သႀကၤန္တြင္းမွာ ဆံပင္အေရာင္ဆိုးလိုက္၊ က်စ္လိုက္နဲ႔ ပံုစံမ်ိဳးစံုလုပ္တဲ့အျပင္ သႀကၤန္ေရေၾကာင့္ မြဲေျခာက္ ပ်က္စီး သြားတဲ့ ဆံသားမ်ားကို ျပန္လည္ကုသႏုိင္မယ့္ အိမ္တြင္းကုထံုးေလးကို ေျပာျပခ်င္ပါတယ္။ ဓာတုဆိုးေဆး မ်ားေၾကာင့္ ဆံသားပ်က္စီးသြားတာပဲျဖစ္ျဖစ္၊ သႀကၤန္ေရနဲ႔ ေနေလာင္ဒဏ္ေၾကာင့္ ဆံသားပ်က္စီး သြားတာပဲ ျဖစ္ျဖစ္၊ သဘာဝနည္းလမ္းအတုိင္း ျပန္လည္ကုသ တာက အေကာင္းဆံုး  နည္းလမ္းပါပဲေနာ္။

(၁) ေထာပတ္သီးျဖင့္ေပါင္းတင္နည္း

ေထာပတ္သီးမွာ ပါဝင္တဲ့ဓာတ္မ်ားက ဆံသားအတြက္ မ်ားစြာေကာင္းက်ိဳးျပဳတာေၾကာင့္ ေရွးေရွးကတည္းက အသံုးျပဳ ခဲ့ၾကတဲ့ နည္းလမ္းေလးပါ။ ေထာပတ္သီး ၁လံုး၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္းနဲ႔ ၾကက္ဥ ၁လံုးတို႔ကို ေရာစပ္ၿပီး ေသခ်ာေမႊေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို ဦးေရျပားနဲ႔ ဆံသားအႏွံ႔ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ခန္႔ထားၿပီး ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ ရံုပါပဲေနာ္။ ဒါဆိုရင္ေတာ့ လွပတဲ့ ဆံေကသာ ေလးကို မိနစ္ပိုင္းေလး အတြင္းမွာ ရရွိႏိုင္မွာပါ။

(၂) ရွားေစာင္းလက္ပက္ျဖင့္ေပါင္းတင္နည္း

ရွားေစာင္းလက္ပက္က ဦးေရျပားေရာဂါ၊ မႈိေရာဂါမ်ားကို ကုသရာမွာ တကယ့္ကိုအသံုးတည့္တာကို ေတြ႔ရပါ တယ္။ ဒါ့အျပင္ ဆံသားမြဲေျခာက္ျခင္း အတြက္ အေကာင္းဆံုးအားျဖည့္ေဆးပဲ ျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ရွားေစာင္း လက္ပတ္ တစ္ပင္နဲ႔ ဗာဓံအဆီ တို႔ပဲလိုအပ္ပါတယ္။ ရွာေစာင္းလက္ပတ္ အတြင္းသားဂ်ယ္လ္ကို ေခ်လိုက္ၿပီး ဗာဓံအဆီ လက္ဖက္ရည္ဇြန္း၁ဇြန္း တို႔ကို ေရာစပ္ၿပီး ဦးေရျပား အႏွံ႔ သုတ္လိမ္းေပးရမွာပဲ ျဖစ္ပါတယ္။ ေခါင္းမေလွ်ာ္ခင္ မိနစ္၂၀အလိုမွာ ျပဳလုပ္ေပးႏိုင္ၿပီး ေရေႏြးေႏြး ေလးနဲ႔ ေခါင္းေလွ်ာ္လုိက္ပါ။ ဒီနည္းလမ္းေလးကလည္း အခ်ိန္အၾကာႀကီး  ေပးစရာ မလိုတာ ေၾကာင့္ နည္းလမ္းေကာင္းေလး ပါပဲေနာ္။

(၃) ငွက္ေပ်ာသီးျဖင့္ေပါင္းတင္နည္း

ငွက္ေပ်ာသီးက အာဟာရဓာတ္မ်ားစြာ ပါဝင္တယ္ဆိုတာကို သိၾကမွာပါ။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ဓာတ္မ်ားက ဦးေရျပားေပၚက ေဗာက္မ်ားနဲ႔ မႈိေရာဂါမ်ားကို ရွင္းထုတ္ႏိုင္တာေၾကာင့္ တကယ့္ကို အစြမ္းထက္လွ ပါတယ္။ ငွက္ေပ်ာသီး တစ္လံုးနဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္း တို႔ကို ေရာစပ္  လိုက္ပါ။ ခပ္ပ်စ္ပ်စ္ေလး ျဖစ္သြားတဲ့ အထိ ေခ်ေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို ဆံသား အႏွံ႔ သုတ္လိမ္းေပးပါ။ မိနစ္၂၀ခန္႔ထားၿပီးတာနဲ႔ ေရေႏြး ေႏြးလးနဲ႔ ေဆးခ်လိုက္ရံုပါပဲ။ ဆံသားမ်ား  က်န္းမာ သန္စြမ္းၿပီး ေပ်ာ့ေပ်ာင္း သြားတာကို ေတြ႔ရမွာပါ။

