(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တခါတေလမွာ အရိုးရွင္းဆံုးက အဆန္းျပားဆံုးျဖစ္သလို၊ အဲဒီလို ထူးျခားဆန္းျပားမႈကလည္းအလွတရားတစ္ခု ပဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံတကာမွာ က်င္းပၾကတဲ့ တခ်ိဳ႕လူမ်ိဳးေတြရဲ႕ရိုးရာပြဲေတြဟာ ေတာ္ေတာ္ေလး ကို႔ရုိ႕ကားယားႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုသူမ်ားနဲ႔မတူတဲ့ ရိုးရာအစဥ္အလာေတြကပဲ ကမာၻလွည့္ခရီး သြားေတြအတြက္ ဆြဲေဆာင္မႈတစ္ခု၊ အဲဒီႏိုင္ငံေတြရဲ႕ ေငးၾကည့္ခ်င္စရာ အလွတစ္ပါးျဖစ္ေနပါေတာ့တယ္။

ဒါေၾကာင့္ ဘယ္လိုႏိုင္ငံေတြမွာ စိတ္ဝင္စားစရာပြဲေတာ္ေတြက်င္းပေလ့ရွိၾကၿပီးေတာ့ အဲဒီပြဲေတာ္ေတြမွာ ဘယ္လို ထူးျခားမႈေတြရွိေနလဲဆိုတာ ပရိသတ္ေတြအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

ဆိတ္ပစ္ပြဲ

စပိန္ႏိုင္ငံက Manganeses de la Polvorosa ဆိုတဲ့ရြာငယ္ေလးတစ္ခုရဲ႕ ထူးထူးဆန္းဆန္းၿပိဳင္ပြဲတစ္ခုပါ။ ႏွစ္စဥ္ ဇန္နဝါရီလ စတုတၳအပတ္ရဲ႕တနဂၤေႏြေန႔မွာက်င္းပေလ့ရွိၿပီးေတာ့ ၿပိဳင္ပြဲအမ်ိဳးအစားကေတာ့ ဆိတ္ပစ္ၿပိဳင္ပြဲ ပဲျဖစ္ ပါတယ္။ ၿပိဳင္ပြဲဝင္လူငယ္ေလးေတြက ဆိတ္အုပ္ထဲက  ဆိတ္တစ္ေကာင္ကို ဖမ္းၿပီးေတာ့ ဘုရားေက်ာင္းေခါင္းေလာင္း စင္မွာခ်ည္ရပါတယ္။ ၿပီးရင္ အဲဒီဆိတ္ကို ဘုရားေက်ာင္းေခါင္းေလာင္းစင္ေပၚကေန ပစ္ခ်လိုက္တဲ့အခါ ေခါင္းေလာင္းစင္ေအာက္မွာေစာင့္ေနတဲ့အဖြဲ႕က ဆိတ္ကိုမိေအာင္ဖမ္းရတာျဖစ္ပါတယ္။

ကေလးခ်င္းယွဥ္ၿပိဳင္ရတဲ့ကိုနကိဆူမိုနပန္း

နာမည္ၾကားရံုနဲ႔ ဂ်ပန္ဆူမိုနပန္းၿပိဳင္ပြဲဆိုတာ အားလံုးသိၾကမွာပါ။ ႏွစ္စဥ္ ဧၿပီလမွာက်င္းပၿပီး ၿပိဳင္ပြဲရဲ႕ထူးျခားခ်က္ ကေတာ့ တျခားဆူမိုနပန္းပြဲေတြနဲ႔မတူဘဲ ဆူမိုနပန္းသမားႀကီးေတြဟာ သူတို႔ရဲ႕ကေလးေလးေတြကိုခ်ီၿပီးနပန္း လံုးရတာပဲျဖစ္ပါတယ္။ သူတို႔ခ်ီထားတဲ့ ကေလးေတြကို မ်က္ႏွာခ်င္းဆိုင္ၿပီး ငိုေအာင္လုပ္ရတာပဲျဖစ္ပါတယ္။ ကေလးကငိုလြန္းၿပီးေအာက္ကိုထိုးေကာ့ဆင္းေနၿပီဆိုရင္ အဲဒီကေလးရဲ႕ နပန္းသမားကအရံႈးပဲျဖစ္ပါတယ္။

