ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ္​ဝန္​​ေဆာင္​ဘဝမွာ က​ေလးလႈပ္​ျခင္​းကန္​ျခင္​းဟာ စိတ္​လႈပ္​ရွားစရာ အ​ေတြ႕အႀကံဳတစ္​ခုပဲ ျဖစ္​ပါတယ္​။ က​ေလး​ေလးဟာ အ​ေမ့သားအိမ္​ထဲမွာ က်န္​းက်န္​းမာမာနဲ႔ ႀကီးထြား​ေနၿပီး မၾကာခင္​မွာ မိဘႏွစ္​ပါးရဲ႕ ဘဝထဲကို ဝင္​​ေရာက္​လာ​ေတာ့မယ္​ဆိုတာ ျပသ​ေနပါတယ္​။ ဒါ့အျပင္​ ဖခင္​အတြက္​လည္​း က​ေလးလႈပ္​တာကို စမ္​းၾကည္​့ကိုင္​ၾကည္​့ၿပီး က​ေလး​ေလးနဲ႔ ဆက္​သြယ္​နိုင္​ပါတယ္​။ အ​ေပ်ာ္​​ေတြကို ​ေဝမ်ွနိုင္​ပါတယ္​။

က​ေလးလႈပ္​ျခင္​းနဲ႔ပတ္​သတ္​ၿပီး စိတ္​လႈပ္​ရွားဖြယ္​ရာ အ​ခ်က္​မ်ား

    ဒီအခ်က္​​ေတြကိုဖတ္​ၾကည္​့ၿပီး​ေနာက္​မွာ ကိုယ္​ဝန္​​ေဆာင္​ျခင္​းဟာ အံ့ဖြယ္​အျခင္​းအရာ တစ္​ရပ္​ျဖစ္​တယ္​ဆိုတာကို လက္​ခံလာမိမွာပါ။

၁။ က​ေလးလႈပ္​ျခင္​းဟာ က​ေလး​ေလးဟာ အ​ေမ့ဗိုက္​ထဲ က်န္​းက်န္​းမာမာႀကီးထြား​ေနတာကို ၫႊန္​ျပ​ေနပါတယ္​။

      က​ေလး​လူးတာ၊လိမ္​့တာ၊လွည္​့တာ၊ကန္​တာဟာ က​ေလးက်န္​းမာၿပီး ​ေကာင္​း​ေကာင္​းလႈပ္​ရွား​ေနနိုင္​တာကို ျပသပါတယ္​။ ဒါ့အျပင္​ က​ေလး​ေျခ​ေတြလက္​​ေတြ ဆန္​႔ထုတ္​လိုက္​တဲ့အခါတိုင္​းမွာ လွပ္​ခနဲလွပ္​ခနဲ ခံစားခ်က္​မ်ိဳးခံစားရမွာျဖစ္​ပါတယ္​။ ကိုယ္​ဝန္​႔ရင္​့လာ​ေလ က​ေလးလႈပ္​ရွားမႈ​ေတြပိုစိပ္​လာၿပီး ပိုထင္​ရွားလာမွာ ျဖစ္​ပါတယ္​။

၂။ အျပင္​ဘက္​ကလာတဲ့လႈံ႕​ေဆာ္​မႈ​ေတြကို က​ေလးျပန္​လွန္​ တုန္​႔ျပန္​တဲ့အ​ေနနဲ႔ လႈပ္​တာလည္​းျဖစ္​ပါတယ္​။

         သ​ေႏၶသား​ေလးရဲ႕ ပတ္​ဝန္​းက်င္​မွာျဖစ္​​ေပၚလာတဲ့ ​ေျပာင္​းလဲမႈ​ေတြကို တုန္​႔ျပန္​တဲ့အ​ေနနဲ႔ ကန္​တာျဖစ္​နိုင္​ပါတယ္​။ မိခင္​စားလိုက္​တဲ့အစာ၊ ပတ္​ဝန္​းက်င္​ကဆူညံမႈ​ေတြ​ေၾကာင္​့ ကန္​တတ္​ပါတယ္​။

