iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

ေမာင္ေလးေတြနဲ႕ခ်စ္မိေနတဲ့မမေတြဆိုရင္ေတာ့ ဒါေလးေတြ သိကိုသိထားရမွာေနာ္။
အခ်စ္ဆိုတာ အသက္အရြယ္မေရြးျဖစ္ေပၚလာတဲ့တဲ့ခံစားခ်က္မို႕ မမေတြက ေမာင္ေလးေတြနဲ႕လည္း ခ်စ္မိတာျဖစ္ႏိုင္ပါတယ္။ အဲ့ဒီေတာ့ ေမာင္ေလးေတြရဲ႕စိတ္ကို အပိုင္ကိုင္ဖို႕ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြသိထားသင့္တာေပါ့။

1. သ၀န္တိုေပးပါ။

သူသြားတဲ့ေနရာ၊ သူရွိတဲ့ေနရာေတြမွာ ေကာင္မေလးေတြရွိရွိမရွိရွိ ၾကင္နာေဒါသေလးနဲ႕ သ၀န္တိုဟန္ျပေပးပါ။ အျမဲမဟုတ္ရင္ေတာင္ သူသိသာေလာက္ေအာင္ သ၀န္တိုေနပါတယ္ဆိုတာျပေပးပါ။ ခ်စ္လို႕ သ၀န္တိုတာကိုလည္း သူသိေနပါေစ။ ျပသနာျဖစ္ေလာက္တဲ့ထိမဟုတ္ပဲ မၾကာမၾကာသ၀န္တိုျပေပးပါ။ ေမာင္ေလးအသဲစြဲသြားေအာင္ေပါ့။

2. စိတ္ပူေပးပါ။

သူအျပင္သြားေနတယ္၊ အလုပ္သြားေနတယ္၊ သူငယ္ခ်င္းနဲ႕သြားေတြ႕တယ္ စသျဖင့္ သူဘယ္သြားသြား သင္မပါဘူးဆိုရင္ စိတ္ပူေၾကာင္းေျပာျပပါ။ ဖုန္းခနခနဆက္ျပီး စိတ္ပူတဲ့အေၾကာင္းသူသိေအာင္ေျပာပါ။ အိမ္ျပန္မေရာက္မခ်င္း စိတ္ပူေပးေနဖို႕လည္းလိုပါမယ္။ သူငယ္ခ်င္းေတြနဲ႕သြားေသာက္တယ္ဆိုရင္လည္း အမ်ားႀကီးမေသာက္ဖို႕ သတိေပးပါ။ ခ်ဴပ္ခ်ယ္တာမ်ိဳးမဟုတ္ပဲ စိတ္ပူလို႕ မေသာက္ေစခ်င္တဲ့အေၾကာင္း သူသိေနပါေစ။

3. ကေလးဆန္တယ္လို႕မေျပာမိပါေစနဲ႕။

ခ်စ္သူေမာင္ေလးက ကိုယ့္ထက္ဘယ္ေလာက္ပဲငယ္ငယ္ ကိုယ္က ဆရာမႀကီးလုပ္ျပီး အမိန္႕ေပးေနလို႕မရပါဘူး။ ကေလးဆန္တယ္လို႕ လံုး၀ကို မေျပာသင့္တာပါ။ သူတကယ္ ကေလးဆန္ေနပါေစဦးေတာ့ သင့္စိတ္ထဲမွာပဲထားပါ။ သူ႕ကို မရင့္က်က္ဘူး၊ လူႀကီီးမဆန္ဘူး၊ ဘာမွလည္း မသိဘူး ဆိုတာမ်ိဳးေတာ့လံုး၀မေျပာမိပါေစနဲ႕။ ခေလးေလး စိတ္ထဲမွာ အနာျဖစ္သြားပါလိမ့္မယ္။ ခ်စ္ရင္ ကေလးဆန္တယ္လို႕ ထုတ္မေျပာမိေစနဲ႔ေနာ္။

