iMyanmarHouse.com - Best Property Website for Myanmar
×

သႀကၤန္ ဆိုတဲ့စကားဟာ သကၤႏၲ ဆိုတဲ့ ပါဠိဘာသာစကား သႀကၤႏၲ ဆိုတဲ့ သကၠတဘာသာစကားေတြကေန ဆင္းသက္လာတာ ျဖစ္ၿပီး ေျပာင္းေ႐ႊ႕ျခင္းလို႔ အဓိပၸာယ္ရပါတယ္။

၁။ သႀကၤန္ဆင္းသက္လာပုံ

(က) သႀကၤန္ဟာ ဟိႏၵဴဘာသာကေန ဆင္းသက္လာတယ္လို႔ဆိုၾကျပါတယ္။ သိၾကားမင္းနဲ႔ ျဗဟၼာမင္းတို႔ အျငင္းပြားရာမွာ သိၾကားမင္းအႏိုင္ရခဲ့ၿပီး ျဗဟၼာမင္းႀကီး၏ ဦးေခါင္းကို ရခဲ့ပါတယ္။ တန္ဖိုးႀကီးလွေတဲ့ ျဗဟၼာမင္းဦးေခါင္းကို ပင္လယ္ထဲပစ္ခ်ရင္ ေရခန္း၊ ေျမႀကီးထဲထားလၽွင္ မီးေလာင္၊ ေလထဲသို႔ ပစ္လၽွင္လဲ သတၱဝါအားလုံး မီးေလာင္ၾကမွာ ျဖစ္တာေၾကာင့္ သိၾကားမင္းက ကိုင္ထားရပါတယ္။ ေနာက္ပိုင္မွာ တန္ခိုးႀကီးတဲ့ နတ္မင္းႀကီးေတြကို တစ္ႏွစ္လၽွင္တစ္ပါး ဦးေခါင္းကို ထိန္းသိမ္းဖို႔ မိန္႔ၾကားခဲ့ကာ ဦးေခါင္းကို နတ္မင္းႀကီးတစ္ပါးလက္မွ အျခားနတ္မင္းႀကီးတစ္ပါးလက္ထဲသို႔ ကူးေျပာင္းခ်ိန္ကို ပုဏၰားတို႔က တြက္ခ်က္ၿပီး ထိုအကူးအေျပာင္းကာလကို သကၤႏၲ လို႔ေခၚဆိုခဲ့ၾကပါတယ္။ ထိုကာလမွာ သိၾကားမင္းဟာ ေကာင္းမႈထြန္းကားဖို႔နဲ႔ ဗုဒၶသာသနာျပန္႔ပြားဖို႔ အတြက္ လူ႕ျပည္ဆင္းေလ့ရွိကာ မွတ္တမ္းမ်ားကိုလည္း မွတ္ေလ့ရွိၿပီး ေကာင္းသူမ်ားကို ေ႐ႊေပလႊာတြင္ေရးမွတ္ၿပီး မေကာင္းသူမ်ားကို ေခြးသားေရပုရပိုက္မွာ ေရးမွတ္တယ္ လို႔ ဆိုၾကပါတယ္။

