ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေရမခ်ိဳးရင္ စိတ္ကို လန္းဆန္း တက္ၾကြမႈ မရွိေစပါဘူး။ျပီးေတာ့ ေရမခ်ိဳးထားတဲ့အတြက္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈကို ေလ်ာ့နည္းေစပါတယ္။ေရခ်ိဳးျခင္းဟာ သင့္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ က်န္းမာေရးေရာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးနဲ႕ပါ ဆက္စပ္ေနတာျဖစ္ပါတယ္။

ေရမခ်ိဳးျခင္းက ဘက္တီးရီးယားေတြကို လက္ခံသလိုျဖစ္ျပီး ယားနာနဲ႕ အေရျပားေရာဂါေတြကို ျဖစ္ေစတာ ျဖစ္ပါတယ္။စမ္းသပ္မႈေတြအရ ေရကို ေျပာင္ေအာင္ မခ်ိဳးသူ အမ်ားစုေတာင္ အေရျပားေရာဂါရတတ္ျပီး ေရမခ်ိဳးသူက သံုးဆပိုပါတယ္။

ေရမခ်ိဳးသည့္တိုင္ ေျခေတြလက္ေတြကို ေဆးေၾကာသင့္ပါတယ္။တျခား ခႏၶာကိုယ္အစိတ္အပိုင္းေတြထက္ ေရာဂါပိုးထူေျပာျပီး ေခ်းေညွာ္ေတြရဲ႕ ဒဏ္ကို ေျခေတြ လက္ေတြက ပိုခံရတာျဖစ္ပါတယ္။

အေရျပားဆဲလ္ေတြဟာ ေရနဲ႕ ဆပ္ျပားနဲ႕ မထိေတြ႔တာ ၾကာရင္ ညိဳမဲလာျပီး ဆဲလ္ေတြမ်ားလာတာျဖစ္ပါတယ္။ေရကို လနဲ႕ ခ်ီမခ်ိဳးရင္ သင့္ရဲက အေရျပားေျပာင္းလဲမႈကို သိသာစြာ ေတြ႕ႏိုင္ျပီး ေၾကာက္မက္ဖြယ္ ၾကမ္းတမ္းတဲ့ အသားအေရကို ပိုင္ဆိုင္လာမွာျဖစ္ပါတယ္။

ေရမခ်ိဳးေခါင္းမေလ်ွာ္တဲ့အခါ ဆံပင္ေတြလည္း ေခ်းေညွာ္ေတြနဲ႕ စီးပိုင္ျပီး လူေရာ စိတ္ပါ မလန္းဆန္းျဖစ္တတ္ပါတယ္။ဦးေရျပားမွာ ေဗာက္နဲ႕ ဒက္ေတြ ပိုျဖစ္လာျပီး အျခားေသာ သန္းနဲ႕ အေရျပားေရာဂါေတြပါ ရလာတတ္ပါတယ္။

ေရမခ်ိဳးသူက အနည္းဆံုး လက္ေတာ့ ေဆးသင့္ပါတယ္။လက္ဟာ ညစ္ပတ္လြယ္ျပီး သာမာန္အခ်ိန္မွာေတာင္ ဘက္တီးရီးယားမ်ားစြာ ေပါက္ဖြားလြယ္တာျဖစ္တဲ့အတြက္ သင့္ကုိ ဝမ္းပ်က္ဝမ္းေလ်ာအျပင္ အျခားေရာဂါေတြကိုပါ ျဖစ္ေစပါတယ္။

ေရမခ်ိဳးတာၾကာရင္ ယားယံမႈေတြ ပိုျဖစ္လြယ္လာပါတယ္။တခ်ိန္လံုး ဟိုကုတ္ဒီကုတ္ျဖစ္ေနျပီး တခါတေလ ေခါင္းေတြ ယားယံလြန္းလို႕ အိပ္မရတဲ့အထိျဖစ္တတ္ပါတယ္။ေခြ်းထြက္ေအာင္ ပူျပင္းလြန္းတဲ့ရာသီမွာ ပိုျပီး ယားနာေတြျဖစ္ႏုိင္တာျဖစ္ပါတယ္။

