ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 အစိမ္းေသ ေသေသာသူကို သရဏဂုံတင္လို႔ရ -မရႏွင့္ သူ႕ရဲ႕အသုဘမွာ ငါးပါးသီလ ခံယူလို႔ ရ-မရ သိခ်င္ပါတယ္။ အေၾကာင္းအက်ိဳး ယုတၱိယုတၱာ သာဓက ၀တၳဳေလးတင္ၿပေပးပါ ဘုရား။ ေက်းဇူးတင္ ပါသည္ဘုရား..

အထက္ပါ ေမးခြန္းရွင္၏ စကားအရ မည္သည့္နည္းႏွင့္ေသသူကိုမဆုိ အေလာင္းကုိ သရဏဂုံတင္လ်င္ မရနိုင္ပါ၊ ေနာက္ တဖန္ ေသလြန္သူ၏ အသုဘမွာ ငါးပါးသီလ ခံယူျခင္းသည္လည္း က်စ္ရစ္သူ မိသားစုမ်ားအတြက္သာ ျဖစ္နုိင္ပါသည္၊ ေသၿပီးသူအတြက္ ထူးျခားမလာပါ၊ သို႔ပါေသာ္လည္း ထုိသို႔သရဏဂုံတင္ျခင္းသည္ က်န္ရစ္သူမိသားစု၏ ေမတၱာ၊ ကရုဏာ ေစတနာတို႔ကို ေဖာ္ျပရာေ ရာက္သျဖင့္ အက်ိဳးယုတ္ျခင္း မရွိေသာေၾကာင့္ ျပဳလုပ္သင့္ေသာ ကုသုိလ္ဓေလ့တခုဟု ဆိုသင့္ပါသည္။ လိုရင္းတိုရွင္းေျဖလ်င္ ဒါေလာက္ဆုိ လုံေလာက္ပါတယ္၊ ဒါေပမယ့္ အေၾကာင္းရင္းကို အက်ိဳး အေၾကာင္း ျပည့္စုံစြာ ရွင္းျပမွ အဆင္ေျပမွာ ျဖစ္တာေၾကာင့္ သိသင့္တာေလးေတြကို ရွင္းျပပါရေစ..
သရဏဂုံ အဓိပၸါယ္ဘယံ သႏၱာသံ ဒုကၡံ ဒုဂၢတိပရိကိေလသံ သရတိ ဟိ ံသတိ ၀ိနာေသတီ တိ သရဏံ၊( ေၾကာက္ျခင္း ထိတ္လန္႔ျခင္းသေဘာရွိေသာ ဆင္းရဲမ်ားႏွင့္ အပါယ္သို႔ က်ေရာက္ေစတတ္ေသာ ကိေလသာတို႔ကို ညွင္းဆဲတတ္၊ ဖ်က္ဆီးသတ္တတ္ေသာေၾကာင့္ သရဏ ( ကိုးကြယ္ဆည္းကပ္ရာ ) လို႔ ေခၚဆုိရေၾကာင္း ) ဂမန-သဒၵါက မွီ၀ဲဆည္းကပ္ျခင္း ကပ္ေရာက္ျခင္းဆိုေတာ့ (သရဏ- ဂမန) ႏွစ္ပုဒ္ကုိ ပါဠိပ်က္အေနျဖင့္ သရဏဂုံ လို႔ ေခၚဆုိေၾကာင္း မူလပဏၰာသ အ႒ကထာ ပ-၁၃၆ မွာ ဆိုထားပါတယ္၊ဗုဒၶဘာသာ၀င္တေယာက္အတြက္ ဘ၀မွာ သရဏဂုံဟာ အေရးပါလွပါတယ္၊ ဘုရားေဟာေဒသနာမ်ားမွာ သရဏဂုံကုိ အသက္ထက္ဆုံး