ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အန္နာတိုလီ ေမာ့စ္ခ္ဗင္ (Anatoly Moskvin ) ဆိုတဲ့လူဟာ ႐ုရွား ႏိုင္ငံ- နီဇီနီ ႏိုဘာဂ႐ို႕ဒ္ ဆိုတဲ့ၿမိဳ႕ ( Nizhny Novgorod, Russia )မွာ ဉာဏ္ပညာထက္ျမက္သူ ပါရမီရွင္တစ္ေယာက္လို႔ နာမည္ႀကီးတယ္။

သူက ဘာသာစကား ၁၃ မ်ိဳးေလာက္ကို ကြ်မ္းက်င္တယ္။ ဉာဏ္သိပ္ေကာင္းတဲ့ ပါရမီရွင္ ( genius) ေပါ့…။

ေမာ့စ္ခ္ဗင္ ဟာ စာအုပ္ေတြအမ်ားႀကီး ေရးတယ္။ သူ႔စာအုပ္ေတြဟာလည္း သိပ္နာမည္ႀကီးခဲ့တယ္။

ၿပီးေတာ့ သူဟာ သမိုင္းျပတိုက္ေတြမွာ သမိုင္းနဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ ကြ်မ္းကြ်မ္းက်င္က်င္ေဟာေျပာတဲ့ ဆရာေကာင္းတစ္ေယာက္..။

ေမာ့စ္ခ္ဗင္ရဲ႕ အျပဳအမူနဲ႔ စိတ္ဓာတ္ေတြဟာ အလြန္ လူႀကီးလူေကာင္းဆန္ၿပီး စိတ္ရွည္ ၾကင္နာတတ္တယ္လို႔ လူေတြက သတ္မွတ္ ေျပာဆိုၾကတယ္။


၂၀၁၁ ခုႏွစ္ရဲ႕တစ္ေန႔မွာေပါ့..အန္နာတိုလီ ေမာ့စ္ခ္ဗင္ ရဲ႕မိဘႏွစ္ပါးက သူတို႔ရဲ႕ေမြးရပ္ေျမကို အလည္သြားၿပီး သူတို႔အိမ္ကိုျပန္လာၾကတယ္။ ေမာ့စ္ခ္ဗင္က မိဘႏွစ္ပါးနဲ႔အတူေနတာေလ..။

သားအခန္းဖက္ကို သြားၾကည့္ဦးပါမွေလ ဆိုၿပီး မိဘႏွစ္ပါးဟာ သားရဲ႕အခန္းတံခါးကိုဖြင့္လိုက္တယ္။

ေမာ့စ္ခ္ဗင္ရဲ႕ အခန္းဟာအ႐ုပ္မအသစ္ေတြေရာက္ေနေလရဲ႕…။

အသက္ ၄၆ ႏွစ္ရွိၿပီျဖစ္တဲ့ ေမာ့စ္ခ္ဗင္က အ႐ုပ္မေတြစုတဲ့ ဝါသနာရွိတာ သာမာန္လူေတြထက္ ထူးဆန္းေနတာေပါ့..။

ဒါေပမဲ့ သူ႔မိဘေတြအတြက္ မဆန္းေတာ့ပါဘူး။ ဒီအ႐ုပ္မေတြစုေနတာ ၁၀ ႏွစ္ေက်ာ္ၾကာေနၿပီေလ..။

အ႐ုပ္မေတြလွလွေလးလုပ္..အဝတ္လွလွေလးေတြဝတ္ေပးၿပီး သူ႔အိမ္မွာ အလွထားတတ္တာ သားလူပ်ိဳႀကီး ေမာ့စ္ခ္ဗင္ရဲ႕ဝါသနာ..။

သူ႔အ႐ုပ္မေတြကို နာမည္လဲ ကိုယ္စီေပးထားေသးတယ္။

::::::::::::::::::::::::::::::::::::::

ေမာ့စ္ခ္ဗင္ရဲ႕အ႐ုပ္ေတြက တျခားအ႐ုပ္ေတြနဲ႔မတူ ထူးျခားတယ္..။ သူ႔အ႐ုပ္ေတြကို သက္ရွိလူေတြရဲ႕ တကယ့္အရပ္အေမာင္းအတိုင္း ဖန္တီးထားၿပီး မိတ္ကပ္ေသခ်ာလိမ္းေပးထားတယ္။ အကီ်ၤ ဖိနပ္.. အျပည့္အစံု..။

::::::::::::::::::::::::::::::::::::::

ေမာ့စ္ခ္ဗင္ရဲ႕ အ႐ုပ္မအသစ္ေတြကိုခရီးထြက္ရာက ျပန္လာတဲ့ မိဘေတြက တအံတၾသ လိုက္ၾကည့္ေနတုန္း…. အ႐ုပ္မတစ္႐ုပ္ဟာ အရမ္းအသက္ဝင္လြန္းလို႔ ကိုင္ၾကည့္မိလိုက္တယ္။

မိဘေတြဟာ အရမ္းပဲလန္႔သြားၾကတယ္…။

“ဟင္!?! လူေသအေလာင္းႀကီးပါလား..?”

