ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကၽြန္ေတာ့္မိန္းမကို ကၽြန္ေတာ္မကူဘူူး။ ၿပီးခဲ့တဲ့အပတ္က ကၽြန္ေတာ့္အိမ္ကို ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္လာလည္တယ္။ ကၽြန္ေတာ္တို႔ေကာ္ဖီေသာက္၊ စကားေျပာေနၾကရင္းနဲ႔ ကၽြန္ေတာ္က “ငါပန္းကန္ခဏသြားေဆးလိုက္ဦးမယ္၊ ျပန္လာခဲ့မယ္” လို႔ေျပာလိုက္ေတာ့ သူက ကၽြန္ေတာ့္ကိုအံ့ၾသၿပီးၾကည့္တယ္။

ၿပီးေတာ့ သူက “မင္းမိန္းမကို မင္းကူညီေပးတာေကာင္းပါတယ္။ ငါကေတာ့ ငါ့မိန္းမကို မကူဘူး။ ကူရင္လဲငါ့မိန္းမက ေက်းဇူးတင္ပံုမရပါဘူး။

ၿပီးခဲ့တဲ့အပတ္က ငါၾကမ္းတိုက္ေပးတာ သူကေက်းဇူးတင္ပါတယ္လို႔ တခြန္းေတာင္မေျပာဘူး” လို႔ေျပာတယ္။ အဲဒါနဲ႔ကၽြန္ေတာ္ပန္းကန္မေဆးေသးပဲ သူနဲ႔ခဏျပန္ထိုင္ၿပီး စကားေျပာတယ္။

သူငယ္ခ်င္း ေဟ့ေကာင္ … ငါက ငါ့မိန္းမကို “ကူညီတာ” မဟုတ္ဘူး။ တကယ္ေတာ့သူကလဲ “အကူ” လိုတာမဟုတ္ဘူး။

သူကလက္တြဲေဖာ္ (partner) လိုတာ။ ငါကဒီအိမ္မွာ၊ ဒီမိသားစုမွာ သူ႔ partner ပဲ။ လူေတြကဘယ္လိုပဲသတ္မွတ္သတ္မွတ္၊ ေယာက္်ားတစ္ေယာက္အိမ္အလုပ္လုပ္တယ္ဆိုတာနဲ႔ မိန္းမကိုကူတယ္လို႔ငါတို႔သတ္မွတ္လို႔မရဘူး။ တစ္အိမ္လံုးအလုပ္ေတြ သူတစ္ေယာက္ထဲအကုန္လုပ္ရမယ္ဆို မွ်တပါ့မလားကြာ။

ငါ့မိန္းမကို အိမ္ရွင္းကူတာမဟုတ္ဘူး။ ဒီအိမ္မွာငါလဲေနလို႔ ငါလဲအိမ္ရွင္းသင့္လို႔ရွင္းတာ။

ငါ့မိန္းမကို ထမင္းဟင္းခ်က္ကူတာမဟုတ္ဘူး။ ငါလဲစားခ်င္လို႔ခ်က္တာ။

ငါ့မိန္းမကို ပန္းကန္ေဆးကူတာမဟုတ္ဘူး။ ငါလဲဒီပန္းကန္ေတြသံုးထားလို႔ေဆးတာ။

ငါ့မိန္းမကို ကေလးထိန္းကူတာမဟုတ္ဘူး။ ဒီကေလးေတြက ငါ့ကေလးေတြမို႔ ငါထိန္းတာ။ ငါကသူတို႔အေဖေလ။

ငါ့မိန္းမကို အဝတ္ေလွ်ာ္မီးပူတိုက္ကူတာလဲမဟုတ္ဘူး။ ဒီအဝတ္ေတြဟာ ငါနဲ႔ငါ့ကေလးေတြရဲ႕အဝတ္ေတြလဲအမ်ားႀကီးပါေနလို႔႔ငါလုပ္တာ။

ငါ အိမ္မွာ ကူေပးေနတာမဟုတ္ဘူး။ ဒါကငါ့အိမ္၊ ငါ့မိသားစုမို႔ ငါလုပ္ေနတာ။

မင္းမိန္းမက မင္းကိုေက်းဇူးမတင္ဘူးဆိုတဲ့ကိစၥ။ မင္းမိန္းမအဝတ္ေလွ်ာ္ၿပီး၊ အိမ္ရွင္းၿပီး၊ ကေလးေရခ်ဳိးေပးၿပီး၊ ဟင္းခ်က္ေပးၿပီးတိုင္းမွာ မင္းေကာ ေက်းဇူးတင္ပါတယ္ေျပာမိသလား? ဘယ္တုန္းကေနာက္ဆံုးေျပာထားတာလဲ?

