ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကိုယ္တကၠသိုလ္မွာ တြဲလိုက္တဲ့သူငယ္ခ်င္းက တစ္သက္လံုးစာ အတူရွိေနမယ့္ အေဖာ္တဲ့။ ဒါေပမဲ့ နွင္းက အေဝးသင္ တကၠသိုလ္သမားဆိုေတာ့ တကၠသိုလ္သူငယ္ခ်င္းေတြထက္ အထက္တန္းတက္တုန္းက သူငယ္ခ်င္းေတြကပဲ အတူတူတြဲေဖာ္တြဲဖက္ေတြ ျဖစ္လာေရာ။ က်ဴရွင္ေျပးေဖာ္ေျပးဖက္၊ မုန္႔ခိုးစားေဖာ္ ခိုးစားဖက္ကေန အခ်စ္ေရးတိုင္ပင္ေဖာ္တိုင္ပင္ဖက္ အထိျဖစ္လာတဲ့ ဒီသူငယ္ခ်င္းေတြကိုလည္း ကိုယ္ကသိပ္ခ်စ္ၿပီး မခြဲနိုင္ဘူးေလ။ (ခြဲသြားရင္ ကိုယ့္ရုပ္ဆိုးဆိုးမ်က္နွာေတြျဖန္႔မယ္လို႔ ၿခိမ္းေျခာက္ထားတာကိုး :P) အဲ့အခ်စ္ေလးေတြထဲကမွ ကိုယ့္ရဲ႕အရင္းနွီးဆံုးနဲ႔ ခ်စ္ေရးခ်စ္ရာတိုင္ပင္ေနက် (၄) ေယာက္ရွိတယ္ေလ။ နွင္းကံေကာင္းခ်င္ေတာ့ အဲ့ဒီ (၄) ေယာက္က ပံုစံမတူဘဲ တစ္ေယာက္တစ္မ်ိဳးစီ ကိုယ့္အတြက္ ပူေပးတတ္တဲ့ လူေတြျဖစ္ေနေရာ။ အဲ့ ၄ မ်ိဳး ၄ ဖံုကေတာ့…

(၁) အတူတူလိုက္ဝုန္းေပးတဲ့သူငယ္ခ်င္း

သူကေတာ့ အားလံုးထဲမွာ ကိုယ္အသည္းကြဲေနခ်ိန္ အေဖာ္ရဆံုးတစ္ေယာက္ေပါ့။ ကိုယ္ဆဲရင္လိုက္ဆဲေပးတယ္၊ အတင္းတုတ္ရင္ လိုက္တုတ္ေပးတယ္။ ယုတ္စြအဆံုး ကိုယ္တို႔ျပတ္သြားတဲ့အခ်ိန္ သူ႔မွာရည္းစားအသစ္ ရခဲ့ရင္ေတာင္ အဲ့ဟာမက ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုၿပီး အတူေပါက္ကြဲေနက် သူငယ္ခ်င္းေပါ့။ ဒါေပမဲ့ ေသြးေအးၿပီး တည္ၿငိမ္သြားတဲ့အခ်ိန္မွာေတာ့ လမ္းမွန္ကိုျပန္ညႊန္ေပးနိုင္တဲ့ သူငယ္ခ်င္းမေလးပါပဲ။ သူ႔အိမ္ကိုယ္ကူး ကိုယ့္အိမ္သူကူးနဲ႔ နွစ္အိမ့္တစ္အိမ္လိုေနရင္း ကိုယ့္ရဲ႕ မ်က္နွာမသစ္ရေသးတဲ့ ေၾကာင္ခ်ီးကုပ္မ်က္နွာအစ ကိုယ့္ရဲပြဲတက္မိတ္ကပ္အျပည့္နဲ႔ မ်က္နွာအဆံုး အကုန္လံုးကို ျမင္ဖူးေတာ့ သူမ်ားကိုေပါင္းဖဲ့ေပးသလို သူမ်ားထက္လည္း ကိုယ့္ကိုပိုဖဲ့တတ္တဲ့ အဝုန္းမယ္ေတာ္ပါ။ (အားလံုးထဲမယ္ ကိုယ့္ကို အလိုလိုက္ဆံုးနဲ႔ အဖ်က္ဆီးဆံုးႀကီးေတာ္ေပါ့။)

