ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကန္႔ဘလူခ႐ိုင္ ကၽြန္းလွ ၿမိဳ႕ေဟာင္းရွိ ႏွစ္ ၂၀ ေက်ာ္သက္ တမ္းရွိ နာရီစင္သည္ ဧၿပီ ၁၉ ရက္က ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးခဲ့သည္။

ယင္းနာရီစင္သည္ ယခင္ ကၽြန္းလွၿမိဳ႕၏ျပယုဂ္တစ္ခုျဖစ္ၿပီး သဖန္းဆိပ္ေရေလွာင္တမံတည္ ေဆာက္ျခင္းေၾကာင့္ ကၽြန္းလွၿမိဳ႕ ေရႊ႕ေျပာင္းခဲ့ရၿပီး ေရေအာက္တြင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ တည္ရွိေနသည့္ နာရီစင္တစ္ခုျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

‘‘နာရီစင္က ၁၉၉၆ ေလာက္ ကတည္းက ေရထဲမွာရွိေတာ့ ၿပိဳက်ေကာင္းၿပိဳက်မွာပါ။ ေဒသခံ ေတြကေတာ့ ဘာေၾကာင့္ ၿပိဳက်လဲဆိုတာ စူးစမ္းေနၾကတယ္။ နာရီ စင္က ၿမိဳ႕ေဟာင္းရဲ႕အမွတ္တရ တစ္ခုပါပဲ’’ဟု ကၽြန္းလွၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွၿဖိဳးက ေျပာ ၾကားသည္။

လက္ရွိတြင္ ေဒသခံမ်ား သည္ နာရီစင္ၿပိဳက်ပ်က္စီးရသည့္ အေၾကာင္းရင္းကို သိရွိရန္ ေရ ငုပ္သမားမ်ားျဖင့္ စူးစမ္းရွာေဖြ ေနၿပီး ယခင္က နာရီစင္ေနရာကို GPS ျဖင့္ မွတ္သားထားျခင္းမ်ားရွိေၾကာင္း ကၽြန္းလွေဒသခံမ်ားက ေျပာသည္။

‘‘ကၽြန္ေတာ္တို႔ေတြ ၿမိဳ႕ ေဟာင္းအလြမ္းေျပ သြားသြား ၾကည့္ရတဲ့ နာရီစင္ေလးပါ။ ဧည့္ သည္ေတြလာရင္လည္း နာရီစင္ ႀကီးကို သြားသြားၾကည့္ၾကတယ္။ ကၽြန္းလွၿမိဳ႕ အသည္းႏွလံုးတစ္ခု ပါပဲ။ အခုလို ၿပိဳက်သြားတာ ကၽြန္းလွၿမိဳ႕အတြက္ တကယ္ဆံုး႐ႈံးမႈ တစ္ခုပါပဲ’’ဟု ကၽြန္းလွၿမိဳ႕ေန ကိုေနျခည္သစ္က ေျပာသည္။

ဧၿပီ ၁၉ ရက္က ကၽြန္းလွၿမိဳ႕ နယ္အတြင္း မိုးသည္းထန္စြာ ရြာ သြန္းျခင္း၊ ေလျပင္းမ်ားတိုက္ခတ္ ျခင္းေၾကာင့္ ေက်းရြာအခ်ိဳ႕ေန အိမ္မ်ား အပ်က္အစီးအနည္းငယ္ ရွိၿပီး နာရီစင္သည္လည္း ၿပိဳက် ျခင္းျဖစ္ႏုိင္ကာ ဧၿပီ ၂၀ ရက္က ေဒသခံေလွသမားအခ်ိဳ႕က နာရီ စင္မေတြ႕ရွိေတာ့ေၾကာင္း ေျပာဆိုမႈေၾကာင့္ သြားေရာက္ၾကည့္ ရာ အမွန္တကယ္ နာရီစင္ၿပိ္ဳက် ခဲ့ေၾကာင္း ကၽြန္းလွေဒသခံမ်ားက ေျပာသည္။

