(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အကယ္၍ ဂၽြန္ပန္မ္ဘာတန္သာ အေမရိကန္ျပည္တြင္းစစ္တြင္ မပါဝင္ခဲ့လွ်င္  သူဟာ ဘယ္ေတာ့မွ ေမာ္ဖင္းကို စြဲလမ္းခဲ႔မွာ မဟုတ္သလို ငါတို႔ဟာလည္း ကိုကာကိုလာဆိုတာ ဘာမွန္း ဘယ္ေတာ့မွ သိမွာ မဟုတ္ပါဘူး

သူ႔ကို  ၁၈၃၁ခုနွစ္ ဇူလို္င္၈ရက္ေန႕မွာ ေဂ်ာ္ဂ်ီယာမွာ ေမြးဖြားခဲ့တယ္။ သူသည္ ေဂ်ာ္ဂ်ီယာ ျပဳျပင္ေျပာင္းလဲေရး ေဆးတကၠသိုလ္သို႔ေရာက္ရွိခဲ့ျပီး ၁၈၅၀မွာ ေဆးေဖာ္စပ္ေရးလုိင္စင္ကုိရခဲ႔တယ္။ ၁၈၅၃ခုနွစ္မွာ အန္အယ္လစ္ဇာ ကလစ္ဖို႔တ္ လူးဝစ္ကို လက္ထပ္ခဲ့ျပီး သားတေယာက္ရခဲ့တယ္။

အေမရိကန္ျပည္တြင္းစစ္ျဖစ္ပြားတဲ့အခါ ဂ်ြန္ဟာ ေဂ်ာ္ဂ်ီယာျပည္နယ္ကာကြယ္ေရးတပ္အတြက္ ဝင္ေရာက္တိုက္ခုိက္ခဲ့တယ္။ ကိုလမ္ဘတ္စစ္ပြဲအတြင္း သူ ဒဏ္ရာရခဲ႕ျပီးေနာက္ သူဟာ ဒဏ္ရာအတြက္ ေမာ္ဖင္းမ်ားသံုးခဲ့ျပီး မၾကာခင္မွာ စြဲလမ္းလာခဲ႕တယ္။

သူ႕ရဲ႕ စြဲလမ္းမႈကို ဖယ္ရွားပစ္ရန္ ပမ္ဘာတန္ဟာ ကိုကိန္းရရွိသည့္ ကိုကာအပင္ကို စတင္စမ္းသပ္ခဲ့တယ္။ သူသည္အေရာအေနွာအမ်ိဳးမ်ိဳးအသံုးျပု၍ အၾကိမ္ေပါင္းမ်ားစြာ ေပါင္းစပ္ျခင္းမ်ား ျပဳလုပ္ခဲ့တယ္။ ေနာက္ဆံုးမွာေတာ့ ပမ္ဘာတန္သည္ ကိုလာေစ့အနွစ္နဲ႔ ကိုကာကို ေပါင္းစပ္ခဲ့ျပီး ကိုကာကိုလာ အေဖ်ာ္ရည္ကို ဖန္တီးခဲ့တယ္။ သူ အရသာကို ျမည္းၾကည့္ျပီးသည့္ေနာက္မွာ ပမ္ဘာတန္ဟာ ဒါကို ၾကီးၾကီးမားမားျပဳလုပ္သင့္တယ္လို႔ အေတြးရခဲ့တယ္္။

သူသည္ အေဖ်ာ္ရည္ကို ခရားနဲ႕ျဖည့္ကာ နမူနာအေနနဲ႕ လမ္းထဲက ေဆးဆိုင္သို႕ သယ္ေဆာင္သြားခဲ့တယ္။ လူေတြက စုေပါင္းစပ္ေပါင္းတီထြင္မႈဟာ အလြန္ေကာင္းမြန္ေၾကာင္း သေဘာတူၾကတယ္။

ပမ္ဘာတန္သည္ အေဖ်ာ္ရည္ကို ကာဗြန္ေပါင္းစပ္ထာေသာ ေရနဲ႕ေရာခဲ့ျပီး သူ႔ကို ျပည့္စံုေအာင္ ကူညီေပးရန္နဲ႔ ပါဝင္ပစၥည္းေတြကို စမ္းသပ္ေပးရန္ ေဆးဆိုင္ပိုင္ရွင္ Willis E. Venable နဲ႔ အတူအလုပ္လုပ္ခဲ့တယ္။ ပထမေတာ့ ေဆးပညာအရည္ေသြးေတြနဲ႔ ဦးေနွာက္အားေဆးအေနနဲ႕ ေစ်းကြက္တင္သြင္းခဲ့တယ္။ ဒါေပမဲ႔ ေစ်းကြက္အတြင္း တစ္ဖန္ခြက္ ငါးဆင့္နဲ႔ ေရာင္းရေသာအခါမွာေတာ့ ၄င္းကို ဆိုဒါေသာက္စရာ အေနနဲ႔သာ ေရာင္းခ်ပါေတာ့တယ္။

