ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လူတစ္ေယာက္နဲ႔တစ္ေယာက္လက္ထပ္ၿပီး ဘ၀တစ္ခုထူေထာင္ၾကတယ္ဆိုတာေကာင္းပါတယ္။ ဒါေပမယ့္ ကိုယ္လက္ထပ္မယ့္သူကို ေသခ်ာေရြးခ်ယ္သင့္ပါတယ္။ ကၽြန္မတို႔ ဖိနပ္တစ္ရံ အိက်ီ ၤ တစ္စံု၀ယ္ဖုိ႔ေတာင္ ဒါကိုေတာ့ ဘယ္ေနရာမွာ စီးလိုက္မယ္။ ဒီအိက်ီ ၤကိုေတာ့ ဘာေလးနဲ႔ တြဲ၀တ္မယ္ဆိုၿပီး ေတြးၿပီး ကိုယ္နဲ႔လိုက္မလိုက္ စဥ္းစား ၀တ္ၾကည့္ၿပီးမွ ေရြးခ်ယ္၀ယ္ယူၾကတယ္မလား။ လက္ထပ္ၿပီး ကိုယ့္ရဲ့ ခင္ပြန္းေလာင္းျဖစ္လာမယ့္သူ (သို႔) ကိုယ့္ဇနီးေလာင္းျဖစ္လာမယ့္သူကို ဒီထက္မက ေသခ်ာပိုေရြးသင့္ပါတယ္။

ဒါ့ေၾကာင့္လက္မထပ္ခင္ ကိုယ့္ကိုကိုယ္ေရာ ကိုယ့္ခ်စ္သူကိုပါ ေမးသင့္တဲ့ေမးခြန္းေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

၁။ ငါသူ႔ကိုဘာလို႔ခ်စ္တာလဲ။

ဒါက ေမးသင့္ေမးထိုက္တဲ့ေမးခြန္းတစ္ခုျဖစ္သလို ခ်စ္သူကိုယ္ေရာ ကိုယ့္ကိုကိုယ္ပါေမးသင့္ပါတယ္။ ဘာလို႔သူ႔ကိုခ်စ္တာလဲ။ စာဖတ္သူတို႔မွာ အေျဖရွိလား။

၂။ ငါ့လက္က်န္ဘ၀တစ္ေလွ်ာက္လံုး သူနဲ႔ဘာလို႔အတူေနခ်င္တာလဲ။

ခ်စ္လို႔ေပါ့လို႔ ေျဖလာၾကမယ္လို႔ထင္ပါတယ္။ ခ်စ္လို႔ဆိုတာ ေကာင္းတဲ့အေျဖတစ္ခုေတာ့မဟုတ္ပါဘူး။ ဘ၀ဆိုတာ ခရီးရွည္ႀကီးတစ္ခုလိုပါပဲ။ တစ္ေယာက္တည္းမေလွ်ာက္တာေကာင္းပါတယ္။ ဒါေပမယ့္ ကိုယ့္ခံယူခ်က္နဲ႔ကို္ယ္ပါပဲ။ ဘ၀အတြက္ ပန္းတိုင္ေတာ့ရွိသင့္ပါတယ္။ ကိုယ္သူ႔ကို ဘာလို႔ လက္ထပ္ခ်င္တာလဲ။

၃။ သူနဲ႔ဆို ေပ်ာ္မွာလား။

သူနဲ႔ အတူဆိုရင္ ဘာအခက္ခဲပဲရွိရွိ သင္ေပ်ာ္ေပ်ာ္ေနသြားႏိုင္မွာလား။ ရင္ဆိုင္သြားႏိုင္မွာလားဆိုတာ သူ႔ကိုေရာ သင့္ကိုယ္သင္ေရာ ေမးသင့္တဲ့ေမးခြန္းပါပဲ။ ဘ၀ဆိုတာ ရုန္းကန္ရျခင္းပါပဲ။ အခုလိုရုန္းကန္ရတဲ့ဘ၀မွာ ဆိုးတူေကာင္းတူ သူနဲ႔အတူရွိႏိုင္မွာလား။

၄။ သူဟာ ဖခင္ေကာင္းတစ္ေယာက္ (သို႔) မိခင္ေကာင္းတစ္ေယာက္ျဖစ္ႏိုင္လား။

လက္ထပ္ၿပီးအိမ္ ေထာင္တစ္ခုထူေထာင္ၿပီးရင္ေတာ့ ရင္ေသြးေလးဆိုတာ ရတနာတပါးလို႔ လူတိုင္းမက္ၾကတဲ့ အိပ္မက္တစ္ခုပါပဲ။ လက္ထပ္ဖုိ႔ စဥ္းစားရမွာ သူဟာ ကိုယ္ေမြးလာမယ့္ကေလးရဲ့ အေဖ (သို႔) အေမ ျဖစ္ထိုက္တဲ့သူလားဆိုတာ ေသခ်ာဆန္းစစ္သင့္ပါတယ္။

