iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါက ရြာတစ္ရြာမွာ အရမ္းပ်င္းတဲ့ ကိုလူပ်င္းတစ္ေယာက္႐ွိတယ္။
ဘာအလုပ္မွမလုပ္ပဲ အစားအေသာက္ေတြ အလြယ္တကူရဖို႔ကိုသာ
သူေတြးေနတတ္တယ္။

တစ္မနက္ ရြာထဲမွာ သူေလွ်ာက္ပတ္ၾကည့္ေနရင္း ပန္းသီးေတြ
သြားခိုးခူးမယ္လုိ႔ သူေတြးလိုက္တယ္။ သူပန္းသီးေတြ ခိုးခူးျပီးမၾကာခင္မွာပဲ
လယ္သမားတစ္ေယာက္ သူ႔ကိုျမင္သြားျပီး သူ႔ကိုဖမ္းဖို႔ေရာက္လာခဲ့တယ္။

ကိုလူပ်င္းလည္း ေၾကာက္လန္႔တအားနဲ႔ နီးစပ္ရာေတာအုပ္ထဲကို
ဝင္ေျပးခဲ့တယ္။ ေတာထဲမွာလမ္းေလွ်ာက္ေနခ်ိန္ ေျခႏွစ္ဖက္သာ႐ွိတဲ့
ဝံပုေလြကို သူျမင္ခဲ့တယ္။ ေျခႏွစ္ဖက္ပဲ႐ွိတဲ့ ဝံပုေလြ ဘယ္လိုမ်ား
အစာ႐ွာစားလဲလို႔ ကိုလူပ်င္းလည္းသိခ်င္သြားတယ္။
ဝံပုေလြခမ်ာ ေျပးလည္းမေျပးႏိုင္၊ အစာလည္း႐ွာမစားႏုိင္၊
အျခားတိရစၦာန္ေတြရဲ႕အႏၱရာယ္ကိုလည္း ေၾကာက္ရေသးတယ္။
ဒါေပမယ့္ ဝံပုေလြကေတာ့ သူ႔ေနရာေလးတစ္ဝွိက္မွာပဲ
ေပ်ာ္ရႊင္စြာနဲ႔ တြားသြားေနသတဲ့။

အဲ့ဒီအခ်ိန္ ပါးစပ္ထဲမွာအသားေတြကိုက္ထားတဲ့ ျခေသၤ့တစ္ေကာင္
ဝံပုေလြဆီ ခ်ည္းကပ္လာတာကို ကိုလူပ်င္းေတြ႔သြားတယ္။
ကိုလူပ်င္းလည္း ျခေသၤ့ရန္ကိုေၾကာက္လုိ႔ သစ္ပင္ေပၚတက္ပုန္းခဲ့ေပမယ့္
ဝံပုေလြမွာေတာ့ ေျခႏွစ္ဖက္ပဲ႐ွိလို႔ သူ႔ေနရာမွာပဲ သူေန,ေနခဲ့တယ္။ဒါေပမယ့္ ျခေသၤ့က ဝံပုေလြစားဖို႔အတြက္ အသားေတြခ်န္ေပးခဲ့တာကို
ကိုလူပ်င္း ေသခ်ာကြက္ကြက္ကြင္းကြင္းေတြ႔လိုက္ရတယ္။

ကိုုလူပ်င္းစိတ္ထဲမွာ ဒါဟာ ဘုရားသခင္ ဖန္ဆင္းထားတာလို႔ ေတြးထင္
သြားတယ္။ ဘုရားသခင္ဟာ လူသားေတြအတြက္
တစ္ခုခုေတာ့ စီစဥ္ေပးထားမွာပဲလို႔ ကိုလူပ်င္းေကာက္ခ်က္ခ်ျပန္ပါတယ္။
သူ႔အတြက္လည္း ဘုရားသခင္မွာ အစီစဥ္ေတြ႐ွိမွာပဲလို႔ေတြးျပီး
ထိုေနရာမွထြက္သြားကာ တစ္ေယာက္ေယာက္အစားစာလာေပးတာကို
ေစာင့္ေနခဲ့တယ္။ အစားမစားပဲ ေစာင့္ေနခဲ့တာ (၂)ရက္ေတာင္ၾကာသြား
တယ္။