သဘာဝဓာတ္အရ ေ၇ဟာ လိုအပ္ျပီး မခ်ိဳးပဲေနရင္ ေခြ်းေပါက္ေတြ ပိတ္သြားေစကာ အပူငုပ္ျခင္းနဲ႕ စိတ္လက္ မရႊင္လန္းျခင္းေတြျဖစ္တတ္ပါတယ္။ဆပ္ျပာနဲ႕ တိုက္ခြ်တ္ျခင္းမရွိရင္ ဂ်ီးအထပ္ထပ္နဲ႕ ရြ႔ံရွာဖြယ္ျဖစ္ကာ လူေတာမတိုးသလို ခံစားလာရမွာျဖစ္ပါတယ္။

ေရမခ်ိုးျခင္းရဲ႕ ေကာင္းတဲ့အခ်က္ကေတာ့ ဆပ္ျပာေရာ ဘရက္ရွ္နဲ႕ ေခါင္းေလ်ွာ္ရည္ေတြကို မဝယ္ရတဲံအျပင္ မီတာခလည္း မကုန္က်ပဲ သင့္အတြက္ ပိုက္ဆံလည္း ပိုစုမိျပီး ေငြပို ေငြလ်ွံထြက္လာမွာျဖစ္ပါတယ္။တအိမ္လံုးသာ ေ၇မခ်ိုးရင္ သင္တို႕အိမ္ဟာ သူမ်ားထက္ သံုးပံုတစ္ပံုပိုျပီး ေငြစုႏုိင္မွာျဖစ္ပါတယ္။

ေနာက္ေကာင္းတဲ့ တခ်က္ကေတာ့ လူေတြဟာ 10 မိနစ္အတြင္းမွာ ေရ 65 လီတာေလာက္ ေရခ်ိဳးဖို႕ ျဖဳန္းတတ္ပါတယ္။ဒါဟာ ေရငတ္ေနတဲ့ ကမာၻ႕ေနရာေတြကို မစာနာရာေရာက္ျပီး သင္ကေတာ့ သူတုိ႕ကို ကယ္တင္ျပီးသားျဖစ္ပါတယ္။သင္ဟာ လူသားဆန္သူတစ္ဦးုျဖစ္ျပီး ေရကို ေခြ်တာကာ ကမာၻကို ကယ္တင္ေနသူျဖစ္ပါတယ္။

ဒီအေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ လနဲ႕ခ်ီျပီး ေရမခ်ိဳးတာၾကာရင္ ဘာေတြျဖစ္လာႏိုင္သလဲ ဆိုတဲ႔ အေၾကာင္းပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say
# Unicode Version ျဖင့္ ဖတ္ပါ #
ရေမချိုးရင် စိတ်ကို လန်းဆန်း တက်ကြွမှု မရှိစေပါဘူး။ပြီးတော့ ရေမချိုးထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့နည်းစေပါတယ်။ရေချိုးခြင်းဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပါ ဆက်စပ်နေတာဖြစ်ပါတယ်။

ရေမချိုးခြင်းက ဘက်တီးရီးယားတွေကို လက်ခံသလိုဖြစ်ပြီး ယားနာနဲ့ အရေပြားရောဂါတွေကို ဖြစ်စေတာ ဖြစ်ပါတယ်။စမ်းသပ်မှုတွေအရ ရေကို ပြောင်အောင် မချိုးသူ အများစုတောင် အရေပြားရောဂါရတတ်ပြီး ရေမချိုးသူက သုံးဆပိုပါတယ်။

ရေမချိုးသည့်တိုင် ခြေတွေလက်တွေကို ဆေးကြောသင့်ပါတယ်။တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ရောဂါပိုးထူပြောပြီး ချေးညှော်တွေရဲ့ ဒဏ်ကို ခြေတွေ လက်တွေက ပိုခံရတာဖြစ်ပါတယ်။

အရေပြားဆဲလ်တွေဟာ ရေနဲ့ ဆပ်ပြားနဲ့ မထိတွေ့တာ ကြာရင် ညိုမဲလာပြီး ဆဲလ်တွေများလာတာဖြစ်ပါတယ်။ရေကို လနဲ့ ချီမချိုးရင် သင့်ရဲက အရေပြားပြောင်းလဲမှုကို သိသာစွာ တွေ့နိုင်ပြီး ကြောက်မက်ဖွယ် ကြမ်းတမ်းတဲ့ အသားအရေကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

