ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Source: 7 Day

Credit: ZN.H
# Unicode Version ဖြင့် ဖတ်ပါ #
နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်ထောက်ခံပွဲများပြုလုပ် ရန် တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ များသို့ ညွှန်ကြားထားခြင်းမရှိ ကြောင်းနှင့် ထောက်ခံပွဲတက် ရောက်ရန် အတင်းအကျပ်ညွှန် ကြားခံရသည့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများအနေဖြင့် နိုင်ငံတော်သမ္မတရုံးထံ တိုင်ကြား နိုင်ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

‘‘သမ္မတထောက်ခံပွဲလုပ်ပါ ဆိုပြီးတော့ ကိုယ့်မိဘကို ကိုယ်ပြန်ထောက်ခံခိုင်းတဲ့ကိစ္စ ကျွန်တော် တို့ ညွှန်ကြားချက်ထွက်တာမရှိ ဘူး။ ပြည်သူတွေနဲ့ ဝန်ထမ်းတွေ ကို အတင်းအဓမ္မအမိန့်ပေးခိုင်း စေတဲ့ ခေတ်ကကုန်ပြီ။ ဒီလိုမျိုး ထောက်ခံပါဟာမျိုးပြောထားတာ မရှိဘူး’’ဟု ၎င်းက ပြောသည်။

ထိုသို့ညွှန်ကြားခံရသည့် ပြည်သူများအပါအဝင် နိုင်ငံ့ဝန် ထမ်းများက နိုင်ငံတော်သမ္မတရုံး ထံတိုင်ကြားလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် တည် ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ အရေးယူဆောင် ရွက်မည်ဟု ဦးဇော်ဌေးက ဆို သည်။

Source: 7 Day

ဖိုးသူတော် (www.phothutaw.com)
Credit: ZN.H
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top