4.သူစိတ္ေကာက္ရင္ခ်က္ခ်င္းေခ်ာ့ပါ။

သူစိတ္ေကာက္တာနဲ႕ ခ်က္ခ်င္းေခ်ာ့ရပါမယ္။ မာနထိခိုက္တာေတြဘာေတြ ေနာက္မွာ အသာထား။ သူ႕ကိုအရင္ေခ်ာ့လိုက္ရင္ ျပသနာျဖစ္ဖို႕ ရာခိုင္ႏႈန္းနည္းသြားပါျပီ။ ခ်က္ခ်င္းမေခ်ာ့ပဲပစ္ထားလိုက္ရင္ေတာ့ ကေလးေဒါသေၾကာက္ဖို႕ေကာင္းမယ္ေနာ္။ မမတို႕ သတိသာထား။ ကေလးေတြက လူၿကီးေတြထက္ စိတ္ႀကီးတယ္ရွင့္။

5. တစ္ခါတစ္ေလ ခၽြဲေပးပါ။
သင္က အသက္ပိုႀကီးတာမွန္ေပမယ့္ သူ႕မ်က္စိထဲမွာ သူ႕ကို အႀကီးေနရာမွာထားျပီး သူ႕ကိုအားကိုေနတယ္ဆိုတာသူသိဖို႕လိုပါတယ္။ ေယာက္်ားဆိုတာမ်ိဳးက ႀကီးၿကီးငယ္ငယ္ အခၽြဲခံခ်င္ၾကတာသဘာ၀ပါ။ ခၽြဲသာခၽြဲ ။ ေမာင္ေလးအရည္ေပ်ာ္က်သြားေအာင္ ခၽြဲျပလိုက္ပါ။ ဒါဆို ေမာင္ေလးလည္း အလိုလို လူႀကီးဆန္ျပီး ရင့္က်က္လာပါလိမ့္မယ္။

ကဲ ေမာင္ေလးခ်စ္တတ္သူ မမတို႕ေရ…… ေဆာင္ရန္ေရွာင္ရန္ေလးေတြဖတ္ျပီး ေမာင္ေလးေတြရဲ႕ ႏွလံုးသားကို အပိုင္ခ်ဴပ္ႏိုင္ၾကပါေစေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawthama
# Unicode Version ျဖင့္ ဖတ္ပါ #
မောင်လေးတွေနဲ့ချစ်မိနေတဲ့မမတွေဆိုရင်တော့ ဒါလေးတွေ သိကိုသိထားရမှာနော်။
အချစ်ဆိုတာ အသက်အရွယ်မရွေးဖြစ်ပေါ်လာတဲ့တဲ့ခံစားချက်မို့ မမတွေက မောင်လေးတွေနဲ့လည်း ချစ်မိတာဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ မောင်လေးတွေရဲ့စိတ်ကို အပိုင်ကိုင်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေသိထားသင့်တာပေါ့။

1. သဝန်တိုပေးပါ။

သူသွားတဲ့နေရာ၊ သူရှိတဲ့နေရာတွေမှာ ကောင်မလေးတွေရှိရှိမရှိရှိ ကြင်နာဒေါသလေးနဲ့ သဝန်တိုဟန်ပြပေးပါ။ အမြဲမဟုတ်ရင်တောင် သူသိသာလောက်အောင် သဝန်တိုနေပါတယ်ဆိုတာပြပေးပါ။ ချစ်လို့ သဝန်တိုတာကိုလည်း သူသိနေပါစေ။ ပြသနာဖြစ်လောက်တဲ့ထိမဟုတ်ပဲ မကြာမကြာသဝန်တိုပြပေးပါ။ မောင်လေးအသဲစွဲသွားအောင်ပေါ့။