ရေမချိုးခေါင်းမလျှော်တဲ့အခါ ဆံပင်တွေလည်း ချေးညှော်တွေနဲ့ စီးပိုင်ပြီး လူရော စိတ်ပါ မလန်းဆန်းဖြစ်တတ်ပါတယ်။ဦးရေပြားမှာ ဗောက်နဲ့ ဒက်တွေ ပိုဖြစ်လာပြီး အခြားသော သန်းနဲ့ အရေပြားရောဂါတွေပါ ရလာတတ်ပါတယ်။

ရေမချိုးသူက အနည်းဆုံး လက်တော့ ဆေးသင့်ပါတယ်။လက်ဟာ ညစ်ပတ်လွယ်ပြီး သာမာန်အချိန်မှာတောင် ဘက်တီးရီးယားများစွာ ပေါက်ဖွားလွယ်တာဖြစ်တဲ့အတွက် သင့်ကို ဝမ်းပျက်ဝမ်းလျောအပြင် အခြားရောဂါတွေကိုပါ ဖြစ်စေပါတယ်။

ရေမချိုးတာကြာရင် ယားယံမှုတွေ ပိုဖြစ်လွယ်လာပါတယ်။တချိန်လုံး ဟိုကုတ်ဒီကုတ်ဖြစ်နေပြီး တခါတလေ ခေါင်းတွေ ယားယံလွန်းလို့ အိပ်မရတဲ့အထိဖြစ်တတ်ပါတယ်။ချွေးထွက်အောင် ပူပြင်းလွန်းတဲ့ရာသီမှာ ပိုပြီး ယားနာတွေဖြစ်နိုင်တာဖြစ်ပါတယ်။

သဘာဝဓာတ်အရ ရေဟာ လိုအပ်ပြီး မချိုးပဲနေရင် ချွေးပေါက်တွေ ပိတ်သွားစေကာ အပူငုပ်ခြင်းနဲ့ စိတ်လက် မရွှင်လန်းခြင်းတွေဖြစ်တတ်ပါတယ်။ဆပ်ပြာနဲ့ တိုက်ချွတ်ခြင်းမရှိရင် ဂျီးအထပ်ထပ်နဲ့ ရွံ့ရှာဖွယ်ဖြစ်ကာ လူတောမတိုးသလို ခံစားလာရမှာဖြစ်ပါတယ်။

ရေမချိုးခြင်းရဲ့ ကောင်းတဲ့အချက်ကတော့ ဆပ်ပြာရော ဘရက်ရှ်နဲ့ ခေါင်းလျှော်ရည်တွေကို မဝယ်ရတဲံအပြင် မီတာခလည်း မကုန်ကျပဲ သင့်အတွက် ပိုက်ဆံလည်း ပိုစုမိပြီး ငွေပို ငွေလျှံထွက်လာမှာဖြစ်ပါတယ်။တအိမ်လုံးသာ ရေမချိုးရင် သင်တို့အိမ်ဟာ သူများထက် သုံးပုံတစ်ပုံပိုပြီး ငွေစုနိုင်မှာဖြစ်ပါတယ်။

နောက်ကောင်းတဲ့ တချက်ကတော့ လူတွေဟာ 10 မိနစ်အတွင်းမှာ ရေ 65 လီတာလောက် ရေချိုးဖို့ ဖြုန်းတတ်ပါတယ်။ဒါဟာ ရေငတ်နေတဲ့ ကမ္ဘာ့နေရာတွေကို မစာနာရာရောက်ပြီး သင်ကတော့ သူတို့ကို ကယ်တင်ပြီးသားဖြစ်ပါတယ်။သင်ဟာ လူသားဆန်သူတစ်ဦးုဖြစ်ပြီး ရေကို ချွေတာကာ ကမ္ဘာကို ကယ်တင်နေသူဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ လနဲ့ချီပြီး ရေမချိုးတာကြာရင် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top