iMyanmarHouse.com - Best Property Website for Myanmar
×

ရုတ္​တရက္​တစ္​​ေယာက္​​ေယာက္​က အပူအိတ္​​ေလးနဲ႔ လာကပ္​လိုက္​သလို ဖိန္​းခနဲရွိန္​းခနဲ ျဖစ္​ရတဲ့အ​ေၾကာင္​းရင္​း​ေတြဟာ ​ေသြးဆံုးခါနီးနဲ႔ ​ေသြးဆံုးၿပီးသူ​ေတြမွာ အဓိကခံစားရတတ္​​ေပမယ္​့ တစ္​ခါတစ္​​ေလ ​ေသြးမဆံုးပဲလည္​း ခံစားရတတ္​ပါတယ္​။ ဒီလိုျဖစ္​တဲ့အခါ ႏွလံုး​ေတြတုန္​ရင္​​ေတြခုန္​ၿပီး ပူရွိန္​းပူရွိန္​းျဖစ္​လာတတ္​ပါတယ္​။ ဒါတင္​မက အသား​ေတြနီရဲလာၿပီး တစ္​ကုိယ္​လံုး​ေခြၽး​ေတြနဲ႔ ခြၽဲခြၽဲစိုလာတတ္​ပါတယ္​။ ဒီလိုျဖစ္​​ေစနိုင္​တဲ့ အ​ေၾကာင္​းရင္​း​ေတြက​ေတာ့

ေသာက္​​ေဆးမ်ား

 ဘိန္​း​ေဆးမ်ား၊ စိတ္​က်​​ေဆးမ်ားနဲ႔ အခ်ိဳ႕ အရိုး​ေပ်ာ့​ေရာဂါ​ေဆး​ေတြဟာ ဖိန္​းတိန္​းရွိန္​းတိန္​း ျဖစ္​​ေစတတ္​ပါတယ္​။ ​ေဆးအသစ္​တစ္​မ်ိဳးမ်ိဳး ​ေသာက္​ၿပီး​ေနာက္​ပိုင္​းမွ ဒီလိုျဖစ္​လာတယ္​ဆိုရင္​ ​ေဆး​ေၾကာင္​့ျဖစ္​တာျဖစ္​နိုင္​ပါတယ္​။

ဘာလုပ္​သင္​့သလဲ : ဘာျဖစ္​​ေနတယ္​ဆိုတာ ဆရာဝန္​ကို ​ေျပာျပသင္​့ပါတယ္​။ ဆရာဝန္​က အာနိသင္​ခ်င္​းတူၿပီး ဒီလို​ေသြးဆံုးကိုင္​လကၡဏာ​ေတြမျဖစ္​​ေစမယ္​့ အျခား​ေဆးတစ္​မ်ိဳးမ်ိဳးကို ​ေပးနိုင္သလို တစ္​ခါတစ္​​ေလ ​ေဆးကိုက်င္​့သားရတဲ့အခါ သူ႔အလိုလိုသက္​သာသြားနိုင္​တာ​ေၾကာင္​့ ​ေဆး​ေျပာင္​းစရာ မလိုတာမ်ိဳးလည္​း ရွိတတ္​ပါတယ္​။

ကိုယ္​အ​ေလးခ်ိန္​မ်ားျခငး္​

ခႏၶာကိုယ္​မွာရွိတဲ့ အဆီ​ေတြဟာ ဇီဝကမၼအလုပ္​လုပ္​နိုင္​တဲ့အတြက္​ အဝလြန္​သူ​ေတြမွာ ကင္​​ဆာ​ေရာဂါအခ်ိ့ု ပိုျဖစ္​နိုင္တာကို ​ေတြ႕ရပါတယ္​။ ဒီလိုပဲ အဝလြန္​သူ​ေတြမွာ ဇီဝကမၼျဖစ္​စဥ္​​ေတြ ပိုလုပ္​တာ​ေၾကာင္​့ ပူပူရွိန္​းရွိန္​းျဖစ္​နိုင္​ပါတယ္​။

ဘာလုပ္​သင္​့သလဲ : ကုသနည္​းက​ေတာ့ လူတိုင္​းသိတဲ့အတိုင္​း အစားအ​ေသာက္​၊ ​ေလ့က်င္​့ခန္​း​ေတြနဲ႔ ကိုယ္​အ​ေလးခ်ိန္​​ေလ်ာ့ခ်ရပါမယ္​။ ကိုယ္​အ​ေလးခ်ိန္​မ်ားတဲ့အမ်ိဳးသမီး​ေတြထက္​စာရင္​ က်န္​းမာ​ေရးနဲ႔ညီၫြတ္​စြာစား​ေသာက္​ၿပီး တစ္​ပတ္​ကို မိနစ္​၂၀၀​ေလ့က်င္​့ခန္​းျပဳလုပ္​သူ​ေတြထက္​စာရင္​ ပိုၿပီး အထက္​ပါလကၡဏာ​ေတြခံစားရတတ္​ပါတယ္​။