(ခ) ဒါေပမဲ့ သႀကၤန္ဟာ ဗုဒၶဝင္က်မ္းေတြက ဆင္းသက္လာတယ္ လို႔လည္း ဆိုၾကျပန္ပါတယ္

ေဗဒင္ပညာရပ္မ်ားအရ ကမၻာႀကီးက ေနကိုလွည့္ပတ္ျခင္းကို မိသာရာသီကေန စၾကည့္ရင္ ေမထုန္... မိန္ရာသီကို ေရာက္တဲ့အခါ သူရိယသိဒၶႏၲက်မ္းအရ ၃၆၅ ရက္ ၆ နာရီ ၁၂ မိနစ္ ၃၇ စကၠန္႔ျပည့္ပါတယ္။ တနဂၤေႏြ ရဝိဖုဋၿဂိဳလ္စင္မွ မိႆရာသီအစ သုညအႆၤကို ဝင္တယ္လို႔ သတ္မွတ္ကာ ႏွစ္ေဟာင္းကေန ႏွစ္သစ္ကိုကူးေျပာင္းတယ္လို႔ မွတ္ယူခဲ့ၾကပါတယ္။ သို႔ေသာ္ ႏွစ္သစ္ကို အမွန္တကယ္ကူးေျပာင္းတဲ့အခ်ိန္က ေနာက္ထပ္ ၂ ရက္ ၄ နာရီ ၄ မိနစ္ႏွင့္ ၄၀ စကၠန္႔ၾကာမွျဖစ္တယ္ လို႔ဆိုၿပီး ထိုသို႔ ေနသြားရာလမ္းကို ၁၂ ရာသီခြင္ႏွင့္ ၫႈိႏႈိင္းတြက္ခ်က္ကာ လျပကၡဒိန္သုံး ျမန္မာတို႔အတြက္ တန္ကူးလတြင္ သႀကၤန္က်ေရာက္ပါတယ္။ ဗုဒၶဝင္ က်မ္းဂန္မ်ားအရ ထိုကာလဟာ ဘုရားရွင္ရဲ႕ မယ္ေတာ္ဘက္က အမ်ိဳးမ်ားရွိတဲ့ ေဒဝဒဟျပည္ေန မင္းသား မင္းသမီးမ်ား ေရကစားၾကတဲ့ ကာလျဖစ္တယ္ လို႔လည္း ဆိုၾကျပန္ပါတယ္။

၂။ သႀကၤန္ႏွင့္ သိၾကားမင္း

သႀကၤန္မွာ သိၾကားမင္းလူ႕ျပည္ကို ဆင္းေလ့ရွိေၾကာင္း အယူအဆကို စတင္ေဖာ္ထုတ္သူက ပုဏၰားပညာရွိ စႏၵရွိန္ကိုး ျဖစ္ပါတယ္။ သိၾကားမင္းစီး၍ ဆင္းလာသည္ဟူေသာ အ႐ုပ္ေတြဟာလည္း သႀကၤန္က်သည့္ေန႔အေပၚမူတည္လို႔ ျဖစ္ေပၚလာျခင္းျဖစ္ၿပီး အခ်ိဳ႕က သကၠရာဇ္ကိုတည္ကာ ၂ ကိုႏႈတ္ၿပီး ၁၂ ျဖင့္စား၍ ရေသာ အႂကြင္းေပၚမူတည္ကာ အ႐ုပ္ေတြကို သတ္မွတ္ေၾကာင္း သႀကၤန္လက္႐ိုးက်မ္းကို ကိုးကားလ်က္ ဆိုၾကျပန္ပါတယ္။

၃။ အတာေရပက္ျဖန္းျခင္းအစႏွင့္ သႀကၤန္စာ

သႀကၤန္အတာေရ ပက္ျဖန္းျခင္းကို ဥေပါသထမင္းႀကီးရဲ႕ ေခါင္းေဆးမဂၤလာျပဳျခင္းက စတယ္လို႔ ေျပာၾကေလ့ရွိကာ ထိုေခတ္က ဘုရင္ေတြဟာ တစ္ႏွစ္တစ္ခါ ေခါင္းေဆးမဂၤလာကို က်င္းပျပဳလုပ္ေလ့ရွိၾကပါတယ္။ သႀကၤန္အက်ေန႔မွာ သိၾကားမင္းဟာ နတ္ျပည္မွ လူ႕ျပည့္သို႔ ဆင္းသက္လာၿပီး ထိုဆင္းဆက္လာခ်ိန္ကို သိေစရန္ သႀကၤန္အေျမာက္ကိုေဖာက္ၾကတဲ့အခါ လူေတြက အတာအိုးထဲမွာ ေရထည့္ၿပီး သေျပခက္နဲ႔ ေျမႀကီးကိုေရျဖန္းကာ ပူေဇာ္ၾကပါတယ္။ ထိုအခါ အႏၵိယမ်ိဳးႏြယ္ ျဗဟၼဏပုဏၰမ်ားက ေနာင္လမည့္ႏွစ္အတြက္ ေဟာကိန္းျဖစ္တဲ့ သႀကၤန္စာကို ႐ြတ္ဖတ္ ေၾကညာပါေတာ့တယ္။

