ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×


ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် ည ၈နာရီတွင် ဥသျှစ်ပင်မြို့ရတနာပုံ တစ်ရပ်ကွက်အတွင်းနေ ကြိုင်ကြိုင်(၄၅)နှစ် နှင့် အိမ်ဘေးချင်း ကပ်နေထိုင်သူ သက်မောင် (၃၄)နှစ်တို့သည် ရပ်ကွက်အတွင်းရှိ ဒေါ်စောကြည်အရက်ဆိုင်တွင် အရက်အတူသောက်ပြီး ပြန်လာစဉ် ၄င်းတို့အိမ်ရှေ့အရောက်စကားရန်ဖြစ်ကြပြီး ကြိုင်ကြိုင်မှ သက်မောင်အားဆဲဆိုကာ နေအိမ်ကိုပါ ကျောက်ခဲဖြင့် ပစ်ပေါက်သဖြင့် သက်မောင်မှ နေအိမ်အတွင်းရှိ အရိုး ၁၁ လက်မခန့်၊ အသွား ၁ဝ လက်မခန့် ၊ ဗျက် ၂ လက်မခန့်ရှိ ဓားမအားယူပြီး ကြိုင်ကြိုင်အား ခုတ်သဖြင့် ကြိုင်ကြိုင်တွင် ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ယာလက်ပြတ်ရှဒဏ်ရာများရရှိခဲသ ဖြင့် ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဒဏ်ရာမှာစိုးရိမ်ရအခြေအနေကြောင့် ပြည်မြို့ ပြည်သူ့ဆေးရုံ ဆက်လက်ပို့ဆောင် ကုသခဲ့ရာတွင် ဧပြီ ၂၂ ရက် နံနက် ၇နာရီခွဲတွင် သေဆုံးသွားခဲ့သည်။



Credit: Myanmaalinn
# Unicode Version ဖြင့် ဖတ်ပါ #
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်တွင် ဧပြီ ၂၁ ရက် ည ၈နာရီက အရက်အတူ သောက်ပြီးပြန်လာစဉ် စကားများရန်ဖြစ်ကာ ဓားမဖြင့် ခုတ်သဖြင့် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် ည ၈နာရီတွင် ဥသျှစ်ပင်မြို့ရတနာပုံ တစ်ရပ်ကွက်အတွင်းနေ ကြိုင်ကြိုင်(၄၅)နှစ် နှင့် အိမ်ဘေးချင်း ကပ်နေထိုင်သူ သက်မောင် (၃၄)နှစ်တို့သည် ရပ်ကွက်အတွင်းရှိ ဒေါ်စောကြည်အရက်ဆိုင်တွင် အရက်အတူသောက်ပြီး ပြန်လာစဉ် ၎င်းတို့အိမ်ရှေ့အရောက်စကားရန်ဖြစ်ကြပြီး ကြိုင်ကြိုင်မှ သက်မောင်အားဆဲဆိုကာ နေအိမ်ကိုပါ ကျောက်ခဲဖြင့် ပစ်ပေါက်သဖြင့် သက်မောင်မှ နေအိမ်အတွင်းရှိ အရိုး ၁၁ လက်မခန့်၊ အသွား ၁ဝ လက်မခန့် ၊ ဗျက် ၂ လက်မခန့်ရှိ ဓားမအားယူပြီး ကြိုင်ကြိုင်အား ခုတ်သဖြင့် ကြိုင်ကြိုင်တွင် ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ယာလက်ပြတ်ရှဒဏ်ရာများရရှိခဲသ ဖြင့် ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဒဏ်ရာမှာစိုးရိမ်ရအခြေအနေကြောင့် ပြည်မြို့ ပြည်သူ့ဆေးရုံ ဆက်လက်ပို့ဆောင် ကုသခဲ့ရာတွင် ဧပြီ ၂၂ ရက် နံနက် ၇နာရီခွဲတွင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဥသျှစ်ပင်နယ်မြေရဲစခန်းမှ အမှုရေးဖွင့်ပြီး ရဲအုပ်ဝင်းကို မှ စစ်ဆေးနေစဉ် ကြိုင်ကြိုင်မှာ သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး နယ်မြေစခန်းမှူး ရဲအုပ် ဝင်းဆန်းမှ တရားခံသက်မောင်(၃၄)နှစ်အား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းသိရသည်။

အောင်မြင့်(ပန်းတောင်း)

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmaalinn
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top