ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

တြံေတးၿမိဳ႕နယ္၊ ေရ၀က္ေခ်ာင္ေက်းရြာမွာ သား အဖခ်င္း စကားတာကေန ဖခင္ျဖစ္သူက သားျဖစ္သူကုိ ဓားနဲ႔ခုတ္ၿပီး မိမိကိုယ္ကို ႀကိဳးဆဲြခ်ေသဆံုးမႈ ဧၿပီလ ၂၂ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ဧၿပီလ ၂၂ ရက္ေန႔ ည ၉ း၀၀ နာရီအခ်ိန္မွာ တြံေတးၿမိဳ႕နယ္၊ ေရ၀က္ေခ်ာင္းေက်းရြာမွာေနတဲ့ အမ်ိဳးသမီးက မိသားစုနဲ႔ အတူ ေနအိမ္မွာ တီဗီၾကည့္ေနတုန္း ခင္ပြန္းျဖစ္သူ ၀င္းႏိုင္၊ (၃၇)ႏွစ္က အရက္မူးၿပီးေရာက္ရွိ လာကာ တီဗီလိုင္းေျပာင္းလိုက္တဲ့ ကိစၥနဲ႔ သားျဖစ္သူ ေမာင္-----နဲ႔ စကားမ်ားခဲ့ကာ ဖခင္ျဖစ္သူက ေနအိမ္ေအာက္ကုိဆင္းၿပီး ျမက္ခုတ္ဓားကုိ ယူေဆာင္ၿပီး အိမ္ေပၚသို႔တက္ကာ သားျဖစ္သူကုိ ဓားနဲ႔ ခုတ္ခဲ့လုိ႔  ဦးေခါင္း၀ဲဘက္မွာ ျပတ္ရွဒဏ္ရာရရွိခဲ့တယ္လုိ႔ ဆိုပါတယ္။

ဒီလုိအခင္းျဖစ္ပြားတဲ့အခ်ိန္မွာ အိမ္ရွင္အမ်ိဳးသမီးျဖစ္သူက ပတ္၀န္းက်င္ကိုအကူအညီေတာင္းဖုိ႔ေအာက္ကုိဆင္းသြားၿပီး နာရီ၀က္ခန္႔အၾကာမွာ အိမ္နီးနားခ်င္းေတြနဲ႔အတူ ေနအိမ္ေပၚကုိ ျပန္လာတုန္းမွာ ခင္ပြန္းျဖစ္သူက ပုခက္ႀကိဳးနဲ႔ ႀကိဳးဆဲြခ်ၿပီး ေသဆံုးေနတာကို ေတြ႕ရွိခဲ့ရတယ္လို႔ ဆုိပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဒဏ္ရာရရွိသူ ေမာင္------ကုိ တြံေတးေဆးရံုမွတစ္ဆင့္ ရန္ကုန္ေဆးရံုႀကီးသို႔လဲႊေျပာင္းကာ ေဆးကုသမႈခံယူခိုင္းခဲ့ၿပီး သက္ဆိုင္ရာရဲစခန္းကေန အမႈဖြင့္အေရးယူ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

Source : Yangon Police

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
တွံတေးမြို့နယ်၊ ရေဝက်ချောင်ကျေးရွာမှာ သား အဖချင်း စကားတာကနေ ဖခင်ဖြစ်သူက သားဖြစ်သူကို ဓားနဲ့ခုတ်ပြီး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးမှု ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ ည ၉ း၀၀ နာရီအချိန်မှာ တွံတေးမြို့နယ်၊ ရေဝက်ချောင်းကျေးရွာမှာနေတဲ့ အမျိုးသမီးက မိသားစုနဲ့ အတူ နေအိမ်မှာ တီဗီကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ဝင်းနိုင်၊ (၃၇)နှစ်က အရက်မူးပြီးရောက်ရှိ လာကာ တီဗီလိုင်းပြောင်းလိုက်တဲ့ ကိစ္စနဲ့ သားဖြစ်သူ မောင်-----နဲ့ စကားများခဲ့ကာ ဖခင်ဖြစ်သူက နေအိမ်အောက်ကိုဆင်းပြီး မြက်ခုတ်ဓားကို ယူဆောင်ပြီး အိမ်ပေါ်သို့တက်ကာ သားဖြစ်သူကို ဓားနဲ့ ခုတ်ခဲ့လို့  ဦးခေါင်းဝဲဘက်မှာ ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအခင်းဖြစ်ပွားတဲ့အချိန်မှာ အိမ်ရှင်အမျိုးသမီးဖြစ်သူက ပတ်ဝန်းကျင်ကိုအကူအညီတောင်းဖို့အောက်ကိုဆင်းသွားပြီး နာရီဝက်ခန့်အကြာမှာ အိမ်နီးနားချင်းတွေနဲ့အတူ နေအိမ်ပေါ်ကို ပြန်လာတုန်းမှာ ခင်ပွန်းဖြစ်သူက ပုခက်ကြိုးနဲ့ ကြိုးဆွဲချပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒဏ်ရာရရှိသူ မောင်------ကို တွံတေးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့လွဲှပြောင်းကာ ဆေးကုသမှုခံယူခိုင်းခဲ့ပြီး သက်ဆိုင်ရာရဲစခန်းကနေ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : Yangon Police

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top