အစားအ​ေသာက္​ဓာတ္​မတည္​့ျခင္​း

လူအမ်ားစုဟာ ပူပူစပ္​စပ္​စားတိုင္​းမွာ ပူပူရွိန္​းရွိန္​းခံစားရတတ္​ပါတယ္​။ ဒါ​ေပမယ္​့ အပူအစပ္​မပါပဲ တစ္​ခုခုစားၿပီးခ်ိန္​မွာ ပူရွိန္​းရွိန္​းျဖစ္​လာရင္​ အစားအ​ေသာက္​ဓာတ္​မတည့္တာ ျဖစ္​နိုင္​ပါတယ္​။

ဘာလုပ္​သင္​့သလဲ : အရက္​၊ ကဖိန္​းဓာတ္​နဲ႔ sulfitesလို အျဖည္​့ပစၥည္​း​ေတြဟာ ဒိီလိုဓာတ္​မတည္​့လကၡဏာ​ေတြ ျဖစ္​​ေစတတ္​ပါတယ္​။ ​ေနာက္​တစ္​ခါ ဒီအစားအစာ​ေတြစားၿပီးခ်ိန္​မွာ ​ေရာဂါလကၡဏာ​ေတြ ​ေပၚမ​ေပၚကို ​ေစာ့င္​ၾကည္​ၿပီး ဒီအစားအစာ​ေၾကာင္​့ ဟုတ္​မဟုတ္​ကို သိနိုင္​မွာပါ။ အကယ္​၍ မသက္​သာခဲ့ရင္​ ဆရာဝန္​နဲ႔ ျပသသင့္ပါတယ္​။

ပူပန္​​ေသာက Anxiety

လူအမ်ားစုဟာ ​ပူပန္​​ေသာက၊ စိတ္​ဖိစီးမႈ စတဲ့စကားလံုး​ေတြကို အတူတူသတ္​မွတ္​ၿပီး အလဲအလွယ္​သံုးတတ္​ၾက​ေပမယ္​့ စိတ္​အထူးကုဆရာဝန္​​ေတြက​ေတာ့ ္​ပူပန္​​ေသာက Anxietyဆိုတဲ့စကားလံုးကို စိတ္​ဖိစီးျခင္​း၊ ​ေၾကာက္​႐ြံ႕ျခင္​း၊ စိတ္​ပူျခင္​းစတဲ့ စိတ္​ခံစားမႈ​ေတြ​ေၾကာင္​့ ျဖစ္​​ေပၚလာတဲ့ ကိုယ္​ခႏၶာလကၡဏာ​ေတြအျဖစ္​ ရည္​ၫႊန္​း​ေျပာဆိုတတ္​ၾကပါတယ္​။ ႏွလံုးခုန္​ျခငး္​၊ စိတ္​ဂနာမၿငိမ္​ျခင္​း စတာ​ေတြဟာ ​ပူပန္​​ေသာကမ်ားတဲ့ အဓိကလကၡဏာရပ္​​ေတြျဖစ္​ပါတယ္​။

ဘာလုပ္​သင္​့သလဲ : အသက္​ကိုျဖည္​းျဖည္​း ရႈသြင္​း၊ ရႈထုတ္​လုပ္​ျခင္​းဟာ ​ေသာကမ်ားျခင္​းကို သက္​သာ​ေစနိုင္​ပါတယ္​။ ​ေလ့က်င္​့ခန္​း၊ တရားထိုင္​ျခင္​း၊ ​ေယာဂ စတာ​ေတြဟာလည္​း ​ေသာကမ်ားျခင္​းကို သက္​သာ​ေအာင္​ အ​ေထာက္​အပံ့​ေပးပါတယ္​။ ဒါ​ေတြနဲ႔မွ အလုပ္​မျဖစ္​ရင္​​ေတာ့ ​ပူပန္​​ေသာကမ်ားတဲ့​ေရာဂါအႀကီးစား ျဖစ္​နိုင္​ပါတယ္​။ ဒါ​ေၾကာင္​့ ဆရာဝန္​နဲ႔ တိုင္​ပင္​​ေဆြး​ေႏြးဖို႔ လိုပါတယ္​။

