iMyanmarHouse.com - Best Property Website for Myanmar
×

အပ္နဲ႕ မွန္ကို ပစ္ျပီးေတာ့ မွန္ေနာက္ ေဘာလံုးကုိေဖာက္ျပသြားတာေနာ္…

မွန္နဲ႕ အပ္နဲ႕ဆုိတာ လားလားမွမအပ္စပ္တဲ့အရာႏွစ္ခုဆိုတာ ကြ်န္ေတာ္တို႕သိျပီးသား ။
ဒါေပမယ့္ Feng Fei ဆိုတဲ့ ေရွာင္လင္ဘုန္းၾကီးကေတာ့ မွန္ကုိ အပ္နဲ႕ေဖာက္ျပသြားပါျပီ ။

Super Slow Show ဆိုတဲ့ ယူက်ဳခ်န္နယ္မွာ တင္ခဲ့တဲ့ ဒီဗီဒီယိုမွာဆိုရင္ ဘယ္လုိမွမျဖစ္ႏုိင္ေလာက္တဲ့ အရာတစ္ခုကို ေရွာင္လင္ဘုန္းၾကီး Feng Fei  ကလုပ္ျပသြားတာျဖစ္ပါတယ္  ။

Fei ဟာ အပ္တစ္ေခ်ာင္းကို မွန္ကုိေဖာက္ျပီးေတာ့ မွန္ေနာက္ေဘာလံုးကုိ ေပါက္သြားေအာင္ပစ္ႏုိင္ခဲ့ပါတယ္ ။

တကယ္ကုိအံ့ၾသစရာေကာင္းလြန္းတဲ့ အရည္အခ်င္းပါပဲ ။

ဗီဒီယို အင္တာနက္ေပၚေရာက္သြားတဲ့အခ်ိန္မွာ လူသန္းခ်ီျပီးေတာ့ ဒီဗီဒီယို ကို ၾကည့္ရွဳခဲ့ၾကပါတယ္ ။
ဘယ္လုိမ်ားဒီလိုလုပ္ႏုိင္ရသလဲလို႕ အင္တာနက္ေပၚကလူေတြက သိခ်င္ေနၾကပါတယ္ ။
ႏွစ္ေပါင္းမ်ားစြာ အာရံုစူးစိုက္ျပီး ေလ့က်င့္ခဲ့တဲ့ ေရွာင္လင္ဘုန္းၾကိးတစ္ပါးအေနနဲ႕ေတာ့ ျဖစ္ႏုိင္တဲ့ အရာတစ္ခုပဲမဟုတ္လား ။

အျမဲတမ္းလိုပဲ ..သိပၸံပညာက လ်ိဳ႕ဝွက္ခ်က္ေတြကုိ ေဖာ္ထုတ္ျပႏိုင္ခဲ့ပါတယ္ကြဲဖုိ႕အလြန္ခက္ေၾကာင္းသူကေဒပညာရွင္ James Sethna ဟာမွန္ကိုေဖာက္ခြဲထြက္သြားရျခင္းရဲ႕အေၾကာင္းအရင္းကုိေလ့လာေဖာ္ထုတ္္ခဲ့ပါတယ္ ။
မွန္တစ္ခ်ပ္ဟာ အက္ရာရွိမေနဘူးဆုိရင္ ကြဲဖုိ႕အလြန္ခက္ေၾကာင္းသူကေျပာပါတယ္ ။
ဒါေပမယ့္ အက္ရာရွိေနတဲ့မွန္တစ္ခ်ပ္ဟာ ကြဲထြက္ဖုိ႕အလြန္လြယ္ကူပါတယ္ ။

Feng Fei အသံုးျပဳတဲ့အပ္ဟာ အရမ္းမာလြန္းတဲ့အတြက္ မွန္ရဲ႕မ်က္ႏွာျပင္နဲ႕ထိတဲ့အခါမွာ ေကြးမသြားပါဘူး ။
ဒါေၾကာင့္လည္း အရွိန္နဲ႕ အားသံုးျပီးပစ္လိုက္တဲ့အခ်ိန္မွာ အပ္ဟာ မ်က္ႏွာျပင္ကို ေဖာက္သြားတဲ့အတြက္ အက္ေၾကာင္းျဖစ္သြားေစျပီး
သူ႕ရဲ႕အရွိန္နဲ႕ဆက္လက္ထိုးေဖာက္သြားတာျဖစ္တယ္ ။
ဘာပဲျဖစ္ျဖစ္ ဒီဘုန္းၾကီးရဲ႕ စြမ္းအားကေတာ့ တကယ္ကုိအံ့ၾသစရာေကာင္းပါတယ္ ။

