×

၆ တန္းေက်ာင္းသူကုိ မလႈပ္ရွားႏုိင္ေအာင္ က်င္စက္အသံုးျပဳၿပီး အဓမၼျပဳက်င့္ခဲ့မႈ သံသယနဲ႔ ထုိင္းႏုိင္ငံ စုန္ခလၿမိဳ႕က အေဆာင္ပုိင္ရွင္ကို ဧၿပီ ၂၀ ရက္ေန႔က ဖမ္းဆီးလိုက္တယ္လို႔ ဘန္ေကာက္ပုိ႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖမ္းခံရသူက အသက္ ၄၆ ႏွစ္အရြယ္ လန္းမာ့ခ္အိမ္ယာပုိင္ရွင္ ကရစ္စာဒါယန္ဝိဆက္ပက္ဒီျဖစ္ပါတယ္။

လက္တေလာႏုိင္ငံတဝွမ္း အေဆာင္ေတြမွာျဖစ္ခဲ့တဲ့ အမႈေတြၿပီးေနာက္ ႏိုင္ငံေတာ္ ဆုန္ခလခ႐ိုင္ဒုရဲခ်ဳပ္က ဒီအမႈကို စစ္ေဆးခုိင္းခဲ့တာပါ။

ခံရသူမိန္းကေလးရဲ႕ မိဘေတြက ဧၿပီလ ၁၁ ရက္ေန႔မွာ အေဆာင္ပုိင္ရွင္က သူတုိ႔ သမီးကို အေဆာင္မွာ အဓမၼျပဳက်င့္တယ္လုိ႔ စြပ္စြဲၿပီး အမႈဖြင့္ခဲ့တာေၾကာင့္ ဖမ္းဆီးခဲ့ၿပီး အဓမၼျပဳက်င့္မႈ၊ မိန္းကေလးကို ႐ုပ္ပုိင္းဆုိင္ရာ ေစာ္ကားညႇဥ္းပန္းမႈနဲ႔ တရားစြဲဆုိထားပါတယ္။

အေဆာင္ရဲ႕လိုင္စင္နဲ႔ အခြန္ေငြေဆာင္ထားတဲ့ မွတ္တမ္းေတြကိုလည္း ရဲေတြက စစ္ေဆးခဲ့တယ္လုိ႔ ဆုန္ခလခ႐ိုင္ဒုရဲခ်ဳပ္က ေျပာလိုက္ပါတယ္။

အဓမၼျပဳက်င့္ခံရသူ ဆယ္ေက်ာ္သက္ မိန္းကေလးက ခ႐ိုင္ရွိေက်ာင္းတေက်ာင္းမွာ ပညာသင္ၾကားေနခ်ိန္ မိဘေတြဟာ နယ္ကျဖစ္လုိ႔ အေဆာင္မွာ အျခားသူငယ္ခ်င္းတဦးနဲ႔ ယာယီေနထုိင္ခဲ့တာလုိ႔ ရဲကေျပာပါတယ္။

သူငယ္ခ်င္းအျပင္ထြက္သြားခ်ိန္ သူမတဦးတည္းက်န္ခဲ့ၿပီး ေရခ်ိဳးခန္းထဲက ဘံုဘုိင္ေခါင္းျပတ္လုိ႔ အေဆာင္ပုိင္ရွင္ကုိ ျပင္ေပးဖုိ႔ ေျပာခဲ့တယ္လို႔ ရဲကို ေျပာပါတယ္။

အဓမၼျပဳက်င့္သူ အေဆာင္ပိုင္ရွင္က သူမကို ေရပိုက္ကုိင္ခိုင္းၿပီး က်င္စက္နဲ႔ ၂ ႀကိမ္တုိ႔ကာ အဲဒီေနာက္ အဓမၼျပဳက်င့္ခဲ့တယ္လို႔လည္း သူမက ေျပာပါတယ္။

