ကမာၻ႔အသက္အရွည္ဆုံး အဘိုးအိုလို႔ သတ္မွတ္ခံထားရသူဟာ ဂ်ပန္ႏိုင္ငံက အသက္၁၁၂ ႏွစ္ရွိတဲ့ မာဆာဇိုႏိုနာကာပဲ ျဖစ္ပါတယ္။ အဘိုးဟာ ၁၉၀၅ ဇူလိုင္ ၂၅ ရက္မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး လက္ရွိအထိ က်န္းမာအသက္ရွည္စြာ ေနထုိင္နည္း လွ်ိဳ႕ဝွက္ခ်က္ကို ဖြင့္ေျပာလာပါတယ္။

ဒါကေတာ့ အခ်ဳိစားၿပီး ေရပူခ်ဳိးတာပဲ ျဖစ္တယ္လို႔ အဘိုး မာဆာဇုိက ဆိုပါတယ္။ အယ္ဘတ္အုိင္စတုိင္းက ၎ရဲ႕ ႏႈိင္းရသီအိုရီကုိ ထုတ္ေဖာ္ျခင္း မတိုင္ခင္မွာ လမ်ားစြာအလိုက ေမြးဖြားၿပီး လက္ရွိအထိ အသက္ရွင္ေနထုိင္ေနသူ အဘိုးမာဆာဇိုဟာ ဟိုကိုင္းဒိုးကၽြန္းမွ ေရပူစမ္းဖြင့္လွစ္ထားတဲ့ ၎ရဲ႕ မိသားစုနဲ႔အတူ ေနထိုင္ေနတာျဖစ္ပါတယ္။

ကမာၻ႔ သက္ေတာ္ရွည္ဘိုးဘိုးတစ္ဦးျဖစ္တဲ့ အသက္ ၁၁၂ ႏွစ္နဲ႔ ၂၅၉ ရက္ အသက္ရွည္သူ မာဆာအိုဟာ ၁၉၃၁ ခုႏွစ္မွာ ဇနီး ဟတ္ဆူႏိုနဲ႔ လက္ထပ္ခဲ့ၿပီး သားသမီး ငါးဦး ထြန္းကားပါတယ္။ ေဖေဖာ္ဝါရီလအတြင္းက အသက္ ၁၁၃ ႏွစ္ရွိ စပိန္က ႏုနက္အိုလီဗာရာ ကြယ္လြန္ၿပီးေနာက္မွာ မာဆာအိုဟာ ကမာၻ႔ဂင္းနစ္မွတ္တမ္းမွာ ကမာၻေပၚ အသက္အရွည္ဆုံး အမ်ိဳးသားအျဖစ္ မွတ္တမ္းတင္ ေဖာ္ျပခံရတာျဖစ္ပါတယ္။

ထိုမွတ္တမ္းဆုကို လက္ခံရယူခ်ိန္မွာ မာဆာဇိုဟာ ကီမိုႏိုစတိုင္ဂ်က္ကက္ကိုဝတ္ဆင္ၿပီး ၿပံဳးလဲ့လဲ့ ရွိပါတယ္။ မိသားစုနဲ႔ အုပ္စုလိုက္ ဓာတ္ပုံ႐ုိက္ရာမွာလည္း ေအာင္ပြဲသေကၤတ လက္ေျမွာက္ျပခဲ့ပါတယ္။ အထိမ္းအမွတ္အျဖစ္နဲ႔လည္း ကိတ္မုန္႔ခြဲ တုိ႔ကာစားၿပီး အလြန္အရသာရွိတယ္လို႔လည္း ေျပာလိုက္ပါတယ္။

ေျမးမျဖစ္သူ ယူကိုက “အဘိုးဟာ ဝွီးခ်ဲနဲ႔ သြား လာေနရတယ္။ ဒါေပမယ့္ က်န္းမာေရးကေတာ့ ေကာင္းေနတုန္းပဲ။”လို႔ ေျပာပါတယ္။ “သူဟာ ဘယ္လို အခ်ဳိမ်ဳိးမဆို ႏွစ္သက္တယ္။ ဂ်ပန္အစားအစာပဲျဖစ္ျဖစ္၊ ဥေရာပအစားအစာပဲျဖစ္ျဖစ္ အခ်ဳိသိပ္ႀကိဳက္တယ္။ ေန႔တိုင္းလည္း သတင္းစာဖတ္တယ္။ ေရပူစမ္းမွာပဲ အၿမဲေရခ်ိဳးတာျဖစ္တယ္။”လို႔ ယူကိုက ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ ဂင္းနစ္မွတ္တမ္းအဖြဲ႔ဟာ ကမာၻ႔သက္ရွိထင္ရွား အသက္အရွည္ဆုံး မွတ္တမ္းဆုအတြက္ ေပးအပ္ထုိက္သူကို စုံစမ္းရွာေဖြလ်က္ရွိပါတယ္။ ၂၀၁၇ ခုႏွစ္ ဇူလိုင္လအတြင္းမွာ ဂ်ာေမကာမွ ဗိုင္အိုလက္ဘေရာင္း အသက္ ၁၁၇
ႏွစ္မွာ ကြယ္လြန္ၿပီးေနာက္ပိုင္း ဘယ္သူမွ သူ႔ေလာက္ အသက္အရွည္ဆုံးလူပုဂၢိဳလ္အျဖစ္ မွတ္တမ္းအတင္မခံရေသးပါဘူး။