ေစ်းကြက္ျဖန္႔ျဖဴးေရးသမား ဖရန္႔ခ္ မက္ဆန္ ေရာဘင္ဆန္ က ဒီထုတ္ကုန္ကို ပါဝင္ပစၥည္း၂ခုေပါင္းစပ္၍ သံတူအကၡရာစကားရပ္ဖြဲ႕ခဲ့ပါတယ္။ ဒီလိုနဲ႔ ကိုကာကိုလာ ကုမၸဏီကို တည္ေထာင္ခဲ့တယ္။

ပမ္ဘာတန္ဟာ ကိုကာကိုလာတီထြင္မႈနဲ႕ေအာင္ျမင္လာေသာအခါ သူသည္ သူ၏မူလ ရည္ရြယ္ခ်က္ကို မလုပ္ေဆာင္နိုင္ခဲ့ပါဘူး။ ေမာ္ဖင္းစြဲသည့္ အေလ့အက်င့္ကို မေဖ်ာက္ဖ်က္နိုင္ခဲ့ပါဘူး။ ဝမ္္းနည္းစရာေကာင္းစြာ သူရဲ႕ စြဲလမ္းျခင္းက ေစ်းၾကီးေသာေၾကာင့္ သူဟာ ေဒဝါလီခံလုနီးပါး ျဖစ္လာခဲ့တယ္။

သူ႔မိသားစုကို ေထာက္ပ့ံရန္နဲ႔ ေမာ္ဖင္းရရန္အတြက္ ပမ္ဘာတန္ဟာ သူ႔ေဖာ္စပ္နည္းမူပိုင္ခြင့္နဲ႔ ကုမၸဏီ တခ်ိဳ႕တဝက္ကို စတင္ေရာင္းခ်ခဲ့တယ္။ ပမ္ဘာတန္က သူ႕ရဲ႕တီထြင္မႈဟာ အနာဂတ္မွာ ေအာင္ျမင္လာမယ္လ္ို႕ ယံုၾကည္ေနခဲ့ဆဲျဖစ္ျပီး သူ႕ပိုင္ဆိုင္မႈကို သူ႕သား ခ်ာလီ ပမ္ဘာတန္ကို လႊဲေျပာင္းခ်ိန္အထိ ထိန္းသိမ္းခ်င္ခဲ႕တယ္။ ေဖာ္စပ္နည္းကို ေပးခဲ့သည္တိုင္ သူသည္ ကိုကာကိုလာ အမည္ ပုိင္ဆိုင္ခြင့္ကို ေတာ့ ခ်ာလီအတြက္ ထိန္းသိမ္းခဲ့တယ္။ ဒါေပမဲ့ သူမေသခင္မွာပဲ ခ်ာလီက ပိုက္ဆံလ်င္လ်င္ျမန္ျမန္ရဖို႔သာ စိတ္ဝင္စားကာ မွတ္ပံုတင္မူပိုင္ခြင့္ကို စီးပြားေရးသူေဌးၾကီး Asa Candler ကို ေရာင္းခ်ခဲ့တယ္။

၁၈၈၈ ၾသဂုတ္လတြင္ ဂၽြန္ပမ္ဘာတန္သည္ အစာအိမ္ကင္ဆာနဲ႔ေသဆံုးခဲ့တယ္။ ေသဆံုးခ်ိန္မွာ သူသည္ ဆင္းရဲမြဲေတကာ ေမာ္ဖင္းကို စြဲလမ္းေနခဲ့ဆဲျဖစ္တယ္။“ ဘုရားသခင္ န္ိင္ငံ ကိုကာကိုလာ“ စာအုပ္ေရးသားသူ မက္ခ္ ပန္ဒါဂရက္စ္တ္ ေရးသားခ်က္အရ ခ်ာလီဟာလည္းပဲ အရက္နဲ႕ ဘိန္းစြဲလန္းေနသူ အျဖစ္စြပ္စြဲ ခံခဲ့ရျပီး သူ႔အေဖ ေသဆံုးျပီး ေျခာက္နွစ္အၾကာမွာ ေသဆံုးခဲ့တယ္။

