×

  လွထံုဆိုတဲ႔ ဇာတ္ေကာင္နဲ႔ အားလံုးက အခ်စ္ပိုၾကတဲ႔ ဆုပန္ထြာက အခု အခ်ိန္မွာ ေပ်ာ္စရာ မိသားစုေလးနဲ႔ အတူ ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းေနတာပါ။ အႏုပညာအလုပ္ေတြလည္း ဆက္တိုက္ျပန္လုပ္ကိုင္ရင္း မိသားစုကိုလည္း အခ်ိန္ေပးတဲ႔ သူမက ခက္ခက္ခဲခဲ ဖန္တီးယူထားရတဲ႔ သူတို႔ မိသားစု ဘဝေလးအေၾကာင္းကို သူမရဲ႕ လူမႈကြန္ယက္အေကာင္႔ကေန မွ်ေဝထားပါတယ္။

သူမတို႔ရဲ႕ အမွတ္တရ ပံုရိပ္ေတြနဲ႔ အတူ ေပ်ာ္ရႊင္စရာ ၾကည္ႏူးစရာ မိသားစုဘဝေလးက ဘယ္လို စတင္ခဲ႔လဲဆိုတာ ဖတ္ၾကည္႔ပါဦးေနာ္။
“အိမ္မွာ Roar Roar Kyawေလးထိန္းရင္းအားေနတဲ့အခ်ိန္ Ko Tin Ko Tun က ရုပ္ရွင္ေတးကဗ်ာမဂၢဇင္းအတြက္ ရိုက္ေပးထားတဲ့ မိသားစုပံုေလးေတြရေတာ့ ရင္ထဲၾကည္ႏူးရတာေလးေရာ၊ ပီတိျဖစ္တာေလးေရာ၊ေယာက္်ာၤးအေပၚခံစားမိတာေလးေတြေရာ၊Roar Roar အေပၚခ်စ္ရတာေလးေတြေရာ ေရးခ်င္မိပါတယ္။ စာရွည္သြားရင္ခြင့္လႊတ္ပါလို႔။ ကိုယ္အပ်ိဳတုန္းကလူေျပာသူေျပာလြတ္ခဲ့ဖူးေပမယ့္ ဒီအိမ္ေထာင္ေလး တည္ေထာင္တဲ့အခ်ိန္ အမွန္တရားရွိေပမယ့္ လူေျပာသူေျပာမ်ားၿပီး ေၾကာက္စရာ ေလာကဓံဆိုတာကို ၾကံ့ၾကံ့ခံရင္း ဒီအိမ္ေထာင္ေလးကို ခက္ခဲၾကမ္းတမ္းစြာ ႏွစ္ေယာက္လံုး တည္ေထာင္ခဲ့ရပါတယ္။

လင္မယားႏွစ္ေယာက္လံုးဘဝေတြေျပာင္းျပန္လွန္ၿပီး မိသားစုဘဝေလးကိုစခဲ့ရတာမို႔တန္ဖိုးႀကီးလြန္းပါတယ္။ ဒီပံုေလးေတြရေတာ့ၾကည့္ၿပီးရင္ထဲၾကည္ၾကည္ႏူးႏူးေလး ခံစားမိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္မအေပၚ တန္ဖိုးထားခ်စ္ၿပီး၊အိမ္ေပၚကဆင္းလာခဲ့တဲ့ကၽြန္မရဲ႕အိမ္ေထာင္ဦးစီးကို တန္ဖိုးထားရင္း၊ေလးစားရင္း သူ႔ကို Ko Okkar Kyaw ကိုဘာအရာႏွင့္မၽွမလဲႏိုင္ေတာ့ပါဘူး။ ကိုဥကၠာ ပန္ပန္႔ကိုစၿပီး Propose လုပ္တုန္းက သူပန္ပန္႔ကိုခ်စ္တာအျပင္တခါတည္းပါ လက္ထပ္ခ်င္တာ၊ ေပ်ာ္စရာေကာင္းတဲ့မိသားစုေလးသူလိုခ်င္တာ၊ေနခ်င္တာ လို႔ေျပာခဲ့ဖူးပါတယ္။