မိဘေတြဟာ ရဲစခန္းကို ခ်က္ခ်င္းပဲဖုန္းဆက္လိုက္တယ္။

::::::::::::::::::::::::::::::::::::::

ရဲေတြေရာက္လာၿပီး စစ္ေဆးၾကည့္လိုက္ေတာ့ ဘယ္သူမွမထင္ထားတဲ့ ေမာ့စ္ခ္ဗင္ရဲ႕လွ်ိဳ႕ဝွက္ဖုန္းကြယ္ထားတဲ့ အေၾကာင္းအရာတစ္ခုကို အံ့ၾသစြာသိလိုက္ရတယ္။

သူ႔ အိမ္မွာရွိတဲ့ အ႐ုပ္မေတြအားလံုးက လူေသအေလာင္းအစစ္ေတြနဲ႔ ျပဳလုပ္ထားတဲ့အ႐ုပ္မေတြျဖစ္ေနတယ္ဆိုတာကိုပဲ..။

အ႐ုပ္မေတြဟာ ၾကမ္းျပင္ေပၚမွာ… ဆိုဖာေပၚမွာ….ကုလားထိုင္ေပၚမွာ… ဟိုမွာဒီမွာ ေနရာယူထားၾကတယ္။

မိဘေတြဟာ တစ္အိမ္တည္းေနၿပီး ဘယ္လိုမွမရိပ္မိခဲ့ၾကဘူး..။ အနံ့ဆိုးေတြလည္း လံုးဝမရလို႔လည္း မရိပ္မိခဲ့ၾကတာေပါ့..။

::::::::::::::::::::::::::::::::::::::

လူေသေတြရဲ႕ အ႐ိုးစုေတြနဲ႔ အ႐ုပ္လုပ္ထားတာ အားလံုး ၂၆ ႐ုပ္..။

အားလံုးမိန္းကေလးေတြခ်ည္း…။
အသက္ ၃ ႏွစ္ကေန ၁၂ ႏွစ္ၾကားရွိတဲ့ ကေလးေတြ…။

ေမာ့စ္ခ္ဗင္ကို ရဲေတြက ဖမ္းဆီးလိုက္တယ္။

::::::::::::::::::::::::::::::::::::::

” မစၥတာ ေမာ့စ္ခ္ဗင္… ဒီအ႐ုပ္ေတြ ဘယ္အခ်ိန္က စလုပ္ခဲ့တာလဲ..?”

“၁၀ ႏွစ္ေလာက္ရွိၿပီထင္တယ္..” ေမာ့စ္ခ္ဗင္ဟာ တည္တည္ၿငိမ္ၿငိမ္ေျဖလိုက္တယ္။

ေမာ့စ္ခ္ဗင္ဟာ ႐ုရွားႏိုင္ငံ ဆင္ေျခဖံုးၿမိဳ႕ေပါင္း ၄၀ မွာရွိတဲ့ သခ်ႋဳင္း ၇၅၉ ခုကိုလွည့္လည္ၿပီး မိန္းကေလးငယ္ေတြရဲ႕အေလာင္းကို ရွာေဖြခဲ့တယ္။

ေန႔ဘက္မွာ အုတ္ဂူေတြရွာၿပီး ညဖက္မွာ ဘယ္သူမွမသိေအာင္ အုတ္ဂူေတြကိုေဖာက္ၿပီး အေလာင္းေတြကို ခိုးထုတ္.. အိမ္ကိုသယ္တယ္။

::::::::::::::::::::::::::::::::::::::

အေလာင္းတစ္ေလာင္းရလာၿပီဆို ေမာ့စ္ခ္ဗင္ဟာ ဆားနဲ႔ နယ္ပါတယ္။ ၿပီးေတာ့ မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ထပ္နယ္တယ္…။ ၿပီးေတာ့ အေျခာက္ခံလိုက္တယ္။

ေျခာက္သြားတဲ့အခါ အေလာင္းတြကို တာရွည္ခံေစဖို႔အတြက္ ေဆးေတြနဲ႔ အထူးစီမံၿပီး ပတ္တီးေတြနဲ႔ ၾကပ္စည္းလိုက္တယ္ .. မမ္မီ႐ုပ္အေလာင္းေတြလုပ္သလိုေပါ့…။

တစ္ခ်ိဳ႕အေလာင္းေတြရဲ႕ အသားေတြပုတ္ေနတဲ့အပိုင္းေတြရွိရင္ ျဖည့္ၿပီးပတ္တီးနဲ႔ပတ္တယ္။

တခ်ိဳ႕ အေလာင္းေတြရဲ႕မ်က္ႏွာကို မ်က္ႏွာဖံုးလွလွစြတ္ေပးလိုက္တယ္။

တခ်ိဳ႕က်ေတာ့ ေမာ့စ္ခ္ဗင္ကိုယ္တိုင္ မိတ္ကပ္လိမ္းေပးတယ္။

မိတ္ကပ္လိမ္းလို႔မရရင္ လွလွေလး ေဆးျခယ္ေပးလိုက္..။

ၿပီးေတာ့ အကႌ်လွလွေလးေတြ လက္ဝတ္လက္စား လွလွေလးေတြ ဝယ္ၿပီးဆင္ထားတယ္။ ေမာ့စ္ခ္ဗင္က ဖဲျပားေလးေတြပါတဲ့ အကီ်ၤမ်ိဳး ကေလးမေလးေတြကို ဝတ္ေပးရတာ သေဘာက်တယ္။

::::::::::::::::::::::::::::::::::::::

အေလာင္းေတြ အ႐ုပ္မျဖစ္သြားတဲ့အခါ ေမာ့စ္ခ္ဗင္ဟာ အေလာင္းအ႐ုပ္မ တစ္႐ုပ္စီနဲ႔ထိုင္ၿပီး စကားေျပာရတာ အႀကိဳက္ဆံုးပဲ..။

