ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဆီႏွင့္ေၾကာ္ေလွာ္ထားေသာ အစားအစာမ်ားကို ညအိပ္ရာဝင္ခါနီးတြင္ မစားသင့္ေပ။ ဆီႏွင့္အဆီမ်ားေသာ အစားအစာမ်ားသည္ ပ႐ိုတိန္းႏွင့္ ကာဗိုဟိုက္ဒရိတ္မ်ားထက္ အစာေက်ရန္ ေႏွးေကြး သည္။ ယင္းအတြက္ အိပ္ေပ်ာ္ရန္ ႀကိဳးစားေနစဥ္ ခႏၶာကိုယ္က ၎တို႔ကို ေျခဖ်က္ရန္ အလုပ္လုပ္ေနရသည္။

င႐ုတ္သီးပါေသာ အစားအစာမ်ားကိုလည္း ေရွာင္ရွားသင့္ သည္။ ၎တို႔သည္ ဗိုက္နာျခင္းျဖစ္ေစႏိုင္သလို ရင္ပူရင္ဆာျဖစ္ႏိုင္ၿပီး အိပ္စက္ျခင္းကို ေႏွာင့္ယွက္ႏိုင္သည္။

ၾကက္ဆင္သားကဲ့သို႔ ပ႐ိုတိန္းဓာတ္အလြန္မ်ားေသာ အစား အစာမ်ားေၾကာင့္လည္း အိပ္မေပ်ာ္ျဖစ္ႏိုင္သည္။ ပ႐ိုတိန္းေၾကာင့္ dopamine ဓာတ္မ်ား ထြက္လာေသာေၾကာင့္ျဖစ္သည္။

အရက္ေသာက္ျခင္းေၾကာင့္ အိပ္ခ်ိန္တြင္ အသည္းကို အလုပ္ မ်ားေစၿပီး ႏွလံုးခုန္ျမန္ေစသည္။ ယင္းအတြက္ ခႏၶာကိုယ္က ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္အိပ္စက္မႈ မရရွိေပ။

ကဖိန္းဓာတ္မ်ားပါဝင္ေသာ ေခ်ာကလက္မ်ားသည္ အိပ္ရာဝင္ခါနီး မစားသင့္ေသာ အစားအစာျဖစ္သည္။ ေခ်ာကလက္ တစ္ေအာင္စတြင္ ကဖိန္း ၂၃ မီလီဂရမ္ခန္႔ ပါဝင္သည္။

အိပ္ခါနီးေရအမ်ားအျပား ေသာက္ျခင္းသည္ အိပ္စက္ျခင္းကို အေႏွာင့္အယွက္ျဖစ္ေစၿပီး ခဏခဏ အေပါ့သြားရျခင္း ျဖစ္ႏိုင္သ ျဖင့္ ညစာစားၿပီးခ်ိန္ ေရမ်ားမ်ားေသာက္ၿပီးေနာက္ပိုင္း ေရေလွ်ာ့ ေသာက္သင့္သည္။

ေကာ္ဖီေသာက္သူမ်ားအေနျဖင့္ မြန္းလြဲၿပီးေနာက္ပိုင္း ေကာ္ဖီ ေသာက္သံုးမႈ ေရွာင္ရွားျခင္းျဖင့္ ေကာင္းစြာအိပ္စက္မႈ ရရွိႏိုင္သည္။

ေကာ္ဖီပါဝင္ေသာ ေရခဲမုန္႔သည္ ေကာ္ဖီကဲ့သို႔ပင္ အိပ္စက္မႈ အေႏွာင့္အယွက္ျဖစ္ႏိုင္သျဖင့္ အိပ္ရာမဝင္မီ ေရွာင္ရွားသင့္သည္။

ထို႔အျပင္ အားကစားလုပ္ၿပီးခ်ိန္ ေသာက္သံုးေသာ အခ်ိဳရည္ မ်ားတြင္လည္း ကဖိန္းဓာတ္အမ်ားအျပား ပါဝင္သျဖင့္ အိပ္စက္ ျခင္းကို ထိခိုက္ႏိုင္ၿပီး ေရွာင္ရမည့္စာရင္း၌ ပါဝင္သည္။

—Ref: RD
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဆီနှင့်ကြော်လှော်ထားသော အစားအစာများကို ညအိပ်ရာဝင်ခါနီးတွင် မစားသင့်ပေ။ ဆီနှင့်အဆီများသော အစားအစာများသည် ပရိုတိန်းနှင့် ကာဗိုဟိုက်ဒရိတ်များထက် အစာကျေရန် နှေးကွေး သည်။ ယင်းအတွက် အိပ်ပျော်ရန် ကြိုးစားနေစဉ် ခန္ဓာကိုယ်က ၎င်းတို့ကို ခြေဖျက်ရန် အလုပ်လုပ်နေရသည်။

ငရုတ်သီးပါသော အစားအစာများကိုလည်း ရှောင်ရှားသင့် သည်။ ၎င်းတို့သည် ဗိုက်နာခြင်းဖြစ်စေနိုင်သလို ရင်ပူရင်ဆာဖြစ်နိုင်ပြီး အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်သည်။

ကြက်ဆင်သားကဲ့သို့ ပရိုတိန်းဓာတ်အလွန်များသော အစား အစာများကြောင့်လည်း အိပ်မပျော်ဖြစ်နိုင်သည်။ ပရိုတိန်းကြောင့် dopamine ဓာတ်များ ထွက်လာသောကြောင့်ဖြစ်သည်။

အရက်သောက်ခြင်းကြောင့် အိပ်ချိန်တွင် အသည်းကို အလုပ် များစေပြီး နှလုံးခုန်မြန်စေသည်။ ယင်းအတွက် ခန္ဓာကိုယ်က နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်မှု မရရှိပေ။

ကဖိန်းဓာတ်များပါဝင်သော ချောကလက်များသည် အိပ်ရာဝင်ခါနီး မစားသင့်သော အစားအစာဖြစ်သည်။ ချောကလက် တစ်အောင်စတွင် ကဖိန်း ၂၃ မီလီဂရမ်ခန့် ပါဝင်သည်။

အိပ်ခါနီးရေအများအပြား သောက်ခြင်းသည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး ခဏခဏ အပေါ့သွားရခြင်း ဖြစ်နိုင်သ ဖြင့် ညစာစားပြီးချိန် ရေများများသောက်ပြီးနောက်ပိုင်း ရေလျှော့ သောက်သင့်သည်။

ကော်ဖီသောက်သူများအနေဖြင့် မွန်းလွဲပြီးနောက်ပိုင်း ကော်ဖီ သောက်သုံးမှု ရှောင်ရှားခြင်းဖြင့် ကောင်းစွာအိပ်စက်မှု ရရှိနိုင်သည်။

ကော်ဖီပါဝင်သော ရေခဲမုန့်သည် ကော်ဖီကဲ့သို့ပင် အိပ်စက်မှု အနှောင့်အယှက်ဖြစ်နိုင်သဖြင့် အိပ်ရာမဝင်မီ ရှောင်ရှားသင့်သည်။

ထို့အပြင် အားကစားလုပ်ပြီးချိန် သောက်သုံးသော အချိုရည် များတွင်လည်း ကဖိန်းဓာတ်အများအပြား ပါဝင်သဖြင့် အိပ်စက် ခြင်းကို ထိခိုက်နိုင်ပြီး ရှောင်ရမည့်စာရင်း၌ ပါဝင်သည်။

—Ref: RD
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top