၃။ ​ေဘးတစ္​​ေစာင္​းလွဲအိပ္​တဲ့အခါ က​ေလးလႈပ္​တာပိုမ်ားလာပါတယ္​။

     ​ေဘး​ေစာင္​းအိပ္​တဲ့အခါ က​ေလးဆီကို အခ်င္​းက​ေန ​ေသြး​အသြားအလာပိုမ်ားလာပါတယ္​။ ဒါ​ေၾကာင္​့ က​ေလးရဲ႕ ပိုလႈပ္​ရွားလာတာပဲျဖစ္​ပါတယ္​။

၄။ ကိုယ္​ဝန္​၁၈ပတ္​မွ ၂၅ပတ္​အတြင္း စလႈပ္​တတ္​ပါတယ္​။

          သားဦးကိုယ္​ဝန္​​ေတြမွာ ၂၅ပတ္​​ေလာက္​မွ သတိထားမိတတ္ၿပီး က်န္​ကိုယ္​ဝန္​​ေဆာင္​​ေတြမွာ​ေတာ့ ၁၈ပတ္​​ေလာက္​ကတည္​းက လႈပ္​တတ္​ပါတယ္​။

၅။ က​ေလးလႈပ္​တဲ့အႀကိမ္​အ​ေရအတြက္​ကို ​ေရတြက္​ထားသင္​့ပါတယ္​။


      အစပိုင္​းမွာ ​ေလထသလား၊ က​ေလးတကယ္​လႈပ္​တာလား မ​ေသခ်ာတတ္​​ေပမယ္​့ ​ေနာက္​ပိုင္​းတစ္​ျဖည္​းျဖည္​းနဲ႔ က​ေလးဘယ္​အခ်ိန္​မွာ ​အိပ္​တတ္​တယ္​၊ ဘယ္​အခ်ိန္​မွာ နိုးတယ္​၊ ဘယ္​အခ်ိန္​မွာ အလႈပ္​ရွားဆံုးျဖစ္​တယ္​၊ ဘယ္​လိုလုပ္​ရင္​ပိုလႈပ္​တယ္​ ဆိုတာကို​ေတာင္​ သိလာနိုင္​ပါတယ္​။

     က​ေလးရဲ႕လႈပ္​ရွားမႈ​ေတြကို သတိထား​ေနျခင္​းျဖင္​့ က​ေလးမွာျပႆ    နာတစ္​စံုတစ္​ရာျဖစ္​လာတဲ့အခါ ခ်က္​ခ်င္​းသိနိုင္​ပါတယ္​။ ဒါ​ေၾကာင္​့ ​ေန႔တိုင္​း​ေန႔တိုင္​း က​ေလးကန္​တာ၊ လွည္​့တာ၊ တြန္​းတာ​ေတြကို ​ေသခ်ာမွတ္​သား​ေရတြက္​ထားသင္​့ပါတယ္​။ ဒီလို ​ေရတြက္​ထားျခင္​းျဖင္​့ သ​ေႏၶသား​ေသဆံုးျခင္​းကို ကာကြယ္​နိုင္​တာ​ေၾကာင္​့ ကိုယ္​ဝန္​၂၈ပတ္​က​ေနစၿပီး ပံုမွန္​​ေရတြက္​ဖို႔ အႀကံျပဳပါတယ္​။

၆။ က​ေလးအလႈပ္​နည္​းသြားျခင္​းဟာ က​ေလးမွာျပႆနာ တစ္​စံုတစ္​ရာရွိ​ေနနိုင္​​ေၾကာင္​းျပသပါတယ္​။

      ကိုယ္​ဝန္​၂၈ပတ္​​ေက်ာ္​လြန္​လာတဲ့အခါ ဆရာဝန္​က တစ္​​ေန႔တာ က​ေလးလႈပ္​ရွားမႈ အ​ေရအတြက္​ကို မွတ္​သားထားခိုင္​း​ေလ့ရွိပါတယ္​။ ပံုမွန္​ ၂နာရီအတြင္​း က​ေလးလႈပ္တာ၁၀ႀကိမ္​ ျပည္​့​ေလ့ရွိပါတယ္​။ အကယ္​၍နည္​း​ေနၿပီဆိုရင္​​ေတာ့ ​ေအာက္​ပါ ျပႆနာ တစ္​ခုခုရွိ​ေနနိုင္​ပါတယ္​။