တစ္ခါတစ္ေလ အ႐ုပ္မေတြသူ႔နားမွာဝိုင္းထိုင္ခိုင္းၿပီး စကားေျပာတယ္။

ေမာ့စ္ခ္ဗင္အႏွစ္သက္ဆံုးအခ်ိန္ကေတာ့ သူ႔ေမြးေန႔မွာ အ႐ုပ္မေတြနဲ႔ေမြးေန႔ပါတီလုပ္ရတာကိုေပါ့..။

ရဲေတြက ေမာ့စ္ခ္ဗင္အိမ္ရဲ႕ ေျမေအာက္စတိုခန္းမွာ အ႐ိုးေတြထပ္ေတြ႕တယ္.. အ႐ုပ္မ ျပဳလုပ္တာ မေအာင္ျမင္လို႔ … ပုတ္ပြသြားလို႔ ပစ္လိုက္ရတဲ့ အေလာင္းေတြေပါ့… အ႐ိုးစု အေလာင္း အားလံုး ၁၅၀ ..။

::::::::::::::::::::::::::::::::::::::

႐ုရွားျပည္သူေတြဟာ ေမာ့စ္ခ္ဗင္လို အထင္ႀကီးေလးစားရတဲ့သူတစ္ေယာက္ဟာ ဒီလို ဝါသနာမ်ိဳးရွိတယ္ဆိုတဲ့သတင္းကိုၾကားရေတာ့ အေတာ္ တုန္လွဳပ္သြားၾကတယ္။

ဒီလို ႐ူးေနလိမ့္မယ္လို႔ ဘယ္သူကမွ မထင္ထားၾကဘူးေလ…။

::::::::::::::::::::::::::::::::::::::

ဒီသတင္းကို ႐ုရွား TV သတင္းဌာနေတြကေၾကျငာေတာ့ နာတာလီယာ ဆိုတဲ့အမ်ိဳးသမီးက သတင္းဌာနကိုဖုန္းဆက္လာတယ္။

“ကြ်န္မ သမီး!!!! ကြ်န္မ မွတ္မိေနတယ္…”

နာတာလီယာရဲ႕ သမီးေလး (Olga Chardymova)ဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က တစ္ေယာက္တည္း အိမ္အျပင္ထြက္ၿပီးကစားရာက မူးယစ္ေဆးဝါးသံုးၿပီး လူမသိသူမသိျဖစ္ေနတဲ့သူတစ္ဦးက သတ္ပစ္တာ ခံခဲ့တယ္။ အခု သမီးေလးဟာ ေမာ့စ္ခ္ဗင္ဆီေရာက္ေနျပန္ေတာ့ မိခင္ နာတာလီယာဟာ ႐ူးမလိုျဖစ္သြားတယ္။

“ကြ်န္မကေတာ့ မသိပဲ.. ၁၀ ႏွစ္လံုးလံုး သမီးေလး အုတ္ဂူကိုသြားၿပီး သန္႔ရွင္းေရးလုပ္..စကားေတြေျပာ..ရက္စက္လိုက္တာ..ဒါဟာ သမီးေလးကို ၂ ခါျပန္သတ္တာနဲ႔အတူတူပဲ..”

::::::::::::::::::::::::::::::::::::::

ေမာ့စ္ခ္ဗင္ဟာ ဒီလို အေလာင္းအ႐ုပ္မေတြကို စြဲလန္းေနရတာ အေၾကာင္းရွိတယ္..။

ေမာ့စ္ခ္ဗင္ အသက္ ၁၂ ႏွစ္တုန္းက အသက္ ၁၁ ႏွစ္အရြယ္ သူငယ္ခ်င္းမ ေသဆံုးသြားတယ္။

ေမာ့စ္ခ္ဗင္ဟာ အသုဘအိမ္ကို သြားခဲ့တယ္။ ႐ုရွားႏိုင္ငံ ဓေလးထံုးစံအရ ေသသူရဲ႕ နဖူးကိုနမ္းရတယ္။ ေမာ့စ္ခ္ဗင္ မနမ္းခ်င္ခဲ့ဘူး။ လူႀကီးေတြက အတင္း နမ္းခိုင္းလို႔ သူငယ္ခ်င္းမ အေလာင္းရဲ႕ နဖူးကိုနမ္းမိလိုက္ခ်ိန္မွာ ေမာ့စ္ခ္ဗင္တစ္ကိုယ္လံုး ဓာတ္လိုက္သြားသလို ခံစားလိုက္ရတယ္။ အဲဒီအခ်ိန္ကစၿပီး ေမာ့စ္ခ္ဗင္ဟာ အေလာင္းေတြကို စိတ္ဝင္စားၿပီး စြဲလန္းခဲ့တယ္။

::::::::::::::::::::::::::::::::::::::

တကၠသိုလ္ေရာက္ေတာ့ ေမာ့စ္ခ္ဗင္ဟာ ၿဗိတိန္ကို ေရာမေတြ ဝင္ေရာက္သိမ္းပိုက္တဲ့အခ်ိန္ မတိုင္ခင္မွာ ေနထိုင္ၾကတဲ့ ယင္းလူမ်ိဴးလို႔ေခၚတဲ့ ဥေရာပလူမ်ိဳးႏြယ္ေတြရဲ႕ သမိုင္း၊ ႐ိုးရာဓေလ့၊ ယင္း ဘာသာရပ္စကားေတြကို ေလ့လာခဲ့တယ္။

အဲဒီေခတ္တုန္းက အေလာင္းေတြကို ဘယ္လိုစီရင္တယ္ ျမႇဳပ္ႏွံတယ္ဆိုတဲ့အေၾကာင္းကို သိပ္စိတ္ဝင္စားခဲ့တယ္။

