ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဗုဒၶဟူးသားသမီးမ်ား

စိတ္ကူးအႀကံအစည္ ရည္ရြယ္ခ်က္မ်ားကို စြန္႔စြန္႔စားစား ႀကိဳးစားေဆာင္ရြက္လွ်င္ ေအာင္ျမင္လတၱံ႔။ အိပ္ယာေျပာင္းအိပ္ျခင္း၊ခရီးထြက္ျခင္း စသည့္ လႈပ္လႈပ္ရွားရွားေနထိုင္ေဆာင္ရြက္ပါက ကံေကာင္းလတၱံ႔။ ေအာက္လက္ငယ္သား ေရႊ ရတနာအတြက္ စိတ္ပူရအံ့။ က်န္းမာေရးခ်ဴျခာျခင္း၊ေဆးရံုေဆးခန္းမ်ားႏွင့္ပက္သက္ရျခင္း၊ဘာမွန္းမသိ ေရာဂါရွာမရပဲ တေရွာင္ေရွာင္ျဖစ္ျခင္း၊အစားမွားေဆးမွားျဖစ္ျခင္း၊စကားေျပာျငင္းခုန္ရျခင္း၊ခိုက္ရန္ျဖစ္ပြားတတ္ျခင္း၊စကားေျပာကၽြံျခင္း လြန္ျခင္း ၊ စက္ပစၥည္း ၊ စာရြက္စာတမ္း ၊စပ္တူရွယ္ယာကိစၥမ်ားႏွင့္ပက္သက္ၿပီး စိတ္ညစ္ရတတ္ျခင္း တို႔ႀကံဳရအံ့။

ေငြေရးေၾကးေရး – ရစရာေပးစရာေငြမ်ား ထစ္ေငါ့ၾကန္႔ၾကာ လြဲေခ်ာ္တတ္။ ေငြေတြ၀င္ေနၿပီး အေၾကြးတင္ေနအံ့။ ေငြလိမ္ခံရတတ္။သတိထားသင့္။ ၀င္သမွ်ေငြမ်ား ျပန္ထြက္ၿပီး ေငြမၿမဲပဲျဖစ္ေနအံ့။ ေငြမ၀င္ခင္ကပင္ သံုးစရာ ကုန္စရာမ်ားက ေစာင့္ႀကိဳေနအံ့။ ေငြအတြက္ အနည္းငယ္ စိတ္ပူရအံ့။

ေငြေရးေၾကးေရး အထူးယၾတာ – ေငြၿမဲရန္ မၾကာခဏ ငါေသတၱာဗူးေပၚတြင္ ဖေယာင္းတိုင္ထြန္းၿပီး ဆုေတာင္းပါ ။ ေငြေၾကးကံေကာင္းရန္ မရွိႏြမ္းပါးေသာသက္ႀကီးရြယ္အိုတစ္ဦးကို ဆပ္ျပာအၾကမ္း ၊ လုက္သုပ္ပ၀ါအၾကမ္း ၊ ပိုက္ဆံအႏြမ္း မၾကာခဏ လွဴဒါန္းရင္း ဆုေတာင္းပါ ။

ဘယ္လက္မွာ (က) ကႀကီးအကၡရာေရး ၊ ညာဘက္လက္မွာ (ယ) ယပလက္ အကၡရာေရး ၊ လက္၀ါးခ်င္းရိုက္ၿပီးဆုေတာင္းပါ။

( ၄င္းယၾတာမ်ားသည္ လုပ္ရသည္မွာလြယ္ကူေသာ္လည္း အင္မတန္ထိေရာက္ေအာင္ျမင္ေသာ ယၾတာမ်ားျဖစ္သည္။ေငြေၾကးကံေကာင္းၿပီး ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္တက္ခ်မ္းသာသြားသည္မ်ားကို မၾကာခဏေတြ႕ႀကံဳဖူးပါသည္။ ထို႔ေၾကာင့္ ယံုယံုၾကည္ၾကည္ ေလးေလးနက္နက္ ေဆာင္ရြက္ေစလိုပါသည္။)

အခ်စ္ေရး – ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ျဖင့္ ဂဏာမၿငိမ္ျဖစ္တတ္ျခင္း ၊ စိတ္အေျပာင္းအလဲျမန္ျခင္း ၊ ခ်စ္သူပါေျပာင္းသြားတတ္ျခင္း တို႔ႀကံဳရလတၱံ႔။ ခ်စ္ျခင္းေမတၱာမ်ား သံေယာဇဥ္မ်ားလည္း ေျပာင္းလဲသြားတတ္။ မတည္မၿငိမ္ျဖစ္အံ့။ ထိလြယ္ ရွလြယ္ျဖစ္အံ့။

အိမ္ေထာင္ေရး -အေကာင္းအဆိုးေရာေထြးေနလတၱံ႔။ စိတ္ပူစရာမ်ား စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား ၾကည္ႏူးရင္ခုန္စရာမ်ား ေရာေထြးေနအံ့။ မၾကာခဏဆိုသလို ခြဲခြာေနလွ်င္ အညံ့မ်ားေျပေပ်ာက္ၿပီး အိမ္ေထာင္ေရးသုခမ်ားခံစားရလတၱံ႔။ မၾကာခဏ အိပ္ယာခြဲအိပ္ပါ။ေျပာင္းအိပ္ပါ။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ၾကာသပေတးသားသမီးမ်ား ၊ နာမည္တြင္ ပ ဖ ဘ ဗ မ ပါေသာသူမ်ား ၊ ပညာေရး ၊ ဆရာအလုပ္ ၊ ေျမ ၊ ဖုန္း ၊ မုန္႔ ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကိုကို မ်က္ႏွာခ်င္းဆိုင္ကပ္။ စြယ္ေတာ္ရြက္ႏွင့္ညွပ္ ၊ ေခါင္းအံုးေအာက္မွာထားအိပ္ပါ။

