ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ၾကာသပေတးသားသမီးမ်ား

ႀကီးပြားတိုးတက္ေအာင္ျမင္ခ်မ္းသာမည့္ အခြင့္အလမ္းေကာင္း ၊ အေျခအေနေကာင္း ၊ အဆက္အသြယ္ေကာင္း ၊ အႀကံေကာင္းဥာဏ္ေကာင္း ၊ မိတ္ေကာင္းေဆြေကာင္းမ်ားရလတၱံ႔ ေကာင္းေသာအႀကံအစည္ ရည္ရြယ္ခ်က္မ်ားေအာင္ျမင္လတၱံ႔။ ဘ၀တစ္ဆင့္ခ်ဳိးေျပာင္းလဲျမင့္တက္သြားအံ့။စီးပြားတက္အံ့။ နာမည္ဂုဏ္သတင္းေက်ာေဇာထင္ရွားအံ့။အေကာင္းေျပာ ခ်ီးမြမ္းခံရလတၱံ႔။တရားထူးအသိထူးရအံ့။ရာထူးတိုးလစာတိုးျခင္း၊အလုပ္ေနရာေကာင္းရရွိျခင္းမ်ားႀကံဳလတၱံ႔။ကံတရာ သက္ရွိသက္မဲ့ အားလံုးတို႔၏ မ်က္ႏွာသာေပးျခင္း ခံရလတၱံ႕။စိတ္ထဲမွာ ျဖတ္ခနဲေပၚလာလွ်င္ ဆတ္ခနဲ ထလုပ္ပါ။

ေငြေရးေၾကးေရး – ေငြေၾကးကံ အင္မတန္ေကာင္းေနအံ့ ။ ေရစီးသလိုေငြ၀င္ေနအံ့ ။ ေနရာမ်ဳိးစံုက ပံုစံအမ်ဳိးမ်ဳိးႏွင့္ ေငြအ၀င္ၾကမ္းေနအံ့။ အ၀င္လည္းၾကမ္း အထြက္လည္းၾကမ္း ျဖစ္ေနအံ့။ ၀င္သေလာက္ သံုးျဖဳန္းမိေနအံ့ ။ မလုိအပ္သည့္ေနရာမ်ားတြင္ မသံုးမိရန္သတိျပဳပါ။ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းေဆာင္ရြက္ပါ။

ေငြေရးေၾကးေရး အထူးယၾတာ – ေျခသည္း လက္သည္း ဆံပင္ အမႈိက္ ေကာ္ပစၥည္းအစုတ္မ်ားကို ေကာ္ဗူးအစုတ္ထဲတြင္ထည့္ၿပီး ေနာက္ေဖးတြင္ မၾကာခဏစြန္႔ရင္း ဆုေတာင္းပါ။ ( ၀င္လာသမွ်ေငြေတြကို မေလလြင့္ေအာင္ အထူးဂရုျပဳပါ)

အခ်စ္ေရး – အပ်ဳိ၊လူပ်ဳိမ်ား မိမိကိုၾကင္နာတတ္သူ မိမိကိုတန္ဖိုးထားသူမ်ားႏွင့္ခ်စ္သူျဖစ္ရတတ္။ အခ်စ္ရဲ႕ခ်ိန္ၿမိန္တဲ့ အသီးအပြင့္မ်ားကို ဆြတ္ယူစားသံုးရအံ့။ ခ်စ္စိတ္ေတြ ငယ္ထိပ္ေရာက္ေနအံ့။ အခ်စ္ေရးမွာ ပန္းႏုေရာင္ေတြ လႊမ္းမိုးေနအံ့။ မိမိထက္အဆင့္အတန္းျမင့္မားသူ ခ်မ္းသာသူမ်ားႏွင့္ ဖူးစာဆံု အိမ္ေထာင္က်လတၱံ႔။

အိမ္ေထာင္ေရး – အိမ္ေထာင္ဖက္၏ ဂရုစိုက္ျခင္း၊အလိုလိုက္ျခင္း၊ေကာင္းက်ဳိးျပဳျခင္းကို ခံရလတၱံ႔။ မိမိ၏လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားအတြက္ အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္း ဥာဏ္ကာင္းမ်ားရလတၱံ႔။အိမ္ေထာင္ဖက္ကို အေၾကာင္းျပဳ၍စီးပြားတက္အံ့။ စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ရအံ့။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ဗုဒၵဟူးသားသမီးမ်ား ၊ နာမည္တြင္ ရ ယ လ ၀ ပါေသာသူမ်ား ၊ ျမစ္နား ေခ်ာင္းနား ေရနားနီးေသာသူမ်ား ၊ အေအး ၊ အရက္ဘီယာ ၊ ေရသန္႔ ၊ အလွအပ ၊ အႏုပညာ ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။(သတိထားရန္)