ေမာ့စ္ခ္ဗင္ဟာ ေန႔ပိုင္းမွာ အုပ္ဂူ၊ အေလာင္းေလ့လာေရးအဖြဲ႕ကိုဦးေဆာင္ေလ့လာၿပီး ကေလးမငယ္ေတြရဲ႕အေလာင္းကို ေသခ်ာမွတ္ထားလိုက္တယ္။ ညဖက္ၾကေတာ့ သြားခိုးေတာ့တာပါပဲ…။

::::::::::::::::::::::::::::::::::::::

“ကြ်န္ေတာ္ သမီးေလးေတြလိုခ်င္လြန္းလို႔ပါ..” လို႔ ေမာ့စ္ခ္ဗင္က ေျပာတယ္။

“သမီးတို႔… ငါ့ကို အေဖလို႔ေခၚေနာ္…”

::::::::::::::::::::::::::::::::::::::

သမီးလိုပဲခ်စ္ခ်စ္ ရည္းစားလိုပဲခ်စ္ခ်စ္ အေလာင္းကိုခ်စ္တာ စိတ္ေရာဂါတစ္မ်ိဳးျဖစ္တယ္။ ဒါဟာ ဟိုးေရွးအဆက္ဆက္ကတည္းက ရွိခဲ့ပါတယ္။ နက္ခ႐ိုဖီးလီးယား (Necrophilia) လို႔ေခၚတယ္။

အမွန္ေတာ့ သူတို႔ဟာ အေလာင္းကို ခ်စ္တာထက္ စိတ္ပညာသေဘာအရဆိုရင္ သူတို႔ျပဳသမွ် ဘာမွမျငင္းတဲ့ အရာတစ္ခုကို စြဲလန္းတာမ်ိဳးပါ..။

တစ္ခ်ိဳ႕က်ေတာ့ ႔ ေသဆံုးသြားတဲ့ တစ္စံုတစ္ဦးကိုခ်စ္လြန္းလို႔ မပစ္ႏိုင္…ေသဆံုးသြားတဲ့ခ်စ္ရသူနဲ႔ဆက္ၿပီး ေပါင္းသင္းေနတတ္တာမ်ိဳးပါပဲ…။

နက္ခ႐ိုဖီးလီးယား စိတ္ေရာဂါေဝဒနာရွင္ေတြဟာ အေလာင္းကိုေတြ႕ထိေနရရင္…ဖက္ထားရရင္.. စိတ္ေက်နပ္မႈတစ္မ်ိဳးကိုရတယ္လို႔ ဆိုတယ္။ တခ်ိဳ႕ဆိုအေလာင္းနဲ႔ကာမဆက္ဆံရတာကိုမွ ႏွစ္သက္တဲ့အထိျဖစ္ၾကတယ္။

ဒါေပမဲ့ ေမာ့စ္ခ္ဗင္ဟာ ကာမဆက္ဆံျခင္းကို စက္ဆုပ္ရြံရွာတဲ့သူတစ္ေယာက္ျဖစ္တယ္လို႔ တရား႐ုံးမွာ ထြက္ဆိုထားတယ္..။

သူဟာ သမီးေလးတစ္ေယာက္ေမြးစားဖို႔ ႀကိဳးစားခဲ့ေပမဲ့ အိမ္ေထာင္မရွိလို႔ ေမြးစားခြင့္မရခဲ့…. သူ႔ကို ကာမမဆက္ဆံပဲ လက္ထပ္မယ့္မိန္းမလည္းမရွိ… ဒါေၾကာင့္ ကေလးမေလးေတြရဲ႕ အေလာင္းကိုေမြးစားခဲ့ရတာပါတဲ့…။

::::::::::::::::::::::::::::::::::::::

သူ႔မွာ Paranoid schizophrenia ဆိုတဲ့ တကယ္မရွိတဲ့အရာေတြကိုအရွိထင္… တကယ္မၾကားရတဲ့အသံေတြကို တကယ္ထင္ေနတဲ့ေရာဂါရွိတယ္လို႔ စိတ္အထူးကု ဆရာဝန္ေတြက မွတ္ခ်က္ခ်တယ္။

သူဟာ အေလာင္းတစ္ခုကို မတူးေဖၚခင္ အဲဒီအုတ္ဂူေပၚမွာ လွဲအိပ္… စကားေတြေျပာ..နားနဲ႔အုတ္ဂူကို ကပ္ၿပီးနားေထာင္တယ္။ အေလာင္းေတြက… ” အျပင္မွာလမ္းေလွ်ာက္ခ်င္တယ္… အထဲမွာမြန္းၾကပ္ေနတယ္..” လို႔ေျပာလာရင္ သူဟာ ကေလးမအေလာင္းေတြကို ကယ္ထုတ္ေပးလိုက္တာပါပဲတဲ့..။

::::::::::::::::::::::::::::::::::::::

တခ်ိဳ႕ဆရာဝန္ေတြကေတာ့ သူေျပာတာေတြမယံုဘူး။ ေမာ့စ္ခ္ဗင္ဟာ ဉာဏ္ႀကီးရွင္တစ္ေယာက္ဆိုတာ ေမ့မထားၾကနဲ႔ေလ…။ ဒီလိုအေလာင္းေတြရာနဲ႔ခ်ီခိုးခဲ့တာေတာင္ ေထာင္မက်ပဲ အ႐ူးေထာင္မွာ သက္ေတာင့္သက္သာ ေနရတာၾကည့္….။