သူအရာရာကိုစြန္႔လႊတ္ခဲ့ၿပီးပန္ပန္နဲ႔ဘဝကိုႏွစ္ေယာက္အတူတူခက္ခက္ခဲခဲႀကိဳးစားရင္ဆိုင္ေက်ာ္ျဖတ္ရင္း သူျဖစ္ခ်င္တဲ့ဘဝေလးရေအာင္ သူႀကိဳးစားဖန္တီးခဲ့တယ္လို႔ ဒီပံုေလးေတြၾကည့္ရင္းၾကည့္ရင္း ပန္ပန္သူ႔အေပၚျမင္မိပါတယ္။ မဂၤလာေဆာင္လက္ထပ္ၿပီးေတာ့လဲ ကေလးေလးတစ္ေယာက္ ခ်က္ခ်င္းယူမယ္ေျပာလို႔၊ ခ်က္ခ်င္းကေလးမယူေသးဖို႔ မနည္းေျပာျပခဲ့ရပါတယ္။ ယူၿပီး ၆ လေနာက္ပိုင္းလတိုင္း ဗိုက္ႀကီးပီလားေမးေမးၿပီး မႀကီးေသးဘူးေျဖတိုင္းမ်က္ရည္ေတြဝိုင္းၿပီး ဝမ္းနည္းေနတတ္တဲ့သူ႔ၾကည့္ၿပီးကိုယ္ပါ Baby ေလးအရမ္းလိုခ်င္လာပါတယ္။

အခုလည္းသူအရမ္းလိုခ်င္လို႔ Baby ေလးယူခဲ့ရေပမယ့္ Roar Roar Kyaw ကိုအခုကၽြန္မကပိုခ်စ္ပါတယ္။ ခိ..အခု သားသားကပါ ကၽြန္မစိတ္ေတြကိုတီတီတာတာနဲ႔ႏူးညံ့တတ္ေအာင္၊ သည္းခံတတ္ေအာင္၊ ကိုယ့္ပါးေလးကိုသူ႔လက္ကေလး ေသးေသးေလးေတြနဲ႔ကိုင္ကိုင္ၿပီး မားမား မာမား လို႔ေခၚတတ္တာေလးက ရင္ထဲေပ်ာ္စရာေလး။ သူလုပ္လို႔မားမားနာသြားရင္ေတာင္ နာတာကိုစိတ္မဆိုးေအာင္အိုင္တင္ေလးေတြနဲ႔ ခ်က္ခ်င္းအရည္ေပ်ာ္ေအာင္လုပ္ျပတတ္ေနပါၿပီ။

အရင္တုန္းကသူမ်ားအန္ရင္ေဘးကေနပ်ိဳ႕ပ်ိဳ႕တက္ၿပီးကိုယ္ပါလိုက္အန္တတ္တဲ့ကၽြန္မ၊ အခု Roar Roar တခါတေလေနမေကာင္းလို႔ႏို႔ခ်ဥ္ေတြမ်ားအန္ရင္ ကိုယ္ကလက္နဲ႔လိုက္ခံရင္း သားေလးကို သနားလြန္းလို႔အန္ခ်င္ဖို႔ေနေနသာသာ ကိုယ္သာျဖစ္လိုက္ခ်င္တယ္သားရယ္ဆိုၿပီးအန္ဖတ္ေတြတကိုယ္လံုးရြဲ ခ်ည္ေဆာ္ေတနံရင္းတန္းလန္း မ်က္ရည္က်ရတာအခါခါရယ္။

အရင္ကအရမ္းအအိပ္မက္ခဲ့တဲ့ကၽြန္မ သားသား တစ္ႏွစ္နဲ႔ခုႏွစ္လသာေက်ာ္တာ တစ္ရက္မွ ညဘက္ေကာင္းေကာင္းမအိပ္ျဖစ္ဖူးရယ္။ အခုထိ မာမား ဗူးဗူးဆိုတာနဲ႔ ေငါက္ကနဲထထုိင္ရင္း သားအတြက္ႏို႔ဗူးထေဖ်ာ္တာေတာင္ သူအားရပါးရႏို႔စို႔တာကို အိပ္ခ်င္မူးတူးၾကည့္ရင္း ေပ်ာ္ေနတတ္တဲ့ကၽြန္မပါ။ တခါတေလ ဘယ္ေလာက္ပင္ပန္းပင္ပန္း ဘယ္ေလာက္အိပ္ေရးပ်က္ပ်က္ မိသားစုဘဝေလးၾကည္ႏူးလြန္းလို႔ “ခ်စ္စရာေကာင္းတဲ့သားေလးေပးထားတဲ့ ေယာက်ၤားကို ေက်းဇူးတင္ပါတယ္” လို႔ပန္ပန္အျမဲေျပာတတ္ပါတယ္။

ဘယ္အေျခအေနဘယ္လိုပဲျဖစ္ျဖစ္ ဘဝတစ္ခုလံုးနဲ႔ရင္းၿပီးတည္ေထာင္ခဲ့ရတဲ့မိသားစုေလးမို႔……. ကၽြန္မေယာက္်ားဘက္မွာအျမဲေနပါမယ္! ကၽြန္မသားအေရွ႕ကအျမဲမားမားမတ္မတ္ရပ္ပါမယ္။”