တည္ၿမဲစြာ ေစာင့္ထိန္းခဲ့လ်င္ ေကာင္းရာသုဂတိကို ေရာက္နုိင္သလို တမဂ္တဖိုလ္အထိ ေမွ်ာ္လင့္နုိင္ ေၾကာင္း စသည္ျဖင့္ ၀တၳဳသာဓကေတြ ေဟားထားခဲ့တယ္၊ ထုိသရဏဂုံဟာ အသက္ထင္ရွားရွိစဥ္မွာ ေဆာက္တည္ထား ၿပီးေသာ္လည္း ေသသြားရင္ေတာ့ အလိုအေလ်ာက္ ပ်က္ဆီးသြားပါတယ္၊ လူ႔ခႏၶာကိုယ္မွ သိစိတ္၀ိဥာဥ္ မရွိေတာ့တဲ့ အတြက္ေၾကာင့္ ေစာင့္ထိန္းမယ္ ဆိုတဲ့ စိတ္လဲ မတည္ၿမဲေတာ့ပါဘူး ၊အသက္ရွင္စဥ္မွာ တျခားေသာ အယူ၀ါဒ ဘာသာကို ေျပာင္းလဲကိုးကြယ္ရင္လဲ သရဏဂုံပ်က္တတ္ပါတယ္၊ ထုိ႔ေၾကာင့္ အစိမ္းေသျဖစ္ေစ၊ လူႀကီးေရာဂါျဖင့္ မီးစာကုန္ ဆီခန္း ေသသည္ျဖစ္ေစ ေသသူကို သရဏဂုံတင္လို႔ မရနိုင္ေၾကာင္းကို ေရွးဦးစြာ မွတ္သားရပါမယ္။

ဆက္ပါအုံးမည္ ......

ေသသူ၏ အသုဘ၌ ငါးပါးသီလ ခံယူျခင္း ဆုိသည္မွာလဲ က်န္ရစ္သူတို႔က မိမိ၏ ေဆြမ်ိဳးသားခ်င္းမ်ား ကုသိုလ္ရေစရန္ သို႔တည္းမဟုတ္ ေသသူ႔အေပၚတြင္ ဘယ္ေလာက္ခ်စ္ေၾကာင္း၊ သံေယာဇဥ္ထားေၾကာင္း၊ စသည္ျဖင့္ ေမတၱာေစတနာ ကရုဏာတုိ႔ကို ေဖာ္ျပလိုေသာေၾကာင့္ ကုသုိလ္လုပ္ၾကျခင္း ျဖစ္ရ ကား ေသ သူအတြက္ေတာ့ သာဓုေခၚနုိင္ေသာ ဘ၀ေရာက္ေနလ်င္ အက်ိဳးထူးပါမည္၊ သာဓုမေခၚဆုိနုိင္ေသာ ဘ၀သို႔ ေရာက္ေနလ်င္ အက်ိဳးမထူးပါ၊ က်န္ရစ္သူ မ်ားမွာေတာ့ ကုသိုလ္ေကာင္းမႈတခု ျပဳလုပ္ခြင့္ ရသြားပါသည္။

ဘုရားေခတ္က သာဓကဘုရားရွင္လက္ထက္က ဇာဏုေႆာဏိ ဆုိတဲ့ ပုဏၰားႀကီးတေယာက္ရွိတယ္၊ ေဒသနာမ်ားမွာေတာ့ အဲဒီပုဏၰားႀကီးဟာ ကတ္သီးကတ္သတ္ ေမးခြန္းမ်ား ေမးေလ့ရွိသူလို႔ နာမည္ႀကီးသေပါ့၊ တေန႔မွာ အဲဒီ ပုဏၰားႀကီးက ေသသူကို ရည္စူးကာ အမွ်ေ၀ရာတြင္ တမလြန္ေရာက္ေနသူတုိင္း အက်ိဳးခံစားခြင့္ ရွိ မရွိ ဆုိတဲ့ေမးခြန္းကို ေမးတယ္၊ အဲဒီအေၾကာင္းကုိ ဘုရားရွင္နဲ႔ ပုဏၰားႀကီးတုိ႔ အျပန္အလွန္ေမး- ေျဖစကား မ်ားကို ၾကားရရင္ နားလည္နုိင္မည္ ထင္ပါသည္။