​ေရာဂါအ​ေျခအ​ေနမ်ား

ေဟာ္​မုန္​းနဲ႔ ​ေဟာ္​မုန္​းစနစ္​ကို ထိခိုက္​တဲ့ဘယ္​​ေရာဂါမဆို ဒီလိုလကၡဏာရပ္​​ေတြ ခံစားရတတ္​ပါတယ္​။ အထူးသျဖင္​့ သုိငး္​႐ြိဳက္​​ေဟာ္​မုန္​း မ်ားျခင္​းဟာ ပူပူရွိန္​းရွိန္​းမၾကာခဏ ျဖစ္​တတ္​ပါတယ္​။ ​ေရာဂါပိုးမြား​ေတြနဲ႔ ဗိုင္​းရပ္​စ္​ပိုး​ေတြ​ေၾကာင့္လည္​း ရတတ္​ပါ​ေသးတယ္​။

ဘာလုပ္​သင္​့သလဲ : သိုင္​း႐ြိဳက္​ျပႆ    နာဆိုရင္​ ပူရွိန္​းရွိန္​းျဖစ္​တာအျပင္​ ႏွလံုးတုန္​တာ၊ ကိုယ္​အ​ေလးခ်ိန္​က်တာ၊ အိမ္​သာခဏခဏသြားရတာ၊ အင္​မတန္​နံုးခ်ိ​ေနတာ စတဲ့လကၡဏာရပ္​​ေတြပါ ခံစားရတတ္​ပါတယ္​။ ​ေရာဂါပိုးမြား​ေတြ​ေၾကာင္​့ ျဖစ္​တဲ့အခါ အဖ်ားဝင္​တာ၊ ဝမ္​း​ေလ်ာတာ၊ ဗိုက္​မအိမသာျဖစ္​တာ စတာ​ေတြနဲ႔ တြဲ​ေနတတ္​ပါတယ္​။ ဒါ​ေၾကာင္​့ ဒီလကၡဏာရပ္​​ေတြနဲ႔ တြဲ​ေတြ႕​ေနရရင္​ ဆရာဝန္​နဲ႔ အျမန္​ျပသသင္​့ပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ရုတ်တရက်တစ်ယောက်ယောက်က အပူအိတ်လေးနဲ့ လာကပ်လိုက်သလို ဖိန်းခနဲရှိန်းခနဲ ဖြစ်ရတဲ့အကြောင်းရင်းတွေဟာ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးသူတွေမှာ အဓိကခံစားရတတ်ပေမယ့် တစ်ခါတစ်လေ သွေးမဆုံးပဲလည်း ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ နှလုံးတွေတုန်ရင်တွေခုန်ပြီး ပူရှိန်းပူရှိန်းဖြစ်လာတတ်ပါတယ်။ ဒါတင်မက အသားတွေနီရဲလာပြီး တစ်ကိုယ်လုံးချွေးတွေနဲ့ ချွဲချွဲစိုလာတတ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့

သောက်ဆေးများ

 ဘိန်းဆေးများ၊ စိတ်ကျဆေးများနဲ့ အချို့ အရိုးပျော့ရောဂါဆေးတွေဟာ ဖိန်းတိန်းရှိန်းတိန်း ဖြစ်စေတတ်ပါတယ်။ ဆေးအသစ်တစ်မျိုးမျိုး သောက်ပြီးနောက်ပိုင်းမှ ဒီလိုဖြစ်လာတယ်ဆိုရင် ဆေးကြောင့်ဖြစ်တာဖြစ်နိုင်ပါတယ်။

ဘာလုပ်သင့်သလဲ : ဘာဖြစ်နေတယ်ဆိုတာ ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဆရာဝန်က အာနိသင်ချင်းတူပြီး ဒီလိုသွေးဆုံးကိုင်လက္ခဏာတွေမဖြစ်စေမယ့် အခြားဆေးတစ်မျိုးမျိုးကို ပေးနိုင်သလို တစ်ခါတစ်လေ ဆေးကိုကျင့်သားရတဲ့အခါ သူ့အလိုလိုသက်သာသွားနိုင်တာကြောင့် ဆေးပြောင်းစရာ မလိုတာမျိုးလည်း ရှိတတ်ပါတယ်။

ကိုယ်အလေးချိန်များခြင်း

ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေဟာ ဇီဝကမ္မအလုပ်လုပ်နိုင်တဲ့အတွက် အဝလွန်သူတွေမှာ ကင်ဆာရောဂါအချိ့ု ပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဒီလိုပဲ အဝလွန်သူတွေမှာ ဇီဝကမ္မဖြစ်စဉ်တွေ ပိုလုပ်တာကြောင့် ပူပူရှိန်းရှိန်းဖြစ်နိုင်ပါတယ်။

