ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ၾသစေၾတးလ်ႏုိင္ငံက အသက္ ၁၂ ႏွစ္အရြယ္ ေယာက္်ားေလးတဦး မိဘေတြနဲ႔ စကားမ်ားၿပီးတဲ့ေနာက္ မိခင္ရဲ႕ အေႂကြးဝယ္ကတ္ကုိ ခုိးယူကာ ဘာလီကုိ ေလယာဥ္နဲ႔သြားၿပီး ၄ ရက္ေလာက္ ဇိမ္က်ခဲ့တယ္လို႔ သိရပါတယ္။

အမည္မေဖာ္ျပတဲ့ အဲဒီေယာက္်ားေလးဟာ မိဘေတြရဲ႕ ခြင့္ျပဳခ်က္မပါဘဲ ဘယ္ေလယာဥ္လုိင္းက သူ႔ကုိ ေလယာဥ္စီးခြင့္ျပဳမလဲဆုိတာ ရွာေဖြၿပီးတဲ့ေနာက္ ေလယာဥ္လက္မွတ္ ႀကိဳတင္မွာယူခဲ့ပါတယ္။

အင္ဒုိနီးရွားကြၽန္းကုိ သြားလုိ႔ရမယ့္ ေဈးေပါတဲ့ ေလယာဥ္လုိင္းကို ရွာေဖြႏုိင္ခဲ့ၿပီး ေက်ာင္းတက္ရက္မွာ သြားႏုိင္မယ့္ခရီးအတြက္ ေလယာဥ္လက္မွတ္ ႀကိဳတင္မွာယူခဲ့တာလုိ႔ ႏုိင္းနယူးစ္သတင္းဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ကေလးက အဘြားဆီက သူ႔ရဲ႕ ႏိုင္ငံကူးလက္မွတ္ကို ညာေတာင္းၿပီး သူ႔ရဲ႕ တကုိယ္ေတာ္စြန္႔စားခရီးအတြက္ ေလယာဥ္ကြင္းကုိ ရထားစီးၿပီး စထြက္ခဲ့ပါတယ္။

ေလယာဥ္ကြင္းမွာ ကေလးက ကုိယ့္အားကုိယ္ကုိးစနစ္နဲ႔ ၾသစေၾတးလ်ႏုိင္ငံ ဆစ္ဒနီကေန ပါ့သ္ကိုသြားတဲ့ ေလယာဥ္ကုိစီး၊ အဲဒီေနာက္ ဒန္ပါစာကေန အင္ဒုိနီးရွားႏုိင္ငံ ဘာလီကြၽန္းကုိ သြားတဲ့ ေလယာဥ္ကို စီးခဲ့တာပါ။

ကေလးကေတာ့ ပါ့သ္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ ဘာေၾကာင့္ သူတေယာက္တည္း ျဖစ္ေနသလဲဆုိတာ ဘယ္သူမွ မေမးလို႔ အံ့ၾသမိတယ္လုိ႔ ေျပာပါတယ္။

“သူတုိ႔က က်ေနာ္ အလယ္တန္းေက်ာင္းသား ဆုိတာရယ္၊ အသက္ ၁၂ ႏွစ္ေက်ာ္ၿပီ ဆုိတာရယ္ကို သိဖုိ႔ က်ေနာ့္ရဲ႕ ေက်ာင္းသားကတ္နဲ႔ ႏုိင္ငံကူးလက္မွတ္ကုိပဲ ေတာင္းၿပီး စစ္ေဆးခဲ့တယ္” လုိ႔ ႏုိင္းနယူးစ္သတင္းဌာနကို ေျပာပါတယ္။

သူ ေက်ာင္းလာမတက္လုိ႔ မိဘေတြက ေပ်ာက္ေနေၾကာင္း အာဏာပုိင္ေတြကို အေၾကာင္းၾကားခ်ိန္မွာေတာ့ ကေလးက ဘာလီက ၾကယ္ေလးပြင့္ All Seasons Hotel ႀကီးမွာ ဇိမ္က်ေနပါတယ္။

ကေလး ၂ ဦးရဲ႕မိခင္ျဖစ္သူ အမ္မာက “တကယ့္ကို စိတ္ပ်က္ ထိတ္လန္႔စရာပါပဲ။ ကေလးက ႏုိင္ငံျခားကုိ တေယာက္တည္း ခရီးထြက္သြားတယ္ဆုိတာ သိေတာ့ ဘယ္လုိခံစားရမွန္းေတာင္ မသိေတာ့ဘူး” လုိ႔ ေျပာပါတယ္။ သူမရဲ႕သားက ‘မရဘူး’ ဆုိတဲ့စကားကုိ မႀကိဳက္ဘူးလုိ႔လည္း ေျပာပါတယ္။

