ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူေတြနဲ႔ လမ္းခြဲခ်င္ပါ့မလဲ။ Happy Ending ျဖစ္ဖုိ႔အတြက္ကိုပဲ ခ်စ္သူအားလံုး ေတာင့္တၾကတာေတြ ခ်ည္းပါပဲ။ အခ်စ္စစ္ရဲ႕ လမ္းမွာေတာ့ မေျဖာင့္ျဖဴးဘဲ အခက္အခဲေတြ၊ ဆူးေညာင့္ခလုတ္မ်ိဳးစံုနဲ႔ ႀကံဳေတြ႔ရမွာပါပဲ။ ဒီအခက္အခဲေတြကို ခံႏုိင္ရည္ရွိၾကၿပီး ခ်စ္သူတစ္ဦးနဲဲ႔ တစ္ဦး ေဖးမၾကၿပီး နားလည္မႈေတြနဲ႔ တည္ေဆာက္သြားမယ္ ဆိုရင္ လူတုိင္း ေမွ်ာ္လင့္ထားၾကတဲ့ happy ending ကေတာ့ ျဖစ္လာႏုိင္ပါတယ္။ ဒီေတာ့… ခ်စ္သူစံုတြဲေတြ အေနနဲ႔ ေရရွည္ခုိင္ၿမဲတဲ့ အခ်စ္ေရးကို တည္ေဆာက္ခ်င္ၾကတယ္ ဆုိရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြကို လိုက္နာမွတ္သားဖို႔ေတာ့ လိုပါမယ္။

(၁) လိုအပ္ခ်က္ကိုနားလည္ေပးရမယ္

တစ္ဦးတစ္ေယာက္ရဲ႕ အေျခအေနကို က်န္တစ္ေယာက္က ျဖည့္ဆည္းနားလည္ေပးရပါမယ္။ ဘယ္သူမွေတာ့ perfect ျဖစ္တယ္ဆိုတာ မရွိပါဘူး။ ဒ့ါေၾကာင့္ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ လိုအပ္ခ်က္ေတြကို ညည္းညဴမေနဘဲ နားလည္ေပးမယ္ဆိုရင္ေတာ့ အဆင္ေျပတဲ့ အခ်စ္ေရး ျဖစ္ေနမွာပါပဲ။

(၂) အျပစ္မတင္ပါနဲ႔

သင့္ပါတနာရဲ႕ ရံႈးနိမ့္ခဲ့တဲ့ အရာေတြ၊ ျဖစ္ပ်က္ခဲ့ၿပီးသား အတိတ္ေတြကို မၾကာခဏ ဆိုသလို ျပစ္တင္ေဝဖန္ေျပာဆုိတာမ်ိဳး မျပဳလုပ္သင့္ပါဘူး။ အထူးသျဖင့္ ခ်စ္သူအခ်င္းခ်င္း စကားမ်ားရန္ျဖစ္ ၾကတဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္တင္ေဝဖန္ၿပီး ေျပာဆိုေနမယ္ဆိုရင္ အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္မယ့္ အေျခအေနဆိုးေတြ ျဖစ္သြားႏုိင္ပါတယ္။

(၃) ေပ်ာ္ရႊင္ေအာင္ထားပါ

တကယ္ခ်စ္တဲ့သူဆိုတာဟာ ကိုယ့္ခ်စ္သူေပ်ာ္ေနတာကို ျမင္ခ်င္တာမ်ိိဳးပါ။ သူ႔ေၾကာင့္ ကိုယ္ေပ်ာ္ရမွာ ထက္ ကိုယ့္အခ်စ္ေတြေၾကာင့္ သူေပ်ာ္ေနတာကို ပိုမက္ေမာတာမ်ိဳးပါ။ ကိုယ္ခ်စ္တဲ့ သူကို အၿမဲေပ်ာ္ ေအာင္ လုပ္ေပးႏုိင္မယ္ဆိုရင္ေတာ့ ေပ်ာ္ရႊင္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ႏုိင္မွာပါ။

(၄) မက္ေမာေတာင့္တမႈကိုေခတၱေဘးခ်ိတ္ထားပါ

ကိုယ့္ခ်စ္သူဆီက ရယူလိုစိတ္၊ မက္ေမာစိတ္ကို ခဏေဘးဖယ္ထားလိုက္ပါ။ လိုအပ္ေတြ မ်ားလာတဲ့အခါ တစ္ဦးနဲ႔ တစ္ဦး ၿငီးေငြ႔လာတတ္ၿပီး စိတ္ရႈ႔ပ္စရာေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ရယူလိုစိတ္ထက္၊ ကိုယ့္ခ်စ္သူအတြက္ အရာရာ ေပးဆပ္ခ်င္တဲ့စိတ္ေလးနဲ႔ ေရွ႕ဆက္သြားမယ္ဆိုရင္ ေရရွည္ခုိင္ၿမဲတဲ့ အခ်စ္ေရးကို တည္ေဆာက္သြားႏုိင္မွာပါ။