ထိုအခ်ိန္မွာ Asa Candler ရဲ႕ လမ္းညႊန္မႈေအာက္မွာ ကိုကာကိုလာ ကုမၸဏီမွ ကိုကာကိုလာ အဖြဲ႕အစည္း အျဖစ္သို႔ ေျပာင္းလဲခဲ့တယ္။ ၄င္းဟာ အခ်ဳိရည္ လက္လီ္ျဖန္႕ေဝေရး နဲ႔ ကမာၻ႕ ေရွ႕ေျပး ထုတ္လုပ္ေရး လုပ္ငန္းတခု ျဖစ္လာခဲ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

#Unicode Version#
အကယ်၍ ဂျွန်ပန်မ်ဘာတန်သာ အမေရိကန်ပြည်တွင်းစစ်တွင် မပါဝင်ခဲ့လျှင်  သူဟာ ဘယ်တော့မှ မော်ဖင်းကို စွဲလမ်းခဲ့မှာ မဟုတ်သလို ငါတို့ဟာလည်း ကိုကာကိုလာဆိုတာ ဘာမှန်း ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး

သူ့ကို  ၁၈၃၁ခုနှစ် ဇူလိုင်၈ရက်နေ့မှာ ဂျော်ဂျီယာမှာ မွေးဖွားခဲ့တယ်။ သူသည် ဂျော်ဂျီယာ ပြုပြင်ပြောင်းလဲရေး ဆေးတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ၁၈၅၀မှာ ဆေးဖော်စပ်ရေးလိုင်စင်ကိုရခဲ့တယ်။ ၁၈၅၃ခုနှစ်မှာ အန်အယ်လစ်ဇာ ကလစ်ဖို့တ် လူးဝစ်ကို လက်ထပ်ခဲ့ပြီး သားတယောက်ရခဲ့တယ်။

အမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားတဲ့အခါ ဂျွန်ဟာ ဂျော်ဂျီယာပြည်နယ်ကာကွယ်ရေးတပ်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ကိုလမ်ဘတ်စစ်ပွဲအတွင်း သူ ဒဏ်ရာရခဲ့ပြီးနောက် သူဟာ ဒဏ်ရာအတွက် မော်ဖင်းများသုံးခဲ့ပြီး မကြာခင်မှာ စွဲလမ်းလာခဲ့တယ်။

သူ့ရဲ့ စွဲလမ်းမှုကို ဖယ်ရှားပစ်ရန် ပမ်ဘာတန်ဟာ ကိုကိန်းရရှိသည့် ကိုကာအပင်ကို စတင်စမ်းသပ်ခဲ့တယ်။ သူသည်အရောအနှောအမျိုးမျိုးအသုံးပြု၍ အကြိမ်ပေါင်းများစွာ ပေါင်းစပ်ခြင်းများ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ပမ်ဘာတန်သည် ကိုလာစေ့အနှစ်နဲ့ ကိုကာကို ပေါင်းစပ်ခဲ့ပြီး ကိုကာကိုလာ အဖျော်ရည်ကို ဖန်တီးခဲ့တယ်။ သူ အရသာကို မြည်းကြည့်ပြီးသည့်နောက်မှာ ပမ်ဘာတန်ဟာ ဒါကို ကြီးကြီးမားမားပြုလုပ်သင့်တယ်လို့ အတွေးရခဲ့တယ်။

သူသည် အဖျော်ရည်ကို ခရားနဲ့ဖြည့်ကာ နမူနာအနေနဲ့ လမ်းထဲက ဆေးဆိုင်သို့ သယ်ဆောင်သွားခဲ့တယ်။ လူတွေက စုပေါင်းစပ်ပေါင်းတီထွင်မှုဟာ အလွန်ကောင်းမွန်ကြောင်း သဘောတူကြတယ်။