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – အေထြအထူးလုပ္ရန္မလိုပါ ။ လုပ္ခ်င္သပဆိုလွ်င္ သူငယ္ခ်င္းမိတ္ေဆြမ်ား ေကာ္ရည္ေခါက္ဆြဲ ဒါနလုပ္ပါ။

က်န္းမာေရး – ၀မ္းဗိုက္ ၊ ေလ ၊ လည္ပင္း ၊ ရင္ေဂါင္း ၊ လက္ ၊ ေရခ်ဳိးမွားျခင္း ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။ (တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

ယၾတာ။ ။မည့္သည့္ေန႔တြင္မဆို မနက္(၆)နာရီ (၂၀) မိနစ္တိတိတြင္ ၾကာဇံေၾကာ္ (၂)ပြဲ ၊ သစ္သီး(၆)လံုး ၊ ေသာက္ေတာ္ေရ (၂)ခြက္ ၊ ဖေယာင္းတိုင္ (၂) တိုင္ ၊ မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း
# Unicode Version ျဖင့္ ဖတ္ပါ #
ကြာသပတေးသားသမီးများ

ကြီးပွားတိုးတက်အောင်မြင်ချမ်းသာမည့် အခွင့်အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်းဉာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများရလတ္တံ့ ကောင်းသောအကြံအစည် ရည်ရွယ်ချက်များအောင်မြင်လတ္တံ့။ ဘဝတစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့။စီးပွားတက်အံ့။ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။အကောင်းပြော ချီးမွမ်းခံရလတ္တံ့။တရားထူးအသိထူးရအံ့။ရာထူးတိုးလစာတိုးခြင်း၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့။ကံတရာ သက်ရှိသက်မဲ့ အားလုံးတို့၏ မျက်နှာသာပေးခြင်း ခံရလတ္တံ့။စိတ်ထဲမှာ ဖြတ်ခနဲပေါ်လာလျှင် ဆတ်ခနဲ ထလုပ်ပါ။

ငွေရေးကြေးရေး – ငွေကြေးကံ အင်မတန်ကောင်းနေအံ့ ။ ရေစီးသလိုငွေဝင်နေအံ့ ။ နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင်ကြမ်းနေအံ့။ အဝင်လည်းကြမ်း အထွက်လည်းကြမ်း ဖြစ်နေအံ့။ ဝင်သလောက် သုံးဖြုန်းမိနေအံ့ ။ မလိုအပ်သည့်နေရာများတွင် မသုံးမိရန်သတိပြုပါ။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းဆောင်ရွက်ပါ။

ငွေရေးကြေးရေး အထူးယတြာ – ခြေသည်း လက်သည်း ဆံပင် အမှိုက် ကော်ပစ္စည်းအစုတ်များကို ကော်ဗူးအစုတ်ထဲတွင်ထည့်ပြီး နောက်ဖေးတွင် မကြာခဏစွန့်ရင်း ဆုတောင်းပါ။ ( ဝင်လာသမျှငွေတွေကို မလေလွင့်အောင် အထူးဂရုပြုပါ)

အချစ်ရေး – အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။ အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရအံ့။ ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေအံ့။ အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့။ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။ မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကာင်းများရလတ္တံ့။အိမ်ထောင်ဖက်ကို အကြောင်းပြု၍စီးပွားတက်အံ့။ စိတ်ချမ်းသာ ပျော်ရွှင်ရအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် ဗုဒ္ဒဟူးသားသမီးများ ၊ နာမည်တွင် ရ ယ လ ၀ ပါသောသူများ ၊ မြစ်နား ချောင်းနား ရေနားနီးသောသူများ ၊ အအေး ၊ အရက်ဘီယာ ၊ ရေသန့် ၊ အလှအပ ၊ အနုပညာ နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။(သတိထားရန်)

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – အထွေအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများ ကော်ရည်ခေါက်ဆွဲ ဒါနလုပ်ပါ။

ကျန်းမာရေး – ဝမ်းဗိုက် ၊ လေ ၊ လည်ပင်း ၊ ရင်ဂေါင်း ၊ လက် ၊ ရေချိုးမှားခြင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၆)နာရီ (၂၀) မိနစ်တိတိတွင် ကြာဇံကြော် (၂)ပွဲ ၊ သစ်သီး(၆)လုံး ၊ သောက်တော်ရေ (၂)ခွက် ၊ ဖယောင်းတိုင် (၂) တိုင် ၊ မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit:မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top