ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အခုလို ပူျပင္းလွတဲ့ ရာသီဥတုမွာ ေရဓာတ္ခမ္းေျခာက္မႈကို ဟန္႔တားဖို႔ အတြက္ ေရမ်ားမ်ား ေသာက္သံုးသင့္ ပါတယ္။ ေခၽြးထြက္လြန္ၿပီး ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္ သြားမယ္ဆိုရင္ ေခါင္းမူးျခင္း၊ ပ်ိဳ႕ျခင္း၊ ေသြးေပါင္က်ျခင္း စတဲ့ က်န္းမာေရးဆိုင္ရာ ျပႆနာရပ္မ်ား ျဖစ္လာႏိုင္တဲ့ အတြက္ အခုလိုပူျပင္းတဲ့ ေႏြရာသီမွာ ေရဓာတ္ျပည့္ဝေနဖို႔ လိုပါတယ္။ ဒါကို ကာကြယ္ဖို႔အတြက္ ေသာက္သံုးစရာ ေရအျပင္ အျခား သဘာဝသစ္သီး ေဖ်ာ္ရည္မ်ားကိုလည္း ေသာက္သံုးႏုိင္တယ္ ဆုိတဲ့အေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ပူစီနံရြက္ေရတစ္ခြက္

ေရဓာတ္ ခမ္းေျခာက္မႈကို ဟန္႔တားဖုိ႔ အတြက္ ေရကိုပဲ ေသာက္ခ်င္တယ္ ဆိုရင္ေတာ့ ေရတစ္ဖန္ခြက္ ထဲကို ပူစီနံရြက္ ၁၀ ရြက္ေလာက္ စိမ္ၿပီး ေသာက္သံုးႏုိင္ ပါတယ္။ အာနိသင္ပိုမိုရရွိဖို႔ ၇မိနစ္ခန္႔ စိမ္ၿပီးမွ ေသာက္သံုးပါ။ ပူစီနံရြက္ရဲ႕ အနံ႔ အရသာေၾကာင့္ စိတ္ကုိ ၾကည္လင္ လန္းဆန္းေစၿပီး ေရဓာတ္ ခမ္းေျခာက္မႈကိုလည္း ဟန္႔တားေပးနုိင္ ပါတယ္။

(၂) ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္ ကလည္း က်န္းမာေရး အတြက္ မ်ားစြာ အေထာက္အကူျပဳတယ္ ဆိုတာကို သိရွိၿပီးသား ျဖစ္မွာပါ။ သဘာဝပန္းသီးရွာလကာရည္ကို အိမ္မွာ အလြယ္တကူ ျပဳလုပ္ၿပီး ခုလို ေႏြရာသီမွာ ေသာက္သံုး သင့္ပါတယ္။ ပန္းသီးတစ္လံုးကို အစိတ္ေလးေတြ ျပဳလုပ္ၿပီး ေရတစ္ဖန္ခြက္ ထဲမွာ သစ္ႀကံပိုးေခါက္နဲ႔အတူ ေရာစိမ္ေပးပါ။ မိနစ္ ၂၀ ေလာက္ထားၿပီးမွ ေသာက္သံုးမယ္ဆိုရင္ ေခၽြးထြက္လြန္ျခင္းေၾကာင့္ ေမာပန္း ႏြမ္းနယ္ျခင္းကို သက္သာေစမွာပါ။

(၃) လိေမၼာ္၊ ဂ်င္းေဖ်ာ္ရည္

လိေမၼာ္သီး ဒါမွမဟုတ္ ေရွာက္သီးကို အသံုးျပဳႏိုင္ပါတယ္။ လိေမၼာ္သီးမွာ ပါဝင္တဲ့ Vitamin C ဓာတ္က စိတ္ကို လန္းဆန္းေစၿပီး Antioxidants ၾကြယ္ဝစြာ ပါဝင္မႈေၾကာင့္ က်န္းမာေရး အတြက္လည္း အေထာက္အကူ ျပဳပါတယ္။ ေအာ္ဂန္းနစ္ ေရွာက္သီး၊ လိေမၼာ္သီးကို အခြံပါထည့္ၿပီး အကြင္းလိုက္လွီးလိုက္ပါ။ ေရတစ္လီတာထဲကို စိမ္ထားၿပီး ဂ်င္းအနည္းငယ္ေရာထည့္ပါ။ ေရခဲေသတၱာထဲကို ၂နာရီေလာက္ထည့္ၿပီး အရသာရွိတဲ့ လိေမၼာ္ေဖ်ာ္ရည္ကို ေသာက္သံုးႏုိင္ပါၿပီ။

(၄) စပ်စ္သံပုရာရည္

ေရတစ္လီတာထဲကို စပ်စ္သီး ၁၅ လံုးကို ထက္ျခမ္းျခမ္းၿပီး သံပုသီးတစ္လံုး တို႔ကို ေရာစပ္ ထည့္လိုက္ပါ။ မိနစ္ ၂၀ ေလာက္စိမ္ထားၿပီး အရသာရွိတဲ့ စပ်စ္သံပုရာရည္ကို ေသာက္သံုးႏုိင္ပါၿပီ။ စပ်စ္သီးနဲ႔ သံပုရာသီးက ေရဓာတ္ခမ္းေျခာက္မႈကုိ ဟန္႔တားေပးႏုိင္ၿပီး စိတ္ကိုၾကည္လင္လန္းဆန္း ေစမွာပါ။