တူနာငါးပစ္ပြဲ

ၾသစေၾတးလ်ႏိုင္ငံရဲ႕ ပြဲေတာ္တစ္ခုျဖစ္ၿပီးေတာ့ ၿပိဳင္ပြဲအတြက္သီးသန္႔ကစားကြင္းသတ္မွတ္က်င္းပေလ့ရွိပါတယ္။ တူနာငါးပစ္ၿပိဳင္ပြဲကေတာ့ တူနာငါးကို သတ္မွတ္ထားတဲ့ ပန္းတိုင္ေရာက္ေအာင္ အေဝးပစ္ ပစ္ရတာပဲျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲရဲ႕ရည္ရြယ္ခ်က္ကေတာ့ တူနာငါးအဓိကထုတ္လုပ္တဲ့ ၾသစေၾတးလ်ႏိုင္ငံရဲ႕ ေစ်းကြက္ကိုပိုမိုက်ယ္ျပန္႔ၿပီး ကမာၻတစ္ဝွမ္းလူသိမ်ားေအာင္လုပ္ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

ေတာင္ကုန္းေပၚကလွိမ့္ဆင္းတဲ့ၿပိဳင္ပြဲ

ဒါကေတာ့ အဂၤလန္အေနာက္ေတာင္ပိုင္း Gloucestershireခရိုင္မွာရွိတဲ့ Cooper’s Hillမွာႏွစ္စဥ္က်င္းပတဲ့ၿပိဳင္ပြဲ ပဲျဖစ္ပါတယ္။ ျပည္တြင္းေရာ ကမာၻလွည့္ခရီးသြားဧည့္သည္ေတြပါ အုတ္အုတ္က်က္က်က္ပါဝင္ဆင္ႏႊဲၾကတဲ့ပြဲ လည္းျဖစ္ပါတယ္။ ၿပိဳင္ပြဲပံုစံကေတာ့ ၿပိဳင္ပြဲဝင္ေတြဟာ Cooper’s Hillထိပ္ကေန လွိမ့္ဆင္းရတာျဖစ္ၿပီးေတာ့ ေတာင္ေျခနဲ႔ ကိုက္တစ္ရာအကြာအေဝးအထိဆင္းႏိုင္တဲ့သူကအႏိုင္ရတာပဲျဖစ္ပါတယ္။ ထိခိုက္ဒဏ္ရာရၿပီး အႏၱရာယ္လည္းမ်ားတဲ့အတြက္ ေဆးကုသေရးအဖြဲ႕ေတြပါေစာင့္ၾကပ္ရတဲ့ Tourist Attractionအရွိ ဆံုးၿပိဳင္ပြဲ လည္းျဖစ္ပါတယ္။

လက္ဗလာနဲ႔ငါးဖမ္းပြဲ

ႏိုင္ဂ်ီးရီးယားႏိုင္ငံ Argunguဆိုတဲ့ၿမိဳ႕ငယ္ေလးမွာက်င္းပတဲ့ပြဲျဖစ္ပါတယ္။ အမ်ိဳးသားေတြက ျမစ္ထဲမွာ လက္ဗလာ နဲ႔ငါးဖမ္းရတဲ့ပြဲျဖစ္ပါတယ္။ ဖမ္းမိတဲ့ငါးေတြထဲကအႀကီးဆံုးငါးဖမ္းမိသူကေတာ့ ဒီပြဲရဲ႕ Winnerျဖစ္ခြင့္ရမွာျဖစ္ ပါတယ္။ ဒါ့အျပင္ ငါးဖမ္းမိတဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြကခ်ီးက်ဴးၾသဘာေပးၿပီး သေဘာက်ေလ့ ရွိတဲ့ အတြက္လည္း အမ်ိဳးသားေတြက အခုလို အားႀကိဳးမာန္တက္ငါးဖမ္းေနၾကျခင္းျဖစ္ပါတယ္။

အျမင့္ခုန္ပြဲ

ဒီပြဲကေတာ့ ပံုမွာျမင္ေတြ႕ရတဲ့အတိုင္း ေမြးကင္းစကေလးေတြကို ေမြ႕ယာေပၚမွာ ခ်ထားၿပီး အဲဒီအေပၚကေနခုန္ၿပီး ယွဥ္ၿပိဳင္ရတာပဲျဖစ္ပါတယ္။ စပိန္ႏိုင္ငံမွာက်င္းပတဲ့ပြဲျဖစ္ၿပီးေတာ့ ကမာၻလွည့္ခရီးသြားေတြ စိတ္ဝင္စားမႈအမ်ား ဆံုးပြဲလည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲရဲ႕ရည္ရြယ္ခ်က္ကေတာ့ ကေလးေတြကိုကာကြယ္ေပးဖို႔နဲ႔ ကေလးေတြရဲ႕ အနာဂတ္ မွာ ကံဆိုးမႈေတြမႀကံဳရေတာ့ဘူးဆိုတဲ့ယံုၾကည္မႈနဲ႔က်င္းပၾကျခင္းျဖစ္ပါတယ္။