ေက်းဇူးတင္ပါတယ္ဆိုတဲ့စကားမ်ဳိးအတိအက်မဟုတ္ေပမယ့္ “ဟား အရမ္းေတာ္တာပဲ” ဆိုတာမ်ဳိးေပါ့။ သူ႔ကိုဒါေတြအတြက္ေက်းဇူးတင္ရမယ္ဆိုတာ မင္းအတြက္ဆန္းျပားေနသလား? မင္းေတာင္ တခါတေလၾကမ္းတိုက္ေပးတာကို ေက်းဇူးတင္ခံခ်င္ေနေသးတာကြာ။

အဲဒါက ငါတို႔ရဲ႕ “ငါေယာက္်ားကြ .. ဒါေတြကမိန္းမအလုပ္” လို႔ေတြးထားမိတဲ့စိတ္ေၾကာင့္ျဖစ္ေနတာျဖစ္မယ္။ ဒီအလုပ္ေတြကအိမ္ဦးနတ္ေတြလုပ္စရာမလိုဘူးလို႔ အၿမဲထင္ျမင္ေနၾကလို႔ုျဖစ္ေနတာ။

မင္း ၾကမ္းတိုက္တုန္းက ေက်းဇူးတင္၊ အခ်ီးက်ဴးခံခ်င္သလိုမ်ဳိး မင္းမိန္းမကိုခ်ီးက်ဴးလိုက္ပါ။ တကယ့္ဘဝလက္တြဲေဖာ္အစစ္ေတြလို အရာအားလံုးညီတူညီမွ်ခြဲေဝလုပ္ကိုင္ေပးလိုက္ပါ။ အိမ္မွာခဏလာတဲ့ဧည့္သည္လို အိပ္လိုက္၊ စားလိုက္၊ ေရခ်ိဳးလိုက္၊ သြားလိုက္လာလိုက္မလုပ္ပါနဲ႔။ အဲဒါမင္းအိမ္ပါ။ ….. လို႔ကၽြန္ေတာ္ေျပာလိုက္တယ္။

ကၽြန္ေတာ္တို႔လူ႔အသိုင္းအဝိုင္းတစ္ခုလံုးေျပာင္းလဲဖို႔ဆိုတာ ကၽြန္ေတာ္တို႔အိမ္ ကၽြန္ေတာ္တို႔မိသားစုကေနစရမွာပါ။ ကၽြန္ေတာ္တို႔ သားသမီးေတြကိုလဲ ဒါေတြသင္ေပးၾကရေအာင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Jessica Mozart (A Cool Mom)
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော့်မိန်းမကို ကျွန်တော်မကူဘူူး။ ပြီးခဲ့တဲ့အပတ်က ကျွန်တော့်အိမ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်လာလည်တယ်။ ကျွန်တော်တို့ကော်ဖီသောက်၊ စကားပြောနေကြရင်းနဲ့ ကျွန်တော်က “ငါပန်းကန်ခဏသွားဆေးလိုက်ဦးမယ်၊ ပြန်လာခဲ့မယ်” လို့ပြောလိုက်တော့ သူက ကျွန်တော့်ကိုအံ့သြပြီးကြည့်တယ်။

ပြီးတော့ သူက “မင်းမိန်းမကို မင်းကူညီပေးတာကောင်းပါတယ်။ ငါကတော့ ငါ့မိန်းမကို မကူဘူး။ ကူရင်လဲငါ့မိန်းမက ကျေးဇူးတင်ပုံမရပါဘူး။

ပြီးခဲ့တဲ့အပတ်က ငါကြမ်းတိုက်ပေးတာ သူကကျေးဇူးတင်ပါတယ်လို့ တခွန်းတောင်မပြောဘူး” လို့ပြောတယ်။ အဲဒါနဲ့ကျွန်တော်ပန်းကန်မဆေးသေးပဲ သူနဲ့ခဏပြန်ထိုင်ပြီး စကားပြောတယ်။

သူငယ်ချင်း ဟေ့ကောင် … ငါက ငါ့မိန်းမကို “ကူညီတာ” မဟုတ်ဘူး။ တကယ်တော့သူကလဲ “အကူ” လိုတာမဟုတ်ဘူး။

သူကလက်တွဲဖော် (partner) လိုတာ။ ငါကဒီအိမ်မှာ၊ ဒီမိသားစုမှာ သူ့ partner ပဲ။ လူတွေကဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ယောက်ျားတစ်ယောက်အိမ်အလုပ်လုပ်တယ်ဆိုတာနဲ့ မိန်းမကိုကူတယ်လို့ငါတို့သတ်မှတ်လို့မရဘူး။ တစ်အိမ်လုံးအလုပ်တွေ သူတစ်ယောက်ထဲအကုန်လုပ်ရမယ်ဆို မျှတပါ့မလားကွာ။

