ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ိဳးသား၊ အမ်ိဳးသမီး 2 ဦးသားကို ႏႈိင္းယွဥ္ၾကည့္လိုက္တဲ့အခါ ဒီေရလို စိတ္အတက္အက်ျမန္ၿပီး ေတာင္တန္းမ်ားလို စိတ္အတက္အက် မ်ားတာဟာ အမ်ိဳးသမီးေတြ ျဖစ္ေနေလ့ရွိပါတယ္။ ဒါဆို ဘာေၾကာင့္ အမ်ိဳးသမီးေတြမွာ စိတ္အတက္အက် ျမန္ရတာလဲ?

အမိ်ဳးသမီးေတြမွာ စိတ္အတက္အက်ျမန္ရတဲ့ အေၾကာင္းရင္းမ်ား

 ျပင္ပ ပေယာဂမပါ,ပါဘဲ စိတ္အေျပာင္းအလဲ မ်ားေစရတဲ့ အေၾကာင္းရင္းေတြဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ အနည္းငယ္မွ် ပိုမ်ားေပမယ့္ တခ်ိဳ႕အခ်က္ေတြကေတာ့ ေယာက္်ား၊ မိန္းမ ႏွစ္ဦးလံုးမွာ ျဖစ္ႏိုင္ပါတယ္။

ဓမၼတာမလာမီ ေဟာ္မုန္းအေျပာင္းအလဲ

လူတစ္ေယာက္ရဲ႕ စိတ္အေျခအေနဟာ ဦးေႏွာက္က ထြက္လာတဲ့ Dopamine နဲ႔ Serotonin ဆိုတဲ့ ေဟာ္မုန္းေတြအေပၚ မူတည္ေနသလို အမ်ိဳးသမီးေတြမွာ ဓမၼတာမလာခင္ အခိ်န္အတြင္း Estrogen ဆိုတဲ့ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ စိတ္အတက္အက် ျဖစ္တတ္ပါေသးတယ္။ ေဟာ္မုန္းအေျပာင္းအလဲနဲ႔ ရာသီလာစဥ္ နာက်င္မႈေတြနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ အမ်ိဳးသမီးတစ္ေယာက္ဟာ အလြယ္တကူ စိတ္တိုစိတ္ဆတ္ ျဖစ္လာႏိုင္ပါတယ္။ ဒီလို နာက်င္မႈပမာဏ အတိုင္းအတာဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ကြဲျပားနိုင္တဲ့အတြက္ စိတ္အတက္အက်လည္း ကြဲျပားတတ္ပါတယ္။

ေသြးဆံုးခ်ိန္

ေသြးဆံုးခ်ိန္ေတြမွာ ဓမၼတာ မလာမီမွာလိုပဲ ေဟာ္မုန္းအေျပာင္းအလဲ ျဖစ္တာေၾကာင့္ စိတ္အတက္အက် ျဖစ္တတ္ပါတယ္။ ေသြးဆံုးကာလဟာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ကြဲျပားႏိုင္ပါတယ္။ ေကာင္းတဲ့အခ်က္ကေတာ့ ေသြးဆံုးၿပီးေနာက္ပိုင္း ဓမၼတာစက္ဝန္းေၾကာင့္ ျဖစ္တဲ့ စိတ္အေျပာင္းအလဲနဲ႔ နာက်င္မႈေတြ မခံစားရေတာ့ပါဘူး။

အျခား ေဟာ္မုန္းအေျပာင္းအလဲ

 အေပၚမွာေျပာခဲ့တဲ့ ေဟာ္မုန္းေတြလိုပဲ အျခားေဟာ္မုန္းေတြဟာလည္း စိတ္အေျပာင္းအလဲ ျဖစ္ေစနိုင္ပါတယ္။ ဥပမာအားျဖင့္ ခႏၶာကိုယ္ရဲ႕ အဆီေတြကို ေလာင္ကြၽမ္းေစၿပီး လိုအပ္တဲ့ခြန္အားကို ထုတ္ေပးနိုင္တဲ့ သိုင္း႐ြိဳက္ေဟာ္မုန္း လံုေလာက္စြာ မထြက္တဲ့အခါမွာလည္း စိတ္ဓာတ္အတက္အက် ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္တတ္တာကလည္း အမ်ိဳးသမီးေတြမွာ အနည္းငယ္မွ် ပိုျဖစ္ႏိုင္ပါတယ္။