အေရွ႕ေတာင္အာရွ၌ အႀကီး ဆံုးသဖန္းဆိပ္ဆည္ကို ၁၉၉၆ ကကၽြန္းလွၿမိဳ႕နယ္တြင္ တည္ေဆာက္ရာ ကၽြန္းလွၿမိဳ႕ႏွင့္ ေက်းရြာ ၇၃ ရြာသည္ ေနရာေရႊ႕ေျပာင္းရၿပီး ေျပာင္းေရႊ႕မရေသာ ကၽြန္းလွနာရီစင္ႏွင့္ ေစတီပုထိုးမ်ားသာက်န္ရွိခဲ့ေၾကာင္း ေဒသခံမ်ား ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကန့်ဘလူခရိုင် ကျွန်းလှ မြို့ဟောင်းရှိ နှစ် ၂၀ ကျော်သက် တမ်းရှိ နာရီစင်သည် ဧပြီ ၁၉ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည်။

ယင်းနာရီစင်သည် ယခင် ကျွန်းလှမြို့၏ပြယုဂ်တစ်ခုဖြစ်ပြီး သဖန်းဆိပ်ရေလှောင်တမံတည် ဆောက်ခြင်းကြောင့် ကျွန်းလှမြို့ ရွှေ့ပြောင်းခဲ့ရပြီး ရေအောက်တွင် နှစ်ပေါင်း ၂၀ ကျော် တည်ရှိနေသည့် နာရီစင်တစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‘‘နာရီစင်က ၁၉၉၆ လောက် ကတည်းက ရေထဲမှာရှိတော့ ပြိုကျကောင်းပြိုကျမှာပါ။ ဒေသခံ တွေကတော့ ဘာကြောင့် ပြိုကျလဲဆိုတာ စူးစမ်းနေကြတယ်။ နာရီ စင်က မြို့ဟောင်းရဲ့အမှတ်တရ တစ်ခုပါပဲ’’ဟု ကျွန်းလှမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးလှဖြိုးက ပြော ကြားသည်။

လက်ရှိတွင် ဒေသခံများ သည် နာရီစင်ပြိုကျပျက်စီးရသည့် အကြောင်းရင်းကို သိရှိရန် ရေ ငုပ်သမားများဖြင့် စူးစမ်းရှာဖွေ နေပြီး ယခင်က နာရီစင်နေရာကို GPS ဖြင့် မှတ်သားထားခြင်းများရှိကြောင်း ကျွန်းလှဒေသခံများက ပြောသည်။

‘‘ကျွန်တော်တို့တွေ မြို့ ဟောင်းအလွမ်းပြေ သွားသွား ကြည့်ရတဲ့ နာရီစင်လေးပါ။ ဧည့် သည်တွေလာရင်လည်း နာရီစင် ကြီးကို သွားသွားကြည့်ကြတယ်။ ကျွန်းလှမြို့ အသည်းနှလုံးတစ်ခု ပါပဲ။ အခုလို ပြိုကျသွားတာ ကျွန်းလှမြို့အတွက် တကယ်ဆုံးရှုံးမှု တစ်ခုပါပဲ’’ဟု ကျွန်းလှမြို့နေ ကိုနေခြည်သစ်က ပြောသည်။

ဧပြီ ၁၉ ရက်က ကျွန်းလှမြို့ နယ်အတွင်း မိုးသည်းထန်စွာ ရွာ သွန်းခြင်း၊ လေပြင်းများတိုက်ခတ် ခြင်းကြောင့် ကျေးရွာအချို့နေ အိမ်များ အပျက်အစီးအနည်းငယ် ရှိပြီး နာရီစင်သည်လည်း ပြိုကျ ခြင်းဖြစ်နိုင်ကာ ဧပြီ ၂၀ ရက်က ဒေသခံလှေသမားအချို့က နာရီ စင်မတွေ့ရှိတော့ကြောင်း ပြောဆိုမှုကြောင့် သွားရောက်ကြည့် ရာ အမှန်တကယ် နာရီစင်ပြိုကျ ခဲ့ကြောင်း ကျွန်းလှဒေသခံများက ပြောသည်။

အရှေ့တောင်အာရှ၌ အကြီး ဆုံးသဖန်းဆိပ်ဆည်ကို ၁၉၉၆ ကကျွန်းလှမြို့နယ်တွင် တည်ဆောက်ရာ ကျွန်းလှမြို့နှင့် ကျေးရွာ ၇၃ ရွာသည် နေရာရွှေ့ပြောင်းရပြီး ပြောင်းရွှေ့မရသော ကျွန်းလှနာရီစင်နှင့် စေတီပုထိုးများသာကျန်ရှိခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top