(၂) အတူလိုက္မူးေပးသူငယ္ခ်င္း

ဟဲ့ ငါအသည္းကြဲေနလို႔ သြားေသာက္ရေအာင္ ဆိုတာနဲ႔ နွစ္ခါေခၚစရာမလို လာထားဆိုတာႀကီးပဲ။ ဘယ္လိုအေျခအေနျဖစ္ျဖစ္ မူးမယ္ေဟ့ဆို အတူတူလိုက္ ဥၾသဆြဲေနတဲ့ လူေတြပါပဲ။ ငါ့အဲ့ေကာင္ကို အရမ္းခ်စ္တာလို႔ အစခ်ီၿပီး တၿဗဲၿဗဲနဲ႔ငိုေနရင္လည္း ေအး ခ်ကြားဆိုၿပီး ဒီလို အတူေသာက္ေဖာ္ေသာက္ဖက္ အာေပတူးေလးေတြလည္း ရွိပါတယ္။
For Her Myanmar Club

(၃) ေဖ်ာင္းဖ်ေပးနုိုင္တဲ့သူငယ္ခ်င္း

ကိုယ္အရမ္းစိတ္ေတြ၊ ရင္ေတြပူေလာင္ေနတဲ့အခ်ိန္မွာ သူကေတာ့ အေကာင္းဆံုးအေဖာ္ပါပဲ။ စိတ္နွလံုးကို ႏူးညံ့သြားေအာင္ အက်ိဳးသင့္ အေၾကာင္းသင့္နဲ႔ ျပန္ေျဖရွင္းျပနိုင္တဲ့ သူငယ္ခ်င္းေပါ့။ နွစ္ဖက္မွ်ေတြးၿပီး ေျပာျပတတ္တာမို႔ ေတာ္ေတာ္မ်ားမ်ား ခ်စ္သူေကာင္ေလးေတြ ကိုယ့္မိန္းကေလးနဲ႔ ရန္ျဖစ္စကားမ်ားတဲ့အခ်ိန္ အားကိုးရတဲ့ သူငယ္ခ်င္းပါပဲ။

(၄) ဘာဆုိဘာမွမေျပာေတာ့တဲ့ သူငယ္ခ်င္း

ဒီသူငယ္ခ်င္းကေတာ့ ကိုယ့္ကိုေတာက္ေလွ်ာက္ တိုင္ပင္ေပးခဲ့ၿပီး ဘာမွထူးမလာတာသိတာမို႔ ဘာတစ္ခြန္းမွမေျပာေတာ့ဘဲ ကိုယ္ေျပာသမွ်နားေထာင္ေပးတတ္တဲ့ သူငယ္ခ်င္းေပါ့။ ဘာမွေတာ့ျပန္မေျပာေတာ့ဘူး ေလကုန္လို႔တဲ့။ ငိုရင္လည္း အင္းမလုပ္အဲမလုပ္ ျပတ္ၿပီေျပာလည္း အဖတ္တစ္စက္မွမလုပ္။ ဒါမဲ့ ျပန္အဆင္ေျပတဲ့အခ်ိန္က်ရင္ေတာ့ ‘ငါသိသားပဲ ျပန္အဆင္ေျပမယ္ဆိုတာ’ အဲ့တစ္ခြန္းေတာ့ အၿမဲထြက္တယ္။

