ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တစ္ျပည္မွာ အလြန္လွပတဲ့

မိဖုရားေခါင္ႀကီးတစ္ပါး ရွိတယ္။

အဲဒီမိဖုရားေခါင္ႀကီးဟာ ဘုရင့္ရဲ႕အခ်စ္ဆံုး မိဖုရားျဖစ္ေပမယ့္

လိုခ်င္တပ္မက္ေန တဲ့ မင္းညီမင္းသားေတြနဲ႔

တျခားတိုင္းျပည္က လူေတြလည္းအမ်ားႀကီးရွိသတဲ့။

တစ္ေန႔ေတာ့ အဲဒီတိုင္းျပည္ရဲ႕ ပညာရွိအမတ္ႀကီးဟာ မိဖုရားႀကီးကို

ဒီႏွစ္ရာသီဥတု အေျခအေနကို ေလွ်ာက္တင္မလို႔

မိဖုရားေခါင္ႀကီးနန္းေဆာင္ကို ေတြ႔ခြင့္ေပးသတဲ့ ။

အဲဒီအခါ မိဖုရားေခါင္ႀကီးကလည္း ဝင္ခြင့္ေပးလိုက္ေတာ္မူပါတယ္ ။

ေရခ်ိဳးၿပီးစအခ်ိန္မွာ အလွႀကီးလွေနတဲ့ မိဖုရားႀကီးရဲ႕ ရွိဳက္ႀကီးဖိုငယ္အသြယ္သြယ္ဟာ

ျမင္သူ ရင္ကို ဆူပြက္ေစပါတယ္ ။

ပညာရွိအမတ္ႀကီးကေတာ့ စိတ္ဆင္ရိုင္းကို ပညာခၽြန္းနဲ႔ထိမ္းေနၾကမို႔

ဒီတစ္ခါ လည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ မိဖုရားႀကီးေရွ႕အခစားဝင္ခဲ့ပါတယ္ ။

အဲဒီအခါ ပညာရွိ အမတ္ႀကီးကို ခ်စ္ခင္ေလးစားတဲ့ မိဖုရားေခါင္ႀကီးဟာ

ပညာရွိအမတ္ႀကီးစားဖို႔အတြက္ သစ္သီးမ်ားကို သူကိုယ္တိုင္ယူေကၽြးဖို႔အတြက္

စားပြဲကို လွမ္းလိုက္ေတာ္မူပါ တယ္။

ေျပေလ်ာ့ေနတဲ့ အဝတ္တန္ဆင္ေတြဟာ ရုတ္တရက္ဆိုသလို ကပိုကယိုျဖစ္ၿပီး

တန္ဖိုးထားအပ္တဲ့ အတြင္းအလွေတြ ေပၚသြားၿပီး ပညာရွိအမတ္ႀကီးလည္း ျမင္သြား ပါေတာ့တယ္။

အဲဒီအခ်ိန္ကစလို႔ စိတ္ဆင္ရိုင္းကို လည္း အသိပညာခၽြန္းနဲ႔ မထိမ္းခ်ဳပ္ႏုိင္ေတာ့ဘဲ

မိဖုရားႀကီးအလွကိုပဲ တမ္းတမ္းစြဲ ျဖစ္သြားပါေတာ့တယ္။

အခ်ိန္ၾကာလာတဲ့အခါ အအိပ္ပ်က္အစားပ်က္ျဖစ္ၿပီး

ပိန္ခ်ံဳးလို႔က်န္းမာေရးပါ ထိခိုက္လာခဲ့တယ္။

ေနာက္ဆံုးေတာ့ အဲဒီအေၾကာင္းကို သိသြားတဲ့မိဖုရားႀကီးက အမတ္ႀကီးကို

နန္းေဆာင္ကို ေခၚေစလိုက္တယ္။

ၿပီးေတာ့ ေရြခြက္ရယ္ ေငြခြက္ ရယ္ ေၾကးခြက္ရယ္ ထဲကို သံပရာရည္ေတြ ေလာင္းထည့္ေစပါတယ္။

အမတ္ႀကီးကို ပထမဆံုးေရႊခြက္ထဲထည့္ထားတဲ့ သံပုရာရည္ကိုေသာက္ေစပါတယ္။

“ အမတ္ႀကီး အရသာဘယ္လုိေနပါသလဲ ”

“ ခ်ဥ္လွပါတယ္ မိဖုရားႀကီး ” လို႔အမတ္ႀကီးကေျဖတယ္ ။

ေနာက္ဒုတိယခြက္ျဖစ္တဲ့ ေငြခြက္ထဲက သံပုရာရည္ကို ေသာက္ေစၿပီး ေမးျပန္တယ္ ။

“အရသာက ဘယ္လိုရွိလဲ အမတ္ႀကီး ”