စိတ္ေရာဂါမ်ား

ထို႔အတူပဲ အမ်ိဳးသမီးေတြမွာ ပုိျဖစ္နိုင္ၿပီး စိတ္အတက္အက်ကို ျဖစ္ေစနိုင္တဲ့ စိတ္ေရာဂါတစ္မ်ိဳးကေတာ့ Bipolar Depression လို႔ေခၚတဲ့ စိတ္တက္ႂကြလိုက္ အဆံုးစြန္ထိ စိတ္ဓာတ္က်လိုက္ ျဖစ္ေနတတ္တဲ့ စိတ္ေရာဂါတစ္မ်ိဳးပဲ ျဖစ္ပါတယ္။

စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈ မ်ားျခင္းဟာလည္း စိတ္အတက္အက် မ်ားေစတဲ့ အေၾကာင္းအရင္း တစ္ခ်က္ထဲမွာပါၿပီး စိတ္ဖိစီးမႈေၾကာင့္ စိတ္တိုစိတ္ဆတ္ လြယ္သလို ငိုယိုစိတ္ဓာတ္က်ဖို႔လည္း ပိုလြယ္တတ္တာပါတယ္။

စိတ္အတက္အက် ျမန္ျခင္းကို ဘယ္လိုကိုင္တြယ္ေျဖျခင္းမလဲ?

 စိတ္အတက္အက် ျမန္ေနသူတစ္ဦးနဲ႔ ဆက္ဆံရတဲ့အခါ ကိုယ္ခ်င္းစာစိတ္ရွိဖို႔ လိုအပ္ပါတယ္။ ဒီလို စိတ္အေျပာင္းအလဲ ျမန္ေနတာကို သူတို႔ကိုယ္တိုင္လည္း ႏွစ္ၿခိဳက္မယ္ မထင္ပါဘူး။ အကယ္၍ ကိုယ္ကိုယ္တိုင္က စိတ္အေျပာင္းအလဲျမန္ျခင္းကို ခံစားေနရရင္ေတာ့ ကိုယ့္ေၾကာင့္ တစ္ပါးသူေတြရဲ႕စိတ္ပါ ေျပာင္းလဲတတ္တာကို သတိျပဳရပါမယ္။ ဒါေၾကာင့္ ကိုယ့္စိတ္ကို ကိုယ္မထိန္းနိုင္ခဲ့ရင္ေတာင္မွ သူမ်ားရဲ႕ စိတ္အေျပာင္းအလဲကို အျပစ္မျမင္ဘဲ ခ်စ္ခင္စိတ္နဲ႔ ဆက္ဆံရပါမယ္။

ဒီလုိစိတ္အေျပာင္းအလဲမ်ားေနသူ အမ်ားစုဟာ သူတို႔ရဲ႕ျပႆနာေတြကို နားေထာင္ေပးမယ့္လူကို ရွာတတ္ၾကသလို တစ္ေယာက္ထဲ အခန္းပိတ္ တိတ္ဆိတ္ေနတတ္ၾကသူေတြလည္း ရွိပါတယ္။ အကယ္၍ စိတ္အတက္အက်ျဖစ္ေနသူ တစ္စံုတစ္ေယာက္က သူ႔ရဲ႕ျပႆနာေတြကို ရင္ဖြင့္ေျပာဆိုခဲ့ရင္ ဘာအႀကံဉာဏ္မွမေပးဘဲ စိတ္သက္သာေအာင္၊ စိတ္အားတက္ႂကြ ႀကံ့ခိုင္လာေအာင္သာ အားေပးရင္း နားေထာင္ေပးသင့္ပါတယ္။

