မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
ဒါဆို ဘာလို့ ပီကေကို မမျိုချဖို့ အကြံပေးကြတာလဲဆိုတာကိုတော့ ပီကေဟာ ခန္ဒာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေမပါဝင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
# Unicode Version ဖြင့် ဖတ်ပါ #
စေးကပ်သော အရာတစ်ခုကိုမျိုချမိသောအခါ သင့်အစာအိမ်ကနေ ချေဖျက်ဖို့ ခက်ခဲတယ်ဆိုတာ သိကြပါတယ်။ဒါဟာ တကယ်ပဲလား။
အစာအိမ်နှင့်အူလမ်းကြောင်းဆရာဝန်တစ်ယောက်ဟာ နောက်ဆုံးမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေ ရှာနိုင်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုရှိ NYU Medical Centre of New York မှ ဒေါက်တာ Lisa Ganjhuက Buzzfeed သတင်းဌာနကိုယခုလိုပြောကြားခဲ့ပါတယ်။
“ရာဘာလိုစေးကပ်နေတဲ့ ပီကေတွေဟာ တခြားအစားအစာတွေလိုပဲ အစာအိမ်တလျှောက် ဖြတ်သန်းနိုင်ကြပါတယ်။ဒါပေမယ့် သူတို့ကို ချေဖျက်ဖို့မလွယ်ကူပါဘူး။အစာအိမ်နဲ့အူလမ်းကြောင်းဟာ အလွန်ရှည်လျားပါတယ်။အလွန်မာတဲ့အသားကင်ကိုချေဖျက်နိုင်လောက်တဲ့ အစာချေစနစ်ကမှသာ ပီကေကိုချေဖျက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကျွနု်ပ်တို့ရဲ့ အူလမ်းကြောင်းလှုပ်ရှားမှုတွေမှာရှိတဲ့ အက်ဆစ်နဲ့အင်ဇိုင်းတွေက ပီကေကိုချေဖျက်နိုင်ပေမယ့် ဘေ့စ်ကတော့ မချေဖျက်နိုင်ပါဘူး။ဒါပေမယ့် ကံကောင်းစွာပဲ ပီကေဟာ တခြားအစားအစာတွေလိုပဲ ခန္ဒာကိုယ်ကနေ ပြန်ထွက်သွားနိူင်ပါတယ်။ အစာအိမ်အဝကို ပိတ်နိုင်လောက်တဲ့ပီကေအရွယ်အစားကသာ ဒုက္ခပေးနိုင်တာဖြစ်ပါတယ်။ဒါပေမယ့် အဲ့အရွယ်ရဖို့ ပီကေပမာဏအများကြီးကိုစားရမှာဖြစ်လို့ စိုးရိမ်ဖို့ မလိုပါဘူး။အူလမ်ကြောင်းတလျှောက် ဘယ်အချိန်ထိရှိမယ်ဆိုတာကိုတော့ အတိအကျမသိနိုင်ပါဘူး။”လို့ပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စု Floriaပြည်နယ်ရှိ Orlandoကလေးဆေးရုံမှ ပြောကြားချက်အရ တစ်ပတ်ထက်ပိုပြီး ဗိုက်ထဲရောက်နေတဲ့ပီကေတွေကိုတော့ အူမှန်ပြောင်းနဲ့မမြင်တွေ့နိုင်ပါဘူး။ ဒါကြောင့် ပီကေကို တခြားအစာတွေလို ခန္ဒာကိုယ်က စွန့်ပစ်နိုင်တာသေချာပါတယ်။သိူ့ပေမယ့် လူတစ်ဦးနဲ့တစ်ဦးအစာချေစနစ်ကွဲပြားတာမို့ ကြာချိန် အတိအကျမတူနိုင်ပါဘူး။
ဒါဆို ဘာလို့ ပီကေကို မမျိူချဖို့ အကြံပေးကြတာလဲဆိုတာကိုတော့ ပီကေဟာ ခန္ဒာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေမပါဝင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Dr Jue (Daily Hot News)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top