အဲဒီကေလးကေတာ့ “က်ေနာ္က စြန္႔စားသြားလာခ်င္ေတာ့ ဒါက အရမ္းကို ေကာင္းပါတယ္” လုိ႔ ေျပာပါတယ္။

သူ ဘယ္မွာဆုိတာ မိဘေတြ ရွာေတြ႔ခ်ိန္မွာ ဘာလီကေန သူ႔အိမ္ရွိရာ ဆစ္ဒနီကို ေလယာဥ္နဲ႔ ျပန္လာခဲ့တယ္လုိ႔ ေမရာသတင္းမွာ ဧၿပီ ၂၁ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
သြစတြေးလျနိုင်ငံက အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတဦး မိဘတွေနဲ့ စကားများပြီးတဲ့နောက် မိခင်ရဲ့ အကြွေးဝယ်ကတ်ကို ခိုးယူကာ ဘာလီကို လေယာဉ်နဲ့သွားပြီး ၄ ရက်လောက် ဇိမ်ကျခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်ပြတဲ့ အဲဒီယောက်ျားလေးဟာ မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်လေယာဉ်လိုင်းက သူ့ကို လေယာဉ်စီးခွင့်ပြုမလဲဆိုတာ ရှာဖွေပြီးတဲ့နောက် လေယာဉ်လက်မှတ် ကြိုတင်မှာယူခဲ့ပါတယ်။

အင်ဒိုနီးရှားကျွန်းကို သွားလို့ရမယ့် ဈေးပေါတဲ့ လေယာဉ်လိုင်းကို ရှာဖွေနိုင်ခဲ့ပြီး ကျောင်းတက်ရက်မှာ သွားနိုင်မယ့်ခရီးအတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူခဲ့တာလို့ နိုင်းနယူးစ်သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကလေးက အဘွားဆီက သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ညာတောင်းပြီး သူ့ရဲ့ တကိုယ်တော်စွန့်စားခရီးအတွက် လေယာဉ်ကွင်းကို ရထားစီးပြီး စထွက်ခဲ့ပါတယ်။

လေယာဉ်ကွင်းမှာ ကလေးက ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီကနေ ပါ့သ်ကိုသွားတဲ့ လေယာဉ်ကိုစီး၊ အဲဒီနောက် ဒန်ပါစာကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို သွားတဲ့ လေယာဉ်ကို စီးခဲ့တာပါ။

ကလေးကတော့ ပါ့သ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဘာကြောင့် သူတယောက်တည်း ဖြစ်နေသလဲဆိုတာ ဘယ်သူမှ မမေးလို့ အံ့သြမိတယ်လို့ ပြောပါတယ်။

“သူတို့က ကျနော် အလယ်တန်းကျောင်းသား ဆိုတာရယ်၊ အသက် ၁၂ နှစ်ကျော်ပြီ ဆိုတာရယ်ကို သိဖို့ ကျနော့်ရဲ့ ကျောင်းသားကတ်နဲ့ နိုင်ငံကူးလက်မှတ်ကိုပဲ တောင်းပြီး စစ်ဆေးခဲ့တယ်” လို့ နိုင်းနယူးစ်သတင်းဌာနကို ပြောပါတယ်။

သူ ကျောင်းလာမတက်လို့ မိဘတွေက ပျောက်နေကြောင်း အာဏာပိုင်တွေကို အကြောင်းကြားချိန်မှာတော့ ကလေးက ဘာလီက ကြယ်လေးပွင့် All Seasons Hotel ကြီးမှာ ဇိမ်ကျနေပါတယ်။

ကလေး ၂ ဦးရဲ့မိခင်ဖြစ်သူ အမ်မာက “တကယ့်ကို စိတ်ပျက် ထိတ်လန့်စရာပါပဲ။ ကလေးက နိုင်ငံခြားကို တယောက်တည်း ခရီးထွက်သွားတယ်ဆိုတာ သိတော့ ဘယ်လိုခံစားရမှန်းတောင် မသိတော့ဘူး” လို့ ပြောပါတယ်။ သူမရဲ့သားက ‘မရဘူး’ ဆိုတဲ့စကားကို မကြိုက်ဘူးလို့လည်း ပြောပါတယ်။

အဲဒီကလေးကတော့ “ကျနော်က စွန့်စားသွားလာချင်တော့ ဒါက အရမ်းကို ကောင်းပါတယ်” လို့ ပြောပါတယ်။

သူ ဘယ်မှာဆိုတာ မိဘတွေ ရှာတွေ့ချိန်မှာ ဘာလီကနေ သူ့အိမ်ရှိရာ ဆစ်ဒနီကို လေယာဉ်နဲ့ ပြန်လာခဲ့တယ်လို့ မေရာသတင်းမှာ ဧပြီ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top