ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ေတးသီခ်င္းေကာင္း ေျမာက္မ်ားစြာေမြးထုတ္ခဲ႔တဲ႔အျပင္ ကိုယ္တိုင္လည္း ေအာင္ျမင္တဲ႔ ေတးသီခ်င္းမ်ားစြာကို သီဆိုခဲ႔တဲ႔ ေဆာင္းဦးလႈိင္က သူ႔သီခ်င္းေတြကို အဆိုျပိဳင္ပြဲေတြမွာ လံုးဝ အသံုးမျပဳဖို႔ ေျပာဆိုလိုက္ပါတယ္။  အေၾကာင္းရင္းကေတာ႔ သူ႔အေနနဲ႔ ဒိုင္တခ်ိဳ႕ Coach တခ်ိဳ႕က အေျခခံဂီတပညာေၾကညက္ျခင္းမရိွဘဲ ၿပိဳင္ပဲြဝင္ ေတြကိုဆရာလုပ္တာ က်င့္ဝတ္နဲ႔မညီဖူးထင္လို႔ပဲ ျဖစ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ေရပန္းစားေနတဲ႔ The Voice Myanmar ျပိဳင္ပြဲကေန သူ႔သီခ်င္းကို ဆိုခြင္႔ေတာင္းခဲ႔ရာမွာ သူက အခုလို ထုတ္ေျပာလိုက္တာပါ။

“ၿပီးခဲ့တဲ့ ၂ ရက္ေလာက္က channel တစ္ခုရဲ႕ဝန္ထမ္းကဆက္သြယ္ၿပီး အဆိုၿပိဳင္ပဲြသီခ်င္းသံုးခြင့္ေတာင္းလာတယ္။သူနဲ႔မရေတာ့ က်ားေပါက္ကဆက္သြယ္လာတယ္။က်ားေပါက္က က်ေနာ့္အေျခအေနကိုမသိဘဲ က်ေနာ္ေရး Zaw W Htut ဆိုတဲ့သီခ်င္းကိုသံုးထားတယ္။က်ားေပါက္တို႔က အရည္အခ်င္းရိွတဲ့ဒိုင္ျဖစ္သင့္တဲ့လူေတြပါ။က်ားေပါက္ကဒီနွစ္မွဒိုင္လုပ္တာ၊က်ေနာ့္သီခ်င္းေတြေပးမသံုးတာမသိရွာ။
က်ားေပါက္ထက္ သူ႔အေဖကိုရင္ဂိုဟာ က်ေနာ္ခ်စ္ခင္တဲ့မိတ္ေဆြႀကီးတစ္ဦး။ဒီေတာ့က်ေနာ္ခြင့္ျပဳလိုက္ရတယ္။

အခမဲ့ခြင့္ျပဳလိုက္တယ္။Channel ဝန္ထမ္းကေျပာျပတယ္။သီခ်င္းေရးဆရာအေတာ္မ်ားမ်ားဟာ တစ္ပုဒ္ကို ေငြက်ပ္သံုးေသာင္းခဲြ (၃၅၀၀၀)နဲ႔ သီခ်င္းေတြေပးသံုးၾကတာတဲ့။က်ေနာ္ေျပာလိုက္တယ္။အဲဒါ ေရးသူ၊တီးသူ၊ဆိုသူ၊ဖန္တီးသူ အားလံုးကိုေစာ္ကားတာ၊ တျခားေတးေရးေတြလည္းဒါကိုအရမ္းေက်နပ္ေနမယ္က်ေနာ္မထင္ဖူး၊အေျခအေနတစ္ခုေၾကာင့္ျဖစ္လိမ့္မယ္လို႔။ဒါ့ေၾကာင့္ သံုးေသာင္းခဲြမေပးနဲ႔အလကားသာယူ ဆိုေတာ့ လာယူသြားၾကတယ္” ဆိုျပီး သူက သူ႔အေကာင္႔မွာ တင္ထားခဲ႔ပါတယ္။