2. စိတ်ပူပေးပါ။

သူအပြင်သွားနေတယ်၊ အလုပ်သွားနေတယ်၊ သူငယ်ချင်းနဲ့သွားတွေ့တယ် စသဖြင့် သူဘယ်သွားသွား သင်မပါဘူးဆိုရင် စိတ်ပူကြောင်းပြောပြပါ။ ဖုန်းခနခနဆက်ပြီး စိတ်ပူတဲ့အကြောင်းသူသိအောင်ပြောပါ။ အိမ်ပြန်မရောက်မချင်း စိတ်ပူပေးနေဖို့လည်းလိုပါမယ်။ သူငယ်ချင်းတွေနဲ့သွားသောက်တယ်ဆိုရင်လည်း အများကြီးမသောက်ဖို့ သတိပေးပါ။ ချူပ်ချယ်တာမျိုးမဟုတ်ပဲ စိတ်ပူလို့ မသောက်စေချင်တဲ့အကြောင်း သူသိနေပါစေ။

3. ကလေးဆန်တယ်လို့မပြောမိပါစေနဲ့။

ချစ်သူမောင်လေးက ကိုယ့်ထက်ဘယ်လောက်ပဲငယ်ငယ် ကိုယ်က ဆရာမကြီးလုပ်ပြီး အမိန့်ပေးနေလို့မရပါဘူး။ ကလေးဆန်တယ်လို့ လုံးဝကို မပြောသင့်တာပါ။ သူတကယ် ကလေးဆန်နေပါစေဦးတော့ သင့်စိတ်ထဲမှာပဲထားပါ။ သူ့ကို မရင့်ကျက်ဘူး၊ လူကြီးမဆန်ဘူး၊ ဘာမှလည်း မသိဘူး ဆိုတာမျိုးတော့လုံးဝမပြောမိပါစေနဲ့။ ခလေးလေး စိတ်ထဲမှာ အနာဖြစ်သွားပါလိမ့်မယ်။ ချစ်ရင် ကလေးဆန်တယ်လို့ ထုတ်မပြောမိစေနဲ့နော်။

4.သူစိတ်ကောက်ရင်ချက်ချင်းချော့ပါ။

သူစိတ်ကောက်တာနဲ့ ချက်ချင်းချော့ရပါမယ်။ မာနထိခိုက်တာတွေဘာတွေ နောက်မှာ အသာထား။ သူ့ကိုအရင်ချော့လိုက်ရင် ပြသနာဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွားပါပြီ။ ချက်ချင်းမချော့ပဲပစ်ထားလိုက်ရင်တော့ ကလေးဒေါသကြောက်ဖို့ကောင်းမယ်နော်။ မမတို့ သတိသာထား။ ကလေးတွေက လူကြီးတွေထက် စိတ်ကြီးတယ်ရှင့်။

5. တစ်ခါတစ်လေ ချွဲပေးပါ။
သင်က အသက်ပိုကြီးတာမှန်ပေမယ့် သူ့မျက်စိထဲမှာ သူ့ကို အကြီးနေရာမှာထားပြီး သူ့ကိုအားကိုနေတယ်ဆိုတာသူသိဖို့လိုပါတယ်။ ယောက်ျားဆိုတာမျိုးက ကြီးကြီးငယ်ငယ် အချွဲခံချင်ကြတာသဘာဝပါ။ ချွဲသာချွဲ ။ မောင်လေးအရည်ပျော်ကျသွားအောင် ချွဲပြလိုက်ပါ။ ဒါဆို မောင်လေးလည်း အလိုလို လူကြီးဆန်ပြီး ရင့်ကျက်လာပါလိမ့်မယ်။

ကဲ မောင်လေးချစ်တတ်သူ မမတို့ရေ…… ဆောင်ရန်ရှောင်ရန်လေးတွေဖတ်ပြီး မောင်လေးတွေရဲ့ နှလုံးသားကို အပိုင်ချူပ်နိုင်ကြပါစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top