ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ ပတၱယားေတာင္ပိုင္း ဟုိတယ္တခုမွာ ဧၿပီ ၂၁ ရက္ ညနက္ပိုင္းက ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခ်ိန္ လိင္ပါတီပြဲကို တက္ေရာက္လာတဲ့ ႏုိင္ငံေပါင္းစံုက အမ်ိဳးသမီး ၁၄ ဦးနဲ႔ အမ်ိဳးသား ၁၁ ဦးတုိ႔ကို ဖမ္းဆီးမိတယ္လို႔ သိရပါတယ္။

ဖရာတမ္နက္ေဒသရွိ ဘန္က်ဴးလစ္ပ္ဟုိတယ္ကုိ ည ၁၁ နာရီခြဲေလာက္က ဘန္လမန္ခ႐ိုင္ အုပ္ခ်ဳပ္ေရး အာဏာပိုင္ေတြ၊ တုိးရစ္ရဲေတြနဲ႔ စစ္သားေတြက ေရွာင္တခင္ စစ္ေဆးခဲ့တာျဖစ္ၿပီး ေဒသခံေတြက ဟုိတယ္မွာ အတြဲေျပာင္းၿပီး လိင္ဆက္ဆံပြဲ က်င္းပတဲ့ပါတီ မၾကာခဏ လုပ္တယ္လို႔ တုိင္တန္းခ်က္ေၾကာင့္ ေရွာင္တခင္စစ္ေဆးခဲ့တာလုိ႔ ဘန္လမန္ခ႐ိုင္ရဲ႕ အႀကီးအကဲျဖစ္သူ နာရစ္စ္နီရာမုိဝန္က ေျပာပါတယ္။

ဒီပါတီပြဲကို ဟုိတယ္ရဲ႕ ေျမညီထပ္ အခန္းတခုထဲမွာ ျပဳလုပ္ေနတာျဖစ္ၿပီး အဝတ္အစားမပါဘဲ လိင္ဆက္ဆံေနၾကတဲ့ လူ ၂၅ ဦးကို ရဲေတြက ေတြ႔ခဲ့တာပါ။

ဒီလူေတြထဲမွာ အေမရိကန္၊ ကေနဒါ၊ တ႐ုတ္၊ မေလးရွား၊ စင္ကာပူ၊ ဂ်ာမန္၊ ထုိင္း၊ ကေမာၻဒီးယား၊ အိႏၵိယနဲ႔ ယူကရိန္းလူမ်ိဳးေတြ ပါတယ္လုိ႔သိရၿပီး အဲဒီလူေတြကို ဥပေဒအရ အေရးယူဖုိ႔ ဖမ္းဆီးလိုက္ပါတယ္။

ဒီပါတီပြဲကို တက္ခ်င္တဲ့လူေတြက ဝက္ဘ္ဆိုက္ကတဆင့္ စာရင္းသြင္းရၿပီး ဝင္ေၾကးကေတာ့ တဦးကို ဘတ္ ၁၅၀၀ ေပးရတယ္လုိ႔ ဆုိပါတယ္။

ဟုိတယ္ႀကီးၾကပ္သူ အသက္ ၅၃ ႏွစ္အရြယ္ တ႐ုတ္လူမ်ိဳး ရွန္ခ်ိဳင္ယန္ကိုလည္း တရားမဝင္ လိင္ဆက္ဆံပြဲ က်င္းပေပးမႈ၊ ဟုိတယ္အက္ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ဖမ္းဆီးထားတယ္လို႔ ဘန္ေကာက္ပုိ႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံ ပတ္တယားတောင်ပိုင်း ဟိုတယ်တခုမှာ ဧပြီ ၂၁ ရက် ညနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် လိင်ပါတီပွဲကို တက်ရောက်လာတဲ့ နိုင်ငံပေါင်းစုံက အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၁၁ ဦးတို့ကို ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

ဖရာတမ်နက်ဒေသရှိ ဘန်ကျူးလစ်ပ်ဟိုတယ်ကို ည ၁၁ နာရီခွဲလောက်က ဘန်လမန်ခရိုင် အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ တိုးရစ်ရဲတွေနဲ့ စစ်သားတွေက ရှောင်တခင် စစ်ဆေးခဲ့တာဖြစ်ပြီး ဒေသခံတွေက ဟိုတယ်မှာ အတွဲပြောင်းပြီး လိင်ဆက်ဆံပွဲ ကျင်းပတဲ့ပါတီ မကြာခဏ လုပ်တယ်လို့ တိုင်တန်းချက်ကြောင့် ရှောင်တခင်စစ်ဆေးခဲ့တာလို့ ဘန်လမန်ခရိုင်ရဲ့ အကြီးအကဲဖြစ်သူ နာရစ်စ်နီရာမိုဝန်က ပြောပါတယ်။

ဒီပါတီပွဲကို ဟိုတယ်ရဲ့ မြေညီထပ် အခန်းတခုထဲမှာ ပြုလုပ်နေတာဖြစ်ပြီး အဝတ်အစားမပါဘဲ လိင်ဆက်ဆံနေကြတဲ့ လူ ၂၅ ဦးကို ရဲတွေက တွေ့ခဲ့တာပါ။

ဒီလူတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ဂျာမန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယနဲ့ ယူကရိန်းလူမျိုးတွေ ပါတယ်လို့သိရပြီး အဲဒီလူတွေကို ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးလိုက်ပါတယ်။

ဒီပါတီပွဲကို တက်ချင်တဲ့လူတွေက ဝက်ဘ်ဆိုက်ကတဆင့် စာရင်းသွင်းရပြီး ဝင်ကြေးကတော့ တဦးကို ဘတ် ၁၅၀၀ ပေးရတယ်လို့ ဆိုပါတယ်။

ဟိုတယ်ကြီးကြပ်သူ အသက် ၅၃ နှစ်အရွယ် တရုတ်လူမျိုး ရှန်ချိုင်ယန်ကိုလည်း တရားမဝင် လိင်ဆက်ဆံပွဲ ကျင်းပပေးမှု၊ ဟိုတယ်အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top