    မိခင္​မွာ စိတ္​ဖိစီးမႈ သို႔မဟုတ္​ အာဟာရ ခ်ိဳ႕တဲ့မႈရွိ​ေနျခင္း : မိခင္​ရဲ႕ ကိုယ္​စိတ္​ႏွစ္​ပါး က်န္​းမာ​ေရးဟာ က​ေလး​ေပၚမွာ သက္​​ေရာက္​မႈ အမ်ားအျပားရွိနိုင္​ပါတယ္​။ အာဟာရမျပည္​့ဝတဲ့အခါ က​ေလးရဲ႕ ဦး​ေႏွာက္​နဲ႔အာရံ​ေၾကာဖြံၿဖိဳးမႈ ​ေလ်ာ့နည္​းၿပီး လႈပ္​ရွားမႈနည္​းလာပါတယ္​။ က​ေလးသိပ္​မလႈပ္​ဘူးလု႔ိ ထင္​တဲ့အခါ ​ေရမ်ားမ်ား​ေသာက္​ၿပီး လမ္​းထ​ေလ်ာက္​ျကည္​့လိုက္​ပါ။
    အခ်င္​းကြာျခင္​း : အခ်င္​းကြာတဲ့အခါ က​ေလးဆီကို ​ေအာက္​ဆီဂ်င္​နဲ႔ ​ေသြးအ​ေရာက္​နည္​းၿပီး က​ေလးဖြံ႕ၿဖိဳးမႈကို အ​ေႏွာင္​့အယွက္​ ျဖစ္​​ေစပါတယ္​။
    ​ေရႁမြာ​ေစာ​ေပါက္​ျခင္​း : ​ေရႁမြာ​ေစာ​ေပါက္​တဲ့အခါ ​ေရႁမြာ​ရည္​ နည္​းလာၿပီး က​ေလး​ေကာင္​း​ေကာင္​းမလႈပ္​ရွားနိုင္​တာ၊ ​ေအာက္​ဆီဂ်င္​ဓာတ္​နည္​းပါးလာတာမ်ိဳး ျဖစ္​တတ္​ပါတယ္​။
    က​ေလး​ေအာက္​ဆီဂ်င္​ဓာတ္​မလံု​ေလာက္​ျခင္​း : အခ်င္​းႀကိဳးလိမ္​သြားျခင္​း၊ ​ေခါက္​သြား​ျခင္​း၊ ပံုပ်က္​သြားျခင္​းတို႔​ေၾကာင္​့ က​ေလးဆီ ​ေအာက္​ဆီဂ်င္​ျပတ္​​ေတာက္​သြားတတ္​ပါတယ္​။

အာထရာ​ေစာင္​းရိုက္​ျခင္​းနဲ႔ အျခားစမ္​းသပ္​နည္​းအမ်ိဳးမ်ိဳးျဖင္​့ က​ေလးရဲ႕ ႏွလံုးခုန္​ႏႈန္​းနဲ႔ အလႈပ္​နည္​းရျခင္​း အ​ေၾကာင္​းအရင္​းတို႔ကို ရွာ​ေဖြနိုင္​ပါတယ္​။

၆။ ကိုယ္​ဝန္​ရင္​့ခ်ိန္​မွာ က​ေလးအလႈပ္​နည္​းျခင္​းကို​ေတာ့ စိုးရိမ္​စရာမလိုအပ္​ပါဘူး။