အဓမၼျပဳက်င့္ခံရသူမိန္းကေလးရဲ႕ မိဘေတြက လြန္ခဲ့တဲ့တပတ္က ဖြင့္ထားတဲ့အမႈကို အေရးယူေပးဖုိ႔ ရဲေတြကို ဖိအားေပးရန္ သူတုိ႔သမီးရဲ႕ ခႏၶာကုိယ္ေပၚက ကုတ္ျခစ္ရာေတြနဲ႔ ဒဏ္ရာေတြ႐ိုက္ထားတဲ့ ဓာတ္ပံုေတြကို လူမႈကြန္ရက္ေပၚ တင္ခဲ့တယ္လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
၆ တန်းကျောင်းသူကို မလှုပ်ရှားနိုင်အောင် ကျင်စက်အသုံးပြုပြီး အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ ထိုင်းနိုင်ငံ စုန်ခလမြို့က အဆောင်ပိုင်ရှင်ကို ဧပြီ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းခံရသူက အသက် ၄၆ နှစ်အရွယ် လန်းမာ့ခ်အိမ်ယာပိုင်ရှင် ကရစ်စာဒါယန်ဝိဆက်ပက်ဒီဖြစ်ပါတယ်။

လက်တလောနိုင်ငံတဝှမ်း အဆောင်တွေမှာဖြစ်ခဲ့တဲ့ အမှုတွေပြီးနောက် နိုင်ငံတော် ဆုန်ခလခရိုင်ဒုရဲချုပ်က ဒီအမှုကို စစ်ဆေးခိုင်းခဲ့တာပါ။

ခံရသူမိန်းကလေးရဲ့ မိဘတွေက ဧပြီလ ၁၁ ရက်နေ့မှာ အဆောင်ပိုင်ရှင်က သူတို့ သမီးကို အဆောင်မှာ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲပြီး အမှုဖွင့်ခဲ့တာကြောင့် ဖမ်းဆီးခဲ့ပြီး အဓမ္မပြုကျင့်မှု၊ မိန်းကလေးကို ရုပ်ပိုင်းဆိုင်ရာ စော်ကားညှဉ်းပန်းမှုနဲ့ တရားစွဲဆိုထားပါတယ်။

အဆောင်ရဲ့လိုင်စင်နဲ့ အခွန်ငွေဆောင်ထားတဲ့ မှတ်တမ်းတွေကိုလည်း ရဲတွေက စစ်ဆေးခဲ့တယ်လို့ ဆုန်ခလခရိုင်ဒုရဲချုပ်က ပြောလိုက်ပါတယ်။

အဓမ္မပြုကျင့်ခံရသူ ဆယ်ကျော်သက် မိန်းကလေးက ခရိုင်ရှိကျောင်းတကျောင်းမှာ ပညာသင်ကြားနေချိန် မိဘတွေဟာ နယ်ကဖြစ်လို့ အဆောင်မှာ အခြားသူငယ်ချင်းတဦးနဲ့ ယာယီနေထိုင်ခဲ့တာလို့ ရဲကပြောပါတယ်။

သူငယ်ချင်းအပြင်ထွက်သွားချိန် သူမတဦးတည်းကျန်ခဲ့ပြီး ရေချိုးခန်းထဲက ဘုံဘိုင်ခေါင်းပြတ်လို့ အဆောင်ပိုင်ရှင်ကို ပြင်ပေးဖို့ ပြောခဲ့တယ်လို့ ရဲကို ပြောပါတယ်။

အဓမ္မပြုကျင့်သူ အဆောင်ပိုင်ရှင်က သူမကို ရေပိုက်ကိုင်ခိုင်းပြီး ကျင်စက်နဲ့ ၂ ကြိမ်တို့ကာ အဲဒီနောက် အဓမ္မပြုကျင့်ခဲ့တယ်လို့လည်း သူမက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူမိန်းကလေးရဲ့ မိဘတွေက လွန်ခဲ့တဲ့တပတ်က ဖွင့်ထားတဲ့အမှုကို အရေးယူပေးဖို့ ရဲတွေကို ဖိအားပေးရန် သူတို့သမီးရဲ့ ခန္ဓာကိုယ်ပေါ်က ကုတ်ခြစ်ရာတွေနဲ့ ဒဏ်ရာတွေရိုက်ထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top