ဒါေၾကာင့္ ဒီလူ ႐ူးခ်င္ေအာင္ေဆာင္ေနတာလို႔.. စြပ္စြဲၾကတယ္။

သူက ေသသြားတဲ့ ကေလးမေလးေတြမိဘေတြကို ျပန္စြပ္စြဲလိုက္ေသးတယ္။

“ကေလးေတြကို ေအးစက္တဲ့ေျမႀကီးထဲမွာ ခင္ဗ်ားတို႔မို႔လို႔ထားပစ္ရက္တယ္။ မေနႏိုင္တဲ့ က်ဳပ္က ေႏြးေႏြးေထြးေထြး အဝတ္ဝတ္ေပး အလွျပင္ေပးနဲ႔ ..ဒါကို… ေက်းဇူး မတင္ပဲ….အျပစ္တင္ေနၾကတာ တရားၾကသလားဗ်ာ..”….တဲ့…။

ေမာ့စ္ခ္ဗင္ဟာ ေထာင္မက်ပဲ ဒီေန႔အထိ မိဘေတြအိမ္နဲ႔ သိပ္ၿပီးအလွမ္းမေဝးလွတဲ့ စိတၱဇေဆး႐ုံမွာ ရွိေနဆဲ….။

ဒါဟာ ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ လိမ္ညာမႈေလလား…?

ဒါမွမဟုတ္ ဉာဏ္ႀကီးရွင္တစ္ေယာက္ရဲ႕ ႐ူးသြပ္မႈေလလား…?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး ( ကိုရီးယား )
# Unicode Version ျဖင့္ ဖတ္ပါ #
အန်နာတိုလီ မော့စ်ခ်ဗင် (Anatoly Moskvin ) ဆိုတဲ့လူဟာ ရုရှား နိုင်ငံ- နီဇီနီ နိုဘာဂရို့ဒ် ဆိုတဲ့မြို့ ( Nizhny Novgorod, Russia )မှာ ဉာဏ်ပညာထက်မြက်သူ ပါရမီရှင်တစ်ယောက်လို့ နာမည်ကြီးတယ်။

သူက ဘာသာစကား ၁၃ မျိုးလောက်ကို ကျွမ်းကျင်တယ်။ ဉာဏ်သိပ်ကောင်းတဲ့ ပါရမီရှင် ( genius) ပေါ့…။

မော့စ်ခ်ဗင် ဟာ စာအုပ်တွေအများကြီး ရေးတယ်။ သူ့စာအုပ်တွေဟာလည်း သိပ်နာမည်ကြီးခဲ့တယ်။

ပြီးတော့ သူဟာ သမိုင်းပြတိုက်တွေမှာ သမိုင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ကျွမ်းကျွမ်းကျင်ကျင်ဟောပြောတဲ့ ဆရာကောင်းတစ်ယောက်..။

မော့စ်ခ်ဗင်ရဲ့ အပြုအမူနဲ့ စိတ်ဓာတ်တွေဟာ အလွန် လူကြီးလူကောင်းဆန်ပြီး စိတ်ရှည် ကြင်နာတတ်တယ်လို့ လူတွေက သတ်မှတ် ပြောဆိုကြတယ်။

::::::::::::::::::::::::::::::::::::::

၂၀၁၁ ခုနှစ်ရဲ့တစ်နေ့မှာပေါ့..အန်နာတိုလီ မော့စ်ခ်ဗင် ရဲ့မိဘနှစ်ပါးက သူတို့ရဲ့မွေးရပ်မြေကို အလည်သွားပြီး သူတို့အိမ်ကိုပြန်လာကြတယ်။ မော့စ်ခ်ဗင်က မိဘနှစ်ပါးနဲ့အတူနေတာလေ..။

သားအခန်းဖက်ကို သွားကြည့်ဦးပါမှလေ ဆိုပြီး မိဘနှစ်ပါးဟာ သားရဲ့အခန်းတံခါးကိုဖွင့်လိုက်တယ်။

မော့စ်ခ်ဗင်ရဲ့ အခန်းဟာအရုပ်မအသစ်တွေရောက်နေလေရဲ့…။

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ မော့စ်ခ်ဗင်က အရုပ်မတွေစုတဲ့ ဝါသနာရှိတာ သာမာန်လူတွေထက် ထူးဆန်းနေတာပေါ့..။

ဒါပေမဲ့ သူ့မိဘတွေအတွက် မဆန်းတော့ပါဘူး။ ဒီအရုပ်မတွေစုနေတာ ၁၀ နှစ်ကျော်ကြာနေပြီလေ..။

အရုပ်မတွေလှလှလေးလုပ်..အဝတ်လှလှလေးတွေဝတ်ပေးပြီး သူ့အိမ်မှာ အလှထားတတ်တာ သားလူပျိုကြီး မော့စ်ခ်ဗင်ရဲ့ဝါသနာ..။

သူ့အရုပ်မတွေကို နာမည်လဲ ကိုယ်စီပေးထားသေးတယ်။

::::::::::::::::::::::::::::::::::::::

မော့စ်ခ်ဗင်ရဲ့အရုပ်တွေက တခြားအရုပ်တွေနဲ့မတူ ထူးခြားတယ်..။ သူ့အရုပ်တွေကို သက်ရှိလူတွေရဲ့ တကယ့်အရပ်အမောင်းအတိုင်း ဖန်တီးထားပြီး မိတ်ကပ်သေချာလိမ်းပေးထားတယ်။ အကီၤျ ဖိနပ်.. အပြည့်အစုံ..။

::::::::::::::::::::::::::::::::::::::

မော့စ်ခ်ဗင်ရဲ့ အရုပ်မအသစ်တွေကိုခရီးထွက်ရာက ပြန်လာတဲ့ မိဘတွေက တအံတသြ လိုက်ကြည့်နေတုန်း…. အရုပ်မတစ်ရုပ်ဟာ အရမ်းအသက်ဝင်လွန်းလို့ ကိုင်ကြည့်မိလိုက်တယ်။

မိဘတွေဟာ အရမ်းပဲလန့်သွားကြတယ်…။

“ဟင်!?! လူသေအလောင်းကြီးပါလား..?”