  ​  ကိုယ္​ဝန္​ရင္​့လာတဲ့အခါ က​ေလးဟာ မိနစ္​၂၀ မွ ၄၀ခန္​႔ တစ္​ခါတ​ရံ မိနစ္ ​၉၀ ခန္​႔ထိ မလႈပ္​မရွားပဲ ​ေနတတ္​ၾကပါတယ္​။ က​ေလးတစ္​ျဖည္​းျဖည္​းနဲ႔ႀကီးလာတဲ့အခါ လႈပ္​ရွားရခက္​လာတတ္​ပါတယ္​။ ဒါ​ေၾကာင္​့ က​ေလးအလႈပ္​နည္​းသြားတဲ့အခါ မစိုးရိမ္​သြားပါနဲ႔။ ဒါ​ေပမယ္​့ တစ္​ခါတစ္​ရံ နံရိုး​ေအာက္​မွာ စူးခနဲ ​ေအာင္​့​ေအာင္​့သြားတတ္​ၿပီး မိနစ္​အတန္​ၾကာ တစ္​ဆတ္​ဆတ္​နာ​ေနတတ္​ပါတယ္​။

၇။ က​ေလးလႈပ္​ရွားမႈဟာ က​ေလး​ေမြးလာတဲ့အခါ စိတ္​​ေနစိတ္​ထားနဲ႔ ဆက္​စပ္​မႈရွိ​ေနနိုင္​ပါတယ္​။

      ​ေလ့လာမႈ​ေတြအရ ဗိုက္​ထဲက က​ေလးရဲ႕လႈပ္​ရွားမႈပံု​ေတြဟာ က​ေလးဘဝအစပိုင္​းရဲ႕ စိတ္​​ေနစိတ္​ထားကို ​ေဖာျ္​ပ​ေနနိုင္​တယ္​လို႔ဆိုပါ႔တယ္။ ဒါ​ေပမယ္​့ ဒီတစ္​ခုတည္​းနဲ႔​ေတာ့ ဆံုးျဖတ္​လို႔ မရပါဘူး။

၈။ က​ေလးလႈပ္​ရွားမႈနဲ႔ ပတ္​သတ္​ၿပီး ဘယ္​အခ်ိန္​မွာ စိုးရိမ္​သင္​့သလဲ?

      ကိုယ္၀န္လရင့္လာတဲ့အခ်ိန္မွာ၂နာရီျပည္​့သည္​အထိ က​ေလးလႈပ္​တာ ၁၀ႀကိမ္​မျပည္​့တဲ့အခါ နာရီအနည္​းငယ္​မ်ွ​ေစာင္​့ၿပီး ​ေနာက္​တစ္​ခါ​ေရတြက္​ၾကည္​့လိုက္​ပါ။ ​ေနာက္​တစ္​ခါမွာလည္​း ၂နာရီအတြင္​း ၁၀ႀကိမ္​မျပည္​့ခဲ့ရင္​ နီးစပ္​ရာက်န္​းမာ​ေရးဌာနကုိ ​သြားပါ။

       ဒါ့အျပင္ ဆူညံသံေတြကို ခါတိုင္​းလိုမဟုတ္ဘဲ တံု႔ျပန္​မႈ​ေလ်ာ့နည္​းလာျခင္း၊ ၂ရက္​ဆက္​တိုက္​ က​ေလးလႈပ္​ရွားမႈ တစ္​ျဖည္​းျဖည္​း ​ေလ်ာ့နည္​းလာျခင္​းတို႔ ႀကံဳရပါကလည္း ေဆး႐ံု၊ ေဆးခန္းသုိ႔ အျမန္ဆံုးသြားသင့္ပါတယ္။

၉။ က​ေလးလႈပ္​​ရွားမႈနည္းလာတယ္လို႔ထင္တဲ့အခါ အိမ္မွာဘာလုပ္ၾကည့္သင့္သလဲ?