ပမ်ဘာတန်သည် အဖျော်ရည်ကို ကာဗွန်ပေါင်းစပ်ထာသော ရေနဲ့ရောခဲ့ပြီး သူ့ကို ပြည့်စုံအောင် ကူညီပေးရန်နဲ့ ပါဝင်ပစ္စည်းတွေကို စမ်းသပ်ပေးရန် ဆေးဆိုင်ပိုင်ရှင် Willis E. Venable နဲ့ အတူအလုပ်လုပ်ခဲ့တယ်။ ပထမတော့ ဆေးပညာအရည်သွေးတွေနဲ့ ဦးနှောက်အားဆေးအနေနဲ့ ဈေးကွက်တင်သွင်းခဲ့တယ်။ ဒါပေမဲ့ ဈေးကွက်အတွင်း တစ်ဖန်ခွက် ငါးဆင့်နဲ့ ရောင်းရသောအခါမှာတော့ ၎င်းကို ဆိုဒါသောက်စရာ အနေနဲ့သာ ရောင်းချပါတော့တယ်။

ဈေးကွက်ဖြန့်ဖြူးရေးသမား ဖရန့်ခ် မက်ဆန် ရောဘင်ဆန် က ဒီထုတ်ကုန်ကို ပါဝင်ပစ္စည်း၂ခုပေါင်းစပ်၍ သံတူအက္ခရာစကားရပ်ဖွဲ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုကာကိုလာ ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။

ပမ်ဘာတန်ဟာ ကိုကာကိုလာတီထွင်မှုနဲ့အောင်မြင်လာသောအခါ သူသည် သူ၏မူလ ရည်ရွယ်ချက်ကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ မော်ဖင်းစွဲသည့် အလေ့အကျင့်ကို မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။ ဝမ်းနည်းစရာကောင်းစွာ သူရဲ့ စွဲလမ်းခြင်းက ဈေးကြီးသောကြောင့် သူဟာ ဒေဝါလီခံလုနီးပါး ဖြစ်လာခဲ့တယ်။

သူ့မိသားစုကို ထောက်ပံ့ရန်နဲ့ မော်ဖင်းရရန်အတွက် ပမ်ဘာတန်ဟာ သူ့ဖော်စပ်နည်းမူပိုင်ခွင့်နဲ့ ကုမ္ပဏီ တချို့တဝက်ကို စတင်ရောင်းချခဲ့တယ်။ ပမ်ဘာတန်က သူ့ရဲ့တီထွင်မှုဟာ အနာဂတ်မှာ အောင်မြင်လာမယ်လို့ ယုံကြည်နေခဲ့ဆဲဖြစ်ပြီး သူ့ပိုင်ဆိုင်မှုကို သူ့သား ချာလီ ပမ်ဘာတန်ကို လွှဲပြောင်းချိန်အထိ ထိန်းသိမ်းချင်ခဲ့တယ်။ ဖော်စပ်နည်းကို ပေးခဲ့သည်တိုင် သူသည် ကိုကာကိုလာ အမည် ပိုင်ဆိုင်ခွင့်ကို တော့ ချာလီအတွက် ထိန်းသိမ်းခဲ့တယ်။ ဒါပေမဲ့ သူမသေခင်မှာပဲ ချာလီက ပိုက်ဆံလျင်လျင်မြန်မြန်ရဖို့သာ စိတ်ဝင်စားကာ မှတ်ပုံတင်မူပိုင်ခွင့်ကို စီးပွားရေးသူဌေးကြီး Asa Candler ကို ရောင်းချခဲ့တယ်။

၁၈၈၈ သြဂုတ်လတွင် ဂျွန်ပမ်ဘာတန်သည် အစာအိမ်ကင်ဆာနဲ့သေဆုံးခဲ့တယ်။ သေဆုံးချိန်မှာ သူသည် ဆင်းရဲမွဲတေကာ မော်ဖင်းကို စွဲလမ်းနေခဲ့ဆဲဖြစ်တယ်။“ ဘုရားသခင် နိင်ငံ ကိုကာကိုလာ“ စာအုပ်ရေးသားသူ မက်ခ် ပန်ဒါဂရက်စ်တ် ရေးသားချက်အရ ချာလီဟာလည်းပဲ အရက်နဲ့ ဘိန်းစွဲလန်းနေသူ အဖြစ်စွပ်စွဲ ခံခဲ့ရပြီး သူ့အဖေ သေဆုံးပြီး ခြောက်နှစ်အကြာမှာ သေဆုံးခဲ့တယ်။

ထိုအချိန်မှာ Asa Candler ရဲ့ လမ်းညွှန်မှုအောက်မှာ ကိုကာကိုလာ ကုမ္ပဏီမှ ကိုကာကိုလာ အဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲခဲ့တယ်။ ၎င်းဟာ အချိုရည် လက်လီ်ဖြန့်ဝေရေး နဲ့ ကမ္ဘာ့ ရှေ့ပြေး ထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်လာခဲ့တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top