(၅) စေတာ္ဘယ္ရီသခြားေဖ်ာ္ရည္

စေတာ္ဘယ္ရီသီး ၅လံုးေလာက္ကို ထက္ျခမ္းျခမ္းၿပီး သခြားသီးကို အကြင္းလိုက္ ၁၅ ကြင္းေလာက္ကို ေရတစ္လီတာထဲ ေရာစိမ္ထားပါ။ ၅မိနစ္ ၇ မိနစ္ေလာက္ထားၿပီး ေသာက္သံုး လိုက္ရံုပါပဲ။ စေတာ္ဘယ္ရီသီးက Antioxidants ၾကြယ္ဝစြာ ပါဝင္လို႔ က်န္းမာေရးအတြက္လည္း အထူးသင့္ေတာ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
အခုလို ပူပြင်းလှတဲ့ ရာသီဥတုမှာ ရေဓာတ်ခမ်းခြောက်မှုကို ဟန့်တားဖို့ အတွက် ရေများများ သောက်သုံးသင့် ပါတယ်။ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက် သွားမယ်ဆိုရင် ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ သွေးပေါင်ကျခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်များ ဖြစ်လာနိုင်တဲ့ အတွက် အခုလိုပူပြင်းတဲ့ နွေရာသီမှာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် သောက်သုံးစရာ ရေအပြင် အခြား သဘာဝသစ်သီး ဖျော်ရည်များကိုလည်း သောက်သုံးနိုင်တယ် ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ပူစီနံရွက်ရေတစ်ခွက်

ရေဓာတ် ခမ်းခြောက်မှုကို ဟန့်တားဖို့ အတွက် ရေကိုပဲ သောက်ချင်တယ် ဆိုရင်တော့ ရေတစ်ဖန်ခွက် ထဲကို ပူစီနံရွက် ၁၀ ရွက်လောက် စိမ်ပြီး သောက်သုံးနိုင် ပါတယ်။ အာနိသင်ပိုမိုရရှိဖို့ ၇မိနစ်ခန့် စိမ်ပြီးမှ သောက်သုံးပါ။ ပူစီနံရွက်ရဲ့ အနံ့ အရသာကြောင့် စိတ်ကို ကြည်လင် လန်းဆန်းစေပြီး ရေဓာတ် ခမ်းခြောက်မှုကိုလည်း ဟန့်တားပေးနိုင် ပါတယ်။

(၂) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် ကလည်း ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုတယ် ဆိုတာကို သိရှိပြီးသား ဖြစ်မှာပါ။ သဘာဝပန်းသီးရှာလကာရည်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်ပြီး ခုလို နွေရာသီမှာ သောက်သုံး သင့်ပါတယ်။ ပန်းသီးတစ်လုံးကို အစိတ်လေးတွေ ပြုလုပ်ပြီး ရေတစ်ဖန်ခွက် ထဲမှာ သစ်ကြံပိုးခေါက်နဲ့အတူ ရောစိမ်ပေးပါ။ မိနစ် ၂၀ လောက်ထားပြီးမှ သောက်သုံးမယ်ဆိုရင် ချွေးထွက်လွန်ခြင်းကြောင့် မောပန်း နွမ်းနယ်ခြင်းကို သက်သာစေမှာပါ။

(၃) လိမ္မော်၊ ဂျင်းဖျော်ရည်

လိမ္မော်သီး ဒါမှမဟုတ် ရှောက်သီးကို အသုံးပြုနိုင်ပါတယ်။ လိမ္မော်သီးမှာ ပါဝင်တဲ့ Vitamin C ဓာတ်က စိတ်ကို လန်းဆန်းစေပြီး Antioxidants ကြွယ်ဝစွာ ပါဝင်မှုကြောင့် ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုပါတယ်။ အော်ဂန်းနစ် ရှောက်သီး၊ လိမ္မော်သီးကို အခွံပါထည့်ပြီး အကွင်းလိုက်လှီးလိုက်ပါ။ ရေတစ်လီတာထဲကို စိမ်ထားပြီး ဂျင်းအနည်းငယ်ရောထည့်ပါ။ ရေခဲသေတ္တာထဲကို ၂နာရီလောက်ထည့်ပြီး အရသာရှိတဲ့ လိမ္မော်ဖျော်ရည်ကို သောက်သုံးနိုင်ပါပြီ။

(၄) စပျစ်သံပုရာရည်

ရေတစ်လီတာထဲကို စပျစ်သီး ၁၅ လုံးကို ထက်ခြမ်းခြမ်းပြီး သံပုသီးတစ်လုံး တို့ကို ရောစပ် ထည့်လိုက်ပါ။ မိနစ် ၂၀ လောက်စိမ်ထားပြီး အရသာရှိတဲ့ စပျစ်သံပုရာရည်ကို သောက်သုံးနိုင်ပါပြီ။ စပျစ်သီးနဲ့ သံပုရာသီးက ရေဓာတ်ခမ်းခြောက်မှုကို ဟန့်တားပေးနိုင်ပြီး စိတ်ကိုကြည်လင်လန်းဆန်း စေမှာပါ။

(၅) စတော်ဘယ်ရီသခွားဖျော်ရည်

စတော်ဘယ်ရီသီး ၅လုံးလောက်ကို ထက်ခြမ်းခြမ်းပြီး သခွားသီးကို အကွင်းလိုက် ၁၅ ကွင်းလောက်ကို ရေတစ်လီတာထဲ ရောစိမ်ထားပါ။ ၅မိနစ် ၇ မိနစ်လောက်ထားပြီး သောက်သုံး လိုက်ရုံပါပဲ။ စတော်ဘယ်ရီသီးက Antioxidants ကြွယ်ဝစွာ ပါဝင်လို့ ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top