ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ တာေလၿမဳိ႕ မုိင္းလင္း (အေရွ႕) ေက်းရြာအုပ္စု နမ့္ခမ္း (၀)ေက်းရြာ အနီးရွိ ေတာင္ေပၚ ေဒသ ထင္းခုတ္တ့ဲ သစ္ေတာ အတြင္း ေနထုိင္သူ(၂)ဦးမွာ ယေန႔ ၂၀၁၈ ခုႏွစ္ ဧျပီလ (၂၄) ရက္ေန႔ နံနက္ ေစာေစာပိုင္း အခ်ိန္ခန္႕ အခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဓါးခုတ္မႈျဖစ္ပြါးကာ တစ္ဦး ေသဆံုးသြားခ့ဲၿပီး တစ္ဦးမွာ ထြက္ေျပး တိမ္းေရွာင္ သြားခ့ဲတယ္လို႔ သိရပါတယ္။

အဆိုပါ ျဖစ္စဥ္မွာ နံနက္ လင္းအားႀကီး နံနက္(၁) နာရီ မထုိးမီ အခ်ိန္ခန္႔က နမ့္္ခမ္း(၀)ရြာေနသူကုိမ်ိဳး မွ တယ္လီဖုန္းနဲ႔ မုိင္းလင္း နယ္ေျမရဲစခန္းကို အေၾကာင္း ၾကားခ်က္အရ မုိင္းလင္းနယ္ေျမရဲ စခန္းမွဴး ရဲအုပ္ ေအာင္မင္းဦး ဦးစီးတ့ဲ နယ္ေျမခံ ရဲတပ္ဖြဲ႔၀င္မ်ား၊ မုိင္းလင္း (အေရွ႕) အုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ မုိင္းလင္း အုပ္စု ေထြ/အုပ္စာေရး တုိ႔မွ သြားေရာက္ စစ္ေဆး ၾကည့္ရွဴခဲ့ရာ၊ ႏုိင္ထြန္း(ခ) မင္းထြန္း (၃၄)ႏွစ္နဲ႔ ေအာင္ျမင့္ဦး (၄၀)ႏွစ္ တုိ႔ႏွစ္ဦးမွာ အခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ႏုိင္ထြန္း(ခ) မင္းထြန္း က ဓါးနဲ႔ ခုတ္သျဖင့္ ေအာင္ျမင့္ဦး မွာ ဦးေခါင္း နဖူး ၀ဲဘက္မွာ (၁)လက္မခန္႔ ျပတ္ရွ ဒါဏ္ရာ (၁)ခ်က္၊ ၀ဲဘက္ လက္ဖ်ံမွာ (၂) လက္မခန္႔ ျပတ္ရွ ဒဏ္ရာ (၁) ခ်က္ တုိ႔ရရွိျပီး၊ ထင္းခုတ္တ့ဲ တဲအတြင္း ပက္လက္ အေနအထားနဲ႔ ေသဆံုးေနတာကုိ ေတြ႔ရတယ္လို႔ သိရကာ ဓါးနဲ႔ ခုတ္သူ ႏုိင္ထြန္း (ခ)မင္းထြန္း မွာ ထြက္ေျပး တိမ္းေရွာင္သြားခ့ဲတယ္လို႔ သိရပါတယ္။

ယခု ေသဆံုးသူ ေအာင္ျမင္ဦး ရဲ႕ ေလာင္းကို တာေလၿမဳိ႕ ျပည္သူ႔ ေဆးရံုကို ပုိ႔ေဆာင္ စစ္ေဆးေစၿပီး၊ တရားခံ ႏုိင္ထြန္း (ခ) မင္းထြန္း (၃၄)ႏွစ္ ဆုိသူကို မုိင္းလင္း နယ္ေျမ ရဲစခန္း မွ အမႈအမွတ္ (၁/ ၂၀၁၈) နဲ႔ တရား ဥပေဒ အရ အမႈဖြင့္လွစ္ အေရးယူ ေဆာင္ရြက္ ကာ ထြက္ေျပး တရားခံကို အျမန္ဆုံး ဖမ္းဖို႔ အတြက္ ေဆာင္ရြက္ေနတယ္ လို႔ သိရပါတယ္။

ဓါတ္ပံု - တာေလ(ေထြ/အုပ္)
ေရႊႀတိဂံေဒသသတင္းလႊာ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

#Unicode Version#
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ မိုင်းလင်း (အရှေ့) ကျေးရွာအုပ်စု နမ့်ခမ်း (ဝ)ကျေးရွာ အနီးရှိ တောင်ပေါ် ဒေသ ထင်းခုတ်တဲ့ သစ်တော အတွင်း နေထိုင်သူ(၂)ဦးမှာ ယနေ့ ၂၀၁၈ ခုနှစ် ဧပြီလ (၂၄) ရက်နေ့ နံနက် စောစောပိုင်း အချိန်ခန့် အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဓါးခုတ်မှုဖြစ်ပွါးကာ တစ်ဦး သေဆုံးသွားခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ နံနက် လင်းအားကြီး နံနက်(၁) နာရီ မထိုးမီ အချိန်ခန့်က နမ့်ခမ်း(ဝ)ရွာနေသူကိုမျိုး မှ တယ်လီဖုန်းနဲ့ မိုင်းလင်း နယ်မြေရဲစခန်းကို အကြောင်း ကြားချက်အရ မိုင်းလင်းနယ်မြေရဲ စခန်းမှူး ရဲအုပ် အောင်မင်းဦး ဦးစီးတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မိုင်းလင်း (အရှေ့) အုပ်စု အုပ်ချုပ်ရေးမှူး နှင့် မိုင်းလင်း အုပ်စု ထွေ/အုပ်စာရေး တို့မှ သွားရောက် စစ်ဆေး ကြည့်ရှူခဲ့ရာ၊ နိုင်ထွန်း(ခ) မင်းထွန်း (၃၄)နှစ်နဲ့ အောင်မြင့်ဦး (၄၀)နှစ် တို့နှစ်ဦးမှာ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ နိုင်ထွန်း(ခ) မင်းထွန်း က ဓါးနဲ့ ခုတ်သဖြင့် အောင်မြင့်ဦး မှာ ဦးခေါင်း နဖူး ဝဲဘက်မှာ (၁)လက်မခန့် ပြတ်ရှ ဒါဏ်ရာ (၁)ချက်၊ ဝဲဘက် လက်ဖျံမှာ (၂) လက်မခန့် ပြတ်ရှ ဒဏ်ရာ (၁) ချက် တို့ရရှိပြီး၊ ထင်းခုတ်တဲ့ တဲအတွင်း ပက်လက် အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ သိရကာ ဓါးနဲ့ ခုတ်သူ နိုင်ထွန်း (ခ)မင်းထွန်း မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

ယခု သေဆုံးသူ အောင်မြင်ဦး ရဲ့ လောင်းကို တာလေမြို့ ပြည်သူ့ ဆေးရုံကို ပို့ဆောင် စစ်ဆေးစေပြီး၊ တရားခံ နိုင်ထွန်း (ခ) မင်းထွန်း (၃၄)နှစ် ဆိုသူကို မိုင်းလင်း နယ်မြေ ရဲစခန်း မှ အမှုအမှတ် (၁/ ၂၀၁၈) နဲ့ တရား ဥပဒေ အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက် ကာ ထွက်ပြေး တရားခံကို အမြန်ဆုံး ဖမ်းဖို့ အတွက် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

ဓါတ်ပုံ - တာလေ(ထွေ/အုပ်)
ရွှေတြိဂံဒေသသတင်းလွှာ

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top