အရွင္ေဂါတမ - ေသသူကို ရည္စူးကာ အမွ်ေ၀ရာတြင္ တမလြန္ေရာက္ေနသူတိုင္း အက်ိဳးခံစားခြင့္ ရွိ ပါသလား ပုဏၰားႀကီး သာဓုေခၚနုိင္တဲ့ဘ၀ကိုေရာက္ရင္ အက်ိဳးခံစားနုိင္ပါတယ္.ဘယ္လို ဘ၀မ်ိဳးက သာဓုေခၚနိုင္ၿပီး ဘယ္လို ဘ၀မ်ိဳးက သာဓုမေခၚနုိင္ပါသလဲဘုရား ..ေသခါနီးမွာ စြဲလန္းစိတ္နဲ႔ေသၿပီး မကြ်တ္မလြတ္တဲ့ တေစၦ သရဲ ၿပိတၱာ စတဲ့ ဘုံဘ၀ကိုေရာက္ေနရင္၊ ကိုယ္ကလဲ ေကာင္းမႈျပဳကာ သူ႔ကုိ ရည္စူးအမွ်ေ၀ရင္၊ သူကလဲ ၀မ္းသာစြာ သာဓုေခၚရင္ အက်ိဳးခံစားခြင့္ ရရွိနိင္ပါတယ္၊ေသၿပီးေနာက္ လူ႔ျပည္၊ နတ္ျပည္၊ ငရဲျပည္ကို ေရာက္သြားသူမ်ား၊ တိရိစၧာန္ဘ၀ကိုေရာက္သြားသူမ်ားဟာ က်န္ရစ္သူ မ်ားက ဘယ္လိုပင္အမွ်ေ၀သည္ျဖစ္ေစ သာဓုမေခၚနုိင္ေတာ့ပါဘူး၊
ဒါ ဆုိရင္ဘုရား.. သူတို႔က သာဓုမေခၚနုိင္ရင္ ကုသုိလ္လုပ္ေပမယ့္ အက်ိဳးမရွိေတာ့ဘူးေပါ့..အက်ိဳးမရွိတာ မဟုတ္ပါဘူး၊ ရွိပါတယ္ ပုဏၰားႀကီး၊ ယခုလက္ရွိေသၿပီးသူက သာဓုမေခၚနုိင္ေသာ္ လည္း ေဆြမ်ိဳးေတာ္ၿပီး မကြ်တ္မလြတ္ေသးတဲ့ေဆြမ်ိဳးေတြ အမ်ားႀကီး ရွိေနတယ္၊ သူတို႔ကလဲ ငါတို႔ေဆြမ်ိဳးေတြ ဘယ္ေတာ့မ်ား ေကာင္းမႈျပဳၿပီး အမွ်ေ၀ၾကမလဲ .. လို႔ ေစာင့္စား ေမွ်ာ္လင့္ေနၾကတယ္၊ ဒါေၾကာင့္ သူတို႔သာဓုေခၚနုိင္တာေၾကာင့္ အက်ိဳးရွိပါတယ္.. အဲဒီလို ေဆြမ်ိဳးေတာ္သူေတြ မရွိေတာ့ဘူး ဆုိရင္ေရာ ဘုရား ..ပုဏၰားႀကီး ရွည္လ်ားလွတဲ့ သံသရာမွာ ေဆြမ်ိဳးမေတာ္စပ္ခဲ့ဘူးတဲ့သူဆုိတာ မရွိနုိင္ဘူး၊ ဒါေၾကာင့္ ကိုယ္ျပဳသမွ် ကုသုိလ္ ဟာ အလကားမျဖစ္ပါဘူး လို႔ မိန္႔ေတာ္မူခဲ့တယ္။