က်န္းမာေရး – ၀မ္းဗိုက္ ၊ မ်က္လံုး ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

အခက္အခဲႀကီးႀကီးမားမားရွိလွ်င္ အထူးျပဳလုပ္သင့္ေသာ ယၾတာ … ဗုဒၵဟူးေန႔ည၀တ္အိပ္ထားေသာ အ၀တ္ေဟာင္းတစ္စံုကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန္႔ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေရးအေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

ယၾတာ။ ။ မည့္သည့္ေန႔တြင္မဆို မနက္(၁၀)နာရီ (၁၀)မိနစ္ (သို႔မဟုတ္ ) မနက္(၅)နာရီ (၅)မိနစ္တိတိတြင္ ေပါင္မုန္႔ (၅)ခ်ပ္ ၊ ေကာ္ဖီ (၂)ခြက္ ၊ ပန္းအ၀ါ (၅)ပြင့္ ၊ ေသာက္ေတာ္ေရ (၁)ခြက္ ၊ ဖေယာင္းတိုင္ (၁) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း
# Unicode Version ျဖင့္ ဖတ္ပါ #
ဗုဒ္ဓဟူးသားသမီးများ

စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ခရီးထွက်ခြင်း စသည့် လှုပ်လှုပ်ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ပူရအံ့။ ကျန်းမာရေးချူခြာခြင်း၊ဆေးရုံဆေးခန်းများနှင့်ပက်သက်ရခြင်း၊ဘာမှန်းမသိ ရောဂါရှာမရပဲ တရှောင်ရှောင်ဖြစ်ခြင်း၊အစားမှားဆေးမှားဖြစ်ခြင်း၊စကားပြောငြင်းခုန်ရခြင်း၊ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊စကားပြောကျွံခြင်း လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊စပ်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး စိတ်ညစ်ရတတ်ခြင်း တို့ကြုံရအံ့။

ငွေရေးကြေးရေး – ရစရာပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာ လွဲချော်တတ်။ ငွေတွေဝင်နေပြီး အကြွေးတင်နေအံ့။ ငွေလိမ်ခံရတတ်။သတိထားသင့်။ ဝင်သမျှငွေများ ပြန်ထွက်ပြီး ငွေမမြဲပဲဖြစ်နေအံ့။ ငွေမဝင်ခင်ကပင် သုံးစရာ ကုန်စရာများက စောင့်ကြိုနေအံ့။ ငွေအတွက် အနည်းငယ် စိတ်ပူရအံ့။

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ ငွေကြေးကံကောင်းရန် မရှိနွမ်းပါးသောသက်ကြီးရွယ်အိုတစ်ဦးကို ဆပ်ပြာအကြမ်း ၊ လုက်သုပ်ပဝါအကြမ်း ၊ ပိုက်ဆံအနွမ်း မကြာခဏ လှူဒါန်းရင်း ဆုတောင်းပါ ။

ဘယ်လက်မှာ (က) ကကြီးအက္ခရာရေး ၊ ညာဘက်လက်မှာ (ယ) ယပလက် အက္ခရာရေး ၊ လက်ဝါးချင်းရိုက်ပြီးဆုတောင်းပါ။

( ၎င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိရောက်အောင်မြင်သော ယတြာများဖြစ်သည်။ငွေကြေးကံကောင်းပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ချမ်းသာသွားသည်များကို မကြာခဏတွေ့ကြုံဖူးပါသည်။ ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက်စေလိုပါသည်။)

အချစ်ရေး – ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရလတ္တံ့။ ချစ်ခြင်းမေတ္တာများ သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်။ မတည်မငြိမ်ဖြစ်အံ့။ ထိလွယ် ရှလွယ်ဖြစ်အံ့။

အိမ်ထောင်ရေး -အကောင်းအဆိုးရောထွေးနေလတ္တံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူးရင်ခုန်စရာများ ရောထွေးနေအံ့။ မကြာခဏဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေးသုခများခံစားရလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ ၊ နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ ၊ ပညာရေး ၊ ဆရာအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ စွယ်တော်ရွက်နှင့်ညှပ် ၊ ခေါင်းအုံးအောက်မှာထားအိပ်ပါ။

ကျန်းမာရေး – ဝမ်းဗိုက် ၊ မျက်လုံး နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

အခက်အခဲကြီးကြီးမားမားရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … ဗုဒ္ဒဟူးနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို မနက်(၁၀)နာရီ (၁၀)မိနစ် (သို့မဟုတ် ) မနက်(၅)နာရီ (၅)မိနစ်တိတိတွင် ပေါင်မုန့် (၅)ချပ် ၊ ကော်ဖီ (၂)ခွက် ၊ ပန်းအဝါ (၅)ပွင့် ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၁) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top