၅။ ကိုယ္လဲေနခ်ိန္မွာ ထူေပးမွာလား။

ေငြေၾကးအရပဲျဖစ္ျဖစ္ စိတ္ပိုင္းဆိုင္ရာပဲျဖစ္ျဖစ္ က်န္းမာေရးအရပဲျဖစ္ျဖစ္ ကိုယ္အားငယ္ေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္ သူကကိုယ့္ဖက္ကအေန အၿမဲတမ္းရပ္တည္ေထာက္ပံ့ေပးႏိုင္မယ့္သူလားဆိုတာ ေသခ်ာဆန္းစစ္ၿပီး ေမးသင့္တဲ့ေမးခြန္းတစ္ခုပါပဲ။ သင္လမ္းမေလွ်ာက္ႏိုင္ေတာ့ရင္ သူေပြ႕သြားေပးမွာလား။ အသက္ေတြႀကီးလာလို႔ သင့္ဒူးေတြမခိုင္ေတာ့ရင္ ေဖးမေပးမွာလား။

၆။ ကိုယ့္ရဲ့ ပန္းတိုင္ရည္မွန္းခ်က္ေတြ ျပည့္ေျမာက္ေအာင္လုပ္ႏိုင္မလား။

လက္ထပ္လိုက္လို႔ ပညာေရးတပိုင္းတစျဖစ္သြားတာ။ ကိုယ္လုပ္ေနတဲ့အလုပ္ကေနထြက္လိုက္တာ။ ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္ေတြကို စြန္႔လႊတ္လိုက္တာမ်ိဳးမျဖစ္သင့္ပါဘူး။ လူဆိုတာ ေျပာင္းလဲတတ္တဲ့ သတၱ၀ါပါပဲ။ မျဖစ္ရင္ေတာ့ေကာင္းေပမယ့္ တကယ္လို႔ အိမ္ေထာင္ေရးမွာ ျပႆနာတစ္ခုခုရွိလာတဲ့အခါ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏို္င္ဖို႔ အခုကတည္းက ကိုယ့္ရည္းမွန္းခ်က္ပန္းတိုင္ေတြအတြက္ ေသခ်ာျပင္ဆင္ ႀကိဳးစားသင့္ပါတယ္။

ေသခ်ာစဥ္းစားၿပီးေမးမယ္ဆိုရင္ေတာ့ အမ်ားႀကီးပဲရွိမွာပါ။ ဒါေပမယ့္ စာဖတ္သူတို႔အတြက္ အေရးႀကီးမယ္လို႔ ထင္တာေလးေတြကိုပဲ မွ်ေ၀ေပးလိုက္တာပါေနာ္။ စာဖတ္သူတို႔အားလံုး သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို ရရွိပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicdoe Version#
လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်ပြီး ဘဝတစ်ခုထူထောင်ကြတယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်လက်ထပ်မယ့်သူကို သေချာရွေးချယ်သင့်ပါတယ်။ ကျွန်မတို့ ဖိနပ်တစ်ရံ အိကျီ ၤ တစ်စုံဝယ်ဖို့တောင် ဒါကိုတော့ ဘယ်နေရာမှာ စီးလိုက်မယ်။ ဒီအိကျီ ၤကိုတော့ ဘာလေးနဲ့ တွဲဝတ်မယ်ဆိုပြီး တွေးပြီး ကိုယ်နဲ့လိုက်မလိုက် စဉ်းစား ဝတ်ကြည့်ပြီးမှ ရွေးချယ်ဝယ်ယူကြတယ်မလား။ လက်ထပ်ပြီး ကိုယ့်ရဲ့ ခင်ပွန်းလောင်းဖြစ်လာမယ့်သူ (သို့) ကိုယ့်ဇနီးလောင်းဖြစ်လာမယ့်သူကို ဒီထက်မက သေချာပိုရွေးသင့်ပါတယ်။

ဒါ့ကြောင့်လက်မထပ်ခင် ကိုယ့်ကိုကိုယ်ရော ကိုယ့်ချစ်သူကိုပါ မေးသင့်တဲ့မေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ငါသူ့ကိုဘာလို့ချစ်တာလဲ။