ေဖာ္ျပေပးခဲ့တဲ့ နည္းလမ္းေတြအတိုင္း ေခါင္းမေလွ်ာ္ခင္ မိနစ္ပိုင္းအတြင္းမွာ ျပဳလုပ္ၾကည့္လိုက္ရံုနဲ႔ အခ်ိန္ကုန္ လည္း သက္သာေစၿပီး ေပ်ာ့ေပ်ာင္းတဲ့ဆံေကသာမ်ားကို ျပန္လည္ရရွိေစမွာပါ။ အိမ္မွာရွိတဲ့ သဘာဝပစၥည္းေတြနဲ႔ပဲ လြယ္လြယ္ကူကူျပဳလုပ္ရတာဆိုေတာ့ အလုပ္လည္း မရႈပ္ေတာ့ဘူးေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
သင်္ကြန်တွင်းမှာ ဆံပင်အရောင်ဆိုးလိုက်၊ ကျစ်လိုက်နဲ့ ပုံစံမျိုးစုံလုပ်တဲ့အပြင် သင်္ကြန်ရေကြောင့် မွဲခြောက် ပျက်စီး သွားတဲ့ ဆံသားများကို ပြန်လည်ကုသနိုင်မယ့် အိမ်တွင်းကုထုံးလေးကို ပြောပြချင်ပါတယ်။ ဓာတုဆိုးဆေး များကြောင့် ဆံသားပျက်စီးသွားတာပဲဖြစ်ဖြစ်၊ သင်္ကြန်ရေနဲ့ နေလောင်ဒဏ်ကြောင့် ဆံသားပျက်စီး သွားတာပဲ ဖြစ်ဖြစ်၊ သဘာဝနည်းလမ်းအတိုင်း ပြန်လည်ကုသ တာက အကောင်းဆုံး  နည်းလမ်းပါပဲနော်။

(၁) ထောပတ်သီးဖြင့်ပေါင်းတင်နည်း

ထောပတ်သီးမှာ ပါဝင်တဲ့ဓာတ်များက ဆံသားအတွက် များစွာကောင်းကျိုးပြုတာကြောင့် ရှေးရှေးကတည်းက အသုံးပြု ခဲ့ကြတဲ့ နည်းလမ်းလေးပါ။ ထောပတ်သီး ၁လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ကြက်ဥ ၁လုံးတို့ကို ရောစပ်ပြီး သေချာမွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို ဦးရေပြားနဲ့ ဆံသားအနှံ့ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ခန့်ထားပြီး ရေနွေးနဲ့ ခေါင်းလျှော်ပေးလိုက် ရုံပါပဲနော်။ ဒါဆိုရင်တော့ လှပတဲ့ ဆံကေသာ လေးကို မိနစ်ပိုင်းလေး အတွင်းမှာ ရရှိနိုင်မှာပါ။

(၂) ရှားစောင်းလက်ပက်ဖြင့်ပေါင်းတင်နည်း

ရှားစောင်းလက်ပက်က ဦးရေပြားရောဂါ၊ မှိုရောဂါများကို ကုသရာမှာ တကယ့်ကိုအသုံးတည့်တာကို တွေ့ရပါ တယ်။ ဒါ့အပြင် ဆံသားမွဲခြောက်ခြင်း အတွက် အကောင်းဆုံးအားဖြည့်ဆေးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်း လက်ပတ် တစ်ပင်နဲ့ ဗာဓံအဆီ တို့ပဲလိုအပ်ပါတယ်။ ရှာစောင်းလက်ပတ် အတွင်းသားဂျယ်လ်ကို ချေလိုက်ပြီး ဗာဓံအဆီ လက်ဖက်ရည်ဇွန်း၁ဇွန်း တို့ကို ရောစပ်ပြီး ဦးရေပြား အနှံ့ သုတ်လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ခေါင်းမလျှော်ခင် မိနစ်၂၀အလိုမှာ ပြုလုပ်ပေးနိုင်ပြီး ရေနွေးနွေး လေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းလေးကလည်း အချိန်အကြာကြီး  ပေးစရာ မလိုတာ ကြောင့် နည်းလမ်းကောင်းလေး ပါပဲနော်။

(၃) ငှက်ပျောသီးဖြင့်ပေါင်းတင်နည်း

ငှက်ပျောသီးက အာဟာရဓာတ်များစွာ ပါဝင်တယ်ဆိုတာကို သိကြမှာပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်များက ဦးရေပြားပေါ်က ဗောက်များနဲ့ မှိုရောဂါများကို ရှင်းထုတ်နိုင်တာကြောင့် တကယ့်ကို အစွမ်းထက်လှ ပါတယ်။ ငှက်ပျောသီး တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း တို့ကို ရောစပ်  လိုက်ပါ။ ခပ်ပျစ်ပျစ်လေး ဖြစ်သွားတဲ့ အထိ ချေပေးပါ။ ရရှိလာတဲ့ အရောအနှောကို ဆံသား အနှံ့ သုတ်လိမ်းပေးပါ။ မိနစ်၂၀ခန့်ထားပြီးတာနဲ့ ရေနွေး နွေးလးနဲ့ ဆေးချလိုက်ရုံပါပဲ။ ဆံသားများ  ကျန်းမာ သန်စွမ်းပြီး ပျော့ပျောင်း သွားတာကို တွေ့ရမှာပါ။

ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေအတိုင်း ခေါင်းမလျှော်ခင် မိနစ်ပိုင်းအတွင်းမှာ ပြုလုပ်ကြည့်လိုက်ရုံနဲ့ အချိန်ကုန် လည်း သက်သာစေပြီး ပျော့ပျောင်းတဲ့ဆံကေသာများကို ပြန်လည်ရရှိစေမှာပါ။ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ပဲ လွယ်လွယ်ကူကူပြုလုပ်ရတာဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top