          ကိုယ္ကိုယ္တိုင္က စိတ္အတက္အက် ျဖစ္ေနခဲ့ရင္လည္း နားလည္လက္ခံေပးမယ့္ ခ်စ္ခင္ရင္းႏွီးသူ တစ္ေယာက္ေယာက္ကို ရင္ဖြင့္တိုင္ပင္နိုင္သလို ကိုယ့္ကိုယ္ကို တစ္ေယာက္တည္း တိတ္တိတ္ကေလး ေျဖရွင္းဖို႔လည္း ႀကိဳးစားနိုင္ပါတယ္။ အားရပါးရ ငိုခ်လိုက္ျခင္းက ခံစားမႈေတြကို သက္သာသြားေစနိုင္သလို သီခ်င္းေအးေအး နားေထာင္တာ၊ ေပါ့ေပါ့ပါးပါး ဟာသ႐ုပ္ရွင္ၾကည့္တာ စတဲ့ စိတ္ေျပာင္းစိတ္လႊဲတစ္ခုခု လုပ္ျခင္းကလည္း စိတ္အာ႐ံုကို ၿငိမ္သက္ေစနိုင္ပါတယ္။ တစ္ခါတစ္ရံ အိပ္လိုက္တာဟာ အေကာင္းဆံုးအေျဖ ျဖစ္ေနတတ္ပါတယ္။ ျပႆနာအမ်ားစုက မနက္နိုးလာခ်ိန္မွာ ဘာမွအေရးမႀကီးတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ အေရးႀကီးတာက ဒီလိုအခ်ိန္မွာ ေျပာလိုက္တဲ့စကားေတြဟာ ေနာက္ေနာင္ျပန္ေတြးတိုင္း ေနာင္တရစရာ ျဖစ္ေနတတ္တာမို႔ တစ္ေယာက္ေယာက္စီမွာ စုၿပံဳလႊဲခ် ေအာ္ပစ္တာမ်ိဳး မျဖစ္ေစဖို႔ သတိထားသင့္ပါတယ္။

 ေရရွည္ကုသမႈ

ဒီလို စိတ္အတက္အက် ျမန္သူေတြအတြက္ သူတို႔နဲ႔သက္ဆိုင္ရာ ကုသနည္းေတြကို ဆရာဝန္က ၫႊန္ျပပါလိမ့္မယ္။ ရာသီမလာမီျဖစ္တဲ့ စိတ္အေျပာင္းအလဲနဲ႔ ေသြးဆံုးၿပီးျဖစ္တဲ့ စိတ္အေျပာင္းအလဲတို႔အတြက္ ေဟာ္မုန္းအစားထိုး ကုသနည္းကို သံုးနိုင္ေပမယ့္ ဒီေဆးေတြဟာ ၾကာရွည္သံုးဖို႔ မသင့္တာေၾကာင့္ ေရရွည္ကုသမႈေတာ့ မဟုတ္ပါဘူး။ ရာသီမလာခင္ လူသတ္ခ်င္ျဖစ္ေနတဲ့ စိတ္အတြက္ေတာ့ သေႏၶတားေဆးေတြ ေသာက္ေပးနိုင္ပါတယ္။ စိတ္ဓာတ္က်ေနသူေတြနဲ႔ စိတ္ေရာဂါရွိသူေတြအတြက္ စိတ္က်ေရာဂါေပ်ာက္ေဆးေတြ၊ အျခားဦးေႏွာက္ထဲရွိ ေဟာ္မုန္းဓာတ္ ထြက္ေစတဲ့ေဆးေတြကို ဆရာဝန္ေတြ ၫႊန္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီေဆးေတြမွာလညး္ ေရရွည္ဆိုးက်ိဳးေတြ ရွိေနပါေသးတယ္။

 ဒီလိုေဆးေတြနဲ႔ ကုသတာအျပင္ CBT (Cognitive Behavioural Therapy) ဆိုတဲ့ အသိအျမင္ ေျပာင္းလဲကုသမႈ လုပ္နိုင္ပါတယ္။ ဒီကုသနည္းမွာ စိတ္အတက္အက် ျဖစ္ေစနိုင္တဲ့ မေကာင္းျမင္အေတြးေတြ ျဖစ္လာတဲ့အခါ ခ်က္ခ်င္းအေကာင္းျမင္စိတ္နဲ႔ ျပင္ပစ္တာမ်ိဳး၊ အသက္႐ွဴႏႈန္းနဲ႔ စိတ္အေျခအေနကို ၿငိမ္သက္ေအာင္ တရားထိုင္သလိုမ်ိဳး ကိုယ့္စိတ္ႏွလံုး ေအးခ်မ္းေအာင္ ေနထိုင္တာမ်ိဳး စတဲ့နည္းေတြကို အသံုးျပဳနိုင္ပါတယ္။ ဒီနည္းေတြ လုပ္ၾကည့္တဲ့အခါ ႏွလံုးခုန္ႏႈန္းတိုင္းစက္ တြဲၿပီးလုပ္နိုင္ပါတယ္။ ဒါမွသာ စိတ္အေျပာင္းအလဲ ျဖစ္ခါနီး ကိုယ့္ခႏၶာကိုယ္မွာ ဘာေတြအေျပာင္းအလဲ ျဖစ္ေနလဲ၊ ဘယ္နည္းကို အသံုးျပဳတဲ့အခါ ကိုယ္ေရာစိတ္ပါ ၿငိမ္သက္သြားသလဲဆိုတာကို သိရွိနိုင္မွာပါ။