တဆက္ထဲတြင္ ေသၿပီးေနာက္ (၇) ရက္လြန္လ်င္ (၅) ရက္လြန္လ်င္ ရက္လည္ဆြမ္းသြပ္၊ ပရိတ္တရားေတာ္နာျခင္း စသည္တို႔ကုိ လူအမ်ားစု ယုံၾကည္ေနၾကသည္ကား ေသၿပီးေနာက္ တပတ္တိတိ က်န္ရစ္သူအိမ္သူအိမ္သားတို႔၏ ပတ္၀န္း က်င္မွာ က်င္လည္ေနၾကၿမဲျဖစ္သည္၊ ရက္လည္ၿပီးကာမွ သြားလိုရာ ဘုံ႒ာန၊ ေရာက္သင့္ရာဘုံ႒ာန တခုခုသို႔ ေရာက္ၾကရ သည္ ဟူေသာ အႏၲရာဘ၀ ဒိ႒ိ ( ပစၥဳပၸန္ဘ၀ႏွင့္ တမလြန္ၾကားတြင္ ဘ၀တခုရွိေနေသးသည္ ) ဟူေသာ မွားယြင္းေသာ အယူ အဆရွိေနေသာေၾကာင့္ လုပ္ၾကျခင္း ျဖစ္သည္။ အမွန္ေတာ့ မကြ်တ္မလြတ္ေသးေသာ တေစၧ သရဲ ၿပိတၱာတို႔ ျဖစ္ေနမွသာ သာဓုေခၚနုိင္ၿပီး ေကာင္းက်ိဳးခ်မ္းသာမ်ား ခံစား စံစားနုိင္ပါသည္။

အထူးအားျဖင့္ အစိမ္းေသ ( accident ) တခုခုျဖင့္ေသလြန္သူကို စာေပစကားအရ ဥေပေစၧဒက ကံ ျဖင့္ ေသသူလို႔ ဆုိရပါမယ္၊ ထိုသူမ်ိဳးဟာ ေသခါနီးတြင္ ေၾကာက္လန္႔ ထိတ္လန္႔ျခင္း၊ ေအာ္ဟစ္ျခင္း၊ နာက်င္ေသာ ေ၀ဒနာကို ခံစား ေနရသျဖင့္ ကုသိုလ္ျဖစ္ေစမည့္ ဘုရားတရားအာရုံကို ႏွလုံးသြင္းဖို႔ ခဲယဥ္းေသာေၾကာင့္ ဘ၀ကူး ေကာင္းဖို႔လည္း ခက္ခဲ ပါလိမ့္မည္။ ထုိသူမ်ိဳးအတြက္ အမွ်ေ၀ရန္ ဧကန္လိုအပ္ပါသည္။
ဗုဒၶအဘိဓမၼာအလိုအရ ဒီဘ၀ စုတိစိတ္က်ၿပီးလ်င္ ေနာက္ဘ၀တြင္ ခဏငယ္အနည္းငယ္သာျခားၿပီး ပဋိသေႏၶေနရသည္ ဟု အတိအလင္းေဖာ္ျပထားသည္၊ ဆုိလိုသည္မွာ ျမန္မာျပည္မွာ ေသသြားသူသည္ အဂၤလန္၊ ျပင္သစ္ အေမရိကန္ စေသာေ၀းလံေသာအရပ္သို႔ တခဏခ်င္း သြားေရာက္ ၀င္စားနုိင္ေပသည္။ ဥပမာ စိတ္သည္ ယခုခ်က္ခ်င္း မေရာက္ ဖူးေသးေသာ တေနရာကို အာရုံျပဳလ်င္ ခ်က္ခ်င္းလက္ငင္း အခ်ိန္မဆုိင္းပဲ ေရာက္ရွိနုိင္ေသာေၾကာင့္ပင္၊ ထုိ႔အတူ ပဋိသေႏၶစိတ္သည္လည္း အာရုံျပဳမိရာ တေနရာ ရာကို ေရာက္နုိင္ပါသည္၊ စိတ္၏ လ်င္ျမန္ပုံကား ဥပမာျပဖုိ႔ပင္ မျဖစ္နုိင္ ေတာ့ပါ၊
