iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ေရာင္းခ်ေပးမယ့္ တန္ဖိုးနည္းအိမ္ရာေတြကို လာမယ့္ေမလအတြင္း မဲစနစ္နဲ႔ စိစစ္ေရာင္းခ်ေပးသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အိမ္ရာ ေရာင္းခ်ေပးေရးေကာ္မတီ၀င္ ဦးညီညီက ေျပာပါတယ္။

ဒဂုံေတာင္ပိုင္းက အင္း၀၊ ေကာင္းစံသာ၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းက ယုဇနအိမ္ရာ အပို္င္း (၁) (၂) ၊ကေနာင္အိမ္ရာ၊သကၤန္းကၽြန္းၿမိဳ႕နယ္က ႀကီးပြားေရး၊ လႈိင္သာယာၿမိဳ႕နယ္က ေရႊလင္ဗန္း၊ ထီးလိႈ္င္အိမ္ရာ၊ ေရႊျပည္သာက Shop House ေတြနဲ႔ ေျမာက္ဥကၠလာက ေရႊေပါကၠံအိမ္ရာေတြကုိ ေရာင္းခ်ဖုိ႔ အတြက္ လာမယ့္ေမလမွာ စိစစ္သြားမယ္လုိ႔ ဆိုပါတယ္။

“ငါးလပုိင္းထဲမွာပဲ ဒီေဖာင္ေတြကုိ ကြန္ပ်ဴတာထဲထည့္ၿပီး စစ္ေဆးမွာပါ။ စိစစ္ေရြးထုတ္မယ္။ သတ္မွတ္ခ်က္ပါစည္းကမ္းခ်က္ေတြနဲ႔ ညီတာေတြကုိ ေရြးထုတ္မယ္။ ၿပီးရင္ ႀကီးၾကပ္ေရးေကာ္မတီက ေနၿပီးေတာ့ မဲေဖာက္မလား၊ ဒါမွမဟုတ္ဘယ္လုိ ဦးစားေပးအေနနဲ႔ လုပ္မလဲဆုိတာကုိ ေကာ္မတီအစည္းအေ၀းက စီစဥ္ေဆာင္ရြက္မွာ။ ေမလအကုန္ေလာက္ေတာ့ စီစဥ္လုပ္ေဆာင္မယ္။ ေဖာင္တင္တဲ့သူေတြမွာ ငါးလပိုင္းအကုန္မွာထုတ္ျပန္မယ္’’လုိ႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္တဲ့ ဦးညီညီက ဓူ၀ံ မီဒီယာကုိ ေျပာပါတယ္။
တန္ဖုိးနည္းအိမ္ရာေတြအတြက္ ခရုိင္တစ္ခုုစီကုိ ေဖာင္အေစာင္ေရ တစ္ေသာင္းနႈန္းခ်ေပးခဲ့ေပမယ့္ ေဖာင္၀ယ္ယူတဲ့ႏႈန္းက ၁၇၀၀၀ ရွိၿပီး ျပန္တင္တာကေတာ့ ၆၀၀၀ ေလာက္သာရွိတ့ဲအတြက္ ေရာင္းခ်ေပးမယ့္ တုိက္ခန္းနဲ႔ ယွဥ္ရင္ ေျခာက္ေယာက္မွာ တစ္ခန္းႏႈန္းနဲ႔ ရႏုိင္တယ္လုိ႔ ဆိုပါတယ္။

ေရာင္းခ်ေပးခဲ့တဲ့ ေလွ်ာက္လႊာေတြမွာ အမ်ားျပည္သူ၊ ဝန္ထမ္း၊ အၿငိမ္းစားနဲ႔ ကုမၸဏီ၀န္ထမ္းဆုိၿပီး ေလွ်ာက္လႊာပံုစံအမ်ိဳးအစား ေလးမ်ိဳးခြဲျခားထားကာ ေလွ်ာက္ထားသူေတြအေနနဲ႔ အိမ္ (သို႔မဟုတ္) ေျမပိုင္ဆိုင္မႈမရွိ ေၾကာင္း လက္ရွိေနထိုင္သည့္ ၿမိဳ႕ နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေထာက္ခံခ်က္ပါရွိရမယ္လို႔ အိမ္ရာဝယ္ယူခြင့္ ေလွ်ာက္လႊာေတြမွာ ေဖာ္ျပထားပါတယ္။