အကယ္၍ စိတ္ဖိစီးမႈေၾကာင့္ ျဖစ္ေနတာ ဆိုရင္ေတာ့ အေျဖကရွင္းရွင္းေလးပါ။ စိတ္ဖိစီးမႈကို နည္းနိုင္သမွ် နည္းေအာင္ ေလွ်ာ့ခ်႐ံုသာ ျဖစ္ပါတယ္။ ဘာေၾကာင့္ စိတ္အေျပာင္းအလဲ ျဖစ္ရတယ္ဆိုတဲ့ အေၾကာင္းအရင္းကို သိရွိၿပီး ျပင္ဆင္ေပးျခင္းျဖင့္ စိတ္ေရာကိုယ္ပါ က်န္းမာတဲ့ဘဝတစ္ခုကို ပိုင္ဆိုင္ခြင့္ရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသား၊ အမျိုးသမီး 2 ဦးသားကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဒီရေလို စိတ်အတက်အကျမြန်ပြီး တောင်တန်းများလို စိတ်အတက်အကျ များတာဟာ အမျိုးသမီးတွေ ဖြစ်နေလေ့ရှိပါတယ်။ ဒါဆို ဘာကြောင့် အမျိုးသမီးတွေမှာ စိတ်အတက်အကျ မြန်ရတာလဲ?

အမျိုးသမီးတွေမှာ စိတ်အတက်အကျမြန်ရတဲ့ အကြောင်းရင်းများ

 ပြင်ပ ပယောဂမပါ,ပါဘဲ စိတ်အပြောင်းအလဲ များစေရတဲ့ အကြောင်းရင်းတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အနည်းငယ်မျှ ပိုများပေမယ့် တချို့အချက်တွေကတော့ ယောက်ျား၊ မိန်းမ နှစ်ဦးလုံးမှာ ဖြစ်နိုင်ပါတယ်။

ဓမ္မတာမလာမီ ဟော်မုန်းအပြောင်းအလဲ

လူတစ်ယောက်ရဲ့ စိတ်အခြေအနေဟာ ဦးနှောက်က ထွက်လာတဲ့ Dopamine နဲ့ Serotonin ဆိုတဲ့ ဟော်မုန်းတွေအပေါ် မူတည်နေသလို အမျိုးသမီးတွေမှာ ဓမ္မတာမလာခင် အချိန်အတွင်း Estrogen ဆိုတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်အတက်အကျ ဖြစ်တတ်ပါသေးတယ်။ ဟော်မုန်းအပြောင်းအလဲနဲ့ ရာသီလာစဉ် နာကျင်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက်ဟာ အလွယ်တကူ စိတ်တိုစိတ်ဆတ် ဖြစ်လာနိုင်ပါတယ်။ ဒီလို နာကျင်မှုပမာဏ အတိုင်းအတာဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်တဲ့အတွက် စိတ်အတက်အကျလည်း ကွဲပြားတတ်ပါတယ်။

သွေးဆုံးချိန်

သွေးဆုံးချိန်တွေမှာ ဓမ္မတာ မလာမီမှာလိုပဲ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် စိတ်အတက်အကျ ဖြစ်တတ်ပါတယ်။ သွေးဆုံးကာလဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သွေးဆုံးပြီးနောက်ပိုင်း ဓမ္မတာစက်ဝန်းကြောင့် ဖြစ်တဲ့ စိတ်အပြောင်းအလဲနဲ့ နာကျင်မှုတွေ မခံစားရတော့ပါဘူး။