တိတ္ဆိတ္ျခင္းေန႔

အင္ဒိုနီးရွားႏုိင္ငံ ဘာလီကၽြန္းမွာ တစ္ႏွစ္ပတ္လံုး ပူပန္ေသာကေတြနဲ႔ ဆူညံမႈေတြခ်ဳပ္ၿငိမ္းေအာင္ တိတ္ဆိတ္ျခင္းေန႔ကို က်င္းပပါတယ္။ အဲဒီတစ္ေန႔လံုးတစ္ေယာက္ကိုတစ္ေယာက္ေက်းဇူးတင္ျခင္း၊ႏွစ္သစ္ကိုႀကိဳဆိုျခင္းတို႔သာလုပ္ၾကၿပီး တျခားအျပစ္တင္ေဝဖန္တာမ်ိဳးေတြမလုပ္ဘဲ တိတ္ဆိတ္ေအးခ်မ္းစာျဖတ္သန္းတယ္လို႔ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
တခါတလေမှာ အရိုးရှင်းဆုံးက အဆန်းပြားဆုံးဖြစ်သလို၊ အဲဒီလို ထူးခြားဆန်းပြားမှုကလည်းအလှတရားတစ်ခု ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ ကျင်းပကြတဲ့ တချို့လူမျိုးတွေရဲ့ရိုးရာပွဲတွေဟာ တော်တော်လေး ကို့ရို့ကားယားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသူများနဲ့မတူတဲ့ ရိုးရာအစဉ်အလာတွေကပဲ ကမ္ဘာလှည့်ခရီး သွားတွေအတွက် ဆွဲဆောင်မှုတစ်ခု၊ အဲဒီနိုင်ငံတွေရဲ့ ငေးကြည့်ချင်စရာ အလှတစ်ပါးဖြစ်နေပါတော့တယ်။

ဒါကြောင့် ဘယ်လိုနိုင်ငံတွေမှာ စိတ်ဝင်စားစရာပွဲတော်တွေကျင်းပလေ့ရှိကြပြီးတော့ အဲဒီပွဲတော်တွေမှာ ဘယ်လို ထူးခြားမှုတွေရှိနေလဲဆိုတာ ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

ဆိတ်ပစ်ပွဲ

စပိန်နိုင်ငံက Manganeses de la Polvorosa ဆိုတဲ့ရွာငယ်လေးတစ်ခုရဲ့ ထူးထူးဆန်းဆန်းပြိုင်ပွဲတစ်ခုပါ။ နှစ်စဉ် ဇန်နဝါရီလ စတုတ္ထအပတ်ရဲ့တနင်္ဂနွေနေ့မှာကျင်းပလေ့ရှိပြီးတော့ ပြိုင်ပွဲအမျိုးအစားကတော့ ဆိတ်ပစ်ပြိုင်ပွဲ ပဲဖြစ် ပါတယ်။ပြိုင်ပွဲဝင်လူငယ်လေးတွေကဆိတ်အုပ်ထဲကဆိတ်တစ်ကောင်ကိုဖမ်းပြီးတော့ဘုရားကျောင်းခေါင်းလောင်း စင်မှာချည်ရပါတယ်။ ပြီးရင် အဲဒီဆိတ်ကို ဘုရားကျောင်းခေါင်းလောင်းစင်ပေါ်ကနေ ပစ်ချလိုက်တဲ့အခါ ခေါင်းလောင်းစင်အောက်မှာစောင့်နေတဲ့အဖွဲ့က ဆိတ်ကိုမိအောင်ဖမ်းရတာဖြစ်ပါတယ်။

ကလေးချင်းယှဉ်ပြိုင်ရတဲ့ကိုနကိဆူမိုနပန်း

နာမည်ကြားရုံနဲ့ ဂျပန်ဆူမိုနပန်းပြိုင်ပွဲဆိုတာ အားလုံးသိကြမှာပါ။ နှစ်စဉ် ဧပြီလမှာကျင်းပပြီး ပြိုင်ပွဲရဲ့ထူးခြားချက် ကတော့ တခြားဆူမိုနပန်းပွဲတွေနဲ့မတူဘဲ ဆူမိုနပန်းသမားကြီးတွေဟာ သူတို့ရဲ့ကလေးလေးတွေကိုချီပြီးနပန်း လုံးရတာပဲဖြစ်ပါတယ်။ သူတို့ချီထားတဲ့ ကလေးတွေကို မျက်နှာချင်းဆိုင်ပြီး ငိုအောင်လုပ်ရတာပဲဖြစ်ပါတယ်။ ကလေးကငိုလွန်းပြီးအောက်ကိုထိုးကော့ဆင်းနေပြီဆိုရင် အဲဒီကလေးရဲ့ နပန်းသမားကအရှုံးပဲဖြစ်ပါတယ်။