ဗီဒီယိုထဲမွာ ၾကည့္လုိက္မယ္ဆိုရင္ သင္ေသခ်ာေတြ႕ပါလိမ့္မယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
အပ်နဲ့ မှန်ကို ပစ်ပြီးတော့ မှန်နောက် ဘောလုံးကိုဖောက်ပြသွားတာနော်…

မှန်နဲ့ အပ်နဲ့ဆိုတာ လားလားမှမအပ်စပ်တဲ့အရာနှစ်ခုဆိုတာ ကျွန်တော်တို့သိပြီးသား ။
ဒါပေမယ့် Feng Fei ဆိုတဲ့ ရှောင်လင်ဘုန်းကြီးကတော့ မှန်ကို အပ်နဲ့ဖောက်ပြသွားပါပြီ ။

Super Slow Show ဆိုတဲ့ ယူကျုချန်နယ်မှာ တင်ခဲ့တဲ့ ဒီဗီဒီယိုမှာဆိုရင် ဘယ်လိုမှမဖြစ်နိုင်လောက်တဲ့ အရာတစ်ခုကို ရှောင်လင်ဘုန်းကြီး Feng Fei  ကလုပ်ပြသွားတာဖြစ်ပါတယ်  ။

Fei ဟာ အပ်တစ်ချောင်းကို မှန်ကိုဖောက်ပြီးတော့ မှန်နောက်ဘောလုံးကို ပေါက်သွားအောင်ပစ်နိုင်ခဲ့ပါတယ် ။

တကယ်ကိုအံ့သြစရာကောင်းလွန်းတဲ့ အရည်အချင်းပါပဲ ။

ဗီဒီယို အင်တာနက်ပေါ်ရောက်သွားတဲ့အချိန်မှာ လူသန်းချီပြီးတော့ ဒီဗီဒီယို ကို ကြည့်ရှုခဲ့ကြပါတယ် ။
ဘယ်လိုများဒီလိုလုပ်နိုင်ရသလဲလို့ အင်တာနက်ပေါ်ကလူတွေက သိချင်နေကြပါတယ် ။
နှစ်ပေါင်းများစွာ အာရုံစူးစိုက်ပြီး လေ့ကျင့်ခဲ့တဲ့ ရှောင်လင်ဘုန်းကြိးတစ်ပါးအနေနဲ့တော့ ဖြစ်နိုင်တဲ့ အရာတစ်ခုပဲမဟုတ်လား ။

အမြဲတမ်းလိုပဲ ..သိပ္ပံပညာက လျို့ဝှက်ချက်တွေကို ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်ကွဲဖို့အလွန်ခက်ကြောင်းသူကဒေပညာရှင် James Sethna ဟာမှန်ကိုဖောက်ခွဲထွက်သွားရခြင်းရဲ့အကြောင်းအရင်းကိုလေ့လာဖော်ထုတ်ခဲ့ပါတယ် ။
မှန်တစ်ချပ်ဟာ အက်ရာရှိမနေဘူးဆိုရင် ကွဲဖို့အလွန်ခက်ကြောင်းသူကပြောပါတယ် ။
ဒါပေမယ့် အက်ရာရှိနေတဲ့မှန်တစ်ချပ်ဟာ ကွဲထွက်ဖို့အလွန်လွယ်ကူပါတယ် ။

Feng Fei အသုံးပြုတဲ့အပ်ဟာ အရမ်းမာလွန်းတဲ့အတွက် မှန်ရဲ့မျက်နှာပြင်နဲ့ထိတဲ့အခါမှာ ကွေးမသွားပါဘူး ။
ဒါကြောင့်လည်း အရှိန်နဲ့ အားသုံးပြီးပစ်လိုက်တဲ့အချိန်မှာ အပ်ဟာ မျက်နှာပြင်ကို ဖောက်သွားတဲ့အတွက် အက်ကြောင်းဖြစ်သွားစေပြီး
သူ့ရဲ့အရှိန်နဲ့ဆက်လက်ထိုးဖောက်သွားတာဖြစ်တယ် ။
ဘာပဲဖြစ်ဖြစ် ဒီဘုန်းကြီးရဲ့ စွမ်းအားကတော့ တကယ်ကိုအံ့သြစရာကောင်းပါတယ် ။

ဗီဒီယိုထဲမှာ ကြည့်လိုက်မယ်ဆိုရင် သင်သေချာတွေ့ပါလိမ့်မယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top