အခြား ဟော်မုန်းအပြောင်းအလဲ

 အပေါ်မှာပြောခဲ့တဲ့ ဟော်မုန်းတွေလိုပဲ အခြားဟော်မုန်းတွေဟာလည်း စိတ်အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ခန္ဓာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး လိုအပ်တဲ့ခွန်အားကို ထုတ်ပေးနိုင်တဲ့ သိုင်းရွိုက်ဟော်မုန်း လုံလောက်စွာ မထွက်တဲ့အခါမှာလည်း စိတ်ဓာတ်အတက်အကျ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တတ်တာကလည်း အမျိုးသမီးတွေမှာ အနည်းငယ်မျှ ပိုဖြစ်နိုင်ပါတယ်။

စိတ်ရောဂါများ

ထို့အတူပဲ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပြီး စိတ်အတက်အကျကို ဖြစ်စေနိုင်တဲ့ စိတ်ရောဂါတစ်မျိုးကတော့ Bipolar Depression လို့ခေါ်တဲ့ စိတ်တက်ကြွလိုက် အဆုံးစွန်ထိ စိတ်ဓာတ်ကျလိုက် ဖြစ်နေတတ်တဲ့ စိတ်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု များခြင်းဟာလည်း စိတ်အတက်အကျ များစေတဲ့ အကြောင်းအရင်း တစ်ချက်ထဲမှာပါပြီး စိတ်ဖိစီးမှုကြောင့် စိတ်တိုစိတ်ဆတ် လွယ်သလို ငိုယိုစိတ်ဓာတ်ကျဖို့လည်း ပိုလွယ်တတ်တာပါတယ်။

စိတ်အတက်အကျ မြန်ခြင်းကို ဘယ်လိုကိုင်တွယ်ဖြေခြင်းမလဲ?

 စိတ်အတက်အကျ မြန်နေသူတစ်ဦးနဲ့ ဆက်ဆံရတဲ့အခါ ကိုယ်ချင်းစာစိတ်ရှိဖို့ လိုအပ်ပါတယ်။ ဒီလို စိတ်အပြောင်းအလဲ မြန်နေတာကို သူတို့ကိုယ်တိုင်လည်း နှစ်ခြိုက်မယ် မထင်ပါဘူး။ အကယ်၍ ကိုယ်ကိုယ်တိုင်က စိတ်အပြောင်းအလဲမြန်ခြင်းကို ခံစားနေရရင်တော့ ကိုယ့်ကြောင့် တစ်ပါးသူတွေရဲ့စိတ်ပါ ပြောင်းလဲတတ်တာကို သတိပြုရပါမယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ခဲ့ရင်တောင်မှ သူများရဲ့ စိတ်အပြောင်းအလဲကို အပြစ်မမြင်ဘဲ ချစ်ခင်စိတ်နဲ့ ဆက်ဆံရပါမယ်။

ဒီလိုစိတ်အပြောင်းအလဲများနေသူ အများစုဟာ သူတို့ရဲ့ပြဿနာတွေကို နားထောင်ပေးမယ့်လူကို ရှာတတ်ကြသလို တစ်ယောက်ထဲ အခန်းပိတ် တိတ်ဆိတ်နေတတ်ကြသူတွေလည်း ရှိပါတယ်။ အကယ်၍ စိတ်အတက်အကျဖြစ်နေသူ တစ်စုံတစ်ယောက်က သူ့ရဲ့ပြဿနာတွေကို ရင်ဖွင့်ပြောဆိုခဲ့ရင် ဘာအကြံဉာဏ်မှမပေးဘဲ စိတ်သက်သာအောင်၊ စိတ်အားတက်ကြွ ကြံ့ခိုင်လာအောင်သာ အားပေးရင်း နားထောင်ပေးသင့်ပါတယ်။

          ကိုယ်ကိုယ်တိုင်က စိတ်အတက်အကျ ဖြစ်နေခဲ့ရင်လည်း နားလည်လက်ခံပေးမယ့် ချစ်ခင်ရင်းနှီးသူ တစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်နိုင်သလို ကိုယ့်ကိုယ်ကို တစ်ယောက်တည်း တိတ်တိတ်ကလေး ဖြေရှင်းဖို့လည်း ကြိုးစားနိုင်ပါတယ်။ အားရပါးရ ငိုချလိုက်ခြင်းက ခံစားမှုတွေကို သက်သာသွားစေနိုင်သလို သီချင်းအေးအေး နားထောင်တာ၊ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်ကြည့်တာ စတဲ့ စိတ်ပြောင်းစိတ်လွှဲတစ်ခုခု လုပ်ခြင်းကလည်း စိတ်အာရုံကို ငြိမ်သက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ အိပ်လိုက်တာဟာ အကောင်းဆုံးအဖြေ ဖြစ်နေတတ်ပါတယ်။ ပြဿနာအများစုက မနက်နိုးလာချိန်မှာ ဘာမှအရေးမကြီးတာမျိုး ဖြစ်နေတတ်ပါတယ်။ အရေးကြီးတာက ဒီလိုအချိန်မှာ ပြောလိုက်တဲ့စကားတွေဟာ နောက်နောင်ပြန်တွေးတိုင်း နောင်တရစရာ ဖြစ်နေတတ်တာမို့ တစ်ယောက်ယောက်စီမှာ စုပြုံလွှဲချ အော်ပစ်တာမျိုး မဖြစ်စေဖို့ သတိထားသင့်ပါတယ်။