      က​ေလးလႈပ္​ရွားမႈ​ေလ်ာ့နည္​းတဲ့အခါ

    စိတ္​ကို​ေလ်ာ့ခ်ၿပီး ​ေခတၲခဏထိုင္​လိုက္​ပါ။
    အ​ေအးနဲ႔ သ​ေရစာတစ္​ခုခု စားၿပီး ​ေျခ​ေထာက္​ကို အ​ေပၚ​ေျမႇာက္​ၿပီး ထိုင္​ပါ။ အခ်ိဳဓာတ္​နဲ႔ အ​ေအးဓာတ္​က က​ေလးရဲ႕ တုန္​႔ျပန္​မႈကို ရရွိ​ေစႏုိင္​ပါတယ္​။
    က​ေလးဟာ လႈပ္​ျခင္​း၊ ကန္​ျခင္​း၊ တြန္​းျခင္​း၊ ပုတ္​ျခင္းစတဲ့နည္​းအမ်ိဳးမ်ိဳးနဲ႔ တုန္​႔ျပန္​ပါလိမ္​့မယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
ကိုယ်ဝန်ဆောင်ဘဝမှာ ကလေးလှုပ်ခြင်းကန်ခြင်းဟာ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုပဲ ဖြစ်ပါတယ်။ ကလေးလေးဟာ အမေ့သားအိမ်ထဲမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားနေပြီး မကြာခင်မှာ မိဘနှစ်ပါးရဲ့ ဘဝထဲကို ဝင်ရောက်လာတော့မယ်ဆိုတာ ပြသနေပါတယ်။ ဒါ့အပြင် ဖခင်အတွက်လည်း ကလေးလှုပ်တာကို စမ်းကြည့်ကိုင်ကြည့်ပြီး ကလေးလေးနဲ့ ဆက်သွယ်နိုင်ပါတယ်။ အပျော်တွေကို ဝေမျှနိုင်ပါတယ်။

ကလေးလှုပ်ခြင်းနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ အချက်များ

    ဒီအချက်တွေကိုဖတ်ကြည့်ပြီးနောက်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ အံ့ဖွယ်အခြင်းအရာ တစ်ရပ်ဖြစ်တယ်ဆိုတာကို လက်ခံလာမိမှာပါ။

၁။ ကလေးလှုပ်ခြင်းဟာ ကလေးလေးဟာ အမေ့ဗိုက်ထဲ ကျန်းကျန်းမာမာကြီးထွားနေတာကို ညွှန်ပြနေပါတယ်။

      ကလေးလူးတာ၊လိမ့်တာ၊လှည့်တာ၊ကန်တာဟာ ကလေးကျန်းမာပြီး ကောင်းကောင်းလှုပ်ရှားနေနိုင်တာကို ပြသပါတယ်။ ဒါ့အပြင် ကလေးခြေတွေလက်တွေ ဆန့်ထုတ်လိုက်တဲ့အခါတိုင်းမှာ လှပ်ခနဲလှပ်ခနဲ ခံစားချက်မျိုးခံစားရမှာဖြစ်ပါတယ်။ ကိုယ်ဝန့်ရင့်လာလေ ကလေးလှုပ်ရှားမှုတွေပိုစိပ်လာပြီး ပိုထင်ရှားလာမှာ ဖြစ်ပါတယ်။

၂။ အပြင်ဘက်ကလာတဲ့လှုံ့ဆော်မှုတွေကို ကလေးပြန်လှန် တုန့်ပြန်တဲ့အနေနဲ့ လှုပ်တာလည်းဖြစ်ပါတယ်။

         သန္ဓေသားလေးရဲ့ ပတ်ဝန်းကျင်မှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ကန်တာဖြစ်နိုင်ပါတယ်။ မိခင်စားလိုက်တဲ့အစာ၊ ပတ်ဝန်းကျင်ကဆူညံမှုတွေကြောင့် ကန်တတ်ပါတယ်။

၃။ ဘေးတစ်စောင်းလှဲအိပ်တဲ့အခါ ကလေးလှုပ်တာပိုများလာပါတယ်။

     ဘေးစောင်းအိပ်တဲ့အခါ ကလေးဆီကို အချင်းကနေ သွေးအသွားအလာပိုများလာပါတယ်။ ဒါကြောင့် ကလေးရဲ့ ပိုလှုပ်ရှားလာတာပဲဖြစ်ပါတယ်။

၄။ ကိုယ်ဝန်၁၈ပတ်မှ ၂၅ပတ်အတွင်း စလှုပ်တတ်ပါတယ်။

          သားဦးကိုယ်ဝန်တွေမှာ ၂၅ပတ်လောက်မှ သတိထားမိတတ်ပြီး ကျန်ကိုယ်ဝန်ဆောင်တွေမှာတော့ ၁၈ပတ်လောက်ကတည်းက လှုပ်တတ်ပါတယ်။

