iMyanmarHouse.com - Best Property Website for Myanmar
×

အေရးျကီးသတင္း ငလ်င္ထပ္လႈပ္ခံရဖို႔ ႐ွိေနတ့ဲ ၿမိဳ႕ ျကီးမ်ား႐ွိပါတယ္

ႏူိးႏူိးျကားျကားအိပ္ၾကပါ ျမန္မာႏိုင္ငံအတြင္း ငလ်င္ဒဏ္ခံရႏိုင္ဖြယ္ (ရွယ္ေပးပါ)အမ်ားျပည္သူမ်ားသိေစဖို႔ ငလ်င္ဒဏ္ သတင္းကို မွ်ေ၀လိုက္ပါတယ္။ ပထမဦးစြာအေနနဲ႕ ျမန္မာႏိုင္ငံအတြင္းမွာ ဘာေၾကာင့္ ငလ်င္လႈပ္ရလဲဆိုတာမွာ အေၾကာင္းၾကီးႏွစ္ခ်က္ရွိေနပါတယ္။

(၁) အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္း ေရြ႕လ်ားလာတဲ့ အိႏၵိယျပတ္ေရြ႕ေျမထု။ (၂) စစ္ကိုင္းျပတ္ေရြ႕ေၾကာျဖစ္တဲ့ ျမန္မာႏိုင္ငံအတြင္းမွ အေနာက္ဘက္ကိုဦးတည္ေရြ႕လ်ားေနတဲ့ ျပတ္ေရြ႕ေျမထု။

စတဲ့အေၾကာင္းၾကီး ႏွစ္ခ်က္ေၾကာင့္ ျမန္မာႏိုင္ငံအတြင္းမွာ ငလ်င္မ်ားလႈပ္ေနရျခင္းျဖစ္ပါတယ္ ဆိုတာကို VOA သတင္းဌာနမွ ေဒၚခင္မ်ိဳးသက္ မွ ေမးျမန္းအင္တာဗ်ဴးထားျပီး ျမန္မာႏိုင္ငံငလ်င္ ေကာ္မတီ နာယက ေဒါက္တာဦးသိန္း ေျဖၾကားထားပါတယ္။

ငလ်င္ဒဏ္ အမ်ားဆံုးခံရဖြယ္ ႏွင့္ အျပင္းထံဆံုးခံရဖြယ္ ဧရိယာမ်ားအေနျဖင့္ ေျပာၾကားသြားရာမွာ (၁) မႏၱေလးးတိုင္း အေရွဘက္ျခမ္း (၂) ပဲခူးတိုင္း အေရွ႕ဘက္ျခမ္း (၃) ခ်င္းေတာင္တန္းေျမာက္ဘက္ျခမ္း / စစ္ကိုင္းတိုင္းေျမာက္ဘက္ျခမ္းစသည့္ ဧရိယာမ်ားျဖစ္ၾကျပီး အႏၱရာယ္မ်ားႏွင့္လည္း ၾကံဳရဖြယ္ရွိပါေၾကာင္း ေျပာၾကားသြားပါတယ္။

တိုင္းအလိုက္ ခြဲျခားျပီး ေျပာၾကားရာမွာေတာ့ (၁) ရန္ကုန္တိုင္းအတြင္းမွာဆိုရင္ျဖင့္ ရန္ကုန္ျမိဳ႕ဧရိယာ၏ အေရွဘက္အျခမ္းရွိ စစ္ကိုင္းျပတ္ေရြ႕ေၾကာျဖင့္ ၁၅-၂၀ မိုင္နီးစပ္လွ်က္ရွိေနေသာ ဒဂံုေတာင္/ေျမာက္၊ အေရွ႕ဒဂံု၊ ဒဂံုဆိပ္ကမ္းျမိဳ႕နယ္မ်ား ျဖစ္ၾကပါတယ္။

ေျမေပ်ာ့ဧရိယာမ်ားျဖစ္ၾကသည့္အတြက္လည္း အျခားေနရာမ်ားႏွင့္ႏႈိင္းလွ်င္ ပိုမိုခံရဖြယ္ရွိပါေၾကာင္း ေျပာၾကားသြားပါတယ္။ (၂) မႏၱေလးတိုင္းအတြင္းမွာဆိုရင္ျဖင့္ တစ္ႏိုင္ငံလံုးအတိုင္းအတာအေနျဖင့္ အမ်ားဆံုးခံရဖြယ္ရွိပါတယ္။ ရစ္ခ်က္တာစေကး ၉ – ၁၀ အထိေအာင္ လႈပ္ႏိုင္ဖြယ္ရွိပါတယ္။

