iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

ႏိုင္ငံ့ဝန္ထမ္းေတြကို လစာတိုးျမႇင့္ေပးမယ့္ အစီအစဥ္နဲ႔ပတ္သက္လို႔ အမႈထမ္းတဦးရဲ႕  အနည္းဆုံး လစာကို မွားယြင္းတြက္ခ်က္ေပးခဲ့တယ္လို႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန အမွားျပင္ဆင္ခ်က္ ထုတ္ျပန္လိုက္ပါတယ္။

“ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ေျပာၾကားခဲ့သည့္ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားမွာ  မိမိတို႔ဝန္ႀကီးဌာန၏ မွားယြင္းတြက္ခ်က္မႈအရ ‘အမႈထမ္းတဦး၏ အနည္းဆုံးလစာ ၁၂၀,၀၀၀ က်ပ္မွ ၁၃၈,၀၀၀ က်ပ္အထိ တိုးျမႇင့္သြားမည္’ ဟု ေဖာ္ျပပါရွိခဲ့ပါသည္။ ယင္းေဖာ္ျပခ်က္အစား တြက္ခ်က္မႈ အမွန္ျဖစ္သည့္ ‘အမႈထမ္းတဦး၏ အနည္းဆုံးလစာမွာ ၁၂၀,၀၀၀ က်ပ္မွ ၁၄၄,၀၀၀ က်ပ္အထိ တိုးျမႇင့္သြားမည္’ဟု ျပင္ဆင္ဖတ္႐ႈေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။”လို႔ အမွား ျပင္ဆင္ခ်က္မွာ ေရးသားေဖာ္ျပပါတယ္။

ဧၿပီ ၁၇ ရက္၊ ႏွစ္ဆန္း ၁ ရက္ေန႔က  ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ျမန္မာ့႐ိုးရာ  ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကား ေျပာၾကားရာမွာ အလုပ္သမားတဦးရဲ႕ တေန႔အတြက္ အနည္းဆံုး အခေၾကးေငြ ၄၈၀၀ က်ပ္ႏႈန္းနဲ႔ လုိက္ေလ်ာညီေထြျဖစ္ေစဖို႔ အမႈထမ္း လစာမ်ား အားလံုးကုိ ၂၀ ရာခုိင္ႏႈန္း တုိးျမႇင့္ေပးၿပီး အရာထမ္း လစာမ်ားကုိ ၁၀ ရာခုိင္ႏႈန္း တုိးျမႇင့္ေပးႏုိင္ရန္ ျပည္ေထာင္စုအစုိးရအဖြဲ႔အေနနဲ႔ စီစဥ္တြက္ခ်က္ၿပီး ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာပါ။

အဆိုပါတြက္ခ်က္မႈအရ အမႈထမ္းတဦးရဲ႕ အနည္းဆံုးလစာမွာ ၁၂၀၀၀၀ က်ပ္မွ ၁၃၈၀၀၀ က်ပ္အထိ တုိးျမႇင့္သြားမွာျဖစ္ၿပီး အရာထမ္းတဦးရဲ႕ အမ်ားဆံုးလစာမွာ ၅၀၀၀၀၀ က်ပ္မွ ၅၅၀၀၀၀ က်ပ္သုိ႔ တုိးျမႇင့္သြားမယ္လုိ႔ သမၼတက ေျပာၾကားခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးမယ့် အစီအစဉ်နဲ့ပတ်သက်လို့ အမှုထမ်းတဦးရဲ့  အနည်းဆုံး လစာကို မှားယွင်းတွက်ချက်ပေးခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမှားပြင်ဆင်ချက် ထုတ်ပြန်လိုက်ပါတယ်။

“နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ  မိမိတို့ဝန်ကြီးဌာန၏ မှားယွင်းတွက်ချက်မှုအရ ‘အမှုထမ်းတဦး၏ အနည်းဆုံးလစာ ၁၂၀,၀၀၀ ကျပ်မှ ၁၃၈,၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်’ ဟု ဖော်ပြပါရှိခဲ့ပါသည်။ ယင်းဖော်ပြချက်အစား တွက်ချက်မှု အမှန်ဖြစ်သည့် ‘အမှုထမ်းတဦး၏ အနည်းဆုံးလစာမှာ ၁၂၀,၀၀၀ ကျပ်မှ ၁၄၄,၀၀၀ ကျပ်အထိ တိုးမြှင့်သွားမည်’ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”လို့ အမှား ပြင်ဆင်ချက်မှာ ရေးသားဖော်ပြပါတယ်။

ဧပြီ ၁၇ ရက်၊ နှစ်ဆန်း ၁ ရက်နေ့က  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာ့ရိုးရာ  နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ အလုပ်သမားတဦးရဲ့ တနေ့အတွက် အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ အမှုထမ်း လစာများ အားလုံးကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

အဆိုပါတွက်ချက်မှုအရ အမှုထမ်းတဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ်အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမယ်လို့ သမ္မတက ပြောကြားခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top