၄။ သႀကၤန္ႏွင့္ ျမန္မာ့ရာဇဝင္

ျမန္မာ့သမိုင္း မွန္နန္းရာဇဝင္ ပဥၥမအတြဲအရ သႀကၤန္ဟာ ပုဂံေခတ္ နရသီပဟပေတ့မင္း (ခ) တ႐ုတ္ေျပးမင္း (ခ) မင္းေခြးေခ်း လက္ထက္မွ စတင္ခဲ့ပါတယ္။

အက်ီစားသန္တဲ့ နရသီဟပေတ့မင္းမွာ ငယ္႐ြယ္လွပၿပီး မာန္မာနႀကီးသူ မိဖုရားငယ္ ေစာလုံ ဆိုတာရွိခဲ့ၿပီး ေစာလုံဟာ နရသီဟပေတ့မင္းရဲ႕ ခ်စ္ခင္ၾကင္နာမႈကို အခံရဆုံးလဲျဖစ္ပါတယ္။ ႏွစ္စဥ္ ပုဂံမွာ ေႏြရာသီေရာက္တိုင္း ေရဖ်န္းကစားတဲ့ ေရသဘင္ပြဲေတာ္ ျပဳလုပ္ေလ့ရွိၿပီး နန္းေတာ္ကေန ျမစ္ဆိပ္အထိ အကာအရံမ်ား ကာရံကာ ျမစ္ဆိပ္၌ တဲထိုးကာ ေရကစားေလ့ရွိၾကပါတယ္။ ရွင္ဘုရင္ဟာ ေမာင္းမမ်ားပါမက်န္ အစုံအလင္နဲ႔ ပြဲေတာ္ကိုက်င္းပေလ့ရွိၿပီး မိဖုရားေစာလုံကိုလဲ ဖိတ္ေခၚခဲ့ပါတယ္။

နရသီဟပေတ့မင္းဟာ ေမာင္းမတစ္ေယာက္ကို မိဖုရားေစာလုံရဲ႕ ေခါင္းက ဆံစပါမက်န္ ႐ြဲစိုေအာင္ေလာင္းရန္ တိတ္တဆိတ္ မိန္႔ၾကားခဲ့ပါတယ္။ ဝိုင္းဝန္းက်ီစားပက္လိုက္တဲ့ ေရဒဏ္ေၾကာင့္ မိဖုရားေစာလုံဟာ အရွက္ႀကီးစြာရခဲ့ၿပီး ဒယိမ္းဒယိုင္ ျဖစ္သြားတာကို နရသီဟပေတ့မင္းက ေမာင္းမမ်ားေရွ႕မွာ ရယ္ေမာခဲ့ပါတယ္။ ဒါကို ေစာလုံက မေက်နပ္တာေၾကာင့္ ဘုရင္ ပြဲေတာ္တည္မယ့္ ပြဲေတာ္စာမွာ အဆိပ္ခတ္လုပ္ႀကံခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမဲ့ နရသီဟပေတ့မင္းဟာ လုပ္ႀကံေၾကာင္းသိခဲ့ၿပီး မိဖုရားေစာလုံကို ကြပ္မ်က္ပစ္ခဲ့ပါတယ္။

၅။ သႀကၤန္ရဲ႕အဓိပၸာယ္ နဲ႔ ပိေတာက္ပန္း

ႏွစ္ေဟာင္းကုန္ၿပီး ႏွစ္သစ္ကူးေျပာင္းခ်ိန္မွာ မေကာင္းတဲ့ အညစ္အေၾကးေတြကို ေဆးေၾကာၾကတယ္ ဆိုတဲ့ အယူအဆနဲ႔ သႀကၤန္ေရကို ပက္ျဖန္းကာ ႏွစ္စဥ္သႀကၤန္ပြဲေတာ္ကို က်င္းပၾကသလို ျမန္မာႏိုင္ငံရဲ႕ အႀကီးမားဆုံးနဲ႔ အစည္ကားဆုံးပြဲေတာ္ တစ္ခုလည္း ျဖစ္ပါတယ္။ သႀကၤန္ေရာက္တိုင္း တစ္ႏွစ္တစ္ခါ အခ်ိန္အခါသင့္ ပြင့္ေလ့ရွိတဲ့ ပိေတာက္ပန္းေတြေၾကာင့္ "တစ္ေယာက္ဆိုတစ္ေယာက္ ပိေတာက္ဆိုပိေတာက္လို႔" ေရွးစကားပုံရွိခဲ့ျခင္း ျဖစ္ပါတယ္။

