ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကေမာၻဒီယားအမ်ိဳးသားတဦးဟာ ဇနီးေဟာင္းကိုသတ္ၿပီး တံတားေပၚက ကုိယ့္ကုိယ္ကုိယ္ ခုန္ခ်သတ္ေသခဲ့တာကို ေဖ့စ္ဘြတ္ခ္ တုိက္႐ိုက္ ႐ုပ္သံလႊင့္ခဲ့တယ္လုိ႔ ရဲေတြက ဧၿပီ ၂၀ ရက္ေန႔မွာ ေျပာလုိက္ၿပီး ဒါက ႏုိင္ငံအတြင္းျဖစ္တဲ့ ပထမဦးဆံုးအမႈပဲလုိ႔ သိရပါတယ္။

ကေမာၻဒီးယားလူမ်ိဳးေတြအတြက္ ေဖ့စ္ဘြတ္ခ္က ေရြးခ်ယ္စရာ လူမႈကြန္ရက္ျဖစ္ၿပီး ႏုိင္ငံရဲ႕ လူဦးေရ ၁၅ ဒသမ ၈ သန္းမွာ ၃ ပံု ၁ ပံုနီးပါးက ေဖ့စ္ဘြတ္ခ္သုံးစြဲသူေတြ ျဖစ္တယ္၊ ဒီလူမႈကြန္ရက္က အထူးသျဖင့္ လူငယ္ေတြအတြက္ သတင္းအခ်က္အလက္ေတြ အဓိကရရွိရာ အရင္းအျမစ္လို႔လည္း ဆုိပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ရာေခ်ရက္သ္က ဧၿပီ ၁၉ ရက္ေန႔မွာ ဇနီးေဟာင္းျဖစ္သူကို ေက်ာင္းတေက်ာင္းမွာ သတ္ခဲ့ၿပီး အနီးအနား ကန္ဒယ္ခ႐ိုင္မွာရွိတဲ့ စူဘာစာတံတားေပၚကေန မဲေခါင္ျမစ္ထဲ ခုန္ခ်ခဲ့ၿပီး သူ ဒီလုိ တံတားေပၚက ခုန္ခ်သတ္ေသမႈကိုသာ တုိက္႐ိုက္ ႐ုပ္သံလႊင့္ခဲ့တယ္လုိ႔ ရဲေတြက ေျပာပါတယ္။

“ဒါ အရင္တုန္းက လံုးဝမျဖစ္ဖူးဘူး။ ခုျဖစ္တာက ပထမဆံုးအမႈပဲ” လုိ႔ ရဲေျပာေရးဆုိခြင့္ရွိသူက ကုိယ့္ကိုယ္ကိုယ္သတ္ေသမႈ တုိက္႐ိုက္႐ုပ္သံကို ရည္ညႊန္းၿပီး ႐ိုက္တာသတင္းဌာနကို ေျပာခဲ့ပါတယ္။ “ဘာေၾကာင့္ ဇနီးေဟာင္းကို သတ္တယ္ဆုိတာလည္း သိဖုိ႔ က်ေနာ္တုိ႔ စံုစမ္းေနတယ္” လို႔ ေျပာပါတယ္။

ေဖ့စ္ဘြတ္ခ္သုံးစြဲသူေတြ ဧၿပီ ၂၀ ရက္ေန႔မွာ ျဖန္႔ေဝခဲ့တဲ့ ကုိယ့္ကုိယ္ကုိယ္သတ္ေသတဲ့ တုိက္႐ိုက္႐ုပ္သံကို ႐ိုက္တာသတင္းဌာနက ရရွိခဲ့ၿပီး ဒီ႐ုပ္သံနဲ႔ပတ္သက္လုိ႔ တေယာက္ေယာက္ကို သတင္းပုိ႔တာ ဒါမွမဟုတ္ ျဖဳတ္ခ်ဖုိ႔အတြက္ ေျပာဆုိမႈရွိ၊ မရွိ ဆုိတာေတာ့ မသိရဘူးလုိ႔ ဆုိပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ကုမၸဏီအေနနဲ႔ ခ်က္ခ်င္း မွတ္ခ်က္မေပးႏုိင္ဘူးလုိ႔ စင္ကာပူမွာရွိတဲ့ ေဖ့စ္ဘြတ္ခ္ရဲ႕ ေျပာေရးဆုိခြင့္ရွိသူကလည္း ဆုိပါတယ္။