 ရေရှည်ကုသမှု

ဒီလို စိတ်အတက်အကျ မြန်သူတွေအတွက် သူတို့နဲ့သက်ဆိုင်ရာ ကုသနည်းတွေကို ဆရာဝန်က ညွှန်ပြပါလိမ့်မယ်။ ရာသီမလာမီဖြစ်တဲ့ စိတ်အပြောင်းအလဲနဲ့ သွေးဆုံးပြီးဖြစ်တဲ့ စိတ်အပြောင်းအလဲတို့အတွက် ဟော်မုန်းအစားထိုး ကုသနည်းကို သုံးနိုင်ပေမယ့် ဒီဆေးတွေဟာ ကြာရှည်သုံးဖို့ မသင့်တာကြောင့် ရေရှည်ကုသမှုတော့ မဟုတ်ပါဘူး။ ရာသီမလာခင် လူသတ်ချင်ဖြစ်နေတဲ့ စိတ်အတွက်တော့ သန္ဓေတားဆေးတွေ သောက်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေနဲ့ စိတ်ရောဂါရှိသူတွေအတွက် စိတ်ကျရောဂါပျောက်ဆေးတွေ၊ အခြားဦးနှောက်ထဲရှိ ဟော်မုန်းဓာတ် ထွက်စေတဲ့ဆေးတွေကို ဆရာဝန်တွေ ညွှန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဆေးတွေမှာလည်း ရေရှည်ဆိုးကျိုးတွေ ရှိနေပါသေးတယ်။

 ဒီလိုဆေးတွေနဲ့ ကုသတာအပြင် CBT (Cognitive Behavioural Therapy) ဆိုတဲ့ အသိအမြင် ပြောင်းလဲကုသမှု လုပ်နိုင်ပါတယ်။ ဒီကုသနည်းမှာ စိတ်အတက်အကျ ဖြစ်စေနိုင်တဲ့ မကောင်းမြင်အတွေးတွေ ဖြစ်လာတဲ့အခါ ချက်ချင်းအကောင်းမြင်စိတ်နဲ့ ပြင်ပစ်တာမျိုး၊ အသက်ရှူနှုန်းနဲ့ စိတ်အခြေအနေကို ငြိမ်သက်အောင် တရားထိုင်သလိုမျိုး ကိုယ့်စိတ်နှလုံး အေးချမ်းအောင် နေထိုင်တာမျိုး စတဲ့နည်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းတွေ လုပ်ကြည့်တဲ့အခါ နှလုံးခုန်နှုန်းတိုင်းစက် တွဲပြီးလုပ်နိုင်ပါတယ်။ ဒါမှသာ စိတ်အပြောင်းအလဲ ဖြစ်ခါနီး ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေအပြောင်းအလဲ ဖြစ်နေလဲ၊ ဘယ်နည်းကို အသုံးပြုတဲ့အခါ ကိုယ်ရောစိတ်ပါ ငြိမ်သက်သွားသလဲဆိုတာကို သိရှိနိုင်မှာပါ။

အကယ်၍ စိတ်ဖိစီးမှုကြောင့် ဖြစ်နေတာ ဆိုရင်တော့ အဖြေကရှင်းရှင်းလေးပါ။ စိတ်ဖိစီးမှုကို နည်းနိုင်သမျှ နည်းအောင် လျှော့ချရုံသာ ဖြစ်ပါတယ်။ ဘာကြောင့် စိတ်အပြောင်းအလဲ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို သိရှိပြီး ပြင်ဆင်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top