မိဘတွေဟာ ရဲစခန်းကို ချက်ချင်းပဲဖုန်းဆက်လိုက်တယ်။

::::::::::::::::::::::::::::::::::::::

ရဲတွေရောက်လာပြီး စစ်ဆေးကြည့်လိုက်တော့ ဘယ်သူမှမထင်ထားတဲ့ မော့စ်ခ်ဗင်ရဲ့လျှို့ဝှက်ဖုန်းကွယ်ထားတဲ့ အကြောင်းအရာတစ်ခုကို အံ့သြစွာသိလိုက်ရတယ်။

သူ့ အိမ်မှာရှိတဲ့ အရုပ်မတွေအားလုံးက လူသေအလောင်းအစစ်တွေနဲ့ ပြုလုပ်ထားတဲ့အရုပ်မတွေဖြစ်နေတယ်ဆိုတာကိုပဲ..။

အရုပ်မတွေဟာ ကြမ်းပြင်ပေါ်မှာ… ဆိုဖာပေါ်မှာ….ကုလားထိုင်ပေါ်မှာ… ဟိုမှာဒီမှာ နေရာယူထားကြတယ်။

မိဘတွေဟာ တစ်အိမ်တည်းနေပြီး ဘယ်လိုမှမရိပ်မိခဲ့ကြဘူး..။ အနံ့ဆိုးတွေလည်း လုံးဝမရလို့လည်း မရိပ်မိခဲ့ကြတာပေါ့..။

::::::::::::::::::::::::::::::::::::::

လူသေတွေရဲ့ အရိုးစုတွေနဲ့ အရုပ်လုပ်ထားတာ အားလုံး ၂၆ ရုပ်..။

အားလုံးမိန်းကလေးတွေချည်း…။
အသက် ၃ နှစ်ကနေ ၁၂ နှစ်ကြားရှိတဲ့ ကလေးတွေ…။

မော့စ်ခ်ဗင်ကို ရဲတွေက ဖမ်းဆီးလိုက်တယ်။

::::::::::::::::::::::::::::::::::::::

” မစ္စတာ မော့စ်ခ်ဗင်… ဒီအရုပ်တွေ ဘယ်အချိန်က စလုပ်ခဲ့တာလဲ..?”

“၁၀ နှစ်လောက်ရှိပြီထင်တယ်..” မော့စ်ခ်ဗင်ဟာ တည်တည်ငြိမ်ငြိမ်ဖြေလိုက်တယ်။

မော့စ်ခ်ဗင်ဟာ ရုရှားနိုင်ငံ ဆင်ခြေဖုံးမြို့ပေါင်း ၄၀ မှာရှိတဲ့ သချႋုင်း ၇၅၉ ခုကိုလှည့်လည်ပြီး မိန်းကလေးငယ်တွေရဲ့အလောင်းကို ရှာဖွေခဲ့တယ်။

နေ့ဘက်မှာ အုတ်ဂူတွေရှာပြီး ညဖက်မှာ ဘယ်သူမှမသိအောင် အုတ်ဂူတွေကိုဖောက်ပြီး အလောင်းတွေကို ခိုးထုတ်.. အိမ်ကိုသယ်တယ်။

::::::::::::::::::::::::::::::::::::::

အလောင်းတစ်လောင်းရလာပြီဆို မော့စ်ခ်ဗင်ဟာ ဆားနဲ့ နယ်ပါတယ်။ ပြီးတော့ မုန့်ဖုတ်ဆော်ဒါနဲ့ ထပ်နယ်တယ်…။ ပြီးတော့ အခြောက်ခံလိုက်တယ်။

ခြောက်သွားတဲ့အခါ အလောင်းတွကို တာရှည်ခံစေဖို့အတွက် ဆေးတွေနဲ့ အထူးစီမံပြီး ပတ်တီးတွေနဲ့ ကြပ်စည်းလိုက်တယ် .. မမ်မီရုပ်အလောင်းတွေလုပ်သလိုပေါ့…။

တစ်ချို့အလောင်းတွေရဲ့ အသားတွေပုတ်နေတဲ့အပိုင်းတွေရှိရင် ဖြည့်ပြီးပတ်တီးနဲ့ပတ်တယ်။

တချို့ အလောင်းတွေရဲ့မျက်နှာကို မျက်နှာဖုံးလှလှစွတ်ပေးလိုက်တယ်။

တချို့ကျတော့ မော့စ်ခ်ဗင်ကိုယ်တိုင် မိတ်ကပ်လိမ်းပေးတယ်။

မိတ်ကပ်လိမ်းလို့မရရင် လှလှလေး ဆေးခြယ်ပေးလိုက်..။

ပြီးတော့ အင်္ကျီလှလှလေးတွေ လက်ဝတ်လက်စား လှလှလေးတွေ ဝယ်ပြီးဆင်ထားတယ်။ မော့စ်ခ်ဗင်က ဖဲပြားလေးတွေပါတဲ့ အကီၤျမျိုး ကလေးမလေးတွေကို ဝတ်ပေးရတာ သဘောကျတယ်။

::::::::::::::::::::::::::::::::::::::

အလောင်းတွေ အရုပ်မဖြစ်သွားတဲ့အခါ မော့စ်ခ်ဗင်ဟာ အလောင်းအရုပ်မ တစ်ရုပ်စီနဲ့ထိုင်ပြီး စကားပြောရတာ အကြိုက်ဆုံးပဲ..။