လက္ရွိ အခ်ိန္မွာဆိုရင္ေတာ႔ သီခ်င္းဆို ျပိဳင္ပြဲေတြက မ်ိဳးစံု က်င္းပေနတာ ျဖစ္ျပီး ေအာင္ျမင္ျပီးသား ေတးသီခ်င္းေတြကို ပံုစံေျပာင္းသီဆိုေနတာေတြလည္း အျမဲ ေတြ႔ေနရတာပါ။ အဲ႔လို သီဆိုမႈအတြက္ ေတးေရးဆရာေတြကို တစ္ပုဒ္ကို သံုးေသာင္းခြဲနႈန္းနဲ႔ သတ္မွတ္ျပီး ေပးေခ်ေနတာ ျဖစ္ပါတယ္။

အဲ႔လို ေပးေခ်မႈအေပၚ ေဆာင္းဦးလႈိင္ကေတာ႔ ခံယူခ်က္ေၾကာင့္ေပးမသံုးတာေငြသံုးေသာင္းခဲြေပးဖို႔လာႀကိဳးစားေနတယ္ ဆိုျပီး ေဝဖန္ထားပါတယ္။ ဒါ႔ျပင္ မည္သည္႔ အဆိုျပိဳင္ပြဲမွာမွ သူ႔သီခ်င္းေတြ အသံုးမျပဳဖို႔ကိုလည္း ျပင္းျပင္းထန္ထန္ တားျမစ္လိုက္တာပါ။ အနုပညာသမားေတြဟာ အနိွမ္ခံ ေငြေနာက္လိုက္ ခံယူခ်က္မရိွတဲ့လူစားေတြမဟုတ္ဘူး လို႔လည္း သူက ခိုင္ခိုင္မာမာေျပာဆိုလိုက္တာပဲ ျဖစ္ပါတယ္။

ကိုယ္ေရးတဲ႔ သီခ်င္းေတြအေပၚ တန္ဖိုးထားစိတ္အျပည္႔ရွိျပီး အႏုပညာမာန အျပည္႔ရွိတဲ႔ ေဆာင္းဦးလႈိင္က သူအခုလို ေရးသားလိုက္တာကို မွ်ေဝေပးၾကဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ ကဲ.ေျပာခ်င္လြန္းလို႔ စာဖတ္သူေတြလည္း ဒါေလး ဖတ္ျပီး ရွဲေပးၾကပါဦးေနာ္။

Source- Saung Oo Hlaing

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#
တေးသီချင်းကောင်း မြောက်များစွာမွေးထုတ်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အောင်မြင်တဲ့ တေးသီချင်းများစွာကို သီဆိုခဲ့တဲ့ ဆောင်းဦးလှိုင်က သူ့သီချင်းတွေကို အဆိုပြိုင်ပွဲတွေမှာ လုံးဝ အသုံးမပြုဖို့ ပြောဆိုလိုက်ပါတယ်။  အကြောင်းရင်းကတော့ သူ့အနေနဲ့ ဒိုင်တချို့ Coach တချို့က အခြေခံဂီတပညာကြေညက်ခြင်းမရှိဘဲ ပြိုင်ပွဲဝင် တွေကိုဆရာလုပ်တာ ကျင့်ဝတ်နဲ့မညီဖူးထင်လို့ပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ The Voice Myanmar ပြိုင်ပွဲကနေ သူ့သီချင်းကို ဆိုခွင့်တောင်းခဲ့ရာမှာ သူက အခုလို ထုတ်ပြောလိုက်တာပါ။