“ မွန္လွပါ ခ်ဥ္လွပါတယ္ မိဖုရားႀကီး ” လို႔အမတ္ႀကီးက ေျဖတယ္။

ေနာက္ဆံုး ေၾကးခြက္နဲ႔ ထည့္ထားတဲ့သံပုရာရည္ ကို ေသာက္ေစျပန္တယ္ ။

ျပီးေတာ့ေမးတယ္..။

“ အရသာက ဘယ္လိုေနလဲအမတ္ႀကီး ”

“ ခ်ဥ္လွပါတယ္မိဖုရားႀကီး ” လို႔အမတ္ႀကီးက

ျပန္ေျဖတယ္ ။ ၿပီးေတာ့ တစ္ဦးနဲ႔တစ္ဦး

အတန္ၾကာစကားမေျပာပဲ တိတ္ေနၾကတယ္။

အမတ္ႀကီးကလည္း မိဖုရားႀကီး ဘာေတြဆက္ေျပာမလဲဆိုတာ ေစာင့္ေနခဲ့တယ္ ။

ေနာက္ဆံုး . . မိဖုရားႀကီးကအမတ္ႀကီးကို စကားတစ္ခြန္းသာ ေျပာလိုက္တယ္ ။

“ အမတ္ႀကီး . . သံပုရာရည္ဆိုတာ ခြက္သာေျပာင္းသြားတယ္ အရသာကေတာ့

ခ်ဥ္တာပါပဲ ” . .။

အဲဒီေတာ့မွ အမတ္္ႀကီးဟာ တုန္လႈပ္ေျခာက္ျခားသြားၿပီး သူ႔ စိတ္ရိုင္းေတြကို

သူျပန္မထိမ္းခ်ဳပ္ႏိုင္တာ သိသြားပါေတာ့တယ္

ကာမ တဏွာဆိုတာ အေရာင္အေသြး ပံုသ႑ာန္သာ ေျပာင္းလဲေပမယ့္

သတိကို မဲ့ေစတယ္၊ ပညာကို မွိန္ေစတယ္၊ အသိကို လြတ္ေစတယ္၊ အလိုဆႏၵေတြကို

အသိဥာဏ္ဆိုတဲ့ ေဘာင္နဲ႔ကန္႔သတ္ မထိမ္းခ်ဳပ္ႏုိင္သေရြ႕ အလိုဆႏၵေတြေခၚ

ေဆာင္ရာေနာက္ပဲ လူေတြ လိုက္သြားၾကရလိမ့္မယ္

ဆင္ျခင္ပါ . . သံုးသပ္ပါ . . ေတြးေတာပါ . . .

ဆႏၵကိုခ်ိဳးႏွိမ္ပါ အလိုေလာဘေတြကို အဆံုးသတ္ပါ အရာရာဟာ မျမဲျခင္းတရားေတြပါပဲ . . ။

ၾကားဖူးေနတဲ့ပံုျပင္ေလး ကို ျပန္လည္ေတြးေတာ ေရးသားလိုက္ပါေၾကာင္း….. ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original
# Unicode Version ျဖင့္ ဖတ္ပါ #
ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်လှပတဲ့

မိဖုရားခေါင်ကြီးတစ်ပါး ရှိတယ်။

အဲဒီမိဖုရားခေါင်ကြီးဟာ ဘုရင့်ရဲ့အချစ်ဆုံး မိဖုရားဖြစ်ပေမယ့်

လိုချင်တပ်မက်နေ တဲ့ မင်းညီမင်းသားတွေနဲ့

တခြားတိုင်းပြည်က လူတွေလည်းအများကြီးရှိသတဲ့။

တစ်နေ့တော့ အဲဒီတိုင်းပြည်ရဲ့ ပညာရှိအမတ်ကြီးဟာ မိဖုရားကြီးကို

ဒီနှစ်ရာသီဥတု အခြေအနေကို လျှောက်တင်မလို့

မိဖုရားခေါင်ကြီးနန်းဆောင်ကို တွေ့ခွင့်ပေးသတဲ့ ။

အဲဒီအခါ မိဖုရားခေါင်ကြီးကလည်း ဝင်ခွင့်ပေးလိုက်တော်မူပါတယ် ။

ရေချိုးပြီးစအချိန်မှာ အလှကြီးလှနေတဲ့ မိဖုရားကြီးရဲ့ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ဟာ

မြင်သူ ရင်ကို ဆူပွက်စေပါတယ် ။

ပညာရှိအမတ်ကြီးကတော့ စိတ်ဆင်ရိုင်းကို ပညာချွန်းနဲ့ထိမ်းနေကြမို့

ဒီတစ်ခါ လည်း တည်တည်ငြိမ်ငြိမ်နဲ့ မိဖုရားကြီးရှေ့အခစားဝင်ခဲ့ပါတယ် ။

အဲဒီအခါ ပညာရှိ အမတ်ကြီးကို ချစ်ခင်လေးစားတဲ့ မိဖုရားခေါင်ကြီးဟာ

ပညာရှိအမတ်ကြီးစားဖို့အတွက် သစ်သီးများကို သူကိုယ်တိုင်ယူကျွေးဖို့အတွက်

စားပွဲကို လှမ်းလိုက်တော်မူပါ တယ်။

ပြေလျော့နေတဲ့ အဝတ်တန်ဆင်တွေဟာ ရုတ်တရက်ဆိုသလို ကပိုကယိုဖြစ်ပြီး

တန်ဖိုးထားအပ်တဲ့ အတွင်းအလှတွေ ပေါ်သွားပြီး ပညာရှိအမတ်ကြီးလည်း မြင်သွား ပါတော့တယ်။