စစ္ကိုင္းျပတ္ေရြ႕ေၾကာျဖင့္ ၆-၇ မိုင္ေလာက္ ကပ္လွ်က္ရွိေနေသာ မႏၱေလးအေနာက္ဘက္ျခမ္းပိုင္းမွာေတာ့ ေျမေပ်ာ့မ်ားျဖစ္သည့္အေလ်ာက္ အပ်က္အစီးပို၍ မ်ားပါမယ္။ ခန္႕မွန္းေျခအားျဖင့္ ၈၅-၈၆ လမ္း၏အေရွ႕ဘက္ေတြက ပို၍ အပ်က္အစီးမ်ားႏိုင္ပါတယ္။

(၃) ေနျပည္ေတာ္ အေနျဖင့္ေတာ့ ပ်ဥ္းမနားထက္စာလွ်င္ ပို၍ ခံရဖြယ္ရွိပါတယ္။ ပ်ဥ္းမနားက စစ္ကိုင္းျပတ္ေရြ႕ေၾကာႏွင့္ ၁၀ မိုင္ေလာက္ နီးကပ္ေပမယ့္ ေနျပည္ေတာ္၏တစ္ခ်ိဳ႕ေနရာေတြက ၁-၂ မိုင္ေလာက္အထိ ကပ္ေနတဲ့ေနရာေတြ ရွိေနပါတယ္။

ငလ်င္အႏၱရယ္ ၾကီးမားစြာ ခံရႏိုင္ဖြယ္မွာ ရွေနေပမယ့္ အထပ္ျမင့္အေဆာက္အဦးမ်ား ရွိမေနျခင္းေၾကာင့္ ေဘးက်ေရာက္မႈေတာ့ နည္းပါလိမ့္မယ္။ျမန္မာႏိုင္ငံအတြင္းမွာရွိေနတဲ့ ျမိဳ႕ၾကီးမ်ားအေနျဖင့္ ငလ်င္ဒဏ္ခံရဖြယ္ျမိဳ႕ၾကီးမ်ားကို ျမန္မာျပည္ ေတာင္ဘက္ဖ်ားမွ စတင္ကာ ေျပာျပရရင္ျဖင့္

(၁) ပဲခူး (၂) ျဖဴး (၃) ေတာင္ငူ (၄) ေနျပည္ေတာ္ / ပ်ဥ္းမနား (၅) သာစည္ (၆) သဲေတာ္ (၇) ၀မ္းတြင္း (၈) မႏၱေလး (၉) စစ္ကိုင္း (၁၀) တေကာင္း (၁၁) သပိတ္က်ဥ္း (၁၂) ပူတာအို (၁၃) ဟုမၼလင္း (၁၄) ကေလး၀ (၁၅) ေရႊဘို (၁၆) မံုရြာ (၁၇) ေက်ာက္ဆည္ (၁၈) မိတၳီလာ

စတဲ့ျမိဳ႕ၾကီးေတြဟာ ငလ်င္ဒဏ္ခံရဖြယ္ရွိပါေၾကာင္း ျမန္မာႏိုင္ငံ ငလ်င္ေကာ္မတီ နာယက ဦးသိန္း ေျပာၾကားသြားခ်က္ကို ေစတနာ ေရွ႕ထား ေမတၱာထားကာ သတၱ၀ါအမ်ား ေဘးအႏၱရယ္မွ ၾကိဳတင္ကာကြယ္ ေရွာင္ရွား လြတ္ေျမာက္ နိိုင္ပါေစေၾကာင္း ကရုဏာထားကာေရးသားအသိေပး လိုက္ရပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: KyarNyo
# Unicode Version ဖြင့်ဖတ်ရန် #
အရေးကြီးသတင်း ငလျင်ထပ်လှုပ်ခံရဖို့ ရှိနေတဲ့ မြို့ ကြီးများရှိပါတယ်

နိူးနိူးကြားကြားအိပ်ကြပါ မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ခံရနိုင်ဖွယ် (ရှယ်ပေးပါ)အများပြည်သူများသိစေဖို့ ငလျင်ဒဏ် သတင်းကို မျှဝေလိုက်ပါတယ်။ ပထမဦးစွာအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘာကြောင့် ငလျင်လှုပ်ရလဲဆိုတာမှာ အကြောင်းကြီးနှစ်ချက်ရှိနေပါတယ်။

(၁) အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရွေ့လျားလာတဲ့ အိန္ဒိယပြတ်ရွေ့မြေထု။ (၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှ အနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ ပြတ်ရွေ့မြေထု။

စတဲ့အကြောင်းကြီး နှစ်ချက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ငလျင်များလှုပ်နေရခြင်းဖြစ်ပါတယ် ဆိုတာကို VOA သတင်းဌာနမှ ဒေါ်ခင်မျိုးသက် မှ မေးမြန်းအင်တာဗျူးထားပြီး မြန်မာနိုင်ငံငလျင် ကော်မတီ နာယက ဒေါက်တာဦးသိန်း ဖြေကြားထားပါတယ်။