(၅) ၾကင္နာမႈ၊ ေလးစားမႈရွိေနပါေစ

ခ်စ္သူတစ္ဦးနဲ႔ တစ္ဦး ၾကင္နာမႈ၊ ေလးစားမႈရွိေနဖို႔ကလည္း အေရးႀကီးပါတယ္။ တစ္ဦးနဲ႔ တစ္ဦး ေလးစားမႈရွိမွ အရာရာတုိင္းမွာ အဆင္ေျပႏုိင္မွာျဖစ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ အေလ်ာ့ေပးတာသင့္ပါတယ္။ ခ်စ္သူအခ်င္းခ်င္းလည္း မာနျပိဳင္တာမ်ိဳး မရွိသင့္ပါဘူး။ ေလးစားမႈနဲ႔ ၾကင္နာမႈကို ေပါင္းစပ္ထားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူတွေနဲ့ လမ်းခွဲချင်ပါ့မလဲ။ Happy Ending ဖြစ်ဖို့အတွက်ကိုပဲ ချစ်သူအားလုံး တောင့်တကြတာတွေ ချည်းပါပဲ။ အချစ်စစ်ရဲ့ လမ်းမှာတော့ မဖြောင့်ဖြူးဘဲ အခက်အခဲတွေ၊ ဆူးညောင့်ခလုတ်မျိုးစုံနဲ့ ကြုံတွေ့ရမှာပါပဲ။ ဒီအခက်အခဲတွေကို ခံနိုင်ရည်ရှိကြပြီး ချစ်သူတစ်ဦးနဲ့ တစ်ဦး ဖေးမကြပြီး နားလည်မှုတွေနဲ့ တည်ဆောက်သွားမယ် ဆိုရင် လူတိုင်း မျှော်လင့်ထားကြတဲ့ happy ending ကတော့ ဖြစ်လာနိုင်ပါတယ်။ ဒီတော့… ချစ်သူစုံတွဲတွေ အနေနဲ့ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်ချင်ကြတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာမှတ်သားဖို့တော့ လိုပါမယ်။

(၁) လိုအပ်ချက်ကိုနားလည်ပေးရမယ်

တစ်ဦးတစ်ယောက်ရဲ့ အခြေအနေကို ကျန်တစ်ယောက်က ဖြည့်ဆည်းနားလည်ပေးရပါမယ်။ ဘယ်သူမှတော့ perfect ဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဒ့ါကြောင့် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လိုအပ်ချက်တွေကို ညည်းညူမနေဘဲ နားလည်ပေးမယ်ဆိုရင်တော့ အဆင်ပြေတဲ့ အချစ်ရေး ဖြစ်နေမှာပါပဲ။

(၂) အပြစ်မတင်ပါနဲ့

သင့်ပါတနာရဲ့ ရှုံးနိမ့်ခဲ့တဲ့ အရာတွေ၊ ဖြစ်ပျက်ခဲ့ပြီးသား အတိတ်တွေကို မကြာခဏ ဆိုသလို ပြစ်တင်ဝေဖန်ပြောဆိုတာမျိုး မပြုလုပ်သင့်ပါဘူး။ အထူးသဖြင့် ချစ်သူအချင်းချင်း စကားများရန်ဖြစ် ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ဝေဖန်ပြီး ပြောဆိုနေမယ်ဆိုရင် အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်မယ့် အခြေအနေဆိုးတွေ ဖြစ်သွားနိုင်ပါတယ်။

(၃) ပျော်ရွှင်အောင်ထားပါ

တကယ်ချစ်တဲ့သူဆိုတာဟာ ကိုယ့်ချစ်သူပျော်နေတာကို မြင်ချင်တာမျိုးပါ။ သူ့ကြောင့် ကိုယ်ပျော်ရမှာ ထက် ကိုယ့်အချစ်တွေကြောင့် သူပျော်နေတာကို ပိုမက်မောတာမျိုးပါ။ ကိုယ်ချစ်တဲ့ သူကို အမြဲပျော် အောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာပါ။

(၄) မက်မောတောင့်တမှုကိုခေတ္တဘေးချိတ်ထားပါ

ကိုယ့်ချစ်သူဆီက ရယူလိုစိတ်၊ မက်မောစိတ်ကို ခဏဘေးဖယ်ထားလိုက်ပါ။ လိုအပ်တွေ များလာတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ငြီးငွေ့လာတတ်ပြီး စိတ်ရှု့ပ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရယူလိုစိတ်ထက်၊ ကိုယ့်ချစ်သူအတွက် အရာရာ ပေးဆပ်ချင်တဲ့စိတ်လေးနဲ့ ရှေ့ဆက်သွားမယ်ဆိုရင် ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်သွားနိုင်မှာပါ။

(၅) ကြင်နာမှု၊ လေးစားမှုရှိနေပါစေ

ချစ်သူတစ်ဦးနဲ့ တစ်ဦး ကြင်နာမှု၊ လေးစားမှုရှိနေဖို့ကလည်း အရေးကြီးပါတယ်။ တစ်ဦးနဲ့ တစ်ဦး လေးစားမှုရှိမှ အရာရာတိုင်းမှာ အဆင်ပြေနိုင်မှာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးတာသင့်ပါတယ်။ ချစ်သူအချင်းချင်းလည်း မာနပြိုင်တာမျိုး မရှိသင့်ပါဘူး။ လေးစားမှုနဲ့ ကြင်နာမှုကို ပေါင်းစပ်ထားသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top