တိုင္းအစိုးရအဖြဲ႕က ေရာင္းခ်မယ့္ အိမ္ရာေတြ ဝယ္ယူလိုသူ ေတြအေနနဲ့ အသက္(၂၃)ႏွစ္ ျပည့္ၿပီးတဲ့ ျမန္မာႏိုင္ငံသားျဖစ္ ရမည္ျဖစ္ၿပီး အိမ္ေထာင္စုတစ္ခုမွာ တစ္ဦးပဲ ေလွ်ာက္ထားခြင့္ရွိတယ္လုိ႔ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရောင်းချပေးမယ့် တန်ဖိုးနည်းအိမ်ရာတွေကို လာမယ့်မေလအတွင်း မဲစနစ်နဲ့ စိစစ်ရောင်းချပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အိမ်ရာ ရောင်းချပေးရေးကော်မတီဝင် ဦးညီညီက ပြောပါတယ်။

ဒဂုံတောင်ပိုင်းက အင်းဝ၊ ကောင်းစံသာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းက ယုဇနအိမ်ရာ အပိုင်း (၁) (၂) ၊ကနောင်အိမ်ရာ၊သင်္ကန်းကျွန်းမြို့နယ်က ကြီးပွားရေး၊ လှိုင်သာယာမြို့နယ်က ရွှေလင်ဗန်း၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာက Shop House တွေနဲ့ မြောက်ဥက္ကလာက ရွှေပေါက္ကံအိမ်ရာတွေကို ရောင်းချဖို့ အတွက် လာမယ့်မေလမှာ စိစစ်သွားမယ်လို့ ဆိုပါတယ်။

“ငါးလပိုင်းထဲမှာပဲ ဒီဖောင်တွေကို ကွန်ပျူတာထဲထည့်ပြီး စစ်ဆေးမှာပါ။ စိစစ်ရွေးထုတ်မယ်။ သတ်မှတ်ချက်ပါစည်းကမ်းချက်တွေနဲ့ ညီတာတွေကို ရွေးထုတ်မယ်။ ပြီးရင် ကြီးကြပ်ရေးကော်မတီက နေပြီးတော့ မဲဖောက်မလား၊ ဒါမှမဟုတ်ဘယ်လို ဦးစားပေးအနေနဲ့ လုပ်မလဲဆိုတာကို ကော်မတီအစည်းအဝေးက စီစဉ်ဆောင်ရွက်မှာ။ မေလအကုန်လောက်တော့ စီစဉ်လုပ်ဆောင်မယ်။ ဖောင်တင်တဲ့သူတွေမှာ ငါးလပိုင်းအကုန်မှာထုတ်ပြန်မယ်’’လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးညီညီက ဓူဝံ မီဒီယာကို ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေအတွက် ခရိုင်တစ်ခုုစီကို ဖောင်အစောင်ရေ တစ်သောင်းနှုန်းချပေးခဲ့ပေမယ့် ဖောင်ဝယ်ယူတဲ့နှုန်းက ၁၇၀၀၀ ရှိပြီး ပြန်တင်တာကတော့ ၆၀၀၀ လောက်သာရှိတဲ့အတွက် ရောင်းချပေးမယ့် တိုက်ခန်းနဲ့ ယှဉ်ရင် ခြောက်ယောက်မှာ တစ်ခန်းနှုန်းနဲ့ ရနိုင်တယ်လို့ ဆိုပါတယ်။

ရောင်းချပေးခဲ့တဲ့ လျှောက်လွှာတွေမှာ အများပြည်သူ၊ ဝန်ထမ်း၊ အငြိမ်းစားနဲ့ ကုမ္ပဏီဝန်ထမ်းဆိုပြီး လျှောက်လွှာပုံစံအမျိုးအစား လေးမျိုးခွဲခြားထားကာ လျှောက်ထားသူတွေအနေနဲ့ အိမ် (သို့မဟုတ်) မြေပိုင်ဆိုင်မှုမရှိ ကြောင်း လက်ရှိနေထိုင်သည့် မြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ထောက်ခံချက်ပါရှိရမယ်လို့ အိမ်ရာဝယ်ယူခွင့် လျှောက်လွှာတွေမှာ ဖော်ပြထားပါတယ်။

တိုင်းအစိုးရအဖွဲ့က ရောင်းချမယ့် အိမ်ရာတွေ ဝယ်ယူလိုသူ တွေအနေနဲ့ အသက်(၂၃)နှစ် ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားဖြစ် ရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုမှာ တစ်ဦးပဲ လျှောက်ထားခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top