အႏွစ္ခ်ဳပ္အေနျဖင့္ လူတေယာက္မွာ ေသဆုံးသြားရင္ ထုိပုဂၢိဳလ္ တသက္လုံးေဆာက္တည္လာခဲ့တဲ့ သရဏဂုံဟာ အလိုလို ပ်က္ဆီးသြားပါတယ္၊ ခံယူနုိင္စြမ္း စိတ္၀ိဥာဥ္ မရွိေတာ့လို႔ပါ၊ က်န္ရစ္သူ မိသားစုမ်ားကလဲ ဘာမွ မတတ္ နုိင္ၾကေတာ့ဘူး ဆုိေတာ့ ဒီဘက္ဘ၀မွာ ငါတို႔ေတာ့ လက္လႊတ္ လိုက္ရၿပီ၊ သို႔ေသာ္လည္း ဟိုဘ၀မွာ သတိရလ်င္ သရဏဂုံဆက္ၿပီး ယူပါေစေတာ့ရယ္လို႔ ရည္စူးကာ လူေသကို သရဏဂုံတင္ၾကျခင္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yinthinnei
# Unicode Version ျဖင့္ ဖတ္ပါ #
 အစိမ်းသေ သေသောသူကို သရဏဂုံတင်လို့ရ -မရနှင့် သူ့ရဲ့အသုဘမှာ ငါးပါးသီလ ခံယူလို့ ရ-မရ သိချင်ပါတယ်။ အကြောင်းအကျိုး ယုတ္တိယုတ္တာ သာဓက ဝတ္ထုလေးတင်ပြပေးပါ ဘုရား။ ကျေးဇူးတင် ပါသည်ဘုရား..

အထက်ပါ မေးခွန်းရှင်၏ စကားအရ မည်သည့်နည်းနှင့်သေသူကိုမဆို အလောင်းကို သရဏဂုံတင်လျင် မရနိုင်ပါ၊ နောက် တဖန် သေလွန်သူ၏ အသုဘမှာ ငါးပါးသီလ ခံယူခြင်းသည်လည်း ကျစ်ရစ်သူ မိသားစုများအတွက်သာ ဖြစ်နိုင်ပါသည်၊ သေပြီးသူအတွက် ထူးခြားမလာပါ၊ သို့ပါသော်လည်း ထိုသို့သရဏဂုံတင်ခြင်းသည် ကျန်ရစ်သူမိသားစု၏ မေတ္တာ၊ ကရုဏာ စေတနာတို့ကို ဖော်ပြရာေ ရာက်သဖြင့် အကျိုးယုတ်ခြင်း မရှိသောကြောင့် ပြုလုပ်သင့်သော ကုသိုလ်ဓလေ့တခုဟု ဆိုသင့်ပါသည်။ လိုရင်းတိုရှင်းဖြေလျင် ဒါလောက်ဆို လုံလောက်ပါတယ်၊ ဒါပေမယ့် အကြောင်းရင်းကို အကျိုး အကြောင်း ပြည့်စုံစွာ ရှင်းပြမှ အဆင်ပြေမှာ ဖြစ်တာကြောင့် သိသင့်တာလေးတွေကို ရှင်းပြပါရစေ..