ေနာက္ဆံုး ဗိုက္ဆာတဲ့ဒဏ္ကိုမခံစားႏုိင္ေတာ့ စားစရာတစ္ခုခု႐ွာမယ္ဆုိ
့ျပီး ရြာတစ္ဝွိက္ကိုေလွ်ာက္သြားရင္း လမ္းမွာ ပညာ႐ွိအဘိုးအိုၾကီးနဲ႔ေတြ႔
ဆံုခဲ့တယ္။ သူ႔ရဲ႕ျဖစ္ေၾကာင္းကုန္စင္ကို အဘြားအိုအားေျပာျပလိုက္တယ္..
” ပညာ႐ွိ ဘိုးဘိုးရယ္… ေျခက်ဳိးေနတဲ့ ဝံပုေလြကိုေတာ့ ဘုရားသခင္က
သက္ညွာမႈေပးျပီး ကၽြန္ေတာ့္ကိုေတာ့ ဘာသက္ညွာမႈမွ မျပတာ ဘာေၾကာင့္
မ်ားလဲ ” လို႔ေမးလိုက္တယ္။

ပညာ႐ွိ အဘိုးအိုရဲ႕အေျဖက …
” လူသားေတြအတြက္ ဘုရားသခင္မွာ အစီစဥ္႐ွိတာ အမွန္ပဲ…
မင္းဟာလည္း သူ႔ရဲ႕အစီစဥ္တစ္စိတ္တစ္ပုိင္းတစ္ခုျဖစ္တယ္..။
ဒါေပမယ့္ သား.. မင္းက သူေျပာခ်င္တဲ့ အဓိပၸာယ္ကို တလဲြေကာက္ေတြး
လိုက္တာပဲ..။ ဘုရားသခင္က မင္းကုိ ဝံပုေလြလိုမျဖစ္ေစခ်င္ဘူး။
မင္းကို ျခေသၤ့လိုျဖစ္ေစခ်င္တာပဲ ” တဲ့

မၾကာခဏ လူသားေတြဟာ ဘဝမွာကိုယ္ျမင္ေနရတဲ့အရာေတြေပၚ
နားလည္မႈလဲြတတ္ၾကပါတယ္။ ဘုရားသခင္က ဘက္မလိုက္ပါဘူး။
အားလံုးကို တန္းတူအခြင့္အေရးေပးျပီးသားပါ။ အရာရာတိုင္းကို
အေကာင္းျမင္တတ္ေအာင္ ၾကိဳစားျပီး ကိုယ့္ကိုကိုယ္လည္း
စိတ္ဓာတ္ခုိင္မာေအာင္ က်င့္ယူကာ အကူညီလိုသူေတြကို
လက္ကမ္းႏုိင္ေအာင္ၾကိဳစားပါ။ လြယ္လြယ္ကူကူ ဆံုးျဖတ္ခ်က္မခ်ပါနဲ႔။
မွန္ကန္တဲ့လမ္းကို ေလွ်ာက္လမ္းႏုိင္ပါေစ..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original

#Unicode Version#
တစ်ခါက ရွာတစ်ရွာမှာ အရမ်းပျင်းတဲ့ ကိုလူပျင်းတစ်ယောက်ရှိတယ်။
ဘာအလုပ်မှမလုပ်ပဲ အစားအသောက်တွေ အလွယ်တကူရဖို့ကိုသာ
သူတွေးနေတတ်တယ်။

တစ်မနက် ရွာထဲမှာ သူလျှောက်ပတ်ကြည့်နေရင်း ပန်းသီးတွေ
သွားခိုးခူးမယ်လို့ သူတွေးလိုက်တယ်။ သူပန်းသီးတွေ ခိုးခူးပြီးမကြာခင်မှာပဲ
လယ်သမားတစ်ယောက် သူ့ကိုမြင်သွားပြီး သူ့ကိုဖမ်းဖို့ရောက်လာခဲ့တယ်။

ကိုလူပျင်းလည်း ကြောက်လန့်တအားနဲ့ နီးစပ်ရာတောအုပ်ထဲကို
ဝင်ပြေးခဲ့တယ်။ တောထဲမှာလမ်းလျှောက်နေချိန် ခြေနှစ်ဖက်သာရှိတဲ့
ဝံပုလွေကို သူမြင်ခဲ့တယ်။ ခြေနှစ်ဖက်ပဲရှိတဲ့ ဝံပုလွေ ဘယ်လိုများ
အစာရှာစားလဲလို့ ကိုလူပျင်းလည်းသိချင်သွားတယ်။
ဝံပုလွေခမျာ ပြေးလည်းမပြေးနိုင်၊ အစာလည်းရှာမစားနိုင်၊
အခြားတိရစ္ဆာန်တွေရဲ့အန္တရာယ်ကိုလည်း ကြောက်ရသေးတယ်။
ဒါပေမယ့် ဝံပုလွေကတော့ သူ့နေရာလေးတစ်ဝှိက်မှာပဲ
ပျော်ရွှင်စွာနဲ့ တွားသွားနေသတဲ့။

