ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အိုမင္းရင့္ေရာ္တာကို အက္ဒ္မင္တို႔လို အလွႀကိဳက္သူေတြ အားလံုး မႀကိဳက္ၾကသလို အသက္ေတြႀကီးလာလို႔ ေျပာင္းလဲလာတာကိုလည္း နည္းမ်ိဳးစံုနဲ႔ တားဆီးလိုၾကပါတယ္။ အထူးသျဖင့္ အသက္ေတြႀကီးလာလည္း ႏုပ်ိဳလွပေနခ်င္တာ သက္လတ္ပိုင္းအမ်ိဳးသမီးအမ်ားစု လိုခ်င္ၾကတဲ့ အရာတစ္ခုပါ။ ခုေခတ္မွာေတာ့ မ်က္ႏွာအေရျပားထဲ ေဆးထိုးၿပီး ႏုပ်ိဳေအာင္ အလြယ္တကူ လုပ္လို႔ရေနပါၿပီ။ ဒါေပမဲ့လည္း ဒါဟာ ေငြကုန္ေၾကးက် မ်ားျပီး ေဘးထြက္ဆိုးက်ိဳးလည္းရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ေဘးကင္းၿပီး အစြမ္းထက္တဲ့ သဘာဝပစၥည္းတစ္မ်ိဳးနဲ႔ ကိုယ့္အိမ္မွာတင္ မ်က္ႏွာ ထိန္းသိမ္းႏိုင္မယ့္ နည္းလမ္းေလးကို ေျပာျပေပးခ်င္ပါတယ္။ ေနာက္ၿပီး ဒီနည္းဟာ ဂ်ပန္လူမ်ိဳးေတြ ႏုပ်ိဳရျခင္းရဲ႕ အလွအပလၽွိုဳ႕ဝွက္ခ်က္တစ္ခုလည္းျဖစ္ပါတယ္တဲ့။

ဒီပစၥည္းကို ရဖို႔ လံုးဝမခက္ခဲသလို အိမ္တိုင္းအတြက္လည္း အေရးပါတဲ့ အဖိုးတန္ပစၥည္းပါ။ အဲ့ဒါကေတာ့ ဆန္ပါပဲ။ ဆန္ရဲ႕ အက်ိဳးအာနိသင္ေတြဟာ အစြမ္းထက္လြန္းတာမို႔ စားရံုသပ္သပ္တင္ မဟုတ္ဘဲ ဆန္ေဆးရည္ကို အမ်ိဳးသမီးက်န္းမာေရးအတြက္ ေသာက္တာတို႔ ၊ ေခါင္းေလၽွာ္တာတို႔ စတာေတြကိုလည္း ေယာင္းတို႔ၾကားဖူးၾကမွာပါ။ ဒီတစ္ေခါက္မွာေတာ့ မ်က္ႏွာအလွအပအတြက္ rice mask ကို ဘယ္လိုလုပ္ရမလဲဆိုတာ ေျပာျပေပးမယ္ေနာ္။ rice mask လုပ္ဖို႔ ပထမနည္းကေတာ့ ထမင္းစားဇြန္း သံုးဇြန္း ပမာဏရွိတဲ့ ဆန္ရယ္၊ ပ်ားရည္ တစ္ဇြန္းနဲ႔ ဘာမွမေရာထားတဲ့ ႏြားႏို႔ ခြက္ငယ္ တစ္ခြက္စာပဲျဖစ္ပါတယ္။

အရင္ဆံုး ဆန္ေတြ ေပ်ာ့ၿပဲသြားတဲ့အထိ မီးအသင့္တင့္နဲ႔ ခ်က္ပါမယ္။ ရလာတဲ့ ဆန္ကို အရည္ဖယ္ၿပီး အဖတ္ကို ယူပါမယ္။ ဆန္အရည္(rice water) ကိုလည္း သံုးမွာမို႔ မသြန္လိုက္နဲ႔ေနာ္။ ပန္းကန္လံုးထဲကို ဆန္ရယ္၊ ပ်ားရည္နဲ႔ ႏြားႏို႔ ထမင္းစားဇြန္း တစ္ဇြန္းစီရယ္ ထည့္ၿပီး ခပ္နာနာ ေခါက္ၿပီး ေမႊေပးရပါမယ္။ ၿပီးရင္ မ်က္ႏွာေပၚ လိမ္းက်ံၿပီး မိနစ္၂၀ေလာက္ ေပါင္းတင္ထားလို႔ရပါၿပီ။ ၿပီးရင္ေရနဲ႔ ေဆးမခ်ေသးဘဲ မ်က္ႏွာသုတ္ဝတ္ကို ခုနက ဆန္အရည္ထဲ စိမ္ၿပီး မ်က္ႏွာကို သုတ္ေပးရပါမယ္။