လူမႈကြန္ရက္ကုိသံုးၿပီး ကုိယ့္ကုိယ္ကိုယ္သတ္ေသတဲ့ သံုးစြဲသူေတြကို သိရွိဖုိ႔ အေမရိကန္ျပည္ေထာင္စုမွာ စမ္းသပ္မႈ ေအာင္ျမင္ၿပီးတဲ့ေနာက္ ဒီလုိသိရွိတဲ့ ေဆာ့ဖ္ဝဲပံုစံကုိ တုိးခ်ဲ႔သံုးစြဲမယ္လုိ႔ ေဖ့စ္ဘြတ္ခ္က ၂၀၁၇ ခုႏွစ္မွာ ေျပာၿပီး ရဲေတြကေတာ့ အမ်ိဳးသားရဲ႕ အေလာင္းကို ရွာမေတြ႔ဘူးလုိ႔ေျပာေၾကာင္း ဘန္ေကာက္ပုိ႔စ္သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
ကမ္ဘောဒီယားအမျိုးသားတဦးဟာ ဇနီးဟောင်းကိုသတ်ပြီး တံတားပေါ်က ကိုယ့်ကိုယ်ကိုယ် ခုန်ချသတ်သေခဲ့တာကို ဖေ့စ်ဘွတ်ခ် တိုက်ရိုက် ရုပ်သံလွှင့်ခဲ့တယ်လို့ ရဲတွေက ဧပြီ ၂၀ ရက်နေ့မှာ ပြောလိုက်ပြီး ဒါက နိုင်ငံအတွင်းဖြစ်တဲ့ ပထမဦးဆုံးအမှုပဲလို့ သိရပါတယ်။

ကမ္ဘောဒီးယားလူမျိုးတွေအတွက် ဖေ့စ်ဘွတ်ခ်က ရွေးချယ်စရာ လူမှုကွန်ရက်ဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေ ၁၅ ဒသမ ၈ သန်းမှာ ၃ ပုံ ၁ ပုံနီးပါးက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ ဖြစ်တယ်၊ ဒီလူမှုကွန်ရက်က အထူးသဖြင့် လူငယ်တွေအတွက် သတင်းအချက်အလက်တွေ အဓိကရရှိရာ အရင်းအမြစ်လို့လည်း ဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် ရာချေရက်သ်က ဧပြီ ၁၉ ရက်နေ့မှာ ဇနီးဟောင်းဖြစ်သူကို ကျောင်းတကျောင်းမှာ သတ်ခဲ့ပြီး အနီးအနား ကန်ဒယ်ခရိုင်မှာရှိတဲ့ စူဘာစာတံတားပေါ်ကနေ မဲခေါင်မြစ်ထဲ ခုန်ချခဲ့ပြီး သူ ဒီလို တံတားပေါ်က ခုန်ချသတ်သေမှုကိုသာ တိုက်ရိုက် ရုပ်သံလွှင့်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

“ဒါ အရင်တုန်းက လုံးဝမဖြစ်ဖူးဘူး။ ခုဖြစ်တာက ပထမဆုံးအမှုပဲ” လို့ ရဲပြောရေးဆိုခွင့်ရှိသူက ကိုယ့်ကိုယ်ကိုယ်သတ်သေမှု တိုက်ရိုက်ရုပ်သံကို ရည်ညွှန်းပြီး ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ “ဘာကြောင့် ဇနီးဟောင်းကို သတ်တယ်ဆိုတာလည်း သိဖို့ ကျနော်တို့ စုံစမ်းနေတယ်” လို့ ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေ ဧပြီ ၂၀ ရက်နေ့မှာ ဖြန့်ဝေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ တိုက်ရိုက်ရုပ်သံကို ရိုက်တာသတင်းဌာနက ရရှိခဲ့ပြီး ဒီရုပ်သံနဲ့ပတ်သက်လို့ တယောက်ယောက်ကို သတင်းပို့တာ ဒါမှမဟုတ် ဖြုတ်ချဖို့အတွက် ပြောဆိုမှုရှိ၊ မရှိ ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ချက်ချင်း မှတ်ချက်မပေးနိုင်ဘူးလို့ စင်ကာပူမှာရှိတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဆိုပါတယ်။

လူမှုကွန်ရက်ကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ သုံးစွဲသူတွေကို သိရှိဖို့ အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်မှု အောင်မြင်ပြီးတဲ့နောက် ဒီလိုသိရှိတဲ့ ဆော့ဖ်ဝဲပုံစံကို တိုးချဲ့သုံးစွဲမယ်လို့ ဖေ့စ်ဘွတ်ခ်က ၂၀၁၇ ခုနှစ်မှာ ပြောပြီး ရဲတွေကတော့ အမျိုးသားရဲ့ အလောင်းကို ရှာမတွေ့ဘူးလို့ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top