ဂ်ပန္ႏိုင္ငံဟာ အသက္ရွည္စြာ ေနထုိင္ႏိုင္တဲ့ လူဦးေရမ်ားျပားတဲ့ တစ္ႏိုင္ငံလည္း ျဖစ္ပါတယ္။ အသက္ ၁၀၀ ႏွင့္ အထက္ ဦးေရ ၆၈၀၀၀ နီးပါးရွိတယ္လို႔ ၂၀၁၇ ခုႏွစ္အတြင္းက ဂ်ပန္အစိုးရက ထုတ္ျပန္ထားပါတယ္။

Rf; Sky News

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္ ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ့အသက်အရှည်ဆုံး အဘိုးအိုလို့ သတ်မှတ်ခံထားရသူဟာ ဂျပန်နိုင်ငံက အသက်၁၁၂ နှစ်ရှိတဲ့ မာဆာဇိုနိုနာကာပဲ ဖြစ်ပါတယ်။ အဘိုးဟာ ၁၉၀၅ ဇူလိုင် ၂၅ ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအထိ ကျန်းမာအသက်ရှည်စွာ နေထိုင်နည်း လျှို့ဝှက်ချက်ကို ဖွင့်ပြောလာပါတယ်။

ဒါကတော့ အချိုစားပြီး ရေပူချိုးတာပဲ ဖြစ်တယ်လို့ အဘိုး မာဆာဇိုက ဆိုပါတယ်။ အယ်ဘတ်အိုင်စတိုင်းက ၎င်းရဲ့ နှိုင်းရသီအိုရီကို ထုတ်ဖော်ခြင်း မတိုင်ခင်မှာ လများစွာအလိုက မွေးဖွားပြီး လက်ရှိအထိ အသက်ရှင်နေထိုင်နေသူ အဘိုးမာဆာဇိုဟာ ဟိုကိုင်းဒိုးကျွန်းမှ ရေပူစမ်းဖွင့်လှစ်ထားတဲ့ ၎င်းရဲ့ မိသားစုနဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ သက်တော်ရှည်ဘိုးဘိုးတစ်ဦးဖြစ်တဲ့ အသက် ၁၁၂ နှစ်နဲ့ ၂၅၉ ရက် အသက်ရှည်သူ မာဆာအိုဟာ ၁၉၃၁ ခုနှစ်မှာ ဇနီး ဟတ်ဆူနိုနဲ့ လက်ထပ်ခဲ့ပြီး သားသမီး ငါးဦး ထွန်းကားပါတယ်။ ဖေဖော်ဝါရီလအတွင်းက အသက် ၁၁၃ နှစ်ရှိ စပိန်က နုနက်အိုလီဗာရာ ကွယ်လွန်ပြီးနောက်မှာ မာဆာအိုဟာ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ ကမ္ဘာပေါ် အသက်အရှည်ဆုံး အမျိုးသားအဖြစ် မှတ်တမ်းတင် ဖော်ပြခံရတာဖြစ်ပါတယ်။

ထိုမှတ်တမ်းဆုကို လက်ခံရယူချိန်မှာ မာဆာဇိုဟာ ကီမိုနိုစတိုင်ဂျက်ကက်ကိုဝတ်ဆင်ပြီး ပြုံးလဲ့လဲ့ ရှိပါတယ်။ မိသားစုနဲ့ အုပ်စုလိုက် ဓာတ်ပုံရိုက်ရာမှာလည်း အောင်ပွဲသင်္ကေတ လက်မြှောက်ပြခဲ့ပါတယ်။ အထိမ်းအမှတ်အဖြစ်နဲ့လည်း ကိတ်မုန့်ခွဲ တို့ကာစားပြီး အလွန်အရသာရှိတယ်လို့လည်း ပြောလိုက်ပါတယ်။

မြေးမဖြစ်သူ ယူကိုက “အဘိုးဟာ ဝှီးချဲနဲ့ သွား လာနေရတယ်။ ဒါပေမယ့် ကျန်းမာရေးကတော့ ကောင်းနေတုန်းပဲ။”လို့ ပြောပါတယ်။ “သူဟာ ဘယ်လို အချိုမျိုးမဆို နှစ်သက်တယ်။ ဂျပန်အစားအစာပဲဖြစ်ဖြစ်၊ ဥရောပအစားအစာပဲဖြစ်ဖြစ် အချိုသိပ်ကြိုက်တယ်။ နေ့တိုင်းလည်း သတင်းစာဖတ်တယ်။ ရေပူစမ်းမှာပဲ အမြဲရေချိုးတာဖြစ်တယ်။”လို့ ယူကိုက ဆိုပါတယ်။

လက်ရှိအချိန်မှာ ဂင်းနစ်မှတ်တမ်းအဖွဲ့ဟာ ကမ္ဘာ့သက်ရှိထင်ရှား အသက်အရှည်ဆုံး မှတ်တမ်းဆုအတွက် ပေးအပ်ထိုက်သူကို စုံစမ်းရှာဖွေလျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းမှာ ဂျာမေကာမှ ဗိုင်အိုလက်ဘရောင်း အသက် ၁၁၇
နှစ်မှာ ကွယ်လွန်ပြီးနောက်ပိုင်း ဘယ်သူမှ သူ့လောက် အသက်အရှည်ဆုံးလူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းအတင်မခံရသေးပါဘူး။

ဂျပန်နိုင်ငံဟာ အသက်ရှည်စွာ နေထိုင်နိုင်တဲ့ လူဦးရေများပြားတဲ့ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အသက် ၁၀၀ နှင့် အထက် ဦးရေ ၆၈၀၀၀ နီးပါးရှိတယ်လို့ ၂၀၁၇ ခုနှစ်အတွင်းက ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။

Rf; Sky News

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့် ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top