တကယ္႔ကို ၾကည္ႏူးစရာ မိသားစုဘဝေလးပါပဲ။ သူတို႔ မိသားစုေလးရဲ႕ အေၾကာင္းအရာေတြနဲ႔ အတူ အမွတ္တရ ပံုရိပ္ေလးေတြကိုလည္း ေျပာခ်င္လြန္းလို႔ စာဖတ္သူေတြ အတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Photos- Ko Tin Ko Tun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: luckymyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
လှထုံဆိုတဲ့ ဇာတ်ကောင်နဲ့ အားလုံးက အချစ်ပိုကြတဲ့ ဆုပန်ထွာက အခု အချိန်မှာ ပျော်စရာ မိသားစုလေးနဲ့ အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ အနုပညာအလုပ်တွေလည်း ဆက်တိုက်ပြန်လုပ်ကိုင်ရင်း မိသားစုကိုလည်း အချိန်ပေးတဲ့ သူမက ခက်ခက်ခဲခဲ ဖန်တီးယူထားရတဲ့ သူတို့ မိသားစု ဘဝလေးအကြောင်းကို သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ မျှဝေထားပါတယ်။

သူမတို့ရဲ့ အမှတ်တရ ပုံရိပ်တွေနဲ့ အတူ ပျော်ရွှင်စရာ ကြည်နူးစရာ မိသားစုဘဝလေးက ဘယ်လို စတင်ခဲ့လဲဆိုတာ ဖတ်ကြည့်ပါဦးနော်။
“အိမ်မှာ Roar Roar Kyawလေးထိန်းရင်းအားနေတဲ့အချိန် Ko Tin Ko Tun က ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းအတွက် ရိုက်ပေးထားတဲ့ မိသားစုပုံလေးတွေရတော့ ရင်ထဲကြည်နူးရတာလေးရော၊ ပီတိဖြစ်တာလေးရော၊ယောက်ျာၤးအပေါ်ခံစားမိတာလေးတွေရော၊Roar Roar အပေါ်ချစ်ရတာလေးတွေရော ရေးချင်မိပါတယ်။ စာရှည်သွားရင်ခွင့်လွှတ်ပါလို့။ ကိုယ်အပျိုတုန်းကလူပြောသူပြောလွတ်ခဲ့ဖူးပေမယ့် ဒီအိမ်ထောင်လေး တည်ထောင်တဲ့အချိန် အမှန်တရားရှိပေမယ့် လူပြောသူပြောများပြီး ကြောက်စရာ လောကဓံဆိုတာကို ကြံ့ကြံ့ခံရင်း ဒီအိမ်ထောင်လေးကို ခက်ခဲကြမ်းတမ်းစွာ နှစ်ယောက်လုံး တည်ထောင်ခဲ့ရပါတယ်။

လင်မယားနှစ်ယောက်လုံးဘဝတွေပြောင်းပြန်လှန်ပြီး မိသားစုဘဝလေးကိုစခဲ့ရတာမို့တန်ဖိုးကြီးလွန်းပါတယ်။ ဒီပုံလေးတွေရတော့ကြည့်ပြီးရင်ထဲကြည်ကြည်နူးနူးလေး ခံစားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအပေါ် တန်ဖိုးထားချစ်ပြီး၊အိမ်ပေါ်ကဆင်းလာခဲ့တဲ့ကျွန်မရဲ့အိမ်ထောင်ဦးစီးကို တန်ဖိုးထားရင်း၊လေးစားရင်း သူ့ကို Ko Okkar Kyaw ကိုဘာအရာနှင့်မျှမလဲနိုင်တော့ပါဘူး။ ကိုဥက္ကာ ပန်ပန့်ကိုစပြီး Propose လုပ်တုန်းက သူပန်ပန့်ကိုချစ်တာအပြင်တခါတည်းပါ လက်ထပ်ချင်တာ၊ ပျော်စရာကောင်းတဲ့မိသားစုလေးသူလိုချင်တာ၊နေချင်တာ လို့ပြောခဲ့ဖူးပါတယ်။