၅။ ကလေးလှုပ်တဲ့အကြိမ်အရေအတွက်ကို ရေတွက်ထားသင့်ပါတယ်။


      အစပိုင်းမှာ လေထသလား၊ ကလေးတကယ်လှုပ်တာလား မသေချာတတ်ပေမယ့် နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ ကလေးဘယ်အချိန်မှာ အိပ်တတ်တယ်၊ ဘယ်အချိန်မှာ နိုးတယ်၊ ဘယ်အချိန်မှာ အလှုပ်ရှားဆုံးဖြစ်တယ်၊ ဘယ်လိုလုပ်ရင်ပိုလှုပ်တယ် ဆိုတာကိုတောင် သိလာနိုင်ပါတယ်။

     ကလေးရဲ့လှုပ်ရှားမှုတွေကို သတိထားနေခြင်းဖြင့် ကလေးမှာပြဿ    နာတစ်စုံတစ်ရာဖြစ်လာတဲ့အခါ ချက်ချင်းသိနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ကလေးကန်တာ၊ လှည့်တာ၊ တွန်းတာတွေကို သေချာမှတ်သားရေတွက်ထားသင့်ပါတယ်။ ဒီလို ရေတွက်ထားခြင်းဖြင့် သန္ဓေသားသေဆုံးခြင်းကို ကာကွယ်နိုင်တာကြောင့် ကိုယ်ဝန်၂၈ပတ်ကနေစပြီး ပုံမှန်ရေတွက်ဖို့ အကြံပြုပါတယ်။

၆။ ကလေးအလှုပ်နည်းသွားခြင်းဟာ ကလေးမှာပြဿနာ တစ်စုံတစ်ရာရှိနေနိုင်ကြောင်းပြသပါတယ်။

      ကိုယ်ဝန်၂၈ပတ်ကျော်လွန်လာတဲ့အခါ ဆရာဝန်က တစ်နေ့တာ ကလေးလှုပ်ရှားမှု အရေအတွက်ကို မှတ်သားထားခိုင်းလေ့ရှိပါတယ်။ ပုံမှန် ၂နာရီအတွင်း ကလေးလှုပ်တာ၁၀ကြိမ် ပြည့်လေ့ရှိပါတယ်။ အကယ်၍နည်းနေပြီဆိုရင်တော့ အောက်ပါ ပြဿနာ တစ်ခုခုရှိနေနိုင်ပါတယ်။

    မိခင်မှာ စိတ်ဖိစီးမှု သို့မဟုတ် အာဟာရ ချို့တဲ့မှုရှိနေခြင်း : မိခင်ရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးဟာ ကလေးပေါ်မှာ သက်ရောက်မှု အများအပြားရှိနိုင်ပါတယ်။ အာဟာရမပြည့်ဝတဲ့အခါ ကလေးရဲ့ ဦးနှောက်နဲ့အာရံကြောဖွံဖြိုးမှု လျော့နည်းပြီး လှုပ်ရှားမှုနည်းလာပါတယ်။ ကလေးသိပ်မလှုပ်ဘူးလု့ိ ထင်တဲ့အခါ ရေများများသောက်ပြီး လမ်းထလျောက်ကြည့်လိုက်ပါ။
    အချင်းကွာခြင်း : အချင်းကွာတဲ့အခါ ကလေးဆီကို အောက်ဆီဂျင်နဲ့ သွေးအရောက်နည်းပြီး ကလေးဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
    ရေမြွာစောပေါက်ခြင်း : ရေမြွာစောပေါက်တဲ့အခါ ရေမြွာရည် နည်းလာပြီး ကလေးကောင်းကောင်းမလှုပ်ရှားနိုင်တာ၊ အောက်ဆီဂျင်ဓာတ်နည်းပါးလာတာမျိုး ဖြစ်တတ်ပါတယ်။
    ကလေးအောက်ဆီဂျင်ဓာတ်မလုံလောက်ခြင်း : အချင်းကြိုးလိမ်သွားခြင်း၊ ခေါက်သွားခြင်း၊ ပုံပျက်သွားခြင်းတို့ကြောင့် ကလေးဆီ အောက်ဆီဂျင်ပြတ်တောက်သွားတတ်ပါတယ်။