ဒုတိယနည္းကေတာ့ ဆန္မႈန္႔ စစ္စစ္နဲ႔ ႏြားႏိုု႔စစ္စစ္ တစ္ခြက္ပဲ လိုပါတယ္။ ဒီနည္းကေတာ့ လုပ္ရတာ ပိုျမန္ပါတယ္။ ဆန္မႈန္႔နဲ႔ ႏြားႏို႔ကို ထမင္းစားဇြန္း တစ္ဇြန္းစီ အခ်ိဳးက် ေရာစပ္ေမႊေပးၿပီး ရလာတဲ့ rice maskကို မ်က္ႏွာေပၚ မိနစ္ ၂၀ေလာက္ လိမ္းထားရံုပါပဲ။ ဒီနည္းက ပိုျမန္ၿပီး ပို လြယ္တယ္ေနာ္။ ပ်ားရည္နဲ႔ ဓာတ္မတည့္တဲ့သူေတြ ဒီနည္းကို သံုးႏိုင္ပါတယ္ေနာ္။

ဆန္ကို အလွအပေရးရာအတြက္ ပါဝင္ပစၥည္းတစ္ခုအေနနဲ႔သံုးလာၾကတာ ဟိုးေရွးေခတ္တည္းက ျဖစ္ပါတယ္။ ဆန္ဟာ vitamin Bႂကြယ္ဝတာမို႔ ဆဲလ္အသစ္ေတြ ျပန္ျဖစ္လာဖို႔နဲ႔ ပ်က္ဆီးေနတဲ့ဆဲလ္ေတြကို ကုသေပးဖို႔ အေထာက္အကူျဖစ္ပါတယ္။ အရြယ္မတိုင္ခင္ အိုမင္းတာကို တားဆီးေပးတဲ့အျပင္ အေရျပားထဲ ေသြးေတြ ပို႔ေပးတာကိုလည္း ကူညီေပးပါတယ္။

ဒီ rice mask နဲ႔ rice waterဟာ မယ္လနင္(melanin) ျဖစ္ေပၚမႈကို ေႏွးေကြးေစလို႔ မ်က္ႏွာေပၚက အစက္အေျပာက္ေတြကို တားဆီးေပးပါတယ္။ ေနာက္ၿပီးမ်က္ႏွာ အစိုဓာတ္ကို ထိန္းေပးလို႔ အသားအရည္ကို ႏူးညံ့ေစတဲ့အျပင္ ျဖဴေဖြးဝင္းမြတ္ၿပီး အသားအရည္ကို ၾကည္ၾကည္ ေျပာင္ေျပာင္ေလး ျဖစ္ေနေစတာမို႔ ဒီ rice mask ေလးကို တစ္ပတ္သံုးခါေလာက္ သံုးေပးၿပီး ႏုပ်ိဳလွပႏိုင္ၾကပါေစ ေယာင္းတို႔ေရ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mia( For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အိုမင်းရင့်ရော်တာကို အက်ဒ်မင်တို့လို အလှကြိုက်သူတွေ အားလုံး မကြိုက်ကြသလို အသက်တွေကြီးလာလို့ ပြောင်းလဲလာတာကိုလည်း နည်းမျိုးစုံနဲ့ တားဆီးလိုကြပါတယ်။ အထူးသဖြင့် အသက်တွေကြီးလာလည်း နုပျိုလှပနေချင်တာ သက်လတ်ပိုင်းအမျိုးသမီးအများစု လိုချင်ကြတဲ့ အရာတစ်ခုပါ။ ခုခေတ်မှာတော့ မျက်နှာအရေပြားထဲ ဆေးထိုးပြီး နုပျိုအောင် အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါပေမဲ့လည်း ဒါဟာ ငွေကုန်ကြေးကျ များပြီး ဘေးထွက်ဆိုးကျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းပြီး အစွမ်းထက်တဲ့ သဘာဝပစ္စည်းတစ်မျိုးနဲ့ ကိုယ့်အိမ်မှာတင် မျက်နှာ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ နောက်ပြီး ဒီနည်းဟာ ဂျပန်လူမျိုးတွေ နုပျိုရခြင်းရဲ့ အလှအပလျှိုု့ဝှက်ချက်တစ်ခုလည်းဖြစ်ပါတယ်တဲ့။