ငါ့မိန်းမကို အိမ်ရှင်းကူတာမဟုတ်ဘူး။ ဒီအိမ်မှာငါလဲနေလို့ ငါလဲအိမ်ရှင်းသင့်လို့ရှင်းတာ။

ငါ့မိန်းမကို ထမင်းဟင်းချက်ကူတာမဟုတ်ဘူး။ ငါလဲစားချင်လို့ချက်တာ။

ငါ့မိန်းမကို ပန်းကန်ဆေးကူတာမဟုတ်ဘူး။ ငါလဲဒီပန်းကန်တွေသုံးထားလို့ဆေးတာ။

ငါ့မိန်းမကို ကလေးထိန်းကူတာမဟုတ်ဘူး။ ဒီကလေးတွေက ငါ့ကလေးတွေမို့ ငါထိန်းတာ။ ငါကသူတို့အဖေလေ။

ငါ့မိန်းမကို အဝတ်လျှော်မီးပူတိုက်ကူတာလဲမဟုတ်ဘူး။ ဒီအဝတ်တွေဟာ ငါနဲ့ငါ့ကလေးတွေရဲ့အဝတ်တွေလဲအများကြီးပါနေလို့ငါလုပ်တာ။

ငါ အိမ်မှာ ကူပေးနေတာမဟုတ်ဘူး။ ဒါကငါ့အိမ်၊ ငါ့မိသားစုမို့ ငါလုပ်နေတာ။

မင်းမိန်းမက မင်းကိုကျေးဇူးမတင်ဘူးဆိုတဲ့ကိစ္စ။ မင်းမိန်းမအဝတ်လျှော်ပြီး၊ အိမ်ရှင်းပြီး၊ ကလေးရေချိုးပေးပြီး၊ ဟင်းချက်ပေးပြီးတိုင်းမှာ မင်းကော ကျေးဇူးတင်ပါတယ်ပြောမိသလား? ဘယ်တုန်းကနောက်ဆုံးပြောထားတာလဲ?

ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးအတိအကျမဟုတ်ပေမယ့် “ဟား အရမ်းတော်တာပဲ” ဆိုတာမျိုးပေါ့။ သူ့ကိုဒါတွေအတွက်ကျေးဇူးတင်ရမယ်ဆိုတာ မင်းအတွက်ဆန်းပြားနေသလား? မင်းတောင် တခါတလေကြမ်းတိုက်ပေးတာကို ကျေးဇူးတင်ခံချင်နေသေးတာကွာ။

အဲဒါက ငါတို့ရဲ့ “ငါယောက်ျားကွ .. ဒါတွေကမိန်းမအလုပ်” လို့တွေးထားမိတဲ့စိတ်ကြောင့်ဖြစ်နေတာဖြစ်မယ်။ ဒီအလုပ်တွေကအိမ်ဦးနတ်တွေလုပ်စရာမလိုဘူးလို့ အမြဲထင်မြင်နေကြလို့ဖြစ်နေတာ။

မင်း ကြမ်းတိုက်တုန်းက ကျေးဇူးတင်၊ အချီးကျူးခံချင်သလိုမျိုး မင်းမိန်းမကိုချီးကျူးလိုက်ပါ။ တကယ့်ဘဝလက်တွဲဖော်အစစ်တွေလို အရာအားလုံးညီတူညီမျှခွဲဝေလုပ်ကိုင်ပေးလိုက်ပါ။ အိမ်မှာခဏလာတဲ့ဧည့်သည်လို အိပ်လိုက်၊ စားလိုက်၊ ရေချိုးလိုက်၊ သွားလိုက်လာလိုက်မလုပ်ပါနဲ့။ အဲဒါမင်းအိမ်ပါ။ ….. လို့ကျွန်တော်ပြောလိုက်တယ်။

ကျွန်တော်တို့လူ့အသိုင်းအဝိုင်းတစ်ခုလုံးပြောင်းလဲဖို့ဆိုတာ ကျွန်တော်တို့အိမ် ကျွန်တော်တို့မိသားစုကနေစရမှာပါ။ ကျွန်တော်တို့ သားသမီးတွေကိုလဲ ဒါတွေသင်ပေးကြရအောင်။

ဖိုးသူတော် (www.phothutaw.com)
Credit: Jessica Mozart (A Cool Mom)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top