သရဏဂုံ အဓိပ္ပါယ်ဘယံ သန္တာသံ ဒုက္ခံ ဒုဂ္ဂတိပရိကိလေသံ သရတိ ဟိ ံသတိ ဝိနာသေတီ တိ သရဏံ၊( ကြောက်ခြင်း ထိတ်လန့်ခြင်းသဘောရှိသော ဆင်းရဲများနှင့် အပါယ်သို့ ကျရောက်စေတတ်သော ကိလေသာတို့ကို ညှင်းဆဲတတ်၊ ဖျက်ဆီးသတ်တတ်သောကြောင့် သရဏ ( ကိုးကွယ်ဆည်းကပ်ရာ ) လို့ ခေါ်ဆိုရကြောင်း ) ဂမန-သဒ္ဒါက မှီဝဲဆည်းကပ်ခြင်း ကပ်ရောက်ခြင်းဆိုတော့ (သရဏ- ဂမန) နှစ်ပုဒ်ကို ပါဠိပျက်အနေဖြင့် သရဏဂုံ လို့ ခေါ်ဆိုကြောင်း မူလပဏ္ဏာသ အဋ္ဌကထာ ပ-၁၃၆ မှာ ဆိုထားပါတယ်၊ဗုဒ္ဓဘာသာဝင်တယောက်အတွက် ဘဝမှာ သရဏဂုံဟာ အရေးပါလှပါတယ်၊ ဘုရားဟောဒေသနာများမှာ သရဏဂုံကို အသက်ထက်ဆုံး တည်မြဲစွာ စောင့်ထိန်းခဲ့လျင် ကောင်းရာသုဂတိကို ရောက်နိုင်သလို တမဂ်တဖိုလ်အထိ မျှော်လင့်နိုင် ကြောင်း စသည်ဖြင့် ဝတ္ထုသာဓကတွေ ဟေားထားခဲ့တယ်၊ ထိုသရဏဂုံဟာ အသက်ထင်ရှားရှိစဉ်မှာ ဆောက်တည်ထား ပြီးသော်လည်း သေသွားရင်တော့ အလိုအလျောက် ပျက်ဆီးသွားပါတယ်၊ လူ့ခန္ဓာကိုယ်မှ သိစိတ်ဝိဉာဉ် မရှိတော့တဲ့ အတွက်ကြောင့် စောင့်ထိန်းမယ် ဆိုတဲ့ စိတ်လဲ မတည်မြဲတော့ပါဘူး ၊အသက်ရှင်စဉ်မှာ တခြားသော အယူဝါဒ ဘာသာကို ပြောင်းလဲကိုးကွယ်ရင်လဲ သရဏဂုံပျက်တတ်ပါတယ်၊ ထို့ကြောင့် အစိမ်းသေဖြစ်စေ၊ လူကြီးရောဂါဖြင့် မီးစာကုန် ဆီခန်း သေသည်ဖြစ်စေ သေသူကို သရဏဂုံတင်လို့ မရနိုင်ကြောင်းကို ရှေးဦးစွာ မှတ်သားရပါမယ်။

ဆက်ပါအုံးမည် ......

သေသူ၏ အသုဘ၌ ငါးပါးသီလ ခံယူခြင်း ဆိုသည်မှာလဲ ကျန်ရစ်သူတို့က မိမိ၏ ဆွေမျိုးသားချင်းများ ကုသိုလ်ရစေရန် သို့တည်းမဟုတ် သေသူ့အပေါ်တွင် ဘယ်လောက်ချစ်ကြောင်း၊ သံယောဇဉ်ထားကြောင်း၊ စသည်ဖြင့် မေတ္တာစေတနာ ကရုဏာတို့ကို ဖော်ပြလိုသောကြောင့် ကုသိုလ်လုပ်ကြခြင်း ဖြစ်ရ ကား သေ သူအတွက်တော့ သာဓုခေါ်နိုင်သော ဘဝရောက်နေလျင် အကျိုးထူးပါမည်၊ သာဓုမခေါ်ဆိုနိုင်သော ဘဝသို့ ရောက်နေလျင် အကျိုးမထူးပါ၊ ကျန်ရစ်သူ များမှာတော့ ကုသိုလ်ကောင်းမှုတခု ပြုလုပ်ခွင့် ရသွားပါသည်။