ဒါက မေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုဖြစ်သလို ချစ်သူကိုယ်ရော ကိုယ့်ကိုကိုယ်ပါမေးသင့်ပါတယ်။ ဘာလို့သူ့ကိုချစ်တာလဲ။ စာဖတ်သူတို့မှာ အဖြေရှိလား။

၂။ ငါ့လက်ကျန်ဘဝတစ်လျှောက်လုံး သူနဲ့ဘာလို့အတူနေချင်တာလဲ။

ချစ်လို့ပေါ့လို့ ဖြေလာကြမယ်လို့ထင်ပါတယ်။ ချစ်လို့ဆိုတာ ကောင်းတဲ့အဖြေတစ်ခုတော့မဟုတ်ပါဘူး။ ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုလိုပါပဲ။ တစ်ယောက်တည်းမလျှောက်တာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ။ ဘဝအတွက် ပန်းတိုင်တော့ရှိသင့်ပါတယ်။ ကိုယ်သူ့ကို ဘာလို့ လက်ထပ်ချင်တာလဲ။

၃။ သူနဲ့ဆို ပျော်မှာလား။

သူနဲ့ အတူဆိုရင် ဘာအခက်ခဲပဲရှိရှိ သင်ပျော်ပျော်နေသွားနိုင်မှာလား။ ရင်ဆိုင်သွားနိုင်မှာလားဆိုတာ သူ့ကိုရော သင့်ကိုယ်သင်ရော မေးသင့်တဲ့မေးခွန်းပါပဲ။ ဘဝဆိုတာ ရုန်းကန်ရခြင်းပါပဲ။ အခုလိုရုန်းကန်ရတဲ့ဘဝမှာ ဆိုးတူကောင်းတူ သူနဲ့အတူရှိနိုင်မှာလား။

၄။ သူဟာ ဖခင်ကောင်းတစ်ယောက် (သို့) မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်လား။

လက်ထပ်ပြီးအိမ်ထောင်တစ်ခုထူထောင်ပြီးရင်တော့ ရင်သွေးလေးဆိုတာ ရတနာတပါးလို့ လူတိုင်းမက်ကြတဲ့ အိပ်မက်တစ်ခုပါပဲ။ လက်ထပ်ဖို့ စဉ်းစားရမှာ သူဟာ ကိုယ်မွေးလာမယ့်ကလေးရဲ့ အဖေ (သို့) အမေ ဖြစ်ထိုက်တဲ့သူလားဆိုတာ သေချာဆန်းစစ်သင့်ပါတယ်။

၅။ ကိုယ်လဲနေချိန်မှာ ထူပေးမှာလား။

ငွေကြေးအရပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ကျန်းမာရေးအရပဲဖြစ်ဖြစ် ကိုယ်အားငယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် သူကကိုယ့်ဖက်ကအနေ အမြဲတမ်းရပ်တည်ထောက်ပံ့ပေးနိုင်မယ့်သူလားဆိုတာ သေချာဆန်းစစ်ပြီး မေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ သင်လမ်းမလျှောက်နိုင်တော့ရင် သူပွေ့သွားပေးမှာလား။ အသက်တွေကြီးလာလို့ သင့်ဒူးတွေမခိုင်တော့ရင် ဖေးမပေးမှာလား။

၆။ ကိုယ့်ရဲ့ ပန်းတိုင်ရည်မှန်းချက်တွေ ပြည့်မြောက်အောင်လုပ်နိုင်မလား။

လက်ထပ်လိုက်လို့ ပညာရေးတပိုင်းတစဖြစ်သွားတာ။ ကိုယ်လုပ်နေတဲ့အလုပ်ကနေထွက်လိုက်တာ။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေကို စွန့်လွှတ်လိုက်တာမျိုးမဖြစ်သင့်ပါဘူး။ လူဆိုတာ ပြောင်းလဲတတ်တဲ့ သတ္တဝါပါပဲ။ မဖြစ်ရင်တော့ကောင်းပေမယ့် တကယ်လို့ အိမ်ထောင်ရေးမှာ ပြဿနာတစ်ခုခုရှိလာတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အခုကတည်းက ကိုယ့်ရည်းမှန်းချက်ပန်းတိုင်တွေအတွက် သေချာပြင်ဆင် ကြိုးစားသင့်ပါတယ်။

သေချာစဉ်းစားပြီးမေးမယ်ဆိုရင်တော့ အများကြီးပဲရှိမှာပါ။ ဒါပေမယ့် စာဖတ်သူတို့အတွက် အရေးကြီးမယ်လို့ ထင်တာလေးတွေကိုပဲ မျှဝေပေးလိုက်တာပါနော်။ စာဖတ်သူတို့အားလုံး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top