ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဧၿပီလ (၂၁) ရက္ေန႔ မြန္းလြဲပိုင္းအခ်ိန္ခန္႔က ကေလးၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ နယ္ေျမ (၃) အေရွ႕ေတာင္ဘက္ တစ္မုိင္ခြဲခန္႔အေ၀းက တာ၀ါတုိင္အနီး လယ္ေတာတဲမွာ ႀကိဳးဆြဲခ် ေသဆံုးခဲ့တဲ့ အမ်ိဳးသားတဦးကို ေတြ႔ခဲ့တယ္လို႔ ကေလးၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ရူပက ေျပာပါတယ္။

“ေသဆံုးခဲ့တဲ့အခ်ိန္ကိုေတာ့ အတိအက် မသိပါဘူး။ ရပ္ကြက္က အေၾကာင္းၾကားလို႔ သြားၾကည့္ေတာ့ အကာအရံမရွိတဲ့ တဲမွာ လြယ္အိတ္ႀကိဳးနဲ႔ ခ်ိတ္ၿပီး ေသဆံုးေနတာ ေတြ႔ရတယ္။ အဲ့ဒီလြယ္အိတ္ထဲမွာ မေသဆံုးခင္ ေရးထားတဲ့စာရြက္ ေတြ႔ရတယ္” လို႔ ဆုိပါတယ္။

ေသဆံုးသူရဲ႕ မေသဆံုးခင္ ေရးထားခဲ့တယ္လို႔ ယူဆရတဲ့ စာရြက္မွာေတာ့ သူ႔ရဲ႕ အမ်ိဳးသမီးအား မွာထားခဲ့တဲ့ စာရြက္တစ္ရြက္ကို ႏွစ္ဖက္ေရးသားထားတဲ့ စာေတြနဲ႔အတူ ေတြ႔ရၿပီး ေသဆံုးသူမွာ ကေလး သံုးဦးရဲ႕ ဖခင္လည္း ျဖစ္တယ္လို႔ သိရပါတယ္။

ေသဆံုးသူဟာ ေအာင္မဂၤလာရပ္ကြက္ေန အသက္ (၃၄) ႏွစ္အရြယ္ ထြန္းလိႈင္၀င္းဆုိသူ ျဖစ္ၿပီး ယာဥ္ေမာင္းအလုပ္လုပ္ကိုင္ေနသူျဖစ္ပါတယ္။

ခုလုိ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ကေလးၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ရူပက တရားလုိျပဳကာ ေသမႈေသခင္း အမွတ္စဥ္ (၆/၂၀၁၈) နဲ႔ အမႈဖြင့္ထားကာ ဓမၼတာအတုိင္းေသဆံုးျခင္း ဟုတ္မဟုတ္ စစ္ေဆးေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းရဲစစ္ႏုိင္
# Unicode Version ျဖင့္ ဖတ္ပါ #
ဧပြီလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ (၃) အရှေ့တောင်ဘက် တစ်မိုင်ခွဲခန့်အဝေးက တာဝါတိုင်အနီး လယ်တောတဲမှာ ကြိုးဆွဲချ သေဆုံးခဲ့တဲ့ အမျိုးသားတဦးကို တွေ့ခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက ဒုရဲအုပ်ရူပက ပြောပါတယ်။

“သေဆုံးခဲ့တဲ့အချိန်ကိုတော့ အတိအကျ မသိပါဘူး။ ရပ်ကွက်က အကြောင်းကြားလို့ သွားကြည့်တော့ အကာအရံမရှိတဲ့ တဲမှာ လွယ်အိတ်ကြိုးနဲ့ ချိတ်ပြီး သေဆုံးနေတာ တွေ့ရတယ်။ အဲ့ဒီလွယ်အိတ်ထဲမှာ မသေဆုံးခင် ရေးထားတဲ့စာရွက် တွေ့ရတယ်” လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ မသေဆုံးခင် ရေးထားခဲ့တယ်လို့ ယူဆရတဲ့ စာရွက်မှာတော့ သူ့ရဲ့ အမျိုးသမီးအား မှာထားခဲ့တဲ့ စာရွက်တစ်ရွက်ကို နှစ်ဖက်ရေးသားထားတဲ့ စာတွေနဲ့အတူ တွေ့ရပြီး သေဆုံးသူမှာ ကလေး သုံးဦးရဲ့ ဖခင်လည်း ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အောင်မင်္ဂလာရပ်ကွက်နေ အသက် (၃၄) နှစ်အရွယ် ထွန်းလှိုင်ဝင်းဆိုသူ ဖြစ်ပြီး ယာဉ်မောင်းအလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

ခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက ဒုရဲအုပ်ရူပက တရားလိုပြုကာ သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၈) နဲ့ အမှုဖွင့်ထားကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းရဲစစ်နိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top