ဒီပစ္စည်းကို ရဖို့ လုံးဝမခက်ခဲသလို အိမ်တိုင်းအတွက်လည်း အရေးပါတဲ့ အဖိုးတန်ပစ္စည်းပါ။ အဲ့ဒါကတော့ ဆန်ပါပဲ။ ဆန်ရဲ့ အကျိုးအာနိသင်တွေဟာ အစွမ်းထက်လွန်းတာမို့ စားရုံသပ်သပ်တင် မဟုတ်ဘဲ ဆန်ဆေးရည်ကို အမျိုးသမီးကျန်းမာရေးအတွက် သောက်တာတို့ ၊ ခေါင်းလျှော်တာတို့ စတာတွေကိုလည်း ယောင်းတို့ကြားဖူးကြမှာပါ။ ဒီတစ်ခေါက်မှာတော့ မျက်နှာအလှအပအတွက် rice mask ကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးမယ်နော်။ rice mask လုပ်ဖို့ ပထမနည်းကတော့ ထမင်းစားဇွန်း သုံးဇွန်း ပမာဏရှိတဲ့ ဆန်ရယ်၊ ပျားရည် တစ်ဇွန်းနဲ့ ဘာမှမရောထားတဲ့ နွားနို့ ခွက်ငယ် တစ်ခွက်စာပဲဖြစ်ပါတယ်။

အရင်ဆုံး ဆန်တွေ ပျော့ပြဲသွားတဲ့အထိ မီးအသင့်တင့်နဲ့ ချက်ပါမယ်။ ရလာတဲ့ ဆန်ကို အရည်ဖယ်ပြီး အဖတ်ကို ယူပါမယ်။ ဆန်အရည်(rice water) ကိုလည်း သုံးမှာမို့ မသွန်လိုက်နဲ့နော်။ ပန်းကန်လုံးထဲကို ဆန်ရယ်၊ ပျားရည်နဲ့ နွားနို့ ထမင်းစားဇွန်း တစ်ဇွန်းစီရယ် ထည့်ပြီး ခပ်နာနာ ခေါက်ပြီး မွှေပေးရပါမယ်။ ပြီးရင် မျက်နှာပေါ် လိမ်းကျံပြီး မိနစ်၂၀လောက် ပေါင်းတင်ထားလို့ရပါပြီ။ ပြီးရင်ရေနဲ့ ဆေးမချသေးဘဲ မျက်နှာသုတ်ဝတ်ကို ခုနက ဆန်အရည်ထဲ စိမ်ပြီး မျက်နှာကို သုတ်ပေးရပါမယ်။

ဒုတိယနည်းကတော့ ဆန်မှုန့် စစ်စစ်နဲ့ နွားနိုု့စစ်စစ် တစ်ခွက်ပဲ လိုပါတယ်။ ဒီနည်းကတော့ လုပ်ရတာ ပိုမြန်ပါတယ်။ ဆန်မှုန့်နဲ့ နွားနို့ကို ထမင်းစားဇွန်း တစ်ဇွန်းစီ အချိုးကျ ရောစပ်မွှေပေးပြီး ရလာတဲ့ rice maskကို မျက်နှာပေါ် မိနစ် ၂၀လောက် လိမ်းထားရုံပါပဲ။ ဒီနည်းက ပိုမြန်ပြီး ပို လွယ်တယ်နော်။ ပျားရည်နဲ့ ဓာတ်မတည့်တဲ့သူတွေ ဒီနည်းကို သုံးနိုင်ပါတယ်နော်။

ဆန်ကို အလှအပရေးရာအတွက် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့သုံးလာကြတာ ဟိုးရှေးခေတ်တည်းက ဖြစ်ပါတယ်။ ဆန်ဟာ vitamin Bကြွယ်ဝတာမို့ ဆဲလ်အသစ်တွေ ပြန်ဖြစ်လာဖို့နဲ့ ပျက်ဆီးနေတဲ့ဆဲလ်တွေကို ကုသပေးဖို့ အထောက်အကူဖြစ်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကို တားဆီးပေးတဲ့အပြင် အရေပြားထဲ သွေးတွေ ပို့ပေးတာကိုလည်း ကူညီပေးပါတယ်။

ဒီ rice mask နဲ့ rice waterဟာ မယ်လနင်(melanin) ဖြစ်ပေါ်မှုကို နှေးကွေးစေလို့ မျက်နှာပေါ်က အစက်အပြောက်တွေကို တားဆီးပေးပါတယ်။ နောက်ပြီးမျက်နှာ အစိုဓာတ်ကို ထိန်းပေးလို့ အသားအရည်ကို နူးညံ့စေတဲ့အပြင် ဖြူဖွေးဝင်းမွတ်ပြီး အသားအရည်ကို ကြည်ကြည် ပြောင်ပြောင်လေး ဖြစ်နေစေတာမို့ ဒီ rice mask လေးကို တစ်ပတ်သုံးခါလောက် သုံးပေးပြီး နုပျိုလှပနိုင်ကြပါစေ ယောင်းတို့ရေ …

ဖိုးသူတော် (www.phothutaw.com)
Credit: Mia( For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top