ဘုရားခေတ်က သာဓကဘုရားရှင်လက်ထက်က ဇာဏုေဿာဏိ ဆိုတဲ့ ပုဏ္ဏားကြီးတယောက်ရှိတယ်၊ ဒေသနာများမှာတော့ အဲဒီပုဏ္ဏားကြီးဟာ ကတ်သီးကတ်သတ် မေးခွန်းများ မေးလေ့ရှိသူလို့ နာမည်ကြီးသပေါ့၊ တနေ့မှာ အဲဒီ ပုဏ္ဏားကြီးက သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့် ရှိ မရှိ ဆိုတဲ့မေးခွန်းကို မေးတယ်၊ အဲဒီအကြောင်းကို ဘုရားရှင်နဲ့ ပုဏ္ဏားကြီးတို့ အပြန်အလှန်မေး- ဖြေစကား များကို ကြားရရင် နားလည်နိုင်မည် ထင်ပါသည်။
အရှင်ဂေါတမ - သေသူကို ရည်စူးကာ အမျှဝေရာတွင် တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့် ရှိ ပါသလား ပုဏ္ဏားကြီး သာဓုခေါ်နိုင်တဲ့ဘဝကိုရောက်ရင် အကျိုးခံစားနိုင်ပါတယ်.ဘယ်လို ဘဝမျိုးက သာဓုခေါ်နိုင်ပြီး ဘယ်လို ဘဝမျိုးက သာဓုမခေါ်နိုင်ပါသလဲဘုရား ..သေခါနီးမှာ စွဲလန်းစိတ်နဲ့သေပြီး မကျွတ်မလွတ်တဲ့ တစ္ဆေ သရဲ ပြိတ္တာ စတဲ့ ဘုံဘဝကိုရောက်နေရင်၊ ကိုယ်ကလဲ ကောင်းမှုပြုကာ သူ့ကို ရည်စူးအမျှဝေရင်၊ သူကလဲ ဝမ်းသာစွာ သာဓုခေါ်ရင် အကျိုးခံစားခွင့် ရရှိနိင်ပါတယ်၊သေပြီးနောက် လူ့ပြည်၊ နတ်ပြည်၊ ငရဲပြည်ကို ရောက်သွားသူများ၊ တိရိစ္ဆာန်ဘဝကိုရောက်သွားသူများဟာ ကျန်ရစ်သူ များက ဘယ်လိုပင်အမျှဝေသည်ဖြစ်စေ သာဓုမခေါ်နိုင်တော့ပါဘူး၊
ဒါ ဆိုရင်ဘုရား.. သူတို့က သာဓုမခေါ်နိုင်ရင် ကုသိုလ်လုပ်ပေမယ့် အကျိုးမရှိတော့ဘူးပေါ့..အကျိုးမရှိတာ မဟုတ်ပါဘူး၊ ရှိပါတယ် ပုဏ္ဏားကြီး၊ ယခုလက်ရှိသေပြီးသူက သာဓုမခေါ်နိုင်သော် လည်း ဆွေမျိုးတော်ပြီး မကျွတ်မလွတ်သေးတဲ့ဆွေမျိုးတွေ အများကြီး ရှိနေတယ်၊ သူတို့ကလဲ ငါတို့ဆွေမျိုးတွေ ဘယ်တော့များ ကောင်းမှုပြုပြီး အမျှဝေကြမလဲ .. လို့ စောင့်စား မျှော်လင့်နေကြတယ်၊ ဒါကြောင့် သူတို့သာဓုခေါ်နိုင်တာကြောင့် အကျိုးရှိပါတယ်.. အဲဒီလို ဆွေမျိုးတော်သူတွေ မရှိတော့ဘူး ဆိုရင်ရော ဘုရား ..ပုဏ္ဏားကြီး ရှည်လျားလှတဲ့ သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူဆိုတာ မရှိနိုင်ဘူး၊ ဒါကြောင့် ကိုယ်ပြုသမျှ ကုသိုလ် ဟာ အလကားမဖြစ်ပါဘူး လို့ မိန့်တော်မူခဲ့တယ်။