၆။ ယေန႔ေခတ္သႀကၤန္

ယေန႔ေခတ္မွာေတာ့ သႀကၤန္ကို မ႑ပ္အႀကီးအေသးမ်ိဳးစုံမွာ ေရပိုက္ေတါ ေရေသနက္ေတြ ေရဖလား စတာေတြနဲ႔ အမ်ိဳးမ်ိဳးကစားၾကၿပီး ျမဴးျမဴးႂကြႂကြ ေခတ္ေပၚသံစဥ္မ်ားနဲ႔ ျမန္မာသံစဥ္ေတြကို တြဲဖက္ သီဆိုေဖ်ာ္ေျဖကာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိေနၿပီး ႏိုင္ငံျခားသားေတြလည္း အထူးစိတ္ဝင္တစား ပါဝင္ဆင္ႏႊဲၾကတာကို ေတြ႕လာရပါတယ္။

Ref : ျမန္မာ့စြယ္စုံက်မ္း အတြဲ (၁၃)

: မွန္နန္းရာဇဝင္ ပဥၥမတြဲ

: ဟံသာဝတီဦးဘရင္၏ ျမန္မာ့အစဥ္အလာ

: တင္ႏိုင္တိုး၏ သႀကၤန္ပြဲေတာ္

: Wikipedia

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cj (႐ိုးရာေလး)

#Unicode Version#
သင်္ကြန် ဆိုတဲ့စကားဟာ သင်္ကန္တ ဆိုတဲ့ ပါဠိဘာသာစကား သင်္ကြန္တ ဆိုတဲ့ သက္ကတဘာသာစကားတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး ပြောင်းရွှေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

၁။ သင်္ကြန်ဆင်းသက်လာပုံ

(က) သင်္ကြန်ဟာ ဟိန္ဒူဘာသာကနေ ဆင်းသက်လာတယ်လို့ဆိုကြပြါတယ်။ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ အငြင်းပွားရာမှာ သိကြားမင်းအနိုင်ရခဲ့ပြီး ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို ရခဲ့ပါတယ်။ တန်ဖိုးကြီးလှတေဲ့ ဗြဟ္မာမင်းဦးခေါင်းကို ပင်လယ်ထဲပစ်ချရင် ရေခန်း၊ မြေကြီးထဲထားလျှင် မီးလောင်၊ လေထဲသို့ ပစ်လျှင်လဲ သတ္တဝါအားလုံး မီးလောင်ကြမှာ ဖြစ်တာကြောင့် သိကြားမင်းက ကိုင်ထားရပါတယ်။ နောက်ပိုင်မှာ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တစ်နှစ်လျှင်တစ်ပါး ဦးခေါင်းကို ထိန်းသိမ်းဖို့ မိန့်ကြားခဲ့ကာ ဦးခေါင်းကို နတ်မင်းကြီးတစ်ပါးလက်မှ အခြားနတ်မင်းကြီးတစ်ပါးလက်ထဲသို့ ကူးပြောင်းချိန်ကို ပုဏ္ဏားတို့က တွက်ချက်ပြီး ထိုအကူးအပြောင်းကာလကို သင်္ကန္တ လို့ခေါ်ဆိုခဲ့ကြပါတယ်။ ထိုကာလမှာ သိကြားမင်းဟာ ကောင်းမှုထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားဖို့ အတွက် လူ့ပြည်ဆင်းလေ့ရှိကာ မှတ်တမ်းများကိုလည်း မှတ်လေ့ရှိပြီး ကောင်းသူများကို ရွှေပေလွှာတွင်ရေးမှတ်ပြီး မကောင်းသူများကို ခွေးသားရေပုရပိုက်မှာ ရေးမှတ်တယ် လို့ ဆိုကြပါတယ်။