အဲ့ဒီအချိန် ပါးစပ်ထဲမှာအသားတွေကိုက်ထားတဲ့ ခင်္သြေ့တစ်ကောင်
ဝံပုလွေဆီ ချည်းကပ်လာတာကို ကိုလူပျင်းတွေ့သွားတယ်။
ကိုလူပျင်းလည်း ခင်္သြေ့ရန်ကိုကြောက်လို့ သစ်ပင်ပေါ်တက်ပုန်းခဲ့ပေမယ့်
ဝံပုလွေမှာတော့ ခြေနှစ်ဖက်ပဲရှိလို့ သူ့နေရာမှာပဲ သူနေ,နေခဲ့တယ်။ဒါပေမယ့် ခင်္သြေ့က ဝံပုလွေစားဖို့အတွက် အသားတွေချန်ပေးခဲ့တာကို
ကိုလူပျင်း သေချာကွက်ကွက်ကွင်းကွင်းတွေ့လိုက်ရတယ်။

ကိုုလူပျင်းစိတ်ထဲမှာ ဒါဟာ ဘုရားသခင် ဖန်ဆင်းထားတာလို့ တွေးထင်
သွားတယ်။ ဘုရားသခင်ဟာ လူသားတွေအတွက်
တစ်ခုခုတော့ စီစဉ်ပေးထားမှာပဲလို့ ကိုလူပျင်းကောက်ချက်ချပြန်ပါတယ်။
သူ့အတွက်လည်း ဘုရားသခင်မှာ အစီစဉ်တွေရှိမှာပဲလို့တွေးပြီး
ထိုနေရာမှထွက်သွားကာ တစ်ယောက်ယောက်အစားစာလာပေးတာကို
စောင့်နေခဲ့တယ်။ အစားမစားပဲ စောင့်နေခဲ့တာ (၂)ရက်တောင်ကြာသွား
တယ်။

နောက်ဆုံး ဗိုက်ဆာတဲ့ဒဏ်ကိုမခံစားနိုင်တော့ စားစရာတစ်ခုခုရှာမယ်ဆို
့ပြီး ရွာတစ်ဝှိက်ကိုလျှောက်သွားရင်း လမ်းမှာ ပညာရှိအဘိုးအိုကြီးနဲ့တွေ့
ဆုံခဲ့တယ်။ သူ့ရဲ့ဖြစ်ကြောင်းကုန်စင်ကို အဘွားအိုအားပြောပြလိုက်တယ်..
” ပညာရှိ ဘိုးဘိုးရယ်… ခြေကျိုးနေတဲ့ ဝံပုလွေကိုတော့ ဘုရားသခင်က
သက်ညှာမှုပေးပြီး ကျွန်တော့်ကိုတော့ ဘာသက်ညှာမှုမှ မပြတာ ဘာကြောင့်
များလဲ ” လို့မေးလိုက်တယ်။

ပညာရှိ အဘိုးအိုရဲ့အဖြေက …
” လူသားတွေအတွက် ဘုရားသခင်မှာ အစီစဉ်ရှိတာ အမှန်ပဲ…
မင်းဟာလည်း သူ့ရဲ့အစီစဉ်တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်တယ်..။
ဒါပေမယ့် သား.. မင်းက သူပြောချင်တဲ့ အဓိပ္ပာယ်ကို တလွဲကောက်တွေး
လိုက်တာပဲ..။ ဘုရားသခင်က မင်းကို ဝံပုလွေလိုမဖြစ်စေချင်ဘူး။
မင်းကို ခင်္သြေ့လိုဖြစ်စေချင်တာပဲ ” တဲ့

မကြာခဏ လူသားတွေဟာ ဘဝမှာကိုယ်မြင်နေရတဲ့အရာတွေပေါ်
နားလည်မှုလွဲတတ်ကြပါတယ်။ ဘုရားသခင်က ဘက်မလိုက်ပါဘူး။
အားလုံးကို တန်းတူအခွင့်အရေးပေးပြီးသားပါ။ အရာရာတိုင်းကို
အကောင်းမြင်တတ်အောင် ကြိုစားပြီး ကိုယ့်ကိုကိုယ်လည်း
စိတ်ဓာတ်ခိုင်မာအောင် ကျင့်ယူကာ အကူညီလိုသူတွေကို
လက်ကမ်းနိုင်အောင်ကြိုစားပါ။ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်မချပါနဲ့။
မှန်ကန်တဲ့လမ်းကို လျှောက်လမ်းနိုင်ပါစေ..။


ဖိုးသူတော် (www.phothutaw.com)
Credit: Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top