တူနာငါးပစ်ပွဲ

သြစတြေးလျနိုင်ငံရဲ့ ပွဲတော်တစ်ခုဖြစ်ပြီးတော့ ပြိုင်ပွဲအတွက်သီးသန့်ကစားကွင်းသတ်မှတ်ကျင်းပလေ့ရှိပါတယ်။ တူနာငါးပစ်ပြိုင်ပွဲကတော့ တူနာငါးကို သတ်မှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် အဝေးပစ် ပစ်ရတာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့ တူနာငါးအဓိကထုတ်လုပ်တဲ့ သြစတြေးလျနိုင်ငံရဲ့ ဈေးကွက်ကိုပိုမိုကျယ်ပြန့်ပြီး ကမ္ဘာတစ်ဝှမ်းလူသိများအောင်လုပ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

တောင်ကုန်းပေါ်ကလှိမ့်ဆင်းတဲ့ပြိုင်ပွဲ

ဒါကတော့ အင်္ဂလန်အနောက်တောင်ပိုင်း Gloucestershireခရိုင်မှာရှိတဲ့ Cooper’s Hillမှာနှစ်စဉ်ကျင်းပတဲ့ပြိုင်ပွဲ ပဲဖြစ်ပါတယ်။ ပြည်တွင်းရော ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေပါ အုတ်အုတ်ကျက်ကျက်ပါဝင်ဆင်နွှဲကြတဲ့ပွဲ လည်းဖြစ်ပါတယ်။ ပြိုင်ပွဲပုံစံကတော့ ပြိုင်ပွဲဝင်တွေဟာ Cooper’s Hillထိပ်ကနေ လှိမ့်ဆင်းရတာဖြစ်ပြီးတော့ တောင်ခြေနဲ့ ကိုက်တစ်ရာအကွာအဝေးအထိဆင်းနိုင်တဲ့သူကအနိုင်ရတာပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီး အန္တရာယ်လည်းများတဲ့အတွက် ဆေးကုသရေးအဖွဲ့တွေပါစောင့်ကြပ်ရတဲ့ Tourist Attractionအရှိ ဆုံးပြိုင်ပွဲ လည်းဖြစ်ပါတယ်။

လက်ဗလာနဲ့ငါးဖမ်းပွဲ

နိုင်ဂျီးရီးယားနိုင်ငံ Argunguဆိုတဲ့မြို့ငယ်လေးမှာကျင်းပတဲ့ပွဲဖြစ်ပါတယ်။ အမျိုးသားတွေက မြစ်ထဲမှာ လက်ဗလာ နဲ့ငါးဖမ်းရတဲ့ပွဲဖြစ်ပါတယ်။ ဖမ်းမိတဲ့ငါးတွေထဲကအကြီးဆုံးငါးဖမ်းမိသူကတော့ ဒီပွဲရဲ့ Winnerဖြစ်ခွင့်ရမှာဖြစ် ပါတယ်။ ဒါ့အပြင် ငါးဖမ်းမိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေကချီးကျူးသြဘာပေးပြီး သဘောကျလေ့ ရှိတဲ့ အတွက်လည်း အမျိုးသားတွေက အခုလို အားကြိုးမာန်တက်ငါးဖမ်းနေကြခြင်းဖြစ်ပါတယ်။

အမြင့်ခုန်ပွဲ

ဒီပွဲကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်း မွေးကင်းစကလေးတွေကို မွေ့ယာပေါ်မှာ ချထားပြီး အဲဒီအပေါ်ကနေခုန်ပြီး ယှဉ်ပြိုင်ရတာပဲဖြစ်ပါတယ်။ စပိန်နိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုအများ ဆုံးပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကိုကာကွယ်ပေးဖို့နဲ့ ကလေးတွေရဲ့ အနာဂတ် မှာ ကံဆိုးမှုတွေမကြုံရတော့ဘူးဆိုတဲ့ယုံကြည်မှုနဲ့ကျင်းပကြခြင်းဖြစ်ပါတယ်။

တိတ်ဆိတ်ခြင်းနေ့

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တစ်နှစ်ပတ်လုံး ပူပန်သောကတွေနဲ့ ဆူညံမှုတွေချုပ်ငြိမ်းအောင် တိတ်ဆိတ်ခြင်းနေ့ကို ကျင်းပပါတယ်။ အဲဒီတစ်နေ့လုံးတစ်ယောက်ကိုတစ်ယောက်ကျေးဇူးတင်ခြင်း၊နှစ်သစ်ကိုကြိုဆိုခြင်းတို့သာလုပ်ကြပြီး တခြားအပြစ်တင်ဝေဖန်တာမျိုးတွေမလုပ်ဘဲ တိတ်ဆိတ်အေးချမ်းစာဖြတ်သန်းတယ်လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top