top