ဘာလုပ်သင့်သလဲ : ကုသနည်းကတော့ လူတိုင်းသိတဲ့အတိုင်း အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ကိုယ်အလေးချိန်လျော့ချရပါမယ်။ ကိုယ်အလေးချိန်များတဲ့အမျိုးသမီးတွေထက်စာရင် ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ပြီး တစ်ပတ်ကို မိနစ်၂၀၀လေ့ကျင့်ခန်းပြုလုပ်သူတွေထက်စာရင် ပိုပြီး အထက်ပါလက္ခဏာတွေခံစားရတတ်ပါတယ်။

အစားအသောက်ဓာတ်မတည့်ခြင်း

လူအများစုဟာ ပူပူစပ်စပ်စားတိုင်းမှာ ပူပူရှိန်းရှိန်းခံစားရတတ်ပါတယ်။ ဒါပေမယ့် အပူအစပ်မပါပဲ တစ်ခုခုစားပြီးချိန်မှာ ပူရှိန်းရှိန်းဖြစ်လာရင် အစားအသောက်ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။

ဘာလုပ်သင့်သလဲ : အရက်၊ ကဖိန်းဓာတ်နဲ့ sulfitesလို အဖြည့်ပစ္စည်းတွေဟာ ဒီလိုဓာတ်မတည့်လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။ နောက်တစ်ခါ ဒီအစားအစာတွေစားပြီးချိန်မှာ ရောဂါလက္ခဏာတွေ ပေါ်မပေါ်ကို စော့င်ကြည်ပြီး ဒီအစားအစာကြောင့် ဟုတ်မဟုတ်ကို သိနိုင်မှာပါ။ အကယ်၍ မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ပူပန်သောက Anxiety

လူအများစုဟာ ပူပန်သောက၊ စိတ်ဖိစီးမှု စတဲ့စကားလုံးတွေကို အတူတူသတ်မှတ်ပြီး အလဲအလှယ်သုံးတတ်ကြပေမယ့် စိတ်အထူးကုဆရာဝန်တွေကတော့ ်ပူပန်သောက Anxietyဆိုတဲ့စကားလုံးကို စိတ်ဖိစီးခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်းစတဲ့ စိတ်ခံစားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ခန္ဓာလက္ခဏာတွေအဖြစ် ရည်ညွှန်းပြောဆိုတတ်ကြပါတယ်။ နှလုံးခုန်ခြင်း၊ စိတ်ဂနာမငြိမ်ခြင်း စတာတွေဟာ ပူပန်သောကများတဲ့ အဓိကလက္ခဏာရပ်တွေဖြစ်ပါတယ်။

ဘာလုပ်သင့်သလဲ : အသက်ကိုဖြည်းဖြည်း ရှုသွင်း၊ ရှုထုတ်လုပ်ခြင်းဟာ သောကများခြင်းကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ ယောဂ စတာတွေဟာလည်း သောကများခြင်းကို သက်သာအောင် အထောက်အပံ့ပေးပါတယ်။ ဒါတွေနဲ့မှ အလုပ်မဖြစ်ရင်တော့ ပူပန်သောကများတဲ့ရောဂါအကြီးစား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

ရောဂါအခြေအနေများ

ဟော်မုန်းနဲ့ ဟော်မုန်းစနစ်ကို ထိခိုက်တဲ့ဘယ်ရောဂါမဆို ဒီလိုလက္ခဏာရပ်တွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် သိုင်းရွိုက်ဟော်မုန်း များခြင်းဟာ ပူပူရှိန်းရှိန်းမကြာခဏ ဖြစ်တတ်ပါတယ်။ ရောဂါပိုးမွားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း ရတတ်ပါသေးတယ်။

ဘာလုပ်သင့်သလဲ : သိုင်းရွိုက်ပြဿ    နာဆိုရင် ပူရှိန်းရှိန်းဖြစ်တာအပြင် နှလုံးတုန်တာ၊ ကိုယ်အလေးချိန်ကျတာ၊ အိမ်သာခဏခဏသွားရတာ၊ အင်မတန်နုံးချိနေတာ စတဲ့လက္ခဏာရပ်တွေပါ ခံစားရတတ်ပါတယ်။ ရောဂါပိုးမွားတွေကြောင့် ဖြစ်တဲ့အခါ အဖျားဝင်တာ၊ ဝမ်းလျောတာ၊ ဗိုက်မအိမသာဖြစ်တာ စတာတွေနဲ့ တွဲနေတတ်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာရပ်တွေနဲ့ တွဲတွေ့နေရရင် ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top