အိႏိၵယရဲေတြဟာ မိခင္႐ုပ္အေလာင္းကို ေရခဲေသတၱာထဲမွာ သုံးႏွစ္ၾကာ ထားၿပီး ပင္စင္ထုတ္ယူေနတယ္ စြဲဆိုလ်က္ အမ်ဳိးသားတစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

ကိုလ္ကတၱားၿမိဳ႕က အသက္ ၄၆ ႏွစ္ရွိ မာဂ်မ္ဒါရဲ႕ အိမ္ကို ရဲက ၀င္စီးရာမွာ ေအးခဲထားတဲ့ သူ႔အေမရဲ႕ ႐ုပ္အေလာင္းကို ေတြ႔ရွိတာျဖစ္ပါတယ္။

မာဂ်မ္ဒါဟာ အသက္ ၈၁ ႏွစ္မွာ ေသဆုံးတဲ့ သူ႔အေမ႐ုပ္အေလာင္းကို စီးပြားေရးသုံး အႀကီးစားေရခဲေသတၱာထဲ ထည့္ၿပီး ဖုံးကြယ္ထားတာ ျဖစ္ပါတယ္။

အေမျဖစ္သူ ေသဆုံးၿပီးျဖစ္ေပမယ့္လည္း မာဂ်မ္ဒါဟာ သူ႔အေမရဲ႕ ပင္စင္ တစ္လ ႐ူပီး သုံးေသာင္းကို လစဥ္ဆက္လက္ထုတ္ယူေနခဲ့တာျဖစ္ေၾကာင္း ရဲဌာန ေျပာခြင့္ရသူ နီလန္ဂ်န္ဘီစ၀တ္စ္က ဆိုပါတယ္။

အေမက ျပန္လည္အသက္ရွင္လာမယ္လို႔ ယုံတာေၾကာင့္ အေမအေလာင္းကို ထိန္းသိမ္းထားတာပါလို႔ မာဂ်မ္ဒါကေတာ့ တာ၀န္ရွိသူေတြကို ေျပာပါတယ္။

သူဟာ သူ႔႔အေမရဲ႕ ကုိယ္တြင္းအဂၤါေတြကိုလည္း ထုတ္ယူဖယ္ရွားခဲ့ၿပီး ၾကာရွည္မပုပ္မသိုးေအာင္လည္း formaldehyde လို ဓာတုပစၥည္းေတြလည္း အသုံးျပဳခဲ့တယ္လို႔႔ တာ၀န္ရွိသူတစ္ဦးက Hindustan Times သတင္းကို ေျပာပါတယ္။

မာဂ်မ္ဒါရဲ႕ အိမ္မွာ အႀကီးစားေလေအးေပးစက္ တပ္ဆင္ၿပီး တစ္ေန႔လုံးဖြင့္ဖြင့္ထားတာကို အိမ္နီးခ်င္းေတြက မသကၤာျဖစ္ၿပီး တုိင္တာကေန ခုလို ဖမ္းဆီးလိုက္တာပဲ ျဖစ္ပါတယ္။

တစ္အိမ္တည္းမွာ ေနတဲ့ မာဂ်မ္ဒါရဲ႕ အသက္ ၉၀ ရွိ ဖခင္ျဖစ္သူကို ရဲက စစ္ေဆးေမးျမန္းခဲ့ေပမယ့္ က်န္းမာေရးမေကာင္းမြန္တာေၾကာင့္ ဖမ္းဆီးျခင္းေတာ့ မရွိပါဘူး။

၂၀၁၅ ဧၿပီလကတည္းက ေသဆုံးၿပီးျဖစ္တဲ့ မာဂ်မ္ဒါအေမရဲ႕ ဘဏ္အေကာင့္ကို သုံးႏွစ္ၾကာတဲ့အထိ ဘာေၾကာင့္ ဆက္ဖြင့္ထားလဲဆိုတာနဲ႔ မာဂ်မ္ဒါကို ပင္စင္ဆက္လက္ ထုတ္ယူခုိင္းခြင့္ ဘာေၾကာင့္ ဆက္ခြင့္ျပဳထားလည္းဆိုတာေတြကိုလည္း ရဲတပ္ဖြဲ႔က စုံစမ္းေနေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