သူအရာရာကိုစွန့်လွှတ်ခဲ့ပြီးပန်ပန်နဲ့ဘဝကိုနှစ်ယောက်အတူတူခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကျော်ဖြတ်ရင်း သူဖြစ်ချင်တဲ့ဘဝလေးရအောင် သူကြိုးစားဖန်တီးခဲ့တယ်လို့ ဒီပုံလေးတွေကြည့်ရင်းကြည့်ရင်း ပန်ပန်သူ့အပေါ်မြင်မိပါတယ်။ မင်္ဂလာဆောင်လက်ထပ်ပြီးတော့လဲ ကလေးလေးတစ်ယောက် ချက်ချင်းယူမယ်ပြောလို့၊ ချက်ချင်းကလေးမယူသေးဖို့ မနည်းပြောပြခဲ့ရပါတယ်။ ယူပြီး ၆ လနောက်ပိုင်းလတိုင်း ဗိုက်ကြီးပီလားမေးမေးပြီး မကြီးသေးဘူးဖြေတိုင်းမျက်ရည်တွေဝိုင်းပြီး ဝမ်းနည်းနေတတ်တဲ့သူ့ကြည့်ပြီးကိုယ်ပါ Baby လေးအရမ်းလိုချင်လာပါတယ်။

အခုလည်းသူအရမ်းလိုချင်လို့ Baby လေးယူခဲ့ရပေမယ့် Roar Roar Kyaw ကိုအခုကျွန်မကပိုချစ်ပါတယ်။ ခိ..အခု သားသားကပါ ကျွန်မစိတ်တွေကိုတီတီတာတာနဲ့နူးညံ့တတ်အောင်၊ သည်းခံတတ်အောင်၊ ကိုယ့်ပါးလေးကိုသူ့လက်ကလေး သေးသေးလေးတွေနဲ့ကိုင်ကိုင်ပြီး မားမား မာမား လို့ခေါ်တတ်တာလေးက ရင်ထဲပျော်စရာလေး။ သူလုပ်လို့မားမားနာသွားရင်တောင် နာတာကိုစိတ်မဆိုးအောင်အိုင်တင်လေးတွေနဲ့ ချက်ချင်းအရည်ပျော်အောင်လုပ်ပြတတ်နေပါပြီ။

အရင်တုန်းကသူများအန်ရင်ဘေးကနေပျို့ပျို့တက်ပြီးကိုယ်ပါလိုက်အန်တတ်တဲ့ကျွန်မ၊ အခု Roar Roar တခါတလေနေမကောင်းလို့နို့ချဉ်တွေများအန်ရင် ကိုယ်ကလက်နဲ့လိုက်ခံရင်း သားလေးကို သနားလွန်းလို့အန်ချင်ဖို့နေနေသာသာ ကိုယ်သာဖြစ်လိုက်ချင်တယ်သားရယ်ဆိုပြီးအန်ဖတ်တွေတကိုယ်လုံးရွဲ ချည်ဆော်တေနံရင်းတန်းလန်း မျက်ရည်ကျရတာအခါခါရယ်။

အရင်ကအရမ်းအအိပ်မက်ခဲ့တဲ့ကျွန်မ သားသား တစ်နှစ်နဲ့ခုနှစ်လသာကျော်တာ တစ်ရက်မှ ညဘက်ကောင်းကောင်းမအိပ်ဖြစ်ဖူးရယ်။ အခုထိ မာမား ဗူးဗူးဆိုတာနဲ့ ငေါက်ကနဲထထိုင်ရင်း သားအတွက်နို့ဗူးထဖျော်တာတောင် သူအားရပါးရနို့စို့တာကို အိပ်ချင်မူးတူးကြည့်ရင်း ပျော်နေတတ်တဲ့ကျွန်မပါ။ တခါတလေ ဘယ်လောက်ပင်ပန်းပင်ပန်း ဘယ်လောက်အိပ်ရေးပျက်ပျက် မိသားစုဘဝလေးကြည်နူးလွန်းလို့ “ချစ်စရာကောင်းတဲ့သားလေးပေးထားတဲ့ ယောင်္ကျားကို ကျေးဇူးတင်ပါတယ်” လို့ပန်ပန်အမြဲပြောတတ်ပါတယ်။

ဘယ်အခြေအနေဘယ်လိုပဲဖြစ်ဖြစ် ဘဝတစ်ခုလုံးနဲ့ရင်းပြီးတည်ထောင်ခဲ့ရတဲ့မိသားစုလေးမို့……. ကျွန်မယောက်ျားဘက်မှာအမြဲနေပါမယ်! ကျွန်မသားအရှေ့ကအမြဲမားမားမတ်မတ်ရပ်ပါမယ်။”

တကယ့်ကို ကြည်နူးစရာ မိသားစုဘဝလေးပါပဲ။ သူတို့ မိသားစုလေးရဲ့ အကြောင်းအရာတွေနဲ့ အတူ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပြောချင်လွန်းလို့ စာဖတ်သူတွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photos- Ko Tin Ko Tun

ဖိုးသူတော် (www.phothutaw.com)
Credit: luckymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top