အာထရာစောင်းရိုက်ခြင်းနဲ့ အခြားစမ်းသပ်နည်းအမျိုးမျိုးဖြင့် ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ အလှုပ်နည်းရခြင်း အကြောင်းအရင်းတို့ကို ရှာဖွေနိုင်ပါတယ်။

၆။ ကိုယ်ဝန်ရင့်ချိန်မှာ ကလေးအလှုပ်နည်းခြင်းကိုတော့ စိုးရိမ်စရာမလိုအပ်ပါဘူး။

    ကိုယ်ဝန်ရင့်လာတဲ့အခါ ကလေးဟာ မိနစ်၂၀ မှ ၄၀ခန့် တစ်ခါတရံ မိနစ် ၉၀ ခန့်ထိ မလှုပ်မရှားပဲ နေတတ်ကြပါတယ်။ ကလေးတစ်ဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါ လှုပ်ရှားရခက်လာတတ်ပါတယ်။ ဒါကြောင့် ကလေးအလှုပ်နည်းသွားတဲ့အခါ မစိုးရိမ်သွားပါနဲ့။ ဒါပေမယ့် တစ်ခါတစ်ရံ နံရိုးအောက်မှာ စူးခနဲ အောင့်အောင့်သွားတတ်ပြီး မိနစ်အတန်ကြာ တစ်ဆတ်ဆတ်နာနေတတ်ပါတယ်။

၇။ ကလေးလှုပ်ရှားမှုဟာ ကလေးမွေးလာတဲ့အခါ စိတ်နေစိတ်ထားနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။

      လေ့လာမှုတွေအရ ဗိုက်ထဲက ကလေးရဲ့လှုပ်ရှားမှုပုံတွေဟာ ကလေးဘဝအစပိုင်းရဲ့ စိတ်နေစိတ်ထားကို ဖောြ်ပနေနိုင်တယ်လို့ဆိုပါ့တယ်။ ဒါပေမယ့် ဒီတစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။

၈။ ကလေးလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ?

      ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ၂နာရီပြည့်သည်အထိ ကလေးလှုပ်တာ ၁၀ကြိမ်မပြည့်တဲ့အခါ နာရီအနည်းငယ်မျှစောင့်ပြီး နောက်တစ်ခါရေတွက်ကြည့်လိုက်ပါ။ နောက်တစ်ခါမှာလည်း ၂နာရီအတွင်း ၁၀ကြိမ်မပြည့်ခဲ့ရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားပါ။

       ဒါ့အပြင် ဆူညံသံတွေကို ခါတိုင်းလိုမဟုတ်ဘဲ တုံ့ပြန်မှုလျော့နည်းလာခြင်း၊ ၂ရက်ဆက်တိုက် ကလေးလှုပ်ရှားမှု တစ်ဖြည်းဖြည်း လျော့နည်းလာခြင်းတို့ ကြုံရပါကလည်း ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားသင့်ပါတယ်။

၉။ ကလေးလှုပ်ရှားမှုနည်းလာတယ်လို့ထင်တဲ့အခါ အိမ်မှာဘာလုပ်ကြည့်သင့်သလဲ?

      ကလေးလှုပ်ရှားမှုလျော့နည်းတဲ့အခါ

    စိတ်ကိုလျော့ချပြီး ခေတ္တခဏထိုင်လိုက်ပါ။
    အအေးနဲ့ သရေစာတစ်ခုခု စားပြီး ခြေထောက်ကို အပေါ်မြှောက်ပြီး ထိုင်ပါ။ အချိုဓာတ်နဲ့ အအေးဓာတ်က ကလေးရဲ့ တုန့်ပြန်မှုကို ရရှိစေနိုင်ပါတယ်။
    ကလေးဟာ လှုပ်ခြင်း၊ ကန်ခြင်း၊ တွန်းခြင်း၊ ပုတ်ခြင်းစတဲ့နည်းအမျိုးမျိုးနဲ့ တုန့်ပြန်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top