တစ်ခါတစ်လေ အရုပ်မတွေသူ့နားမှာဝိုင်းထိုင်ခိုင်းပြီး စကားပြောတယ်။

မော့စ်ခ်ဗင်အနှစ်သက်ဆုံးအချိန်ကတော့ သူ့မွေးနေ့မှာ အရုပ်မတွေနဲ့မွေးနေ့ပါတီလုပ်ရတာကိုပေါ့..။

ရဲတွေက မော့စ်ခ်ဗင်အိမ်ရဲ့ မြေအောက်စတိုခန်းမှာ အရိုးတွေထပ်တွေ့တယ်.. အရုပ်မ ပြုလုပ်တာ မအောင်မြင်လို့ … ပုတ်ပွသွားလို့ ပစ်လိုက်ရတဲ့ အလောင်းတွေပေါ့… အရိုးစု အလောင်း အားလုံး ၁၅၀ ..။

::::::::::::::::::::::::::::::::::::::

ရုရှားပြည်သူတွေဟာ မော့စ်ခ်ဗင်လို အထင်ကြီးလေးစားရတဲ့သူတစ်ယောက်ဟာ ဒီလို ဝါသနာမျိုးရှိတယ်ဆိုတဲ့သတင်းကိုကြားရတော့ အတော် တုန်လှုပ်သွားကြတယ်။

ဒီလို ရူးနေလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားကြဘူးလေ…။

::::::::::::::::::::::::::::::::::::::

ဒီသတင်းကို ရုရှား TV သတင်းဌာနတွေကကြေငြာတော့ နာတာလီယာ ဆိုတဲ့အမျိုးသမီးက သတင်းဌာနကိုဖုန်းဆက်လာတယ်။

“ကျွန်မ သမီး!!!! ကျွန်မ မှတ်မိနေတယ်…”

နာတာလီယာရဲ့ သမီးလေး (Olga Chardymova)ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တစ်ယောက်တည်း အိမ်အပြင်ထွက်ပြီးကစားရာက မူးယစ်ဆေးဝါးသုံးပြီး လူမသိသူမသိဖြစ်နေတဲ့သူတစ်ဦးက သတ်ပစ်တာ ခံခဲ့တယ်။ အခု သမီးလေးဟာ မော့စ်ခ်ဗင်ဆီရောက်နေပြန်တော့ မိခင် နာတာလီယာဟာ ရူးမလိုဖြစ်သွားတယ်။

“ကျွန်မကတော့ မသိပဲ.. ၁၀ နှစ်လုံးလုံး သမီးလေး အုတ်ဂူကိုသွားပြီး သန့်ရှင်းရေးလုပ်..စကားတွေပြော..ရက်စက်လိုက်တာ..ဒါဟာ သမီးလေးကို ၂ ခါပြန်သတ်တာနဲ့အတူတူပဲ..”

::::::::::::::::::::::::::::::::::::::

မော့စ်ခ်ဗင်ဟာ ဒီလို အလောင်းအရုပ်မတွေကို စွဲလန်းနေရတာ အကြောင်းရှိတယ်..။

မော့စ်ခ်ဗင် အသက် ၁၂ နှစ်တုန်းက အသက် ၁၁ နှစ်အရွယ် သူငယ်ချင်းမ သေဆုံးသွားတယ်။

မော့စ်ခ်ဗင်ဟာ အသုဘအိမ်ကို သွားခဲ့တယ်။ ရုရှားနိုင်ငံ ဓလေးထုံးစံအရ သေသူရဲ့ နဖူးကိုနမ်းရတယ်။ မော့စ်ခ်ဗင် မနမ်းချင်ခဲ့ဘူး။ လူကြီးတွေက အတင်း နမ်းခိုင်းလို့ သူငယ်ချင်းမ အလောင်းရဲ့ နဖူးကိုနမ်းမိလိုက်ချိန်မှာ မော့စ်ခ်ဗင်တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလို ခံစားလိုက်ရတယ်။ အဲဒီအချိန်ကစပြီး မော့စ်ခ်ဗင်ဟာ အလောင်းတွေကို စိတ်ဝင်စားပြီး စွဲလန်းခဲ့တယ်။

::::::::::::::::::::::::::::::::::::::

တက္ကသိုလ်ရောက်တော့ မော့စ်ခ်ဗင်ဟာ ဗြိတိန်ကို ရောမတွေ ဝင်ရောက်သိမ်းပိုက်တဲ့အချိန် မတိုင်ခင်မှာ နေထိုင်ကြတဲ့ ယင်းလူမျိူးလို့ခေါ်တဲ့ ဥရောပလူမျိုးနွယ်တွေရဲ့ သမိုင်း၊ ရိုးရာဓလေ့၊ ယင်း ဘာသာရပ်စကားတွေကို လေ့လာခဲ့တယ်။

အဲဒီခေတ်တုန်းက အလောင်းတွေကို ဘယ်လိုစီရင်တယ် မြှုပ်နှံတယ်ဆိုတဲ့အကြောင်းကို သိပ်စိတ်ဝင်စားခဲ့တယ်။

မော့စ်ခ်ဗင်ဟာ နေ့ပိုင်းမှာ အုပ်ဂူ၊ အလောင်းလေ့လာရေးအဖွဲ့ကိုဦးဆောင်လေ့လာပြီး ကလေးမငယ်တွေရဲ့အလောင်းကို သေချာမှတ်ထားလိုက်တယ်။ ညဖက်ကြတော့ သွားခိုးတော့တာပါပဲ…။