(ခ) ဒါပေမဲ့ သင်္ကြန်ဟာ ဗုဒ္ဓဝင်ကျမ်းတွေက ဆင်းသက်လာတယ် လို့လည်း ဆိုကြပြန်ပါတယ်

ဗေဒင်ပညာရပ်များအရ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိသာရာသီကနေ စကြည့်ရင် မေထုန်... မိန်ရာသီကို ရောက်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်ပါတယ်။ တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင်မှ မိဿရာသီအစ သုညအဿၤကို ဝင်တယ်လို့ သတ်မှတ်ကာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတယ်လို့ မှတ်ယူခဲ့ကြပါတယ်။ သို့သော် နှစ်သစ်ကို အမှန်တကယ်ကူးပြောင်းတဲ့အချိန်က နောက်ထပ် ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်တယ် လို့ဆိုပြီး ထိုသို့ နေသွားရာလမ်းကို ၁၂ ရာသီခွင်နှင့် ညှိုနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ကူးလတွင် သင်္ကြန်ကျရောက်ပါတယ်။ ဗုဒ္ဓဝင် ကျမ်းဂန်များအရ ထိုကာလဟာ ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးများရှိတဲ့ ဒေဝဒဟပြည်နေ မင်းသား မင်းသမီးများ ရေကစားကြတဲ့ ကာလဖြစ်တယ် လို့လည်း ဆိုကြပြန်ပါတယ်။

၂။ သင်္ကြန်နှင့် သိကြားမင်း

သင်္ကြန်မှာ သိကြားမင်းလူ့ပြည်ကို ဆင်းလေ့ရှိကြောင်း အယူအဆကို စတင်ဖော်ထုတ်သူက ပုဏ္ဏားပညာရှိ စန္ဒရှိန်ကိုး ဖြစ်ပါတယ်။ သိကြားမင်းစီး၍ ဆင်းလာသည်ဟူသော အရုပ်တွေဟာလည်း သင်္ကြန်ကျသည့်နေ့အပေါ်မူတည်လို့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အချို့က သက္ကရာဇ်ကိုတည်ကာ ၂ ကိုနှုတ်ပြီး ၁၂ ဖြင့်စား၍ ရသော အကြွင်းပေါ်မူတည်ကာ အရုပ်တွေကို သတ်မှတ်ကြောင်း သင်္ကြန်လက်ရိုးကျမ်းကို ကိုးကားလျက် ဆိုကြပြန်ပါတယ်။

၃။ အတာရေပက်ဖြန်းခြင်းအစနှင့် သင်္ကြန်စာ

သင်္ကြန်အတာရေ ပက်ဖြန်းခြင်းကို ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုခြင်းက စတယ်လို့ ပြောကြလေ့ရှိကာ ထိုခေတ်က ဘုရင်တွေဟာ တစ်နှစ်တစ်ခါ ခေါင်းဆေးမင်္ဂလာကို ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ သင်္ကြန်အကျနေ့မှာ သိကြားမင်းဟာ နတ်ပြည်မှ လူ့ပြည့်သို့ ဆင်းသက်လာပြီး ထိုဆင်းဆက်လာချိန်ကို သိစေရန် သင်္ကြန်အမြောက်ကိုဖောက်ကြတဲ့အခါ လူတွေက အတာအိုးထဲမှာ ရေထည့်ပြီး သပြေခက်နဲ့ မြေကြီးကိုရေဖြန်းကာ ပူဇော်ကြပါတယ်။ ထိုအခါ အန္ဒိယမျိုးနွယ် ဗြဟ္မဏပုဏ္ဏများက နောင်လမည့်နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေညာပါတော့တယ်။

၄။ သင်္ကြန်နှင့် မြန်မာ့ရာဇဝင်

မြန်မာ့သမိုင်း မှန်နန်းရာဇဝင် ပဉ္စမအတွဲအရ သင်္ကြန်ဟာ ပုဂံခေတ် နရသီပဟပတေ့မင်း (ခ) တရုတ်ပြေးမင်း (ခ) မင်းခွေးချေး လက်ထက်မှ စတင်ခဲ့ပါတယ်။