အဲဒီအချိန်ကစလို့ စိတ်ဆင်ရိုင်းကို လည်း အသိပညာချွန်းနဲ့ မထိမ်းချုပ်နိုင်တော့ဘဲ

မိဖုရားကြီးအလှကိုပဲ တမ်းတမ်းစွဲ ဖြစ်သွားပါတော့တယ်။

အချိန်ကြာလာတဲ့အခါ အအိပ်ပျက်အစားပျက်ဖြစ်ပြီး

ပိန်ချုံးလို့ကျန်းမာရေးပါ ထိခိုက်လာခဲ့တယ်။

နောက်ဆုံးတော့ အဲဒီအကြောင်းကို သိသွားတဲ့မိဖုရားကြီးက အမတ်ကြီးကို

နန်းဆောင်ကို ခေါ်စေလိုက်တယ်။

ပြီးတော့ ရွေခွက်ရယ် ငွေခွက် ရယ် ကြေးခွက်ရယ် ထဲကို သံပရာရည်တွေ လောင်းထည့်စေပါတယ်။

အမတ်ကြီးကို ပထမဆုံးရွှေခွက်ထဲထည့်ထားတဲ့ သံပုရာရည်ကိုသောက်စေပါတယ်။

“ အမတ်ကြီး အရသာဘယ်လိုနေပါသလဲ ”

“ ချဉ်လှပါတယ် မိဖုရားကြီး ” လို့အမတ်ကြီးကဖြေတယ် ။

နောက်ဒုတိယခွက်ဖြစ်တဲ့ ငွေခွက်ထဲက သံပုရာရည်ကို သောက်စေပြီး မေးပြန်တယ် ။

“အရသာက ဘယ်လိုရှိလဲ အမတ်ကြီး ”

“ မှန်လှပါ ချဉ်လှပါတယ် မိဖုရားကြီး ” လို့အမတ်ကြီးက ဖြေတယ်။

နောက်ဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့သံပုရာရည် ကို သောက်စေပြန်တယ် ။

ပြီးတော့မေးတယ်..။

“ အရသာက ဘယ်လိုနေလဲအမတ်ကြီး ”

“ ချဉ်လှပါတယ်မိဖုရားကြီး ” လို့အမတ်ကြီးက

ပြန်ဖြေတယ် ။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး

အတန်ကြာစကားမပြောပဲ တိတ်နေကြတယ်။

အမတ်ကြီးကလည်း မိဖုရားကြီး ဘာတွေဆက်ပြောမလဲဆိုတာ စောင့်နေခဲ့တယ် ။

နောက်ဆုံး . . မိဖုရားကြီးကအမတ်ကြီးကို စကားတစ်ခွန်းသာ ပြောလိုက်တယ် ။

“ အမတ်ကြီး . . သံပုရာရည်ဆိုတာ ခွက်သာပြောင်းသွားတယ် အရသာကတော့

ချဉ်တာပါပဲ ” . .။

အဲဒီတော့မှ အမတ်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားပြီး သူ့ စိတ်ရိုင်းတွေကို

သူပြန်မထိမ်းချုပ်နိုင်တာ သိသွားပါတော့တယ်

ကာမ တဏှာဆိုတာ အရောင်အသွေး ပုံသဏ္ဍာန်သာ ပြောင်းလဲပေမယ့်

သတိကို မဲ့စေတယ်၊ ပညာကို မှိန်စေတယ်၊ အသိကို လွတ်စေတယ်၊ အလိုဆန္ဒတွေကို

အသိဉာဏ်ဆိုတဲ့ ဘောင်နဲ့ကန့်သတ် မထိမ်းချုပ်နိုင်သရွေ့ အလိုဆန္ဒတွေခေါ်

ဆောင်ရာနောက်ပဲ လူတွေ လိုက်သွားကြရလိမ့်မယ်

ဆင်ခြင်ပါ . . သုံးသပ်ပါ . . တွေးတောပါ . . .

ဆန္ဒကိုချိုးနှိမ်ပါ အလိုလောဘတွေကို အဆုံးသတ်ပါ အရာရာဟာ မမြဲခြင်းတရားတွေပါပဲ . . ။

ကြားဖူးနေတဲ့ပုံပြင်လေး ကို ပြန်လည်တွေးတော ရေးသားလိုက်ပါကြောင်း….. ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top