iMyanmarHouse.com - Best Property Website for Myanmar
×

အသက္(၇)ႏွစ္ အ႐ြယ္ ေယာက္်ာေလးတစ္ဦးကို အျခား ေယာက္်ားေလးႏွစ္ဦးက ဓမၼတာ ႏွင့္ဆန႔္က်င္ ကာမစပ္ယွက္သည္ ဆိုကာ လာေရာက္တိုင္ၾကားခဲ့ ေၾကာင္း ေပါင္ၿမိဳ႕မရဲစခန္းမွ တာ ဝန္ရွိသူက ေျပာသည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ ဥတၱံတားေက်း႐ြာေန အသက္(၇) ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ဦး ကို တစ္႐ြာတည္းေန (၁၄) ႏွစ္အ႐ြယ္ နဝမတန္းေက်ာင္းသားႏွင့္ (၁၁) ႏွစ္အ႐ြယ္ စတုတၳတန္းေက်ာင္းသားတို႔က အိမ္အနီးရွိလယ္ကြင္းထဲတြင္ ဧၿပီ ၇ ရက္ မြန္းလြဲပိုင္းက ဓမၼတာႏွင့္ဆန႔္က်င္ ေသာ ကာမယွက္စပ္မႈ ျပဳလုပ္ခဲ့သည္ဟု ကေလးငယ္က ထြက္ဆိုထားေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

‘‘ကေလးငယ္က အိမ္ကိုျပန္ လာၿပီး သူ႔အေမကို ျပန္တိုင္တာ။ သူ႔အေမက ေက်း႐ြာအုပ္ခ်ဳပ္ေရး မႉးကတစ္ဆင့္ ရဲတပ္ဖြဲ႕ကို အ ေၾကာင္းၾကားခဲ့လို႔ ခ်က္ခ်င္းသြား ေရာက္စစ္ေဆးၿပီး ေဆးကုသဖို႔ ေဆး႐ုံကို တင္ပို႔ေပးလိုက္ပါ တယ္။ အဲဒီကေလးရဲ႕ အေမကိုယ္ တိုင္ ရဲစခန္းမွာ လာေရာက္တိုင္ တန္းခဲ့ပါတယ္’’ ဟု အဆိုပါတာ ဝန္ရွိသူက ေျပာသည္။

ကေလးငယ္မိခင္၏ တိုင္တန္းခ်က္အရ အဆိုပါေယာက္်ားေလးႏွစ္ဦးကို ရာဇသတ္ႀကီးပုဒ္မ ၃၇၇ ျဖင့္ ေပါင္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
# Unicode Version ဖြင့်ဖတ်ရန် #
အသက်(၇)နှစ် အရွယ် ယောက်ျာလေးတစ်ဦးကို အခြား ယောက်ျားလေးနှစ်ဦးက ဓမ္မတာ နှင့်ဆန့်ကျင် ကာမစပ်ယှက်သည် ဆိုကာ လာရောက်တိုင်ကြားခဲ့ ကြောင်း ပေါင်မြို့မရဲစခန်းမှ တာ ဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနေ အသက်(၇) နှစ်အရွယ် ယောက်ျားလေးတစ်ဦး ကို တစ်ရွာတည်းနေ (၁၄) နှစ်အရွယ် နဝမတန်းကျောင်းသားနှင့် (၁၁) နှစ်အရွယ် စတုတ္ထတန်းကျောင်းသားတို့က အိမ်အနီးရှိလယ်ကွင်းထဲတွင် ဧပြီ ၇ ရက် မွန်းလွဲပိုင်းက ဓမ္မတာနှင့်ဆန့်ကျင် သော ကာမယှက်စပ်မှု ပြုလုပ်ခဲ့သည်ဟု ကလေးငယ်က ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ကလေးငယ်က အိမ်ကိုပြန် လာပြီး သူ့အမေကို ပြန်တိုင်တာ။ သူ့အမေက ကျေးရွာအုပ်ချုပ်ရေး မှူးကတစ်ဆင့် ရဲတပ်ဖွဲ့ကို အ ကြောင်းကြားခဲ့လို့ ချက်ချင်းသွား ရောက်စစ်ဆေးပြီး ဆေးကုသဖို့ ဆေးရုံကို တင်ပို့ပေးလိုက်ပါ တယ်။ အဲဒီကလေးရဲ့ အမေကိုယ် တိုင် ရဲစခန်းမှာ လာရောက်တိုင် တန်းခဲ့ပါတယ်’’ ဟု အဆိုပါတာ ဝန်ရှိသူက ပြောသည်။

ကလေးငယ်မိခင်၏ တိုင်တန်းချက်အရ အဆိုပါယောက်ျားလေးနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် ပေါင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top