တဆက်ထဲတွင် သေပြီးနောက် (၇) ရက်လွန်လျင် (၅) ရက်လွန်လျင် ရက်လည်ဆွမ်းသွပ်၊ ပရိတ်တရားတော်နာခြင်း စသည်တို့ကို လူအများစု ယုံကြည်နေကြသည်ကား သေပြီးနောက် တပတ်တိတိ ကျန်ရစ်သူအိမ်သူအိမ်သားတို့၏ ပတ်ဝန်း ကျင်မှာ ကျင်လည်နေကြမြဲဖြစ်သည်၊ ရက်လည်ပြီးကာမှ သွားလိုရာ ဘုံဋ္ဌာန၊ ရောက်သင့်ရာဘုံဋ္ဌာန တခုခုသို့ ရောက်ကြရ သည် ဟူသော အန္တရာဘ၀ ဒိဋ္ဌိ ( ပစ္စုပ္ပန်ဘဝနှင့် တမလွန်ကြားတွင် ဘဝတခုရှိနေသေးသည် ) ဟူသော မှားယွင်းသော အယူ အဆရှိနေသောကြောင့် လုပ်ကြခြင်း ဖြစ်သည်။ အမှန်တော့ မကျွတ်မလွတ်သေးသော တစ္ဆေ သရဲ ပြိတ္တာတို့ ဖြစ်နေမှသာ သာဓုခေါ်နိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစား စံစားနိုင်ပါသည်။

အထူးအားဖြင့် အစိမ်းသေ ( accident ) တခုခုဖြင့်သေလွန်သူကို စာပေစကားအရ ဥပေစ္ဆေဒက ကံ ဖြင့် သေသူလို့ ဆိုရပါမယ်၊ ထိုသူမျိုးဟာ သေခါနီးတွင် ကြောက်လန့် ထိတ်လန့်ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်သော ဝေဒနာကို ခံစား နေရသဖြင့် ကုသိုလ်ဖြစ်စေမည့် ဘုရားတရားအာရုံကို နှလုံးသွင်းဖို့ ခဲယဉ်းသောကြောင့် ဘဝကူး ကောင်းဖို့လည်း ခက်ခဲ ပါလိမ့်မည်။ ထိုသူမျိုးအတွက် အမျှဝေရန် ဧကန်လိုအပ်ပါသည်။
ဗုဒ္ဓအဘိဓမ္မာအလိုအရ ဒီဘ၀ စုတိစိတ်ကျပြီးလျင် နောက်ဘဝတွင် ခဏငယ်အနည်းငယ်သာခြားပြီး ပဋိသန္ဓေနေရသည် ဟု အတိအလင်းဖော်ပြထားသည်၊ ဆိုလိုသည်မှာ မြန်မာပြည်မှာ သေသွားသူသည် အင်္ဂလန်၊ ပြင်သစ် အမေရိကန် စသောဝေးလံသောအရပ်သို့ တခဏချင်း သွားရောက် ဝင်စားနိုင်ပေသည်။ ဥပမာ စိတ်သည် ယခုချက်ချင်း မရောက် ဖူးသေးသော တနေရာကို အာရုံပြုလျင် ချက်ချင်းလက်ငင်း အချိန်မဆိုင်းပဲ ရောက်ရှိနိုင်သောကြောင့်ပင်၊ ထို့အတူ ပဋိသန္ဓေစိတ်သည်လည်း အာရုံပြုမိရာ တနေရာ ရာကို ရောက်နိုင်ပါသည်၊ စိတ်၏ လျင်မြန်ပုံကား ဥပမာပြဖို့ပင် မဖြစ်နိုင် တော့ပါ၊
အနှစ်ချုပ်အနေဖြင့် လူတယောက်မှာ သေဆုံးသွားရင် ထိုပုဂ္ဂိုလ် တသက်လုံးဆောက်တည်လာခဲ့တဲ့ သရဏဂုံဟာ အလိုလို ပျက်ဆီးသွားပါတယ်၊ ခံယူနိုင်စွမ်း စိတ်ဝိဉာဉ် မရှိတော့လို့ပါ၊ ကျန်ရစ်သူ မိသားစုများကလဲ ဘာမှ မတတ် နိုင်ကြတော့ဘူး ဆိုတော့ ဒီဘက်ဘဝမှာ ငါတို့တော့ လက်လွှတ် လိုက်ရပြီ၊ သို့သော်လည်း ဟိုဘဝမှာ သတိရလျင် သရဏဂုံဆက်ပြီး ယူပါစေတော့ရယ်လို့ ရည်စူးကာ လူသေကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yinthinnei
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top