Rf; Independent

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယရဲတွေဟာ မိခင်ရုပ်အလောင်းကို ရေခဲသေတ္တာထဲမှာ သုံးနှစ်ကြာ ထားပြီး ပင်စင်ထုတ်ယူနေတယ် စွဲဆိုလျက် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ကိုလ်ကတ္တားမြို့က အသက် ၄၆ နှစ်ရှိ မာဂျမ်ဒါရဲ့ အိမ်ကို ရဲက ဝင်စီးရာမှာ အေးခဲထားတဲ့ သူ့အမေရဲ့ ရုပ်အလောင်းကို တွေ့ရှိတာဖြစ်ပါတယ်။

မာဂျမ်ဒါဟာ အသက် ၈၁ နှစ်မှာ သေဆုံးတဲ့ သူ့အမေရုပ်အလောင်းကို စီးပွားရေးသုံး အကြီးစားရေခဲသေတ္တာထဲ ထည့်ပြီး ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

အမေဖြစ်သူ သေဆုံးပြီးဖြစ်ပေမယ့်လည်း မာဂျမ်ဒါဟာ သူ့အမေရဲ့ ပင်စင် တစ်လ ရူပီး သုံးသောင်းကို လစဉ်ဆက်လက်ထုတ်ယူနေခဲ့တာဖြစ်ကြောင်း ရဲဌာန ပြောခွင့်ရသူ နီလန်ဂျန်ဘီစဝတ်စ်က ဆိုပါတယ်။

အမေက ပြန်လည်အသက်ရှင်လာမယ်လို့ ယုံတာကြောင့် အမေအလောင်းကို ထိန်းသိမ်းထားတာပါလို့ မာဂျမ်ဒါကတော့ တာဝန်ရှိသူတွေကို ပြောပါတယ်။

သူဟာ သူ့အမေရဲ့ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ထုတ်ယူဖယ်ရှားခဲ့ပြီး ကြာရှည်မပုပ်မသိုးအောင်လည်း formaldehyde လို ဓာတုပစ္စည်းတွေလည်း အသုံးပြုခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက Hindustan Times သတင်းကို ပြောပါတယ်။

မာဂျမ်ဒါရဲ့ အိမ်မှာ အကြီးစားလေအေးပေးစက် တပ်ဆင်ပြီး တစ်နေ့လုံးဖွင့်ဖွင့်ထားတာကို အိမ်နီးချင်းတွေက မသင်္ကာဖြစ်ပြီး တိုင်တာကနေ ခုလို ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။

တစ်အိမ်တည်းမှာ နေတဲ့ မာဂျမ်ဒါရဲ့ အသက် ၉၀ ရှိ ဖခင်ဖြစ်သူကို ရဲက စစ်ဆေးမေးမြန်းခဲ့ပေမယ့် ကျန်းမာရေးမကောင်းမွန်တာကြောင့် ဖမ်းဆီးခြင်းတော့ မရှိပါဘူး။

၂၀၁၅ ဧပြီလကတည်းက သေဆုံးပြီးဖြစ်တဲ့ မာဂျမ်ဒါအမေရဲ့ ဘဏ်အကောင့်ကို သုံးနှစ်ကြာတဲ့အထိ ဘာကြောင့် ဆက်ဖွင့်ထားလဲဆိုတာနဲ့ မာဂျမ်ဒါကို ပင်စင်ဆက်လက် ထုတ်ယူခိုင်းခွင့် ဘာကြောင့် ဆက်ခွင့်ပြုထားလည်းဆိုတာတွေကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Rf; Independent

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top