::::::::::::::::::::::::::::::::::::::

“ကျွန်တော် သမီးလေးတွေလိုချင်လွန်းလို့ပါ..” လို့ မော့စ်ခ်ဗင်က ပြောတယ်။

“သမီးတို့… ငါ့ကို အဖေလို့ခေါ်နော်…”

::::::::::::::::::::::::::::::::::::::

သမီးလိုပဲချစ်ချစ် ရည်းစားလိုပဲချစ်ချစ် အလောင်းကိုချစ်တာ စိတ်ရောဂါတစ်မျိုးဖြစ်တယ်။ ဒါဟာ ဟိုးရှေးအဆက်ဆက်ကတည်းက ရှိခဲ့ပါတယ်။ နက်ခရိုဖီးလီးယား (Necrophilia) လို့ခေါ်တယ်။

အမှန်တော့ သူတို့ဟာ အလောင်းကို ချစ်တာထက် စိတ်ပညာသဘောအရဆိုရင် သူတို့ပြုသမျှ ဘာမှမငြင်းတဲ့ အရာတစ်ခုကို စွဲလန်းတာမျိုးပါ..။

တစ်ချို့ကျတော့ သေဆုံးသွားတဲ့ တစ်စုံတစ်ဦးကိုချစ်လွန်းလို့ မပစ်နိုင်…သေဆုံးသွားတဲ့ချစ်ရသူနဲ့ဆက်ပြီး ပေါင်းသင်းနေတတ်တာမျိုးပါပဲ…။

နက်ခရိုဖီးလီးယား စိတ်ရောဂါဝေဒနာရှင်တွေဟာ အလောင်းကိုတွေ့ထိနေရရင်…ဖက်ထားရရင်.. စိတ်ကျေနပ်မှုတစ်မျိုးကိုရတယ်လို့ ဆိုတယ်။ တချို့ဆိုအလောင်းနဲ့ကာမဆက်ဆံရတာကိုမှ နှစ်သက်တဲ့အထိဖြစ်ကြတယ်။

ဒါပေမဲ့ မော့စ်ခ်ဗင်ဟာ ကာမဆက်ဆံခြင်းကို စက်ဆုပ်ရွံရှာတဲ့သူတစ်ယောက်ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားတယ်..။

သူဟာ သမီးလေးတစ်ယောက်မွေးစားဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်ထောင်မရှိလို့ မွေးစားခွင့်မရခဲ့…. သူ့ကို ကာမမဆက်ဆံပဲ လက်ထပ်မယ့်မိန်းမလည်းမရှိ… ဒါကြောင့် ကလေးမလေးတွေရဲ့ အလောင်းကိုမွေးစားခဲ့ရတာပါတဲ့…။

::::::::::::::::::::::::::::::::::::::

သူ့မှာ Paranoid schizophrenia ဆိုတဲ့ တကယ်မရှိတဲ့အရာတွေကိုအရှိထင်… တကယ်မကြားရတဲ့အသံတွေကို တကယ်ထင်နေတဲ့ရောဂါရှိတယ်လို့ စိတ်အထူးကု ဆရာဝန်တွေက မှတ်ချက်ချတယ်။

သူဟာ အလောင်းတစ်ခုကို မတူးဖေါ်ခင် အဲဒီအုတ်ဂူပေါ်မှာ လှဲအိပ်… စကားတွေပြော..နားနဲ့အုတ်ဂူကို ကပ်ပြီးနားထောင်တယ်။ အလောင်းတွေက… ” အပြင်မှာလမ်းလျှောက်ချင်တယ်… အထဲမှာမွန်းကြပ်နေတယ်..” လို့ပြောလာရင် သူဟာ ကလေးမအလောင်းတွေကို ကယ်ထုတ်ပေးလိုက်တာပါပဲတဲ့..။

::::::::::::::::::::::::::::::::::::::

တချို့ဆရာဝန်တွေကတော့ သူပြောတာတွေမယုံဘူး။ မော့စ်ခ်ဗင်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဆိုတာ မေ့မထားကြနဲ့လေ…။ ဒီလိုအလောင်းတွေရာနဲ့ချီခိုးခဲ့တာတောင် ထောင်မကျပဲ အရူးထောင်မှာ သက်တောင့်သက်သာ နေရတာကြည့်….။

ဒါကြောင့် ဒီလူ ရူးချင်အောင်ဆောင်နေတာလို့.. စွပ်စွဲကြတယ်။

သူက သေသွားတဲ့ ကလေးမလေးတွေမိဘတွေကို ပြန်စွပ်စွဲလိုက်သေးတယ်။

“ကလေးတွေကို အေးစက်တဲ့မြေကြီးထဲမှာ ခင်ဗျားတို့မို့လို့ထားပစ်ရက်တယ်။ မနေနိုင်တဲ့ ကျုပ်က နွေးနွေးထွေးထွေး အဝတ်ဝတ်ပေး အလှပြင်ပေးနဲ့ ..ဒါကို… ကျေးဇူး မတင်ပဲ….အပြစ်တင်နေကြတာ တရားကြသလားဗျာ..”….တဲ့…။

မော့စ်ခ်ဗင်ဟာ ထောင်မကျပဲ ဒီနေ့အထိ မိဘတွေအိမ်နဲ့ သိပ်ပြီးအလှမ်းမဝေးလှတဲ့ စိတ္တဇဆေးရုံမှာ ရှိနေဆဲ….။

ဒါဟာ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လိမ်ညာမှုလေလား…?

ဒါမှမဟုတ် ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ရူးသွပ်မှုလေလား…?

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး ( ကိုရီးယား )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top