တကယ္ေတာ့ ခ်စ္သူေကာင္ေလးနဲ႔ ရန္ျဖစ္တဲ့အခ်ိန္မွာ ကိုယ့္ဘာသာကိုယ္ေျဖရွင္းတာ အေကာင္းဆံုးဆိုေပမဲ့လို႔ ကိုယ့္အက်ိဳးကို လိုလားတဲ့ ဒီလိုသူငယ္ခ်င္းေလးေတြရွိေတာ့လည္း ကိုယ့္အတြက္ စိတ္သက္သာရာရေစပါတယ္ ။ တစ္ခုခုအရမ္းခံစားေနတဲ့အခ်ိန္မွာလည္း စိတ္ထြက္ေပါက္တစ္ခုအေနနဲ႔ ရတာေပါ့။ ဒါေၾကာင့္ ဒီလိုသူငယ္ခ်င္းေတြရွိေနရင္ အရမ္းခ်စ္တဲ့အေၾကာင္း မန္းရွင္းေခၚၿပီး ေျပာလိုက္ဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်တက္ကသိုလ်မှာ တွဲလိုက်တဲ့သူငယ်ချင်းက တစ်သက်လုံးစာ အတူရှိနေမယ့် အဖော်တဲ့။ ဒါပေမဲ့ နှင်းက အဝေးသင် တက္ကသိုလ်သမားဆိုတော့ တက္ကသိုလ်သူငယ်ချင်းတွေထက် အထက်တန်းတက်တုန်းက သူငယ်ချင်းတွေကပဲ အတူတူတွဲဖော်တွဲဖက်တွေ ဖြစ်လာရော။ ကျူရှင်ပြေးဖော်ပြေးဖက်၊ မုန့်ခိုးစားဖော် ခိုးစားဖက်ကနေ အချစ်ရေးတိုင်ပင်ဖော်တိုင်ပင်ဖက် အထိဖြစ်လာတဲ့ ဒီသူငယ်ချင်းတွေကိုလည်း ကိုယ်ကသိပ်ချစ်ပြီး မခွဲနိုင်ဘူးလေ။ (ခွဲသွားရင် ကိုယ့်ရုပ်ဆိုးဆိုးမျက်နှာတွေဖြန့်မယ်လို့ ခြိမ်းခြောက်ထားတာကိုး :P) အဲ့အချစ်လေးတွေထဲကမှ ကိုယ့်ရဲ့အရင်းနှီးဆုံးနဲ့ ချစ်ရေးချစ်ရာတိုင်ပင်နေကျ (၄) ယောက်ရှိတယ်လေ။ နှင်းကံကောင်းချင်တော့ အဲ့ဒီ (၄) ယောက်က ပုံစံမတူဘဲ တစ်ယောက်တစ်မျိုးစီ ကိုယ့်အတွက် ပူပေးတတ်တဲ့ လူတွေဖြစ်နေရော။ အဲ့ ၄ မျိုး ၄ ဖုံကတော့…

(၁) အတူတူလိုက်ဝုန်းပေးတဲ့သူငယ်ချင်း

သူကတော့ အားလုံးထဲမှာ ကိုယ်အသည်းကွဲနေချိန် အဖော်ရဆုံးတစ်ယောက်ပေါ့။ ကိုယ်ဆဲရင်လိုက်ဆဲပေးတယ်၊ အတင်းတုတ်ရင် လိုက်တုတ်ပေးတယ်။ ယုတ်စွအဆုံး ကိုယ်တို့ပြတ်သွားတဲ့အချိန် သူ့မှာရည်းစားအသစ် ရခဲ့ရင်တောင် အဲ့ဟာမက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အတူပေါက်ကွဲနေကျ သူငယ်ချင်းပေါ့။ ဒါပေမဲ့ သွေးအေးပြီး တည်ငြိမ်သွားတဲ့အချိန်မှာတော့ လမ်းမှန်ကိုပြန်ညွှန်ပေးနိုင်တဲ့ သူငယ်ချင်းမလေးပါပဲ။ သူ့အိမ်ကိုယ်ကူး ကိုယ့်အိမ်သူကူးနဲ့ နှစ်အိမ့်တစ်အိမ်လိုနေရင်း ကိုယ့်ရဲ့ မျက်နှာမသစ်ရသေးတဲ့ ကြောင်ချီးကုပ်မျက်နှာအစ ကိုယ့်ရဲပွဲတက်မိတ်ကပ်အပြည့်နဲ့ မျက်နှာအဆုံး အကုန်လုံးကို မြင်ဖူးတော့ သူများကိုပေါင်းဖဲ့ပေးသလို သူများထက်လည်း ကိုယ့်ကိုပိုဖဲ့တတ်တဲ့ အဝုန်းမယ်တော်ပါ။ (အားလုံးထဲမယ် ကိုယ့်ကို အလိုလိုက်ဆုံးနဲ့ အဖျက်ဆီးဆုံးကြီးတော်ပေါ့။)