ငလျင်ဒဏ် အများဆုံးခံရဖွယ် နှင့် အပြင်းထံဆုံးခံရဖွယ် ဧရိယာများအနေဖြင့် ပြောကြားသွားရာမှာ (၁) မန္တလေးးတိုင်း အရှေဘက်ခြမ်း (၂) ပဲခူးတိုင်း အရှေ့ဘက်ခြမ်း (၃) ချင်းတောင်တန်းမြောက်ဘက်ခြမ်း / စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်းစသည့် ဧရိယာများဖြစ်ကြပြီး အန္တရာယ်များနှင့်လည်း ကြုံရဖွယ်ရှိပါကြောင်း ပြောကြားသွားပါတယ်။

တိုင်းအလိုက် ခွဲခြားပြီး ပြောကြားရာမှာတော့ (၁) ရန်ကုန်တိုင်းအတွင်းမှာဆိုရင်ဖြင့် ရန်ကုန်မြို့ဧရိယာ၏ အရှေဘက်အခြမ်းရှိ စစ်ကိုင်းပြတ်ရွေ့ကြောဖြင့် ၁၅-၂၀ မိုင်နီးစပ်လျှက်ရှိနေသော ဒဂုံတောင်/မြောက်၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များ ဖြစ်ကြပါတယ်။

မြေပျော့ဧရိယာများဖြစ်ကြသည့်အတွက်လည်း အခြားနေရာများနှင့်နှိုင်းလျှင် ပိုမိုခံရဖွယ်ရှိပါကြောင်း ပြောကြားသွားပါတယ်။ (၂) မန္တလေးတိုင်းအတွင်းမှာဆိုရင်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အများဆုံးခံရဖွယ်ရှိပါတယ်။ ရစ်ချက်တာစကေး ၉ – ၁၀ အထိအောင် လှုပ်နိုင်ဖွယ်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောဖြင့် ၆-၇ မိုင်လောက် ကပ်လျှက်ရှိနေသော မန္တလေးအနောက်ဘက်ခြမ်းပိုင်းမှာတော့ မြေပျော့များဖြစ်သည့်အလျောက် အပျက်အစီးပို၍ များပါမယ်။ ခန့်မှန်းခြေအားဖြင့် ၈၅-၈၆ လမ်း၏အရှေ့ဘက်တွေက ပို၍ အပျက်အစီးများနိုင်ပါတယ်။

(၃) နေပြည်တော် အနေဖြင့်တော့ ပျဉ်းမနားထက်စာလျှင် ပို၍ ခံရဖွယ်ရှိပါတယ်။ ပျဉ်းမနားက စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၁၀ မိုင်လောက် နီးကပ်ပေမယ့် နေပြည်တော်၏တစ်ချို့နေရာတွေက ၁-၂ မိုင်လောက်အထိ ကပ်နေတဲ့နေရာတွေ ရှိနေပါတယ်။

ငလျင်အန္တရယ် ကြီးမားစွာ ခံရနိုင်ဖွယ်မှာ ရှနေပေမယ့် အထပ်မြင့်အဆောက်အဦးများ ရှိမနေခြင်းကြောင့် ဘေးကျရောက်မှုတော့ နည်းပါလိမ့်မယ်။မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ မြို့ကြီးများအနေဖြင့် ငလျင်ဒဏ်ခံရဖွယ်မြို့ကြီးများကို မြန်မာပြည် တောင်ဘက်ဖျားမှ စတင်ကာ ပြောပြရရင်ဖြင့်

(၁) ပဲခူး (၂) ဖြူး (၃) တောင်ငူ (၄) နေပြည်တော် / ပျဉ်းမနား (၅) သာစည် (၆) သဲတော် (၇) ဝမ်းတွင်း (၈) မန္တလေး (၉) စစ်ကိုင်း (၁၀) တကောင်း (၁၁) သပိတ်ကျဉ်း (၁၂) ပူတာအို (၁၃) ဟုမ္မလင်း (၁၄) ကလေး၀ (၁၅) ရွှေဘို (၁၆) မုံရွာ (၁၇) ကျောက်ဆည် (၁၈) မိတ္ထီလာ

စတဲ့မြို့ကြီးတွေဟာ ငလျင်ဒဏ်ခံရဖွယ်ရှိပါကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဦးသိန်း ပြောကြားသွားချက်ကို စေတနာ ရှေ့ထား မေတ္တာထားကာ သတ္တဝါအများ ဘေးအန္တရယ်မှ ကြိုတင်ကာကွယ် ရှောင်ရှား လွတ်မြောက် နိုင်ပါစေကြောင်း ကရုဏာထားကာရေးသားအသိပေး လိုက်ရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: KyarNyo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top