အကျီစားသန်တဲ့ နရသီဟပတေ့မင်းမှာ ငယ်ရွယ်လှပပြီး မာန်မာနကြီးသူ မိဖုရားငယ် စောလုံ ဆိုတာရှိခဲ့ပြီး စောလုံဟာ နရသီဟပတေ့မင်းရဲ့ ချစ်ခင်ကြင်နာမှုကို အခံရဆုံးလဲဖြစ်ပါတယ်။ နှစ်စဉ် ပုဂံမှာ နွေရာသီရောက်တိုင်း ရေဖျန်းကစားတဲ့ ရေသဘင်ပွဲတော် ပြုလုပ်လေ့ရှိပြီး နန်းတော်ကနေ မြစ်ဆိပ်အထိ အကာအရံများ ကာရံကာ မြစ်ဆိပ်၌ တဲထိုးကာ ရေကစားလေ့ရှိကြပါတယ်။ ရှင်ဘုရင်ဟာ မောင်းမများပါမကျန် အစုံအလင်နဲ့ ပွဲတော်ကိုကျင်းပလေ့ရှိပြီး မိဖုရားစောလုံကိုလဲ ဖိတ်ခေါ်ခဲ့ပါတယ်။

နရသီဟပတေ့မင်းဟာ မောင်းမတစ်ယောက်ကို မိဖုရားစောလုံရဲ့ ခေါင်းက ဆံစပါမကျန် ရွဲစိုအောင်လောင်းရန် တိတ်တဆိတ် မိန့်ကြားခဲ့ပါတယ်။ ဝိုင်းဝန်းကျီစားပက်လိုက်တဲ့ ရေဒဏ်ကြောင့် မိဖုရားစောလုံဟာ အရှက်ကြီးစွာရခဲ့ပြီး ဒယိမ်းဒယိုင် ဖြစ်သွားတာကို နရသီဟပတေ့မင်းက မောင်းမများရှေ့မှာ ရယ်မောခဲ့ပါတယ်။ ဒါကို စောလုံက မကျေနပ်တာကြောင့် ဘုရင် ပွဲတော်တည်မယ့် ပွဲတော်စာမှာ အဆိပ်ခတ်လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နရသီဟပတေ့မင်းဟာ လုပ်ကြံကြောင်းသိခဲ့ပြီး မိဖုရားစောလုံကို ကွပ်မျက်ပစ်ခဲ့ပါတယ်။

၅။ သင်္ကြန်ရဲ့အဓိပ္ပာယ် နဲ့ ပိတောက်ပန်း

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းချိန်မှာ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောကြတယ် ဆိုတဲ့ အယူအဆနဲ့ သင်္ကြန်ရေကို ပက်ဖြန်းကာ နှစ်စဉ်သင်္ကြန်ပွဲတော်ကို ကျင်းပကြသလို မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အစည်ကားဆုံးပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်ရောက်တိုင်း တစ်နှစ်တစ်ခါ အချိန်အခါသင့် ပွင့်လေ့ရှိတဲ့ ပိတောက်ပန်းတွေကြောင့် "တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်လို့" ရှေးစကားပုံရှိခဲ့ခြင်း ဖြစ်ပါတယ်။

၆။ ယနေ့ခေတ်သင်္ကြန်

ယနေ့ခေတ်မှာတော့ သင်္ကြန်ကို မဏ္ဍပ်အကြီးအသေးမျိုးစုံမှာ ရေပိုက်တေါ ရေသေနက်တွေ ရေဖလား စတာတွေနဲ့ အမျိုးမျိုးကစားကြပြီး မြူးမြူးကြွကြွ ခေတ်ပေါ်သံစဉ်များနဲ့ မြန်မာသံစဉ်တွေကို တွဲဖက် သီဆိုဖျော်ဖြေကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိနေပြီး နိုင်ငံခြားသားတွေလည်း အထူးစိတ်ဝင်တစား ပါဝင်ဆင်နွှဲကြတာကို တွေ့လာရပါတယ်။

Ref : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃)

: မှန်နန်းရာဇဝင် ပဉ္စမတွဲ

: ဟံသာဝတီဦးဘရင်၏ မြန်မာ့အစဉ်အလာ

: တင်နိုင်တိုး၏ သင်္ကြန်ပွဲတော်

: Wikipedia

ဖိုးသူတော် (www.phothutaw.com)
Credit: Cj (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top