ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ မာန္ေအာင္အုပ္စု၊ မ႐ိုးကန္ေက်းရြာ အေနာက္ဘက္ ဥသၽွစ္ကုန္း ေရေလွာင္တမံသြားတဲ့လမ္းမွာ ဧၿပီ ၂၁ ရက္ ည ၈ နာရီခြဲေလာက္က သမီးရည္းစား အခ်င္းမ်ား ရန္ျဖစ္ရာက လူသတ္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

မင္းလွၿမိဳ႕နယ္ ေက်ာက္ပုံေက်းရြာ တရြာတည္းေန ရည္းစားျဖစ္သူနဲ႔အတူ ပြင့္ျဖဴၿမိဳ႕ကို ဆိုင္ကယ္နဲ႔ သြားေရာက္ၿပီး ျပန္လာရာ ငဖဲၿမိဳ႕နယ္၊ မ႐ိုးကန္ေက်းရြာ အေနာက္ဘက္ ဥသၽွစ္ကုန္း ေရေလွာင္တမံသြားတဲ့လမ္းမွာ စကားမ်ား ရန္ျဖစ္ရာက လည္ပင္းညႇစ္ လူသတ္မႈ ျဖစ္ခဲ့တယ္လို႔ ပဒါန္းစခန္းမႉး ရဲအုပ္ေက်ာ္ေဇယ်ကေျပာပါတယ္။

“ေသဆံုးသူ မေအးေအးဝင္း (၃၅ ႏွစ္) မွာ လည္ပင္း ညိဳမည္းဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္ ဒဏ္ရာပါးစပ္မွ အရည္ထြက္လ်ွက္ျဖင့္ေသဆံုးေနတာကို ေတြ႔ရိွခဲ့ၿပီးလူသတ္မႈ က်ဴလြန္းသူမွာ ထြက္ေျပးတိမ္းေရွာင္ျခင္း မရိွဘဲ ပဒါန္းရဲကင္းစခန္းသို႔ ကိုယ္တိုင္လာေရာက္အဖမ္းခံခဲ့တယ္”လိုု႔ ရဲအုပ္ေက်ာ္ေဇယ်က ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ မင္းလွၿမိဳ႕နယ္ ေက်ာက္ပုံေက်းရြာေနသူ ခန္႔ေက်ာ္သူ (၂၉ႏွစ္)ကို ပဒါန္းရဲကင္းစခန္းမႉး ရဲအုပ္ေက်ာ္ေဇယ်က တရားလိုျပဳလုပ္တိုင္တန္းၿပီး ငဖဲၿမိဳ႕မ ရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ နဲ႔ အမႈဖြင့္အေရးယူထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ မာန်အောင်အုပ်စု၊ မရိုးကန်ကျေးရွာ အနောက်ဘက် ဥသျှစ်ကုန်း ရေလှောင်တမံသွားတဲ့လမ်းမှာ ဧပြီ ၂၁ ရက် ည ၈ နာရီခွဲလောက်က သမီးရည်းစား အချင်းများ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မင်းလှမြို့နယ် ကျောက်ပုံကျေးရွာ တရွာတည်းနေ ရည်းစားဖြစ်သူနဲ့အတူ ပွင့်ဖြူမြို့ကို ဆိုင်ကယ်နဲ့ သွားရောက်ပြီး ပြန်လာရာ ငဖဲမြို့နယ်၊ မရိုးကန်ကျေးရွာ အနောက်ဘက် ဥသျှစ်ကုန်း ရေလှောင်တမံသွားတဲ့လမ်းမှာ စကားများ ရန်ဖြစ်ရာက လည်ပင်းညှစ် လူသတ်မှု ဖြစ်ခဲ့တယ်လို့ ပဒါန်းစခန်းမှူး ရဲအုပ်ကျော်ဇေယျကပြောပါတယ်။

“သေဆုံးသူ မအေးအေးဝင်း (၃၅ နှစ်) မှာ လည်ပင်း ညိုမည်းဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာပါးစပ်မှ အရည်ထွက်လျှက်ဖြင့်သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးလူသတ်မှု ကျူလွန်းသူမှာ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ ပဒါန်းရဲကင်းစခန်းသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်”လိုု့ ရဲအုပ်ကျော်ဇေယျက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မင်းလှမြို့နယ် ကျောက်ပုံကျေးရွာနေသူ ခန့်ကျော်သူ (၂၉နှစ်)ကို ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်တိုင်တန်းပြီး ငဖဲမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top