ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဘုရင့္ေနာင္ သည္ ဒုတိယျမန္မာနိုင္ငံကို ေအာင္ျမင္စြာ ထူေထာင္ခဲ့ျပီး သူ၏လက္ထက္တြင္ ျမန္မာနိုင္ငံသည္တန္ခိုးအထြားဆံုးအခ်ိန္ျဖစ္ခဲ့သည္။သို့ေသာ္ သူ့ကို ဆက္ခံေသာ သားေတာ္ နႏၵဘုရင္လက္ထက္တြင္ မူ ဘုရင့္ေနာင္ ၏ အင္ပါယာျကီးမွာ ၿပဳိကြဲပ်က္စီးခဲ့ရေလသည္။ထိုမင္းသည္ မေအာင္ျမင္သည့္ ယိုးဒယားစစ္ကို အႀကိမ္ႀကိမ္ခ်ီေစျခင္းျဖင့္ မိမိအင္အားကို ျဖဳန္းပစ္ျခင္း ၊လက္ေအာက္ခံဘုရင္မ်ားကို ႏုိင္နင္းစြာ မထိမ္းသိမ္း ႏုိင္ျခင္း ႏွင့္ ျပည္သူမ်ားအား စနစ္တက် မအုပ္ခ်ုပ္ျခင္း တို႔ေၾကာင့္ နိုင္ငံၿပိဳကြဲခဲ့ရျခင္း ျဖစ္သည္။

နႏၵဘုရင္ သည္ ေယာကၤ်ားမ်ားကို စစ္အေျခခံသင္တန္းေပးကာ လိုက္ပါအမႈထမ္းခိုင္းသည္။ မထမ္းခ်င္ေသာ ေယာကၤ်ားမ်ားက ရဟန္းဝတ္ျကေလသည္။ ဤသို့ျဖင့္ ရဟန္းအေရအတြက္လည္း တိုးပြားလာရာ ၁၅၉၃ တြင္ ရဟန္းစစ္မ်ား နွင့္ ရဟန္းတုမ်ားကို အျမန္စစ္ေဆးကာ အဓမၼလူထြက္ေစသည္။ ထို အထဲတြင္ ရဟန္းအစစ္မ်ားလည္း ပါသြားခဲ့ရသည္။ နာမည္ႀကီး ဘားမဲ့ ဆရာေတာ္ နွင့္ ဘားတေမာ့ ဆရာေတာ္မ်ားကိုလည္း မယံုျကည္သျဖင့္ ျပည္သူမ်ားတားေနသည့္ၾကားမွပင္ ေညာင္ရမ္းသို႔ ပို႔ေဆာင္လိုက္ေလသည္။

လက္ေအာက္ခံ နယ္စားမ်ား ပုန္ကန္လွ်င္ ဗိုလ္မွဴးတပ္မွဴးမ်ားကို နွိမ္နင္းခိုင္းသည္။ ေအာင္ျမင္လွ်င္ ဘာမွ်မျဖစ္ေသာ္လည္း မေအာင္ျမင္ေသာဗိုလ္မႉး မ်ားကို အက်ဉ္းခ်ကာ နွိပ္စက္သျဖင့္ ရဲစြမ္းထက္ျမက္ေသာ ဗိုလ္မွဴးအခ်ဳိ႕လည္း ဆံုးပါးခဲ့ရသည္။ အလြန္အားကိုးရေသာ သက္ေတာ္ရွည္အမတ္ျကီးကို လည္း သေဘာ မေတြ႔သျဖင့္ တံက်င္တင္ျပီး ကြပ္မ်က္ေစခဲ့သည္။ သားေတာ္ျဖစ္သူ မင္းရဲေက်ာ္စြာကလည္း မင္း၏ သားေတာ္ဆိုသည့္အတိုင္း ရမ္းကား ခ်င္တိုင္း ရမ္းကားေနေလရာ ျပည္သူအမ်ား စိတ္ဆင္းရဲရေလသည္။ ဘုရင္ကမူ သားေတာ္အား ခ်စ္သျဖင့္ မ်က္ကြယ္ျပဳထားခဲ့ေလသည္။

