ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမန္မာႏွစ္သစ္ကူးကာ လအတြင္း တႏိုင္းေဒသရွိ စစ္ ေဘးေရွာင္စခန္းမ်ားသို႔ ကိုယ္ တိုင္သြားေရာက္၍ တတ္ႏိုင္သ ေရြ႕ လွဴဒါန္းခဲ့ေၾကာင္း ေအာန္ ဆိုုင္းကေျပာသည္။

‘‘အဓိကကေတာ့ အဲဒီမွာ ႏွစ္ ငါးဆယ္ဂ်ဴဗလီပြဲသြားရင္း တစ္ ေခါက္တစ္ေခါက္ သူတို႔ဆီသြားဖို႔ လည္း မလြယ္ေတာ့ မသြားခင္က တည္းက အဲဒီေနရာေတြ ေရာက္ ေအာင္သြားမယ္ဆိုၿပီး သြားတယ္။တတ္ႏိုင္သေလာက္ ပစၥည္းရယ္၊ အလွဴပစၥည္းေငြနည္းနည္းရယ္ ေပးခဲ့တယ္’’ ဟု ေအာန္ဆိုင္းက ေျပာသည္။ အဆိုပါစစ္ေဘးေရွာင္စခန္းရွိ ကေလးမ်ားႏွင့္ဦးစားေပး ေတြ႕ဆံုခဲ့ၿပီး ယင္းေနရာတြင္ တိမ္းေရွာင္လာသူ ပို၍မ်ားျပားလာျခင္းေၾကာင့္ စားဝတ္ေနေရးအခက္အခဲရွိသည္ဟု ၎ကဆိုသည္။

‘‘အမွန္အတိုင္းေျပာရရင္ သူတို႔ကုိလည္း အားေပးစကား ေျပာလာတာ ႏွစ္ကလည္းၾကာေန ၿပီ။ အားေပးစကားထက္ကို ကြၽန္မတို႔အားလံုး ေမွ်ာ္လင့္ေနတဲ့ ၿငိမ္း ခ်မ္းေရး အျမန္ဆံုးရရွိဖို႔ပါပဲ’’ ဟု ေအာန္ဆိုင္းက ေျပာသည္။

ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရး အျမန္ဆံုးရရွိိရန္ ေမွ်ာ္လင့္ေနသ လို ျပည္သူလူထုကို ကာကြယ္ ေပးရန္လည္း လိုအပ္ေၾကာင္း ၎ကဆိုသည္။

‘‘တခ်ိဳ႕စစ္တိုက္တဲ့ဘက္မွာ မိုင္းထိတာက တခ်ိဳ႕ေနရာေတြမွာ ျပည္သူလူထုေနတဲ့ ေနရာမွာျဖစ္ တာေတြျဖစ္တယ္။ မလံုၿခံဳမႈေတြ သူတို႔ခံစားေနရတယ္။ သူတို႔ခံစား ေနရသလို အဲဒီတစ္ဝိုက္မွာ ရွိေနတဲ့ သူေတြကလည္း သူတို႔အ လွည့္ ဘယ္ေတာ့လာမလဲဆိုၿပီး မလံုၿခံဳမႈေတြ ခံစားေနရတယ္’’ ဟု ေဒသခံမ်ား၏ စိုးရိမ္စိတ္မ်ား ႏွင့္ပတ္သက္၍ ေျပာသည္။

တပ္မေတာ္ႏွင့္ ကခ်င္လက္ နက္ကိုင္တပ္ဖြဲ႕တို႔အၾကား ဧၿပီ လဆန္းကစ၍ တိုက္ပြဲမ်ား ျပင္း ထန္စြာျဖစ္ပြားၿပီး  တႏိုင္းေဒသမွ  ေဒသခံႏွစ္ေထာင္ေက်ာ္ ေဘးလြတ္ရာသို႔ထြက္ေျပးတိမ္း ေရွာင္ေနရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
# Unicode Version ျဖင့္ ဖတ္ပါ #


 မြန်မာနှစ်သစ်ကူးကာ လအတွင်း တနိုင်းဒေသရှိ စစ် ဘေးရှောင်စခန်းများသို့ ကိုယ် တိုင်သွားရောက်၍ တတ်နိုင်သ ရွေ့ လှူဒါန်းခဲ့ကြောင်း အောန် ဆိုုင်းကပြောသည်။

‘‘အဓိကကတော့ အဲဒီမှာ နှစ် ငါးဆယ်ဂျူဗလီပွဲသွားရင်း တစ် ခေါက်တစ်ခေါက် သူတို့ဆီသွားဖို့ လည်း မလွယ်တော့ မသွားခင်က တည်းက အဲဒီနေရာတွေ ရောက် အောင်သွားမယ်ဆိုပြီး သွားတယ်။တတ်နိုင်သလောက် ပစ္စည်းရယ်၊ အလှူပစ္စည်းငွေနည်းနည်းရယ် ပေးခဲ့တယ်’’ ဟု အောန်ဆိုင်းက ပြောသည်။ အဆိုပါစစ်ဘေးရှောင်စခန်းရှိ ကလေးများနှင့်ဦးစားပေး တွေ့ဆုံခဲ့ပြီး ယင်းနေရာတွင် တိမ်းရှောင်လာသူ ပို၍များပြားလာခြင်းကြောင့် စားဝတ်နေရေးအခက်အခဲရှိသည်ဟု ၎င်းကဆိုသည်။

‘‘အမှန်အတိုင်းပြောရရင် သူတို့ကိုလည်း အားပေးစကား ပြောလာတာ နှစ်ကလည်းကြာနေ ပြီ။ အားပေးစကားထက်ကို ကျွန်မတို့အားလုံး မျှော်လင့်နေတဲ့ ငြိမ်း ချမ်းရေး အမြန်ဆုံးရရှိဖို့ပါပဲ’’ ဟု အောန်ဆိုင်းက ပြောသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် မျှော်လင့်နေသ လို ပြည်သူလူထုကို ကာကွယ် ပေးရန်လည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။

‘‘တချို့စစ်တိုက်တဲ့ဘက်မှာ မိုင်းထိတာက တချို့နေရာတွေမှာ ပြည်သူလူထုနေတဲ့ နေရာမှာဖြစ် တာတွေဖြစ်တယ်။ မလုံခြုံမှုတွေ သူတို့ခံစားနေရတယ်။ သူတို့ခံစား နေရသလို အဲဒီတစ်ဝိုက်မှာ ရှိနေတဲ့ သူတွေကလည်း သူတို့အ လှည့် ဘယ်တော့လာမလဲဆိုပြီး မလုံခြုံမှုတွေ ခံစားနေရတယ်’’ ဟု ဒေသခံများ၏ စိုးရိမ်စိတ်များ နှင့်ပတ်သက်၍ ပြောသည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်တပ်ဖွဲ့တို့အကြား ဧပြီ လဆန်းကစ၍ တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားပြီး  တနိုင်းဒေသမှ  ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်နေရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top