(၂) အတူလိုက်မူးပေးသူငယ်ချင်း

ဟဲ့ ငါအသည်းကွဲနေလို့ သွားသောက်ရအောင် ဆိုတာနဲ့ နှစ်ခါခေါ်စရာမလို လာထားဆိုတာကြီးပဲ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် မူးမယ်ဟေ့ဆို အတူတူလိုက် ဥသြဆွဲနေတဲ့ လူတွေပါပဲ။ ငါ့အဲ့ကောင်ကို အရမ်းချစ်တာလို့ အစချီပြီး တဗြဲဗြဲနဲ့ငိုနေရင်လည်း အေး ချကွားဆိုပြီး ဒီလို အတူသောက်ဖော်သောက်ဖက် အာပေတူးလေးတွေလည်း ရှိပါတယ်။
For Her Myanmar Club

(၃) ဖျောင်းဖျပေးနိုင်တဲ့သူငယ်ချင်း

ကိုယ်အရမ်းစိတ်တွေ၊ ရင်တွေပူလောင်နေတဲ့အချိန်မှာ သူကတော့ အကောင်းဆုံးအဖော်ပါပဲ။ စိတ်နှလုံးကို နူးညံ့သွားအောင် အကျိုးသင့် အကြောင်းသင့်နဲ့ ပြန်ဖြေရှင်းပြနိုင်တဲ့ သူငယ်ချင်းပေါ့။ နှစ်ဖက်မျှတွေးပြီး ပြောပြတတ်တာမို့ တော်တော်များများ ချစ်သူကောင်လေးတွေ ကိုယ့်မိန်းကလေးနဲ့ ရန်ဖြစ်စကားများတဲ့အချိန် အားကိုးရတဲ့ သူငယ်ချင်းပါပဲ။

(၄) ဘာဆိုဘာမှမပြောတော့တဲ့ သူငယ်ချင်း

ဒီသူငယ်ချင်းကတော့ ကိုယ့်ကိုတောက်လျှောက် တိုင်ပင်ပေးခဲ့ပြီး ဘာမှထူးမလာတာသိတာမို့ ဘာတစ်ခွန်းမှမပြောတော့ဘဲ ကိုယ်ပြောသမျှနားထောင်ပေးတတ်တဲ့ သူငယ်ချင်းပေါ့။ ဘာမှတော့ပြန်မပြောတော့ဘူး လေကုန်လို့တဲ့။ ငိုရင်လည်း အင်းမလုပ်အဲမလုပ် ပြတ်ပြီပြောလည်း အဖတ်တစ်စက်မှမလုပ်။ ဒါမဲ့ ပြန်အဆင်ပြေတဲ့အချိန်ကျရင်တော့ ‘ငါသိသားပဲ ပြန်အဆင်ပြေမယ်ဆိုတာ’ အဲ့တစ်ခွန်းတော့ အမြဲထွက်တယ်။

တကယ်တော့ ချစ်သူကောင်လေးနဲ့ ရန်ဖြစ်တဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ်ဖြေရှင်းတာ အကောင်းဆုံးဆိုပေမဲ့လို့ ကိုယ့်အကျိုးကို လိုလားတဲ့ ဒီလိုသူငယ်ချင်းလေးတွေရှိတော့လည်း ကိုယ့်အတွက် စိတ်သက်သာရာရစေပါတယ် ။ တစ်ခုခုအရမ်းခံစားနေတဲ့အချိန်မှာလည်း စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရတာပေါ့။ ဒါကြောင့် ဒီလိုသူငယ်ချင်းတွေရှိနေရင် အရမ်းချစ်တဲ့အကြောင်း မန်းရှင်းခေါ်ပြီး ပြောလိုက်ဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top