ထိုအခ်ိန္မွာပင္ ႀကြက္မ်ား အလြန္ေသာင္းက်န္းပါေတာ့သည္။ ေန့ခင္း ေၾကာင္ေတာင္ပင္လွ်င္ ၾကြက္မ်ား အိမ္ေပၚသို့တက္ကာ အစားအေသာက္မ်ားကို ယူစား ေလသည္။ နန္းေတာ္အတြင္း၌ ေသာင္းက်န္းသည္ကို ရဲမက္မ်ားလိုက္လံ နွိမ္နွင္းေသာ္လည္း ပို၍ပို၍ မ်ားျပားလာရာ လက္ေလွ်ာ့လိုက္ရသည္။ စပါးက်ီမ်ားကို ကိုက္ဖ်က္ပစ္သျဖင့္ ေနျပည္ေတာ္သည္ အငတ္ေဘးနွင့္ ႀကဳံေလေတာ့သည္။ မခံနိုင္ေသာ ျပည္သူမ်ားက ထြက္ေျပးၾကေလေတာ့သည္။ ထိုသို႔ရႈပ္ေထြးေနစဉ္မွာပင္ လက္ေအာက္ခံျဖစ္ေသာ ေတာင္ငူ ၊ ဇင္းမယ္ မင္းမ်ားက သစၥာမခံေျကာင္း အမိန့္ေတာ္ျပန္ကာ ျခားနားေလသည္။ ရခိုင္ဘုရင္ နွင့္ ေတာင္ငူဘုရင္တို့ ပူးေပါင္းကာ ဟံသာဝတီေနျပည္ေတာ္ကို ခ်ီတက္လာေသာ အခါတြင္မူ အင္အားနည္းပါးေနသည့္ အျပင္ တစ္ျပည္လံုးငတ္မြတ္ေနသျဖင့္ မည္သို့ မွ်မခုခံနိုင္ေတာ့ပဲ နန္းကို လႊဲအပ္လိုက္ရေလေတာ့သည္။

ေတာင္ငူဘုရင္က မိမိေနာင္ေတာ္ နနၵဘုရင္ကို ေတာင္ငူတြင္ အိမ္ေတာ္ျဖင့္ထားသည္။ သို့ေသာ္ ေတာင္ငူဘုရင္သားေတာ္ နတ္ရွင္ေနာင္ကမူ ဦးရီးေတာ္ နနၵဘုရင္ကို ယံုၾကည္မႈမရွိသျဖင့္ ကြပ္မ်က္ပစ္ဖို့ေလွ်ာက္ေသာ္လည္း ေတာင္ငူဘုရင္က လက္မခံခဲ့။သုိ ့ေသာ္ ခမည္းေတာ္တားေနသည့္ ၾကားမွပင္ နတ္ရွင္ေနာင္သည္ ၁၆၀ဝ ခုနွစ္ ေအာက္တိုဘာလ ၂၀ ညအခ်ိန္တြင္ နႏၵဘုရင္အား လုပ္ျကံလိုက္ေလသည္။ ဤသို့ျဖင့္ ဘုရင့္ေနာင္တည္ေထာင္ခဲ့ေသာ ဒုတိယျမန္မာနိုင္ငံေတာ္သည္ သားေတာ္နႏၵဘုရင္၏ အမွားမ်ားစြာတို႔ႏွင့္အတူ အစိတ္စိတ္ကြဲျပားခဲ့ရေလေတာ့သည္။

Ref;

ျမန္မာမင္းမ်ား အေရးေတာ္ပံုမွတ္တမ္း

နနၵဘုရင္၏ အမွားေတာ္ပံု – တင္နိုင္တိုး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ့စြယ္စံုက်မ္း
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုရင့်နောင် သည် ဒုတိယမြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏လက်ထက်တွင် မြန်မာနိုင်ငံသည်တန်ခိုးအထွားဆုံးအချိန်ဖြစ်ခဲ့သည်။သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင်လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီးခဲ့ရလေသည်။ထိုမင်းသည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ်ချီစေခြင်းဖြင့် မိမိအင်အားကို ဖြုန်းပစ်ခြင်း ၊လက်အောက်ခံဘုရင်များကို နိုင်နင်းစွာ မထိမ်းသိမ်း နိုင်ခြင်း နှင့် ပြည်သူများအား စနစ်တကျ မအုပ်ချုပ်ခြင်း တို့ကြောင့် နိုင်ငံပြိုကွဲခဲ့ရခြင်း ဖြစ်သည်။

နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။

လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်းသည်။ အောင်မြင်လျှင် ဘာမျှမဖြစ်သော်လည်း မအောင်မြင်သောဗိုလ်မှူး များကို အကျဉ်းချကာ နှိပ်စက်သဖြင့် ရဲစွမ်းထက်မြက်သော ဗိုလ်မှူးအချို့လည်း ဆုံးပါးခဲ့ရသည်။ အလွန်အားကိုးရသော သက်တော်ရှည်အမတ်ကြီးကို လည်း သဘော မတွေ့သဖြင့် တံကျင်တင်ပြီး ကွပ်မျက်စေခဲ့သည်။ သားတော်ဖြစ်သူ မင်းရဲကျော်စွာကလည်း မင်း၏ သားတော်ဆိုသည့်အတိုင်း ရမ်းကား ချင်တိုင်း ရမ်းကားနေလေရာ ပြည်သူအများ စိတ်ဆင်းရဲရလေသည်။ ဘုရင်ကမူ သားတော်အား ချစ်သဖြင့် မျက်ကွယ်ပြုထားခဲ့လေသည်။

ထိုအချိန်မှာပင် ကြွက်များ အလွန်သောင်းကျန်းပါတော့သည်။ နေ့ခင်း ကြောင်တောင်ပင်လျှင် ကြွက်များ အိမ်ပေါ်သို့တက်ကာ အစားအသောက်များကို ယူစား လေသည်။ နန်းတော်အတွင်း၌ သောင်းကျန်းသည်ကို ရဲမက်များလိုက်လံ နှိမ်နှင်းသော်လည်း ပို၍ပို၍ များပြားလာရာ လက်လျှော့လိုက်ရသည်။ စပါးကျီများကို ကိုက်ဖျက်ပစ်သဖြင့် နေပြည်တော်သည် အငတ်ဘေးနှင့် ကြုံလေတော့သည်။ မခံနိုင်သော ပြည်သူများက ထွက်ပြေးကြလေတော့သည်။ ထိုသို့ရှုပ်ထွေးနေစဉ်မှာပင် လက်အောက်ခံဖြစ်သော တောင်ငူ ၊ ဇင်းမယ် မင်းများက သစ္စာမခံကြောင်း အမိန့်တော်ပြန်ကာ ခြားနားလေသည်။ ရခိုင်ဘုရင် နှင့် တောင်ငူဘုရင်တို့ ပူးပေါင်းကာ ဟံသာဝတီနေပြည်တော်ကို ချီတက်လာသော အခါတွင်မူ အင်အားနည်းပါးနေသည့် အပြင် တစ်ပြည်လုံးငတ်မွတ်နေသဖြင့် မည်သို့ မျှမခုခံနိုင်တော့ပဲ နန်းကို လွှဲအပ်လိုက်ရလေတော့သည်။

တောင်ငူဘုရင်က မိမိနောင်တော် နန္ဒဘုရင်ကို တောင်ငူတွင် အိမ်တော်ဖြင့်ထားသည်။ သို့သော် တောင်ငူဘုရင်သားတော် နတ်ရှင်နောင်ကမူ ဦးရီးတော် နန္ဒဘုရင်ကို ယုံကြည်မှုမရှိသဖြင့် ကွပ်မျက်ပစ်ဖို့လျှောက်သော်လည်း တောင်ငူဘုရင်က လက်မခံခဲ့။သို့သော် ခမည်းတော်တားနေသည့် ကြားမှပင် နတ်ရှင်နောင်သည် ၁၆၀ဝ ခုနှစ် အောက်တိုဘာလ ၂၀ ညအချိန်တွင် နန္ဒဘုရင်အား လုပ်ကြံလိုက်လေသည်။ ဤသို့ဖြင့် ဘုရင့်နောင်တည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်သည် သားတော်နန္ဒဘုရင်၏ အမှားများစွာတို့နှင့်အတူ အစိတ်စိတ်ကွဲပြားခဲ့ရလေတော့သည်။

Ref;

မြန်မာမင်းများ အရေးတော်ပုံမှတ်တမ်း

နန္ဒဘုရင်၏ အမှားတော်ပုံ – တင်နိုင်တိုး

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့စွယ်စုံကျမ်း
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top