မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
Credit: hlataw
# Unicode Version ဖြင့် ဖတ်ပါ #
လေယာဉ်ကို စင်းလုံးပြတ် ငှါးစီးတယ်ဆိုရင်လည်း ကြွားတယ်ပြောဦးမယ်။ Today, I am alone on the airplane from Yangon to Gaya, India.(ဆရာတော် Ashin Ananda ထံမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ဇာတိ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ငပယင်းရွာ ဓမ္မစင်္ကြာရွှေကျောငိးတိုက်က ဆရာတော်ပါ မဟာဗန္ဓုလရဲ့မွေးရပ်ဇာတိရွာကပါ)
တစ်ကိုယ်တော်ခရီးစဉ် စတင်။နောက်ခံ ပန်းချီကားကြီးကတော့ သောင်းသောင်းဖြဖြသရဲတွေ ကိုယ့်ကိုကြောက်လို့ ပုန်းနေတာနဲ့တူတယ်။ ဆရာတော်ကို “မင်း” လို့ သုံးနှုန်းတာဟာ လေဆိပ်က အိန္ဒိယလူမျိုးကYou ကို သံနှုန်း ခြင်းကို ဘာသာပြန်ခြင်းမျှသာဖြစ်ကြောင်းပါ။လေယာဉ်မယ်လေးလာပြောတယ် လေယာဉ်တစ်စီးလုံးမင်းခုံတွေတဲ့ မင်းတော်တော်ကံကောင်းတဲ့သူဘဲတဲ့။
လေယာဉ်မောင်းတဲ့လူက လက်ဆွဲနှုတ်ဆက်။ မင်းတစ်ယောက်တည်း ငါတို့လိုက်ပို့ရလို့ မင်းတော်တော်ထူးတာဘဲတဲ့။ဂယာလေဆိပ်ရောက်တော့ အစောင့်တွေကဆီးပြောတယ် “လေယာဉ်တစ်စီးလုံး မင်းတစ်ယောက်ထဲ စီးလာတာဆိုတော့ မင်းကမြန်မာနိုင်ငံသမ္မတလား”တဲ့။ ဗိုလ်ဆန်ဆန် ခေါင်းညိတ်ပြီး ပြုံးပြလိုက်တယ်။ စိတ်ထဲမှာတော့ ” အော်… မြန်မာပြည်က တယ်လီနောကုမ္ပဏီကို ဖုန်းဘေလ် အကြွေး(၈၀၀)တင်လာတာ သူမသိသေးဘဲကိုး။”ရှေ့မှာလည်း ဗလာ။အလယ်မှာ လူမရှိ။အနောက်မှာလည်း နတ္ထိ။ကိုယ့်တစ်ဦးတည်းအတွက်နဲ့ လေဆိပ်တစ်ခုလုံး run ပေးနေရတော့ အိန္ဒိယအစိုးရကို အားနာမိတယ်။Immigration ရောက်တော့ ခပ်တည်တည်ပေါ့။Security Officer တွေက တအံ့တသြ ကြည့်နေလေရဲ့။ဘယ်ရမလဲ ခပ်တည်တည်ဘဲ ကိုယ့်အထုပ်ကို ဒီအစောင့်တွေ မကိုင်ရဲဘူးဆိုတာ တပ်အပ်သိတယ်လေ။ ကုလားတွေက ငပိဆို အသေကြောက်သကိုး။ရေမဲ ရဲမေတွေဘဲ တွေ့တယ် လေဆိပ်မှာလည်း။ခရီးဆုံးမှတွေးမိတယ် အော်.. ဒို့နိုင်ငံက နှစ်ဆန်း၁-ရက်နေကိုး။လာကြိုတဲ့ ကားသမားက ဆီးပြောတယ် “အိန္ဒိယအစိုးရငွေတွေ ဒီကိုယ်တော်လုပ်တာနဲ့ ကုန်ပါပြီ”တဲ့။ (သူတို့နိုင်ငံချစ်တဲ့စိတ်ကလေးကို လေးစားမိပါတယ်။) ကဲ နာလန္ဒာတက္ကသိုလ်ကို ခရီးဆက်ရပါဦးမယ်။
လာတော့လည်းဖုန်းမဆက် ပြန်သွားတော့လည်းအကြောင်းမကြာလိုက်ရလို့ ပတ်သက်သမျှဒကာဒကာမအားလုံးကို တောင်းပန်ပါတယ်။ လိုရင်းပြောရမယ်ဆိုရင် “အလှူခံရမှာ အားနာလို့ပါ။”
ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top