“ပြီးခဲ့တဲ့ ၂ ရက်လောက်က channel တစ်ခုရဲ့ဝန်ထမ်းကဆက်သွယ်ပြီး အဆိုပြိုင်ပွဲသီချင်းသုံးခွင့်တောင်းလာတယ်။သူနဲ့မရတော့ ကျားပေါက်ကဆက်သွယ်လာတယ်။ကျားပေါက်က ကျနော့်အခြေအနေကိုမသိဘဲ ကျနော်ရေး Zaw W Htut ဆိုတဲ့သီချင်းကိုသုံးထားတယ်။ကျားပေါက်တို့က အရည်အချင်းရှိတဲ့ဒိုင်ဖြစ်သင့်တဲ့လူတွေပါ။ကျားပေါက်ကဒီနှစ်မှဒိုင်လုပ်တာ၊ကျနော့်သီချင်းတွေပေးမသုံးတာမသိရှာ။
ကျားပေါက်ထက် သူ့အဖေကိုရင်ဂိုဟာ ကျနော်ချစ်ခင်တဲ့မိတ်ဆွေကြီးတစ်ဦး။ဒီတော့ကျနော်ခွင့်ပြုလိုက်ရတယ်။

အခမဲ့ခွင့်ပြုလိုက်တယ်။Channel ဝန်ထမ်းကပြောပြတယ်။သီချင်းရေးဆရာအတော်များများဟာ တစ်ပုဒ်ကို ငွေကျပ်သုံးသောင်းခွဲ (၃၅၀၀၀)နဲ့ သီချင်းတွေပေးသုံးကြတာတဲ့။ကျနော်ပြောလိုက်တယ်။အဲဒါ ရေးသူ၊တီးသူ၊ဆိုသူ၊ဖန်တီးသူ အားလုံးကိုစော်ကားတာ၊ တခြားတေးရေးတွေလည်းဒါကိုအရမ်းကျေနပ်နေမယ်ကျနော်မထင်ဖူး၊အခြေအနေတစ်ခုကြောင့်ဖြစ်လိမ့်မယ်လို့။ဒါ့ကြောင့် သုံးသောင်းခွဲမပေးနဲ့အလကားသာယူ ဆိုတော့ လာယူသွားကြတယ်” ဆိုပြီး သူက သူ့အကောင့်မှာ တင်ထားခဲ့ပါတယ်။

လက်ရှိ အချိန်မှာဆိုရင်တော့ သီချင်းဆို ပြိုင်ပွဲတွေက မျိုးစုံ ကျင်းပနေတာ ဖြစ်ပြီး အောင်မြင်ပြီးသား တေးသီချင်းတွေကို ပုံစံပြောင်းသီဆိုနေတာတွေလည်း အမြဲ တွေ့နေရတာပါ။ အဲ့လို သီဆိုမှုအတွက် တေးရေးဆရာတွေကို တစ်ပုဒ်ကို သုံးသောင်းခွဲနှုန်းနဲ့ သတ်မှတ်ပြီး ပေးချေနေတာ ဖြစ်ပါတယ်။

အဲ့လို ပေးချေမှုအပေါ် ဆောင်းဦးလှိုင်ကတော့ ခံယူချက်ကြောင့်ပေးမသုံးတာငွေသုံးသောင်းခွဲပေးဖို့လာကြိုးစားနေတယ် ဆိုပြီး ဝေဖန်ထားပါတယ်။ ဒါ့ပြင် မည်သည့် အဆိုပြိုင်ပွဲမှာမှ သူ့သီချင်းတွေ အသုံးမပြုဖို့ကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။ အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့လူစားတွေမဟုတ်ဘူး လို့လည်း သူက ခိုင်ခိုင်မာမာပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကိုယ်ရေးတဲ့ သီချင်းတွေအပေါ် တန်ဖိုးထားစိတ်အပြည့်ရှိပြီး အနုပညာမာန အပြည့်ရှိတဲ့ ဆောင်းဦးလှိုင်က သူအခုလို ရေးသားလိုက်တာကို မျှဝေပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ကဲ.ပြောချင်လွန်းလို့ စာဖတ်သူတွေလည်း ဒါလေး ဖတ်ပြီး ရှဲပေးကြပါဦးနော်။

Source- Saung Oo Hlaing


ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top